စစ္ပြဲမ်ားျဖစ္ပြားေနသည့္ ပလက္ဝၿမိဳ႕နယ္တြင္ ၂၀၂၀ေရြးေကာက္ပြဲက်င္းပႏုိင္ေခ်ရွိ

Salai Khup Khup

စစ္ပြဲမ်ားျဖစ္ပြားေနသည့္ ပလက္ဝၿမိဳ႕နယ္တြင္ ၂၀၂၀ေရြးေကာက္ပြဲကို က်င္းပႏုိင္ေခ် ရွိေၾကာင္း ခ်င္းျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အရာရွိ ဦးလင္းေက်ာ္ကေျပာသည္။

ေရြးေကာက္ပြဲေကာ္မရွင္အရာရွိ ဦးလင္းေက်ာ္က “ေရြးေကာက္ပြဲက်င္းပႏို္င္ေခ် ရွိ၊မရွိကိုေတာ့ လုပ္ငန္းစဥ္ႏွစ္ခုနဲ႔ေတာ့ စမ္းသပ္တယ္။ ပထမတစ္ခုကေတာ့ မဲရံုေတြကို တိုးခ်ဲ႕ဖို႔ရွိမရွိ လ်ာထားတဲ႔မဲရံုေတြကို ေတာင္းၾကည့္တယ္။ ေနာက္တစ္ခုကေတာ့ လူဦးေရစာရင္းေတြ ေကာက္ေနတယ္။ တျပည္လံုးလည္း ေကာက္ေနတယ္။ ပလက္ဝမွာလည္း ေကာက္ၾကည့္တယ္။ ေလာေလာဆယ္ ျပႆနာကိုေတာ့မေတြ႔ေသးဘူး ေကာက္လုိ႔ရတဲ႔ အေနထားရွိေနေသးတယ္။ လူဦးေရစာရင္း ေကာက္လုိ႔ဘဲ ျပႆနာမျဖစ္တာလားေတာ့ မသိေသးဘူး။  ကၽြန္ေတာ္တုိ႔ဖက္ကေတာ့ ေရြးေကာက္ပြဲအတြက္ေတာ့ ျပင္ဆင္ထားတယ္ နီးလာတဲ႔အခါၾကရင္ေတာ့ ျဖစ္လာတဲ႔ပံုစံေပၚမႈတည္ၿပီးေတာ့ သြားမွာေပါ႔”ဟုေျပာသည္။

လက္ရွိတစ္ႏုိင္ငံလံုး အတုိင္းအတာျဖစ္ လူဦးေရစာရင္းမ်ား ေကာက္ခံေနၿပီး လူဦးေရစာရင္းမ်ား ေကာက္ခံသည့္အခါ မဲဆႏၵရွင္မ်ားဖက္မွ တိက်ေသာ အခ်က္အလက္ ေပးေစလုိေၾကာင္း မဲဆႏၵရွင္မ်ားဖက္မွ တိက်ေသာအခ်က္အလက္ မရရွိပါက မဲစာရင္းေဖာင္းပြျခင္းမ်ား ၾကံဳေတြ႔ႏုိင္ေၾကာင္း ေရြးေကာက္ပြဲေကာ္မရွင္အရာရွိ ဦးလင္းေက်ာ္ကေျပာသည္။

ရကၡိဳင့္တပ္မေတာ္ႏွင့္ ျမန္မာတပ္မေတာ္တို႔အၾကား တုိက္ပြဲမ်ားေၾကာင့္ ပလက္ဝၿမိဳ႕နယ္တြင္ ၂၀၂၀ေရြးေကာက္ပြဲ က်င္းပႏိုင္ရန္မွာ ေသခ်ာျခင္းမရွိေသးဘဲ အကယ္၍ ေရြးေကာက္ပြဲမက်င္းပႏုိင္လွ်င္ ခ်င္းပါတီအေနျဖင့္လည္း ဆံုးရႈံးနစ္နာမွာ ျဖစ္ေၾကာင္း CNLDပူးတဲြအတြင္းေရးမွဴး ဆလိုင္းက်ဲအုိဘိခ္ေထာင္းကယခုလုိေျပာသည္။

 “ပလက္ဝၿမိဳ႕နယ္ကေတာ့ ၂၀၂၀ေရြးေကာက္ပြဲမွာ အႏုိင္ရရွိဖို႔ ယံုၾကည္စိတ္ခ်ရတဲ႔ ေနရာျဖစ္တယ္။ ကၽြန္ေတာ္တုိ႔တတ္ႏုိင္သ၍ကေတာ့ အဲဒီနယ္ေျမကိုေတာ့ ေရြးေကာက္ပြဲ က်င္းပျဖစ္တဲ႔ နယ္ေျမျဖစ္ေစခ်င္တယ္။ တကယ္လုိ႔ ေရြးေကာက္ပြဲ မက်င္းပႏုိင္ဘူးဆိုရင္ ကၽြန္ေတာ္တုိ႔ပါတီအေနနဲ႔ေတာ့ နစ္နာမွာျဖစ္တယ္”ဟုေျပာသည္။

ပလက္ဝၿမိဳ႕နယ္တြင္ ေရြးေကာက္ပြဲမက်င္းပႏုိင္ပါက လႊတ္ေတာ္အမတ္ ေနရာဆံုးရႈံးနစ္နာမွာျဖစ္ၿပီး ခ်င္းပါတီအေနျဖင့္ တစ္ႏုိင္ငံလံုးတြင္ ဝင္ျပိဳင္တာမဟုတ္ဘဲ ခ်င္းလူမ်ိဳးမ်ားရွိသည့္ ေနရာတြင္သာ ဝင္ျပိဳင္ရမွာျဖစ္ေသာေၾကာင့္ ပိုၿပီးနစ္နာႏုိင္သည္ဟု CNLDပူးတဲြအတြင္းေရးမွဴး ဆလုိင္းက်ဲအိုဘိခ္ေထာင္းကေျပာသည္။

ရကၡိဳင့္တပ္မေတာ္ႏွင့္ ျမန္မာတပ္မေတာ္တို႔အၾကား တုိက္ပြဲမ်ားျဖစ္ပြားေနသည့္ ပလက္ဝၿမိဳ႕နယ္သည္ ခ်င္းျပည္နယ္တြင္ လူဦးေရအမ်ားဆံုးၿမိဳ႕နယ္ျဖစ္ၿပီး  အမ်ိဳးသားလႊတ္ေတာ္ (၂)ေနရာ၊ ျပည္သူလႊတ္ေတာ္(၁)ေနရာႏွင့္ ျပည္နယ္လႊတ္ေတာ္(၂)ေနရာ ယွဥ္ၿပိဳင္သည့္ မဲဆႏၵနယ္တစ္ခုျဖစ္သည္။

Unicode Version

စစ်ပွဲများဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်တွင် ၂၀၂ဝရွေးကောက်ပွဲကျင်းပနိုင်ချေရှိ

စစ်ပွဲများဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်တွင် ၂၀၂ဝရွေးကောက်ပွဲကို ကျင်းပနိုင်ချေ ရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးလင်းကျော်ကပြောသည်။

ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးလင်းကျော်က “ရွေးကောက်ပွဲကျင်းပနို်င်ချေ ရှိ၊မရှိကိုတော့ လုပ်ငန်းစဉ်နှစ်ခုနဲ့တော့ စမ်းသပ်တယ်။ ပထမတစ်ခုကတော့ မဲရုံတွေကို တိုးချဲ့ဖို့ရှိမရှိ လျာထားတဲ့မဲရုံတွေကို တောင်းကြည့်တယ်။ နောက်တစ်ခုကတော့ လူဦးရေစာရင်းတွေ ကောက်နေတယ်။ တပြည်လုံးလည်း ကောက်နေတယ်။ ပလက်ဝမှာလည်း ကောက်ကြည့်တယ်။ လောလောဆယ် ပြဿနာကိုတော့မတွေ့သေးဘူး ကောက်လို့ရတဲ့ အနေထားရှိနေသေးတယ်။ လူဦးရေစာရင်း ကောက်လို့ဘဲ ပြဿနာမဖြစ်တာလားတော့ မသိသေးဘူး။ ကျွန်တော်တို့ဖက်ကတော့ ရွေးကောက်ပွဲအတွက်တော့ ပြင်ဆင်ထားတယ် နီးလာတဲ့အခါကြရင်တော့ ဖြစ်လာတဲ့ပုံစံပေါ်မှုတည်ပြီးတော့ သွားမှာပေါ့”ဟုပြောသည်။

လက်ရှိတစ်နိုင်ငံလုံး အတိုင်းအတာဖြစ် လူဦးရေစာရင်းများ ကောက်ခံနေပြီး လူဦးရေစာရင်းများ ကောက်ခံသည့်အခါ မဲဆန္ဒရှင်များဖက်မှ တိကျသော အချက်အလက် ပေးစေလိုကြောင်း မဲဆန္ဒရှင်များဖက်မှ တိကျသောအချက်အလက် မရရှိပါက မဲစာရင်းဖောင်းပွခြင်းများ ကြုံတွေ့နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးလင်းကျော်ကပြောသည်။

ရက္ခိုင့်တပ်မတော်နှင့် မြန်မာတပ်မတော်တို့အကြား တိုက်ပွဲများကြောင့် ပလက်ဝမြို့နယ်တွင် ၂၀၂ဝရွေးကောက်ပွဲ ကျင်းပနိုင်ရန်မှာ သေချာခြင်းမရှိသေးဘဲ အကယ်၍ ရွေးကောက်ပွဲမကျင်းပနိုင်လျှင် ချင်းပါတီအနေဖြင့်လည်း ဆုံးရှုံးနစ်နာမှာ ဖြစ်ကြောင်း CNLDပူးတွဲအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်းကယခုလိုပြောသည်။

“ပလက်ဝမြို့နယ်ကတော့ ၂၀၂ဝရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ ယုံကြည်စိတ်ချရတဲ့ နေရာဖြစ်တယ်။ ကျွန်တော်တို့တတ်နိုင်သ၍ကတော့ အဲဒီနယ်မြေကိုတော့ ရွေးကောက်ပွဲ ကျင်းပဖြစ်တဲ့ နယ်မြေဖြစ်စေချင်တယ်။ တကယ်လို့ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးဆိုရင် ကျွန်တော်တို့ပါတီအနေနဲ့တော့ နစ်နာမှာဖြစ်တယ်”ဟုပြောသည်။

ပလက်ဝမြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်ပါက လွှတ်တော်အမတ် နေရာဆုံးရှုံးနစ်နာမှာဖြစ်ပြီး ချင်းပါတီအနေဖြင့် တစ်နိုင်ငံလုံးတွင် ဝင်ပြိုင်တာမဟုတ်ဘဲ ချင်းလူမျိုးများရှိသည့် နေရာတွင်သာ ဝင်ပြိုင်ရမှာဖြစ်သောကြောင့် ပိုပြီးနစ်နာနိုင်သည်ဟု CNLDပူးတွဲအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်းကပြောသည်။

ရက္ခိုင့်တပ်မတော်နှင့် မြန်မာတပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်သည် ချင်းပြည်နယ်တွင် လူဦးရေအများဆုံးမြို့နယ်ဖြစ်ပြီး အမျိုးသားလွှတ်တော် (၂)နေရာ၊ ပြည်သူလွှတ်တော်(၁)နေရာနှင့် ပြည်နယ်လွှတ်တော်(၂)နေရာ ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တစ်ခုဖြစ်သည်။