၀န္ႀကီးခ်ဳပ္အပါအ၀င္ ၀န္ႀကီးတစ္ပါးႏွင့္ လႊတ္ေတာ္ဥကၠဌကို ျဖဳတ္ခ်ေရး ေတာင္းဆိုသူမ်ားအား ဥပေဒအရ အေရးယူေဆာင္ရြက္မည္ဟုဆုိ

Salai Khup Khup

ဟားခါးၿမိဳ႕သစ္စီမံကိန္းအတြင္း က်ဴးေက်ာ္ေနထုိင္သူမ်ားအျဖစ္ ျပည္နယ္အစိုးရ၏ သတ္မွတ္ခံရသူမ်ားမွ ခ်င္းျပည္နယ္၀န္ႀကီးခ်ဳပ္၊ လမ္းပန္းဆက္သြယ္ေရး၀န္ႀကီးႏွင့္ လႊတ္ေတာ္ဥကၠဌ တို႕ကို အျမန္ျဖဳတ္ေပးေရး ဆႏၵျပမည့္အေပၚ ဥပေဒအရ အေရးယူေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း လမ္းပမ္းဆက္သြယ္ေရးဝန္ၾကီး ဦးေရႊထီးယူကေျပာသည္။

လမ္းပမ္းဆက္သြယ္ေရးဝန္ၾကီးေရႊထီးယူက “စည္ပင္ရဲ႕ခြင့္ျပဳခ်က္မရဘဲနဲ႔ တည္ေဆာက္တဲ႔အတြက္ က်ဴးေက်ာ္တယ္လုိ႔ သတ္မွတ္တယ္။ ဒီကိစၥနဲ႔ ပက္သက္ၿပီး ဝန္ၾကီးခ်ဳပ္ကိုလည္း ျဖဳတ္လုိ႔မရဘူး ဥပေဒရဲ႕ လုပ္ထံုးလုပ္နည္းအရ စနစ္တက်ေဆာင္ရြက္တဲ႔ကိစၥကို သူတို႔ဖက္ကလည္း ဒီမိုကေရစီေခတ္မွာ လြယ္လြယ္ေရးတယ္၊ အဲဒီလိုေရးတဲ႔အတြက္လည္း ဥပေဒအရ အေရးယူဖို႔လည္းရွိတယ္”ဟုေျပာသည္။

ဟာခါးၿမိဳ႕သစ္စီမံကိန္းအတြင္း ေနထုိင္ၾကသူမ်ားကို အစိုးရဖက္မွ က်ဴးေက်ာ္ေနထိုင္သူမ်ား အျဖစ္သတ္မွတ္ၿပီး တည္ေဆာက္ထားသည့္ ေနအိမ္မ်ားကို ဖ်က္သိမ္းရန္စီစဥ္ေနျခင္းအေပၚ ယင္းေနရာတြင္ ေနထုိင္ေသာ ျပည္သူမ်ားမွ ဇူလုိင္လ(၃၁)ရက္ေန႔တြင္ ဆႏၵျပမည္ျဖစ္ၿပီး အဆိုပါဆႏၵျပမည့္ အေၾကာင္းရာထဲတြင္ ဝန္ၾကီးခ်ဳပ္၊လႊတ္ေတာ္ဥကၠဌ၊ ႏွင့္လမ္းပမ္းဝန္ၾကီးမ်ားကို အျမန္ျဖဳတ္ေပးေရးလည္း ပါဝင္မည္ဟုသိရသည္။

ဘိုးဘြားပုိင္နယ္ေျမကို အစိုးရမွ မတရားသိမ္းယူသည္ဟုဆိုကာ ေဒသခံမ်ားမွ ဆႏၵထုတ္ေဖာ္မည့္အခ်က္ ၁၆ ခ်က္ရွိၿပီး ဘိုးဘြားပုိင္နယ္ေျမကို အသိအမွတ္ျပဳေရး၊ ဟားခါးၿမိဳ႕ျပစီမံကိန္းတြင္းပါရွိသည့္ ဧက ၄၃.၉၀ ဧက ကိုစည္ပင္နယ္နိမိတ္အတြင္း မထည့္သြင္းေရး၊ ခ်င္းျပည္နယ္အတြင္း ေျမလြတ္ေျမရုိင္းမရွိ၊ ေျမယာဥပေဒႏွင့္အညီမေဆာင္ရြက္ပဲ အမိန္႕အာဏာျဖင့္ ေဆာင္ရြက္မႈ ရပ္တန္႕ေရး၊ ၁၉၄၈ ခုႏွစ္ေျမယာဥပေဒအတုိင္း ေဆာင္ရြက္ေပးေရး၊ သိမ္းဆည္းထားသည့္ေျမမ်ား ပုိင္ရွင္ထံျပန္ေပးေရးစသည့္အခ်က္မ်ားလည္းပါ၀င္သည္။

ၿမိဳ႕သစ္စီမံကိန္းအတြင္း က်ဴးေက်ာ္ေနထုိင္ေသာ တခ်ိဳ႕မွာ ေျပာင္းေရြ႕ၾကေသာ္လည္း အခ်ိဳ႕အိမ္ရွင္မ်ားမွာ ေခၚယူအသိေပးျခင္းမ်ား ျပဳလုပ္ေသာ္လည္း ျငင္းဆန္ေနေသးေၾကာင္း အစိုးရဖက္မွ ေျပာဆိုထားသည္။

လမ္းပမ္းဆက္သြယ္ေရးဝန္ၾကီး ဦးေရႊထီးယူက “ဥပေဒရဲ႕လုပ္ထံုးလုပ္နည္းအရ အေရးယူေဆာင္ရြက္သြားမွာျဖစ္တယ္။ ေျမကြက္ေဖာ္တဲ႔ အခ်ိန္မွာ သူတို႔က ကၽြန္ေတာ္တုိ႔အပိုင္ ျဖစ္ပါတယ္လုိ႔ သူတို႔ကေတာ့ေျပာတယ္။ တကယ္ ပိုင္မပိုင္ကိုလည္း ဥပေဒရဲ႕ လုပ္ထံုးလုပ္နည္းအရ ေဆာင္ရြက္သြားမယ္”ဟုေျပာသည္။ ဟားခါးၿမိဳ႕သစ္ စီမံကိန္းဧရိယာ ၆၇၆ဧက အတြင္းရွိ စည္ပင္ခြင့္ျပဳခ်က္မပါပဲ ေဆာက္လုပ္ထားသည့္ အိမ္မ်ားကို အစိုးရဖက္မွ ဖ်က္ခုိင္းထားၿပီး ေနာက္လ သံုးရက္ေန႔အထိ ဖ်က္သိမ္းထားျခင္းမရွိေသာ အိမ္မ်ားကို အစိုးရဖက္မွ တရားဥပေဒအရ အေရးယူေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္းထုတ္ျပန္ထားသည္။

Unicode Version

ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးတစ်ပါးနှင့် လွှတ်တော်ဥက္ကဌကို ဖြုတ်ချရေး တောင်းဆိုသူများအား ဥပဒေအရ အရေးယူဆောင်ရွက်မည်ဟုဆို


ဟားခါးမြို့သစ်စီမံကိန်းအတွင်း ကျူးကျော်နေထိုင်သူများအဖြစ် ပြည်နယ်အစိုးရ၏ သတ်မှတ်ခံရသူများမှ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် လွှတ်တော်ဥက္ကဌ တို့ကို အမြန်ဖြုတ်ပေးရေး ဆန္ဒပြမည့်အပေါ် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးယူကပြောသည်။


လမ်းပမ်းဆက်သွယ်ရေးဝန်ကြီးရွှေထီးယူက “စည်ပင်ရဲ့ခွင့်ပြုချက်မရဘဲနဲ့ တည်ဆောက်တဲ့အတွက် ကျူးကျော်တယ်လို့ သတ်မှတ်တယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး ဝန်ကြီးချုပ်ကိုလည်း ဖြုတ်လို့မရဘူး ဥပဒေရဲ့ လုပ်ထုံးလုပ်နည်းအရ စနစ်တကျဆောင်ရွက်တဲ့ကိစ္စကို သူတို့ဖက်ကလည်း ဒီမိုကရေစီခေတ်မှာ လွယ်လွယ်ရေးတယ်၊ အဲဒီလိုရေးတဲ့အတွက်လည်း ဥပဒေအရ အရေးယူဖို့လည်းရှိတယ်”ဟုပြောသည်။


ဟာခါးမြို့သစ်စီမံကိန်းအတွင်း နေထိုင်ကြသူများကို အစိုးရဖက်မှ ကျူးကျော်နေထိုင်သူများ အဖြစ်သတ်မှတ်ပြီး တည်ဆောက်ထားသည့် နေအိမ်များကို ဖျက်သိမ်းရန်စီစဉ်နေခြင်းအပေါ် ယင်းနေရာတွင် နေထိုင်သော ပြည်သူများမှ ဇူလိုင်လ(၃၁)ရက်နေ့တွင် ဆန္ဒပြမည်ဖြစ်ပြီး အဆိုပါဆန္ဒပြမည့် အကြောင်းရာထဲတွင် ဝန်ကြီးချုပ်၊လွှတ်တော်ဥက္ကဌ၊ နှင့်လမ်းပမ်းဝန်ကြီးများကို အမြန်ဖြုတ်ပေးရေးလည်း ပါဝင်မည်ဟုသိရသည်။


ဘိုးဘွားပိုင်နယ်မြေကို အစိုးရမှ မတရားသိမ်းယူသည်ဟုဆိုကာ ဒေသခံများမှ ဆန္ဒထုတ်ဖော်မည့်အချက် ၁၆ ချက်ရှိပြီး ဘိုးဘွားပိုင်နယ်မြေကို အသိအမှတ်ပြုရေး၊ ဟားခါးမြို့ပြစီမံကိန်းတွင်းပါရှိသည့် ဧက ၄၃.၉၀ ဧက ကိုစည်ပင်နယ်နိမိတ်အတွင်း မထည့်သွင်းရေး၊ ချင်းပြည်နယ်အတွင်း မြေလွတ်မြေရိုင်းမရှိ၊ မြေယာဥပဒေနှင့်အညီမဆောင်ရွက်ပဲ အမိန့်အာဏာဖြင့် ဆောင်ရွက်မှု ရပ်တန့်ရေး၊ ၁၉၄၈ ခုနှစ်မြေယာဥပဒေအတိုင်း ဆောင်ရွက်ပေးရေး၊ သိမ်းဆည်းထားသည့်မြေများ ပိုင်ရှင်ထံပြန်ပေးရေးစသည့်အချက်များလည်းပါဝင်သည်။

မြို့သစ်စီမံကိန်းအတွင်း ကျူးကျော်နေထိုင်သော တချို့မှာ ပြောင်းရွေ့ကြသော်လည်း အချို့အိမ်ရှင်များမှာ ခေါ်ယူအသိပေးခြင်းများ ပြုလုပ်သော်လည်း ငြင်းဆန်နေသေးကြောင်း အစိုးရဖက်မှ ပြောဆိုထားသည်။


လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးယူက “ဥပဒေရဲ့လုပ်ထုံးလုပ်နည်းအရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်။ မြေကွက်ဖော်တဲ့ အချိန်မှာ သူတို့က ကျွန်တော်တို့အပိုင် ဖြစ်ပါတယ်လို့ သူတို့ကတော့ပြောတယ်။ တကယ် ပိုင်မပိုင်ကိုလည်း ဥပဒေရဲ့ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်သွားမယ်”ဟုပြောသည်။


ဟားခါးမြို့သစ် စီမံကိန်းဧရိယာ ၆၇၆ဧက အတွင်းရှိ စည်ပင်ခွင့်ပြုချက်မပါပဲ ဆောက်လုပ်ထားသည့် အိမ်များကို အစိုးရဖက်မှ ဖျက်ခိုင်းထားပြီး နောက်လ သုံးရက်နေ့အထိ ဖျက်သိမ်းထားခြင်းမရှိသော အိမ်များကို အစိုးရဖက်မှ တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းထုတ်ပြန်ထားသည်။