စစ္ေဘးေရွာင္မ်ားအတြက္ရရွိသည့္ အလွဴေငြျဖင့္ တစ္လ ဆန္အိတ္ငါးေထာင္ ၀ယ္ယူမည္

ပလက္ဝၿမိဳ႕နယ္ရွိ စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ ၿမိဳ႕နယ္အသီးသီးမွ ေပးလွဴၾကေသာ ေငြမ်ားျဖင့္  တစ္လလွ်င္ ဆန္အိတ္ငါးေထာင္ ဝယ္ယူသြားမည္ ျဖစ္ေၾကာင္း စစ္ေဘးေရွာင္ကယ္ဆယ္ေရးအဖြဲ႔ ဥကၠဌဦးေဝတန္းကေျပာသည္။

စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ ေပးလွဴၾကေသာေငြသားျဖင့္ တစ္လလ်ွင္ ဆန္အိတ္ေပါင္း ငါးေထာင္ကို ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕မွ ဝယ္ယူၿပီး ပလက္ဝၿမိဳ႕ေပၚတြင္ သိုေလွာင္၍ ေစ်းသက္သာစြာျဖင့္ စစ္ေဘးေရွာင္မ်ားႏွင့္ ပလက္ဝၿမိဳ႕နယ္ရွိေက်းရြာမ်ား ဝယ္ယူႏုိင္ရန္ စီစဥ္ေဆာင္ရြက္ေပးသြားမည္ျဖစ္သည္။

စစ္ေဘးေရွာင္ကယ္ဆယ္ေရးအဖြဲ႔ ဥကၠဌဦးေဝတန္းက “ဆန္ကို ေက်ာက္ေတာ္မွာ သြားဝယ္ရတယ္ဆိုေတာ့ သြားဝယ္တဲ႔အခ်ိန္ ၾကားကာလ လမ္းခရီးမွာ အေနွာက္အယွက္ေလးေတြရွိႏုိင္တယ္။ ေနာက္ၿပီး နယ္ေျမမကၽြမ္းက်င္တဲ႔ အခက္အခဲေလးေတြလည္းရွိႏုိင္တယ္။ အဲလုိအခက္အခဲေတြကို စစ္ေဘးေရွာင္ျပည္သူေတြ မခံစားရေလေအာင္  က်ေတာ္တို႔ကေန ဆန္ကုန္သည္ေတြကို ခ်ိက္ဆက္ၿပီး ဆန္ဝယ္မယ္ၿပီးရင္ ပလက္ဝမွာေလွာင္ၿပီး  ေစ်းသက္သာစြာနဲ႔ တိုက္ပြဲေရွာင္ေတြနဲ႔ ပလက္ဝၿမိဳ႕အထက္ပိုင္းနဲ႔ ရြာသူရြာသားေတြ စားဝတ္ေနေရး အဆင္ေျပေအာင္ အာဏာပိုင္ေတြနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက အဲဒီလိုအၾကံျပဳေတာ့ ကၽြန္ေတာ္တုိ႔လည္း အဲဒီလိုလုပ္ဖို႔ျပင္ဆင္ေနတယ္”ဟုေျပာသည္။

ၿပီးခဲ႔ေသာလတြင္ ပလက္ဝၿမိဳ႕ေပၚသို႔ ေက်းရြာေပါင္း (၅)ရြာမွ ေျပာင္းေရႊ႕စစ္ေဘးေရွာင္ ခဲ႔ၾကၿပီး လက္ရွိတြင္ လာေရာက္ခိုလွံဳခဲ႔သည့္ ေက်းရြာမ်ားမွာ ေနရပ္ျပန္ႏုိင္ခဲ႔ၾကၿပီျဖစ္ေသာ္လည္း စားနပ္ရိကၡာအတြက္ အခက္အခဲရွိေနေသးျခင္းေၾကာင့္ သံုးလအထိ ကူညီပံ႔ပိုးေပးမႈမ်ား လုိေသးေၾကာင္းသိရွိရသည္။

Unicode Version

စစ်ဘေးရှောင်များအတွက်ရရှိသည့် အလှူငွေဖြင့် တစ်လ ဆန်အိတ်ငါးထောင် ဝယ်ယူမည်

ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် မြို့နယ်အသီးသီးမှ ပေးလှူကြသော ငွေများဖြင့် တစ်လလျှင် ဆန်အိတ်ငါးထောင် ဝယ်ယူသွားမည် ဖြစ်ကြောင်း စစ်ဘေးရှောင်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌဦးဝေတန်းကပြောသည်။

စစ်ဘေးရှောင်ပြည်သူများအတွက် ပေးလှူကြသောငွေသားဖြင့် တစ်လလျှင် ဆန်အိတ်ပေါင်း ငါးထောင်ကို ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ဝယ်ယူပြီး ပလက်ဝမြို့ပေါ်တွင် သိုလှောင်၍ စျေးသက်သာစွာဖြင့် စစ်ဘေးရှောင်များနှင့် ပလက်ဝမြို့နယ်ရှိကျေးရွာများ ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

စစ်ဘေးရှောင်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌဦးဝေတန်းက “ဆန်ကို ကျောက်တော်မှာ သွားဝယ်ရတယ်ဆိုတော့ သွားဝယ်တဲ့အချိန် ကြားကာလ လမ်းခရီးမှာ အနှောက်အယှက်လေးတွေရှိနိုင်တယ်။ နောက်ပြီး နယ်မြေမကျွမ်းကျင်တဲ့ အခက်အခဲလေးတွေလည်းရှိနိုင်တယ်။ အဲလိုအခက်အခဲတွေကို စစ်ဘေးရှောင်ပြည်သူတွေ မခံစားရလေအောင် ကျတော်တို့ကနေ ဆန်ကုန်သည်တွေကို ချိက်ဆက်ပြီး ဆန်ဝယ်မယ်ပြီးရင် ပလက်ဝမှာလှောင်ပြီး စျေးသက်သာစွာနဲ့ တိုက်ပွဲရှောင်တွေနဲ့ ပလက်ဝမြို့အထက်ပိုင်းနဲ့ ရွာသူရွာသားတွေ စားဝတ်နေရေး အဆင်ပြေအောင် အာဏာပိုင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အဲဒီလိုအကြံပြုတော့ ကျွန်တော်တို့လည်း အဲဒီလိုလုပ်ဖို့ပြင်ဆင်နေတယ်”ဟုပြောသည်။

ပြီးခဲ့သောလတွင် ပလက်ဝမြို့ပေါ်သို့ ကျေးရွာပေါင်း (၅)ရွာမှ ပြောင်းရွှေ့စစ်ဘေးရှောင် ခဲ့ကြပြီး လက်ရှိတွင် လာရောက်ခိုလှုံခဲ့သည့် ကျေးရွာများမှာ နေရပ်ပြန်နိုင်ခဲ့ကြပြီဖြစ်သော်လည်း စားနပ်ရိက္ခာအတွက် အခက်အခဲရှိနေသေးခြင်းကြောင့် သုံးလအထိ ကူညီပံ့ပိုးပေးမှုများ လိုသေးကြောင်းသိရှိရသည်။