ချင်းပြည်နယ်အတွင်း ရင်းနှီးမြှပ်နှံမှု ပြုလုပ်သူများကိုအခွန်(၇)နှစ်ကင်းလွတ်ခွင့်အပြင် မြေပိုင်ဆိုင်ခွင့်ပေးမည်

November 30, 2018 Chin World Media 0

ချင်းပြည်နယ်တွင် ရင်းနှီးမြှပ်နှံမည့် လုပ်ငန်းရှင်များကို မြေပိုင်ဆိုင်ခွင့် ချင်းပြည်နယ် အစိုးရမှ ပေးမည်ဖြစ်ခြင်းကြောင့်  နောက်ပြန်ဆုတ်သွားသည့် ရင်းနှီးမြှပ်နှံလိုသည့် လုပ်ငန်းရှင်များ ပြန်လည်ဝင်ရောက်လာသည်ဟု  ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့် ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ ယခင်က ချင်းပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသည့် လုပ်ငန်းရှင်းများကို အခွန် (၇) နှစ်ကင်းလွတ်ခွင့်ပေးထားသော်လည်း မြေပိုင်ဆိုင်ခွင့်မပေးပဲ နှစ်ရှည်ငှားရမ်းစာချုပ်ဖြင့်သာ […]

ချင်းပြည်နယ်အစိုးရ၏ဖွံ့ဖြိုးရေးလုပ်ငန်းများကို အမြဲကန့်ကွက်နေလျှင် တစ်နိုင်ငံလုံးတွင် အမြဲဖွံ့ဖြိုးမှု နိမ့်ကျနိုင်ကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်သတိပေး

November 30, 2018 Chin World Media 0

ချင်းပြည်နယ်အစိုးရမှ မြေမတရားသိမ်းမှုမရှိသလို အစိုးရ၏လုပ်ငန်းများကို အမြဲကန့်ကွက်နေလျှင် တိုင်းနှင့်ပြည်နယ်အားလုံးတွင် ချင်းပြည်နယ်သည် ဖွံ့ဖြိုးမှု အနိမ့်ဆုံးအဖြစ်ဆက်ရှိနေမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကသတိပေးပြောကြားသည်။ စည်ပင်ဝန်ကြီးဦးစိုးထက်က “ချင်းပြည်နယ်အစိုးရအနေနဲ့ မတရားသိမ်းတာတော့မဟုတ်ဘူး။ ဟားခါး၊ ဖလမ်းနဲ့ကန်ပက်လက်မှာ မြေအများကြီးသိမ်းတယ်ဆိုပြီးလုပ်တယ်။ မြို့ပြစီမံကိန်းအတွက်လိုအပ်သလိုဆောင်ရွက်တာဖြစ်တယ်။ မြေမဲ့ယာမဲ့ဖြစ်သူတွေ၊ အိမ်ငှားဖြစ်သူတွေအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လုပ်ပိုင်ခွင့်အရ ချပေးနိုင်အောင်ဆောင်ရွက်နေတာဖြစ်တယ်။ မြေပိုင်ရှင်တွေနဲ့လည်း […]

မင်းတပ်မြို့မရဲစခန်း၌ အချုပ်ကျသူများ အစာငတ်ခံဆန္ဒထုတ်ဖော်

November 29, 2018 Chin World Media 0

  ချင်းပြည်နယ်၊ မင်းတပ်ခရိုင် မင်းတပ်မြို့မရဲစခန်း၌ အချုပ်ကျသူများမှ အချုပ်စည်းကမ်းတင်းကြပ်မှုကြောင့်  ယနေ့မနက်စတင်ပြီး အစာငတ်ခံဆန္ဒဖော်ထုတ်မှုကို စတင်ခဲ့ကြကြောင်းသိရသည်။ အချုပ်ကျသူများနှင့်သွားရောက်တွေ့ဆုံခဲ့သူတစ်ဦးက “ သူတို့ကိုမေးကြည့်တော့ အဓိကတော့ တစ်ကိုယ်ရေသန့်ရှင်းရေးကိစ္စလည်းပါတယ်။ အရင်ကလို အချုပ်ထဲမှာ ကိုယ့်ရေနဲ့ကိုယ်သောက်ခွင့်မရတာ၊ စုပေါင်းသောက်ရတော့ ရောဂါရှိမရှိလည်း စိုးရိမ်ရတယ်။ သွားတိုက်ချိန်ရောက်မှ တစ်ယောက်တစ်ချောင်းဆိုပြီးပေးတယ်။ သွားတိုက်တံလည်း ဘယ်သူဟာမှန်းလည်းမသိရဘူး။ ဆောင်းရာသီဖြစ်ပြီဆိုတော့ […]

ချင်းပြည်နယ်တိုးတက်ရန် မြို့တိုင်းတွင် စက်မှုဇုံဖော်ဆောင်နိုင်ရန်လိုအပ်ဟု သီလဝါအထူးစီးပွား​ရေးဇုံစီမံခန့်ခွဲမူ​ကော်​မတီအတွင်းရေးမူးမှပြော

November 27, 2018 Chin World Media 0

Salai Benezer ချင်းပြည်နယ်တိုးတက်နိုင်ရန်အတွက် စက်မှုတော်လှန်ရေးလုပ်ပြီး မြို့တိုင်းတွင် စက်မှုဇုံဖော်ဆောင်ပေးရန် လိုအပ်ကြောင်း သီလ၀ါအထူးစီးပွားရေးဇုံစီမံခန့်ခွဲမူကော်မတီ အတွင်းရေးမူးချင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဒေါက်တာရွှေဟိန်းမှပြောသည်။ “ချင်းပြည်နယ်တိုးတက်ဖို့ဆိုရင် စက်မှုတော်လှန်ရေးကို မလုပ်နိုင်ရင်တိုးတက်နိုင်မှာမဟုတ်ဘူး၊ မြို့တိုင်းမှာ လူတွေပါ နေထိုင်နိုင်တဲ့ စီးပွားရေးဇုံတွေဖော်ဆောင်ပေးသင့်တယ်၊ အထူးစီးပွားရေးဇုံတွေတော့ ဖော်ဆောင်ဖို့ခက်နိုင်တာကြောင့် Export Process Zone လိုမျိုး၊ Free Trad […]

ချင်းလူငယ်အဖွဲ့ ( မတူပီ) ညီလာခံ နှစ်ရက်တာ ကျင်းပမည်

November 27, 2018 Chin World Media 0

  ပထမဦးဆုံးအကြိမ် ချင်းလူငယ်ညီလာခံ(မတူပီ)ကို နိုဝင်ဘာလ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တွင် မတူပီခရိုင် ဘုံတလာခန်းမတွင်စတင်ကျင်းပသွားမည်ဖြစ်သည်။ ချင်းလူငယ်အဖွဲ့(မတူပီ) ဥက္ကဌ အန်နိုဘိခ်က “ မတူပီမြို့ပေါ်ကကော၊ ကျေးရွာကကော ကိုယ်စားလှယ်အသီးသီးဖိတ်ခေါ်မယ်။ ချင်းလူငယ်အဖွဲ့(မတူပီ) ရဲ့ဖွဲ့စည်းပုံကိုပြန်သုံးသပ်ကြမယ်။ ဒေသအတွင်း လူငယ်တွေရဲ့စိန်ခေါ်မှုတွေ၊ လူငယ်အနာဂါတ်တွေ၊ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးသွားမှာဖြစ်တယ်” ဟုပြောသည်။ […]

တီးတိန်မြို့နယ်၊ သိုင်ငင်းကျေးရွာနား ဟိုတယ်တည်ဆောက်မည့်ကိစ္စ ချင်းပြည်နယ်အစိုးရမသိဟုဆို

November 21, 2018 Chin World Media 0

  တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွားအနီး ပြည်မကုမ္ပဏီနှစ်ခုမှ ဟိုတယ်တည်ဆောက်မည့် ကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအနေဖြင့် သိရှိခြင်းမရှိကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးပေါင်လွင်မင်းထန်ကပြောသည်။ လူမှုရေးဝန်ကြီးဦးပေါင်လွင်မင်းထန်က “ကျွန်တော်ကတော့မသိဘူး။ လျှောက်ထားတယ်တယ်ဆိုတာတော့ကြားဖူးတယ်။ ဟိုတယ်ဆောက်ဖို့ပေါ့။ မြေကတော့ ပြည်နယ်နဲ့ဆိုင်တယ်။ အဲနေရာရရှိရေးကတော့ ပြည်ထောင်စုနဲ့ဆိုင်တယ်။ အဲဟာက ကက်ဘိနက်မှာလည်း မရောက်လာသေးဘူး။ လျှောက်ထားတဲ့ အဆင့်ဖြစ်မယ်ထင်တယ်”  […]

ဝဥစိုက်တောင်သူများအနေဖြင့် ပုံစံ (၇) မရှိကြသဖြင့် SME ချေးငွေထုတ်ရန် အခက်အခဲရှိ

November 20, 2018 Chin World Media 0

Salai Benezer ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်ရှိ ၀ဥစိုက်တောင်သူများအနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) မရှိကြသဖြင့် အစိုးရ၏ SME ချေးငွေထုတ်ရန် အခက်အခဲရှိကြကြောင်း ၀ဥစိုက်တောင်သူများထံမှ သိရသည်။ “တောင်သူတွေက အရင်းအနှီးအများကြီးလိုတယ်၊ အရင်းအနှီးမှာ SME ချေးငွေ တွေဘာတွေ ဆွေးနွေးနေကြတယ် တောင်သူတွေအတွက်ပေါ့၊ အဲဒီ SME […]

၂၀၁၅ သဘာဝဘေးသင့်ပြည်သူများအတွက် လှူဒါန်းခဲ့သည့် ကူညီထောက်ပံ့ပစ္စည်းနှင့် ရံပုံငွေများအား လိုအပ်နေသေးသည့်နေရာများတွင် အသုံးပြုပေးရန် ဟားခါးသာရ်အမျိုးသမီးအဖွဲ့မှ တောင်းဆို

November 19, 2018 Chin World Media 0

Salai Benezer ၂၀၁၅ သဘာဝဘေးသင့်ပြည်သူများအတွက် ကျန်ရှိနေသေးသည့် ကူညီထောက်ပံ့ပစ္စည်းနှင့် ရံပုံငွေများအား အစိုးရအနေဖြင့် လိုအပ်နေသေးသည့်နေရာများတွင် အသုံးပြုပေးရန် သဘာဝဘေးကြောင့် ရွှေ့ပြောင်းခဲ့ရသည့် ဟားခါးမြို့ ဟားခါးသာရ်ရပ်ကွက် ဟားခါးသာရ်အမျိုးသမီးအဖွဲ့မှ သဘောထားထုတ်ပြန်ချက် တစ်စောင်ကို ၂၀၁၈ နိုဝင်ဘာ ၁၇ရက်နေ့က ထုတ်ပြန်ခဲ့သည်။ “ထုတ်ပြန်ရတဲ့ အဓိကအချက်ကတော့ ကျွန်မတို့ရပိုင်ခွင့်ဖြစ်တဲ့ သဘာဝဘေးကူညီရေးပစ္စည်းနှင့် […]

မြေလွတ် မြေလပ်ဥပဒေကြောင့် နောင်ပြသနာမဖြစ်အောင် ယခုကတည်းက လိုအပ်ရင် ပြင်ဆင်သင့်ဟု တီးတိန်အမျိုးသားလွှတ်တော်အမတ်ဆို

November 14, 2018 Chin World Media 0

Salai Benezer မြေလွတ် မြေလပ် မြေရိုင်း စီမံခန့်ခွဲသည့် ဥပဒေကြောင့် နောင်ပြသနာမဖြစ်အောင် ယခုကတည်းက လိုအပ်ရင် ပြင်ဆင်သင့်သည်ဟု တီးတိန်အမျိုးသားလွှတ်တော်အမတ် ဦးကျင်ခန်ပေါင်မှပြောသည်။ တီးတိန်မြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးကျင်ခန်ပေါင်မှ “ဘိုးဘွားပိုင်မြေတွေကို ကာကွယ်ဖို့ အဆိုတင်သွင်းခဲ့တာရှိတယ်၊ ဒါပေမယ့်အသိအမှတ်မပြုရသေးဘူး၊ ဘိုးဘွားပိုင်မြေက အသိအမှတ်မပြုလို့မဖြစ်ဘူး၊ ကျွန်တော်တို့ချင်းပြည်နယ်မှာက ကိုယ့်မြေနဲ့ကိုယ် ထိန်းသိမ်းရတာဘဲလေ၊ […]

ချင်းပြည်နယ်တွင် ဘာသာစကားမတူညီမှုက ဖွံ့ဖြိုးရေးလုပ်ငန်းကို နှောင့်နှေးစေဟု ဆွီဒင်သံမှူးကြီးပြော

November 12, 2018 Chin World Media 0

ချင်းပြည်နယ်သို့ နိုဝင်ဘာ ၅ ရက်နေ့မှ ၁၀ရက်နေ့ထိ သွားရောက်လည်ပတ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံမှူးမှ ချင်းပြည်နယ်တွင် ဘာဝာစကားမတူညီမှုက ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်ရာတွင် အခက်အခဲတွေ့စေသည့်ဟု နိုင်ဝင်ဘာ ၁၁ ရက် ကလေးမြို့တွင် မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံမှူး Mr. Johan Hllenborg မှ […]