ကင္းတလင္းရြာသားမ်ားကို ရကၡိဳင့္တပ္မေတာ္မွ ျပန္လည္လႊတ္ေပးလုိက္ေၾကာင္း ေၾကညာခ်က္ထုတ္ျပန္

Salai Khup Khup

ရကၡိဳင့္တပ္မေတာ္AAမွ ဖမ္းဆီးထားေသာ ကင္းတလင္းရြာသားမ်ားကို ဇူလုိင္လ(၃၁)ရက္ေန႔ နံနက္ကိုးနာရီတြင္ အုန္းသီးဝေက်းရြာရွိ ရပ္မိရပ္ဖမ်ားထံသို႔ ရကၡိဳင့္တပ္မေတာ္မွ အပ္ႏွံထားၿပီျဖစ္ေၾကာင္း  ရကိၡိဳင့္တပ္မေတာ္AAမွ ဇူလုိင္လ (၃၁)ရက္ေန႔တြင္ ထုတ္ျပန္ေၾကညာခဲ႔သည္။

ကင္းတလင္းရြာသူ/ရြာသားမ်ားသည္ ရကၡိဳင့္တပ္မေတာ္စခန္းတြင္ ေနထုိင္ေရးအခက္ခဲ ရွိျခင္း၊ နဂိုမႈလေနရပ္သို႔ ျပန္လည္အေျခခ်ေနထုိင္လိုသည္ဟု ေျပာဆိုလာေသာေၾကာင့္ ယခုလို အပ္ႏွံထားျခင္းျဖစ္ေၾကာင္း  ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

ျမန္မာ့တပ္မေတာ္အဖြဲ႔၏ ရက္စက္ယုတ္မာမႈမ်ားကို စိုးရိမ္ေၾကာင့္ၾက၍  ရြာသားအခ်ိဳ႕ ေတာထဲတြင္ထြက္ေျပး တိမ္းေရွာင္ေနၾကသည့္ထဲတြင္  ပလက္ဝၿမိဳ႕နယ္ရွိ ကင္းတလင္း ရြာသားအခ်ိဳ႕ကိုလည္း လူသားခ်င္းစာနာေထာက္ထားေသာ စိတ္ဓာတ္ျဖင့္ လုံျခံဳစိတ္ခ်ရေသာ ေနရာတစ္ခုတြင္ ယာယီေနရာခ်ေပးထားခဲ႔ျခင္းျဖစ္ေၾကာင္း ရခိုင့္တပ္မေတာ္AAမွ ထုတ္ျပန္ေၾကညာခဲ႔သည္။

ကင္းတလင္းရြာသားမ်ား၏ ေနထိုင္ေရး၊ စားေသာက္ေရး၊ က်န္းမာေရး၊ လံုျခံဳေရး၊ လူမႈေရး၊ မီးဖြားျခင္း ဘာသာေရးဆုိင္ရာ ကိစၥရပ္မ်ား မိမိတို႔တြင္ရွိေသာ ရိကၡာ၊ ေဆးဝါး ေငြေၾကးမ်ားျဖင့္ အတတ္ႏုိင္ဆံုး ကူညီေစာင့္ေရွာက္ထားၿပီး ႏုိင္ငံတကာေရာက္ ရခိုင္မိသားစုမ်ား၊ ရခိုင္အသိုင္းအဝိုင္းမ်ားမွလည္း  မိသားစုစိတ္ဓာတ္ျဖင့္ (၅)လေက်ာ္ၾကာ ေထာက္ပံ႔ကူညီခဲ႔ေၾကာင္း ထုတ္ျပန္ခ်က္ထဲတြင္ ေဖာ္ျပထားသည္။

ပလက္ဝၿမိဳ႕နယ္ရွိ ကင္းတလင္းရြာသားမ်ားကို ရကၡိဳင့္တပ္မေတာ္AAမွ ေဖေဖာ္၀ါရီလပိုင္းတြင္ ကင္းတလင္းရြာသူ/ရြာသား ၅၄ဦးကို ရကၡိဳင့္တပ္မေတာ္AA စခန္းတြင္ ေခၚေဆာင္သြားခဲ႔ျခင္းျဖစ္သည္။

Unicode Version

ကင်းတလင်းရွာသားများကို ရက္ခိုင့်တပ်မတော်မှ ပြန်လည်လွှတ်ပေးလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်

ရက္ခိုင့်တပ်မတော်AAမှ ဖမ်းဆီးထားသော ကင်းတလင်းရွာသားများကို ဇူလိုင်လ(၃၁)ရက်နေ့ နံနက်ကိုးနာရီတွင် အုန်းသီးဝကျေးရွာရှိ ရပ်မိရပ်ဖများထံသို့ ရက္ခိုင့်တပ်မတော်မှ အပ်နှံထားပြီဖြစ်ကြောင်း ရက္ခိိုင့်တပ်မတော်AAမှ ဇူလိုင်လ (၃၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ကင်းတလင်းရွာသူ/ရွာသားများသည် ရက္ခိုင့်တပ်မတော်စခန်းတွင် နေထိုင်ရေးအခက်ခဲ ရှိခြင်း၊ နဂိုမှုလနေရပ်သို့ ပြန်လည်အခြေချနေထိုင်လိုသည်ဟု ပြောဆိုလာသောကြောင့် ယခုလို အပ်နှံထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာ့တပ်မတော်အဖွဲ့၏ ရက်စက်ယုတ်မာမှုများကို စိုးရိမ်ကြောင့်ကြ၍ ရွာသားအချို့ တောထဲတွင်ထွက်ပြေး တိမ်းရှောင်နေကြသည့်ထဲတွင် ပလက်ဝမြို့နယ်ရှိ ကင်းတလင်း ရွာသားအချို့ကိုလည်း လူသားချင်းစာနာထောက်ထားသော စိတ်ဓာတ်ဖြင့် လုံခြုံစိတ်ချရသော နေရာတစ်ခုတွင် ယာယီနေရာချပေးထားခဲ့ခြင်းဖြစ်ကြောင်း ရခိုင့်တပ်မတော်AAမှ ထုတ်ပြန်ကြေညာခဲ့သည်။

ကင်းတလင်းရွာသားများ၏ နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ လူမှုရေး၊ မီးဖွားခြင်း ဘာသာရေးဆိုင်ရာ ကိစ္စရပ်များ မိမိတို့တွင်ရှိသော ရိက္ခာ၊ ဆေးဝါး ငွေကြေးများဖြင့် အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်ထားပြီး နိုင်ငံတကာရောက် ရခိုင်မိသားစုများ၊ ရခိုင်အသိုင်းအဝိုင်းများမှလည်း မိသားစုစိတ်ဓာတ်ဖြင့် (၅)လကျော်ကြာ ထောက်ပံ့ကူညီခဲ့ကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ပလက်ဝမြို့နယ်ရှိ ကင်းတလင်းရွာသားများကို ရက္ခိုင့်တပ်မတော်AAမှ ဖေဖော်ဝါရီလပိုင်းတွင် ကင်းတလင်းရွာသူ/ရွာသား ၅၄ဦးကို ရက္ခိုင့်တပ်မတော်AA စခန်းတွင် ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။