မတူပီခရိုင္ရံုးတည္ေဆာက္ရန္ ဘတ္ဂ်က္ျပန္အပ္ရမည္ျဖစ္တာေၾကာင့္ အစိုးရမွဖႏုိင္-ငလုိင္အၾကားတြင္ တည္ေဆာက္ရန္သက္မွတ္ျခင္းျဖစ္ဟုဆို

Photo: Matupi IPRD

Salai Khup Khup

မတူပီခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုး တည္ေဆာက္ရန္အတြက္ ရရွိထားေသာ ဘတ္ဂ်က္မွာ စက္တင္ဘာလ ၃၀ရက္ေန႔တြင္ ဘတ္ဂ်က္ပိတ္ေတာ့မည္ ျဖစ္ေသာေၾကာင့္ အစိုးရသတ္မွတ္ထားသည့္ ဖႏုိ္င္-ငလုိင္ၾကားတြင္ တည္ေဆာက္ရန္ ပႏၷက္ရုိက္ခဲ႔ျခင္းျဖစ္ေၾကာင္း စည္ပင္ဝန္ၾကီး ဦးစိုးထက္ကေျပာသည္။

စည္ပင္ဝန္ၾကီး ဦးစိုးထက္က “စက္တင္ဘာလ ၃၀ ဆုိရင္ ဘတ္ဂ်က္ကပိတ္ေတာ့မွာဆိုေတာ့ အခုေတာင္ ၾသဂုတ္လေရာက္ေနၿပီ ဒါေၾကာင့္ အခ်ိန္မွီသာ မလုပ္ႏုိင္ရင္ ဘတ္ဂ်က္ေတြကို ျပန္အပ္ရမွာျဖစ္တယ္။ အဲလုိျပန္အပ္ခဲ႔ရင္ ကန္႔ကြက္ေနၾကတဲ႔ လူေတြကတာဝန္ယူႏိုင္မွာလား? စက္တင္ဘာလဆုိရင္ ဘတ္ဂ်က္က ျပန္အပ္ရမွာ ဆိုေတာ့ အခုပစၥည္းဝယ္တာေတြ လုပ္ေနၿပီ။ ဒါၾကီးကို မလုပ္ေတာ့ဘူးဆုိၿပီး ျပန္အပ္လိုက္ရင္ လြယ္လြယ္ေလး၊ ေလွ်ာက္ရတာဘဲခက္တာ ဒါကိုမွနားမလည္ဘူးဆိုရင္ ဒီခရိုင္ရံုးက ျဖစ္လာစရာ အေၾကာင္းမရွိေတာ့ဘူး”ဟုေျပာသည္။

မတူပီခရိုင္ ေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုး တည္ေဆာက္ရန္ ၂၀၁၈ ေအာက္တုိဘာလ တစ္ရက္ေန႔ မွစၿပီး ဘတ္ဂ်က္က်လာေသာ္လည္း ခရိုင္ရံုးတည္ေဆာက္မည့္ ေျမေနရာျပႆနာမ်ားေၾကာင့္ မတည္ေဆာက္ျဖစ္တာ တစ္ႏွစ္ျပည့္ေတာ့မွာျဖစ္ၿပီး ယခုလုိတည္ေဆာက္ရန္ အတည္ျပဳလုိက္ျခင္းမွာ ခရိုင္ရံုးတည္ေဆာက္ျဖစ္ေစခ်င္ေသာ ေစတနာေၾကာင့္ဟု စည္ပင္ဝန္ၾကီးဦးစိုးထက္ကေျပာသည္။

သူကဆက္ၿပီး “ဘတ္ဂ်က္ရတာလည္း တစ္ႏွစ္ျပည့္ေတာ့မယ္ အခုဘတ္ဂ်က္ကို ျပန္ၿပီးအပ္ဖုိ႔ေတာင္ ေရာက္ေနၿပီ တစ္ႏွစ္လံုးလံုး ေျမကိစၥရႈပ္ေထြးေနတာနဲ႔တင္ မေဆာက္ျဖစ္ေတာ့ဘူး။ အခု ပႏၷက္ရုိက္ လည္းလုပ္ၿပီးၿပီဆုိေတာ့ ေဆာက္လုပ္ေရးပိုင္းကိုေတာ့ ၂၀၁၉-၂၀အတြင္းမွာဘဲ ဝင္ရမွာျဖစ္တယ္။ ခရုိင္ရံုးေဆာက္ျဖစ္ေစခ်င္တဲ႔ ေစတနာနဲ႔ျဖစ္တယ္”ဟုေျပာသည္။

ဖႏိုင္-ငလုိင္ၾကားတြင္ ခရိုင္ရံုးတည္ေဆာက္ရန္ ျပည္နယ္အစိုးရ ဌာနအသီးသီးမွ တတ္ေရာက္ခဲ႔ၿပီး ၾသဂုတ္လ ၅ရက္ေန႔တြင္ ပႏၷက္ရုိက္ အခမ္းအနားက်င္းပခဲ႔ၿပီး ခရိုင္ရံုးတည္ေဆာက္ရန္ ျပည္နယ္ဘတ္ဂ်က္ကိုလည္း က်ပ္သန္း(၁၇၀၀) အသံုးျပဳတည္ေဆာက္မွာျဖစ္ေၾကာင္း သိရသည္။

မတူပီခရိုင္ရံုးကိုၿမိဳ႕ႏွင့္ ၈ မိုင္ဝန္းက်င္ေဝးသည့္ ဖႏုိင္ႏွင့္ ငလိုင္အၾကားတြင္ တည္ေဆာက္ရန္ ျပည္နယ္အစိုးရ၏ အတည္ျပဳမႈကို မေက်နပ္သည့္ ျပည္သူ ေျခာက္ေထာင္ေက်ာ္မွ လက္မွတ္ေရးထိုး ၿပီး သမၼထံသို႔ စာတင္မွာမည္ျဖစ္ေၾကာင္းလည္း သိရွိရသည္။

ငလားရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ကိုဆေလာင္းမွ “ျပည္နယ္အစိုးရကေတာ့ ျပည္သူေတြရဲ႕စကားကို နားမေထာင္ဘူး သူတုိ႔လုပ္ခ်င္တာ လုပ္တယ္ဆုိၿပီး လူထုခံယူပြဲပံုစံနဲ႔ လက္မွတ္ေရးထုိးၿပီးေတာ့ သမၼတဆီမွာ စာတင္မယ္လုိ႔သိရတယ္။ လက္ရွိကန္႔ကြက္တဲ႔သူ လူဦးေရေျခာက္ေထာင္ေက်ာ္က ကန္႔ကြက္ေၾကာင္း လက္မွတ္ေရးထုိးၿပီးေတာ့ ဒီေန႔လည္း ရြာကလူေတြ ထပ္ေရာက္မယ္ဆိုေတာ့ လူဦးေရက ဘယ္ေလာက္ထိ ရွိမလဲဆိုတာေတာ့ မသိရေသးဘူး”ဟုေျပာသည္။

လက္ရွိခရိုင္ရံုးတည္ေဆာက္မည့္ ေနရာသည္ မတူပီၿမိဳ႕မွ စစ္တပ္ဗ်ဴဟာကုန္းကို ျဖတ္ၿပီးသြားရသည့္ ေနရာျဖစ္သည့္အတြက္ ၿမဳိ႕အဂၤါရပ္ႏွင့္မညီသလို ျပည္သူမ်ားအတြက္လည္း လံုျခံဳမႈမရွိဟု သူကဆက္ေျပာသည္။ လက္ရွိခရိုင္ရံုးတည္ေဆာက္မည့္ ေျမေနရာႏွင့္ ပက္သက္ၿပီး ၿမိဳ႕ေပၚရွိေဒသခံျပည္သူမ်ားမွ ၎တည္ေနရာတြင္မတည္ေဆာက္ရန္ ကန႔္ကြက္ ဆႏၵျပမႈမ်ားကိုလည္း သံုးၾကိမ္တုိင္တုိင္ ျပဳလုပ္ခဲ႔ၾကသည္။

Unicode Version

မတူပီခရိုင်ရုံးတည်ဆောက်ရန် ဘတ်ဂျကပြန်အပ်ရမည်ဖြစ်တာကြောင့် အစိုးရမှဖနိုင်-ငလိုင်အကြားတွင် တည်ဆောက်ရန်သက်မှတ်ခြင်းဖြစ်ဟုဆို

မတူပီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး တည်ဆောက်ရန်အတွက် ရရှိထားသော ဘတ်ဂျက်မှာ စက်တင်ဘာလ ၃ဝရက်နေ့တွင် ဘတ်ဂျက်ပိတ်တော့မည် ဖြစ်သောကြောင့် အစိုးရသတ်မှတ်ထားသည့် ဖနို်င်-ငလိုင်ကြားတွင် တည်ဆောက်ရန် ပန္နက်ရိုက်ခဲ့ခြင်းဖြစ်ကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “စက်တင်ဘာလ ၃၀ ဆိုရင် ဘတ်ဂျက်ကပိတ်တော့မှာဆိုတော့ အခုတောင် သြဂုတ်လရောက်နေပြီ ဒါကြောင့် အချိန်မှီသာ မလုပ်နိုင်ရင် ဘတ်ဂျက်တွေကို ပြန်အပ်ရမှာဖြစ်တယ်။ အဲလိုပြန်အပ်ခဲ့ရင် ကန့်ကွက်နေကြတဲ့ လူတွေကတာဝန်ယူနိုင်မှာလား? စက်တင်ဘာလဆိုရင် ဘတ်ဂျက်က ပြန်အပ်ရမှာ ဆိုတော့ အခုပစ္စည်းဝယ်တာတွေ လုပ်နေပြီ။ ဒါကြီးကို မလုပ်တော့ဘူးဆိုပြီး ပြန်အပ်လိုက်ရင် လွယ်လွယ်လေး၊ လျှောက်ရတာဘဲခက်တာ ဒါကိုမှနားမလည်ဘူးဆိုရင် ဒီခရိုင်ရုံးက ဖြစ်လာစရာ အကြောင်းမရှိတော့ဘူး”ဟုပြောသည်။

မတူပီခရိုင် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး တည်ဆောက်ရန် ၂၀၁၈ အောက်တိုဘာလ တစ်ရက်နေ့ မှစပြီး ဘတ်ဂျက်ကျလာသော်လည်း ခရိုင်ရုံးတည်ဆောက်မည့် မြေနေရာပြဿနာများကြောင့် မတည်ဆောက်ဖြစ်တာ တစ်နှစ်ပြည့်တော့မှာဖြစ်ပြီး ယခုလိုတည်ဆောက်ရန် အတည်ပြုလိုက်ခြင်းမှာ ခရိုင်ရုံးတည်ဆောက်ဖြစ်စေချင်သော စေတနာကြောင့်ဟု စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

သူကဆက်ပြီး “ဘတ်ဂျက်ရတာလည်း တစ်နှစ်ပြည့်တော့မယ် အခုဘတ်ဂျက်ကို ပြန်ပြီးအပ်ဖို့တောင် ရောက်နေပြီ တစ်နှစ်လုံးလုံး မြေကိစ္စရှုပ်ထွေးနေတာနဲ့တင် မဆောက်ဖြစ်တော့ဘူး။ အခု ပန္နက်ရိုက် လည်းလုပ်ပြီးပြီဆိုတော့ ဆောက်လုပ်ရေးပိုင်းကိုတော့ ၂၀၁၉-၂ဝအတွင်းမှာဘဲ ဝင်ရမှာဖြစ်တယ်။ ခရိုင်ရုံးဆောက်ဖြစ်စေချင်တဲ့ စေတနာနဲ့ဖြစ်တယ်”ဟုပြောသည်။
ဖနိုင်-ငလိုင်ကြားတွင် ခရိုင်ရုံးတည်ဆောက်ရန် ပြည်နယ်အစိုးရ ဌာနအသီးသီးမှ တတ်ရောက်ခဲ့ပြီး သြဂုတ်လ ၅ရက်နေ့တွင် ပန္နက်ရိုက် အခမ်းအနားကျင်းပခဲ့ပြီး ခရိုင်ရုံးတည်ဆောက်ရန် ပြည်နယ်ဘတ်ဂျက်ကိုလည်း ကျပ်သန်း(၁၇၀၀) အသုံးပြုတည်ဆောက်မှာဖြစ်ကြောင်း သိရသည်။

မတူပီခရိုင်ရုံးကိုမြို့နှင့် ၈ မိုင်ဝန်းကျင်ဝေးသည့် ဖနိုင်နှင့် ငလိုင်အကြားတွင် တည်ဆောက်ရန် ပြည်နယ်အစိုးရ၏ အတည်ပြုမှုကို မကျေနပ်သည့် ပြည်သူ ခြောက်ထောင်ကျော်မှ လက်မှတ်ရေးထိုး ပြီး သမ္မထံသို့ စာတင်မှာမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ငလားရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုဆလောင်းမှ “ပြည်နယ်အစိုးရကတော့ ပြည်သူတွေရဲ့စကားကို နားမထောင်ဘူး သူတို့လုပ်ချင်တာ လုပ်တယ်ဆိုပြီး လူထုခံယူပွဲပုံစံနဲ့ လက်မှတ်ရေးထိုးပြီးတော့ သမ္မတဆီမှာ စာတင်မယ်လို့သိရတယ်။ လက်ရှိကန့်ကွက်တဲ့သူ လူဦးရေခြောက်ထောင်ကျော်က ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးပြီးတော့ ဒီနေ့လည်း ရွာကလူတွေ ထပ်ရောက်မယ်ဆိုတော့ လူဦးရေက ဘယ်လောက်ထိ ရှိမလဲဆိုတာတော့ မသိရသေးဘူး”ဟုပြောသည်။

လက်ရှိခရိုင်ရုံးတည်ဆောက်မည့် နေရာသည် မတူပီမြို့မှ စစ်တပ်ဗျူဟာကုန်းကို ဖြတ်ပြီးသွားရသည့် နေရာဖြစ်သည့်အတွက် မြို့အင်္ဂါရပ်နှင့်မညီသလို ပြည်သူများအတွက်လည်း လုံခြုံမှုမရှိဟု သူကဆက်ပြောသည်။
လက်ရှိခရိုင်ရုံးတည်ဆောက်မည့် မြေနေရာနှင့် ပက်သက်ပြီး မြို့ပေါ်ရှိဒေသခံပြည်သူများမှ ၎င်းတည်နေရာတွင်မတည်ဆောက်ရန် ကန့်ကွက် ဆန္ဒပြမှုများကိုလည်း သုံးကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ကြသည်။