ျပည္ေထာင္စုအစိုးရ၏ သေဘာထားကို ေစာင့္ၾကည့္ၿပီးမွ ကန္ပက္လက္ၿမဳိ႕နယ္ ဇာေတာင္တြင္ ေၾကးနီထုတ္လုပ္မည့္လုပ္ငန္းအား ေထာက္ခံခဲ့ျခင္းဟုဆို

Salai Benzer

ခ်င္းျပည္နယ္ ကန္ပက္လက္ၿမဳိ႕နယ္ ရင္ကြဲေတာင္ၾကဳိး၀ိုင္းအတြင္းရွိ ဇာေတာင္တြင္ ေက်ာ္စြာကုမၸဏီမွ ေၾကးနီထုတ္လုပ္မည့္လုပ္ငန္းအား ေထာက္ခံခဲ့ျခင္းမွာ ျပည္ေထာင္စုအစိုးရ၏ သေဘာထားကို ေစာင့္ၾကည့္ၿပီးမွ ေထာက္ခံခဲ့ျခင္းျဖစ္ေၾကာင္း ကန္ပက္လက္ၿမဳိ႕နယ္ သတၱဳတြင္း ေစာင့္ၾကည့္ေရးႏွင့္ ၾကီးၾကပ္ေရးေကာ္မတီမွ ဦးစိန္ေမာင္ကေျပာသည္။

“ကုမၸဏီကေတာ့ ေက်ာ္စြာကုမၸဏီေပါ့၊ ျပည္ေထာင္စုအစိုးရက အဲဒီကုမၸဏီကို အခ်က္ႏွစ္ခ်က္ေတာင္းတယ္ေပါ့၊ အဲဒီဟာကို လိုက္ေလ်ာႏိုင္ရင္ ခြင့္ျပဳမယ္ဆိုတဲ့သေဘာေပါ့၊ အဲဒီအေပၚမွာဘဲ က်ေနာ္တို႔က သံုးသပ္ေတာ့ လိုက္ေလ်ာတဲ့ သေဘာေတြေတြ႕ရတယ္၊ အဲတာေၾကာင့္ က်ေနာ္တို႔အေနနဲ႔လည္း ျပည္ေထာင္စုအစိုးရႏွင့္ ျပည္နယ္အစိုးရရဲ႕ သေဘာထားေတြကို သံုးသပ္ၿပီးမွ သူတို႔ဘက္က သေဘာတူရင္ေတာ့ က်ေနာ္တို႔အေနနဲ႔ ကန္႔ကြက္စရာမရွိဘူးဆိုၿပီးေတာ့ ကန္ပက္လက္ၿမဳိ႕နယ္ အရပ္ဘက္အဖြဲ႕အစည္းအေနနဲ႔ သေဘာတူေၾကာင္း လက္မွတ္ထိုးထားတာျဖစ္တယ္” ဟု ဦးစိန္ေမာင္က ေျပာသည္။

ကန္ပက္လက္ၿမဳိ႕နယ္တြင္ ဇာေတာင္တြင္ ေၾကးနီထုတ္လုပ္ရန္ ေက်ာ္စြာကုမၸဏီ ႏွင့္ ကန္ပက္လက္ၿမဳိ႕နယ္ သတၱဳတြင္း ေစာင့္ၾကည့္ေရးႏွင့္ ၾကီးၾကပ္ေရးေကာ္မတီ တို႔ ႏွစ္ဦးႏွစ္ဘက္ သေဘာတူစာခ်ဳပ္ကို ၂၀၁၉ခုႏွစ္ ဇူလိုင္လ ၂ ရက္ေန႔တြင္ ခ်ဳပ္ဆိုခဲ့ေၾကာင္း သိရသည္။

အဆိုပါ စာခ်ဳပ္တြင္ ေက်ာ္စြာကုမၸဏီမွ ေၾကးနီထြက္ရွိမႈ အေရအတြက္အတုိင္း အမွတ္ (၁) သတၱဳတြင္း လုပ္ငန္းသို႔ ေပးသြင္းမည့္ပမာဏ၏ ၁၀%ကို ကန္ပက္လက္ၿမဳိ႕နယ္ သတၱဳတြင္း ေစာင့္ၾကည့္ေရးႏွင့္ ၾကီးၾကပ္ေရးေကာ္မတီသို႔ ေပးသြင္းရမည္၊ ကုမၸဏီမွ အမွတ္ (၁) သတၱဳတြင္းသို႔ ေပးသြင္းသည့္ေန႔တြင္ ပြင့္လင္းျမင္သာမႈရွိေအာင္ ေကာ္မတီကို ခ်ျပၿပီး ထိုေန႔တြင္ ကန္ပက္လက္ၿမဳိ႕နယ္အတြက္လည္း ေပးေဆာင္ရမည္ စသည့္အခ်က္မ်ားပါ၀င္သည္။

ေက်ာ္စြာကုမၸဏီမွ ဇာေတာင္တြင္ ေၾကးနီထုတ္လုပ္မည့္ကိစၥႏွင့္ပတ္သတ္ၿပီး ခ်င္းျပည္နယ္ သယံဇာတႏွင့္ သတၱဳတြင္း၀န္ႀကီး ဦးမာန္ဟင္းဒါလ္မွ “ဒီကိစၥကို ျပည္နယ္အစိုးရအေနနဲ႔ေတာ့ ဘာမွဆံုးျဖတ္ခ်က္ ခ်မွတ္ထားျခင္းမရွိေသးပါဘူး၊ ကန္ပက္လက္ၿမဳိ႕နယ္ သတၱဳတြင္း ေစာင့္ၾကည့္ေရးႏွင့္ ၾကီးၾကပ္ေရးေကာ္မတီ ႏွင့္ ကုမၸဏီႏွစ္ဘက္ၾကား သေဘာတူလက္မွတ္ထိုးထားတာဘဲရွိပါတယ္၊ ျပည္နယ္ကိုေတာ့ စာတင္ထားတာရွိတယ္ မဆံုးျဖတ္ရေသးတာပါ”ဟု ေျပာသည္။

Unicode Version

ေကာ္မတီႏွင့္ ကုမၸဏီတို႔ ႏွစ္ဘက္ၾကား ခ်ဳပ္ဆိုသည့္ စာခ်ဳပ္ထဲတြင္ ကန္ပက္လက္ၿမဳိ႕နယ္ႏွင့္ လဲပံုေက်းရြာအုပ္စု ေဒသခံျပည္သူမ်ားအား ေပးထားေသာ ကတိစာခ်ဳပ္ပါ စည္းကမ္းခ်က္ ကတိက၀တ္မ်ားအနက္ တစ္စံုတစ္ခုကို ေက်ာ္စြာကုမၸဏိမွ ေဖာက္ဖ်က္မႈရွိပါက သတၱဳတူးေဖာ္ျခင္းလုပ္ငန္းကို ထိုေန႔တြင္ရပ္ဆိုင္းရန္ သေဘာတူေၾကာင္းလည္း ပါ၀င္သည္။

ပြည်ထောင်စုအစိုးရ၏ သဘောထားကို စောင့်ကြည့်ပြီးမှ ကန်ပက်လက်မြို့နယ် ဇာတောင်တွင် ကြေးနီထုတ်လုပ်မည့်လုပ်ငန်းအား ထောက်ခံခဲ့ခြင်းဟုဆို

Salai Benezer

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ရင်ကွဲတောင်ကြိုးဝိုင်းအတွင်းရှိ ဇာတောင်တွင် ကျော်စွာကုမ္ပဏီမှ ကြေးနီထုတ်လုပ်မည့်လုပ်ငန်းအား ထောက်ခံခဲ့ခြင်းမှာ ပြည်ထောင်စုအစိုးရ၏ သဘောထားကို စောင့်ကြည့်ပြီးမှ ထောက်ခံခဲ့ခြင်းဖြစ်ကြောင်း ကန်ပက်လက်မြို့နယ် သတ္တုတွင်း စောင့်ကြည့်ရေးနှင့် ကြီးကြပ်ရေးကော်မတီမှ ဦးစိန်မောင်ကပြောသည်။

“ကုမ္ပဏီကတော့ ကျော်စွာကုမ္ပဏီပေါ့၊ ပြည်ထောင်စုအစိုးရက အဲဒီကုမ္ပဏီကို အချက်နှစ်ချက်တောင်းတယ်ပေါ့၊ အဲဒီဟာကို လိုက်လျောနိုင်ရင် ခွင့်ပြုမယ်ဆိုတဲ့သဘောပေါ့၊ အဲဒီအပေါ်မှာဘဲ ကျနော်တို့က သုံးသပ်တော့ လိုက်လျောတဲ့ သဘောတွေတွေ့ရတယ်၊ အဲတာကြောင့် ကျနော်တို့အနေနဲ့လည်း ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရရဲ့ သဘောထားတွေကို သုံးသပ်ပြီးမှ သူတို့ဘက်က သဘောတူရင်တော့ ကျနော်တို့အနေနဲ့ ကန့်ကွက်စရာမရှိဘူးဆိုပြီးတော့ ကန်ပက်လက်မြို့နယ် အရပ်ဘက်အဖွဲ့အစည်းအနေနဲ့ သဘောတူကြောင်း လက်မှတ်ထိုးထားတာဖြစ်တယ်” ဟု ဦးစိန်မောင်က ပြောသည်။

ကန်ပက်လက်မြို့နယ်တွင် ဇာတောင်တွင် ကြေးနီထုတ်လုပ်ရန် ကျော်စွာကုမ္ပဏီ နှင့် ကန်ပက်လက်မြို့နယ် သတ္တုတွင်း စောင့်ကြည့်ရေးနှင့် ကြီးကြပ်ရေးကော်မတီ တို့ နှစ်ဦးနှစ်ဘက် သဘောတူစာချုပ်ကို ၂၀၁၉ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ချုပ်ဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ စာချုပ်တွင် ကျော်စွာကုမ္ပဏီမှ ကြေးနီထွက်ရှိမှု အရေအတွက်အတိုင်း အမှတ် (၁) သတ္တုတွင်း လုပ်ငန်းသို့ ပေးသွင်းမည့်ပမာဏ၏ ၁၀%ကို ကန်ပက်လက်မြို့နယ် သတ္တုတွင်း စောင့်ကြည့်ရေးနှင့် ကြီးကြပ်ရေးကော်မတီသို့ ပေးသွင်းရမည်၊ ကုမ္ပဏီမှ အမှတ် (၁) သတ္တုတွင်းသို့ ပေးသွင်းသည့်နေ့တွင် ပွင့်လင်းမြင်သာမှုရှိအောင် ကော်မတီကို ချပြပြီး ထိုနေ့တွင် ကန်ပက်လက်မြို့နယ်အတွက်လည်း ပေးဆောင်ရမည် စသည့်အချက်များပါဝင်သည်။

ကျော်စွာကုမ္ပဏီမှ ဇာတောင်တွင် ကြေးနီထုတ်လုပ်မည့်ကိစ္စနှင့်ပတ်သတ်ပြီး ချင်းပြည်နယ် သယံဇာတနှင့် သတ္တုတွင်းဝန်ကြီး ဦးမာန်ဟင်းဒါလ်မှ “ဒီကိစ္စကို ပြည်နယ်အစိုးရအနေနဲ့တော့ ဘာမှဆုံးဖြတ်ချက် ချမှတ်ထားခြင်းမရှိသေးပါဘူး၊ ကန်ပက်လက်မြို့နယ် သတ္တုတွင်း စောင့်ကြည့်ရေးနှင့် ကြီးကြပ်ရေးကော်မတီ နှင့် ကုမ္ပဏီနှစ်ဘက်ကြား သဘောတူလက်မှတ်ထိုးထားတာဘဲရှိပါတယ်၊ ပြည်နယ်ကိုတော့ စာတင်ထားတာရှိတယ် မဆုံးဖြတ်ရသေးတာပါ”ဟု ပြောသည်။

ကော်မတီနှင့် ကုမ္ပဏီတို့ နှစ်ဘက်ကြား ချုပ်ဆိုသည့် စာချုပ်ထဲတွင် ကန်ပက်လက်မြို့နယ်နှင့် လဲပုံကျေးရွာအုပ်စု ဒေသခံပြည်သူများအား ပေးထားသော ကတိစာချုပ်ပါ စည်းကမ်းချက် ကတိကဝတ်များအနက် တစ်စုံတစ်ခုကို ကျော်စွာကုမ္ပဏိမှ ဖောက်ဖျက်မှုရှိပါက သတ္တုတူးဖော်ခြင်းလုပ်ငန်းကို ထိုနေ့တွင်ရပ်ဆိုင်းရန် သဘောတူကြောင်းလည်း ပါဝင်သည်။