လူမ်ားစုအတြက္ လုပ္ေဆာင္ေနျခင္းေၾကာင့္ လူနည္းစု၏အက်ဳိးစီးပြားအတြက္ အစိုးရလုပ္ေဆာင္မႈကို ရပ္ဆိုင္းစရာမရွိဟု စည္ပင္၀န္ႀကီးေျပာ

Photo: The Chinland Post

Salai Benezer

ခ်င္းျပည္နယ္ ဟားခါးၿမဳိ႕ ၿမဳိ႕ျပစီမံကိန္းေဖာ္ေဆာင္မည့္ ေျမေနရာတြင္ က်ဴးေက်ာ္ေနထိုင္မည့္သူမ်ား ရွင္းလင္းမည့္ကိစၥႏွင့္ပတ္သတ္ၿပီး လူမ်ားစုအတြက္ လုပ္ေဆာင္ေနျခင္းေၾကာင့္ လူနည္းစု၏အက်ဳိးစီးပြားအတြက္ အစိုးရလုပ္ေဆာင္မႈကို ရပ္ဆိုင္းစရာမရွိဟု စည္ပင္၀န္ႀကီးဦးစိုးထက္မွ ေျပာသည္။

“နဂိုကတည္းက စည္ပင္ဥပေဒ လုပ္ထံုးလုပ္နည္းအတိုင္း လုပ္ဖို႔စီစဥ္ထားတဲ့အတိုင္းဘဲလုပ္သြားမွာပါ၊ ဘာသာေရးဆရာေတြက ျပင္ဆင္ခ်ိန္ရေအာင္လို႔ နည္းနည္းေလးေနာက္ဆုတ္ေပးဖို႔ ေျပာတာေၾကာင့္သာ ေနာက္ဆုတ္ရတာပါ၊ ကၽြန္ေတာ္တို႔ ၿမဳိ႕ျပစီမံကိန္းက လူနည္းစုအတြက္ လုပ္ေနတာမဟုတ္ဘူး၊ လူအမ်ားစုအတြက္လုပ္ေနတာ၊ လူ ၆၀၀၊ ၁၀၀၀ ေလာက္အတြက္လုပ္ေနတာ၊ လူ၃၀ေလာက္ရဲ႕ အက်ဳိးစီးပြားအတြက္ ကၽြန္ေတာ္တို႔ အစိုးရရဲ႕လုပ္ေဆာင္မႈကို ရပ္ဆိုင္းစရာမရွိဘူး၊ ေျပာရမယ္ဆိုရင္ ကၽြန္ေတာ္တို႔ ၿမဳိ႕ျပစီမံကိန္းမလုပ္ခင္က အိမ္ ၈လံုးဘဲရွိတယ္၊ အဲဒါကိုလည္း ကၽြန္ေတာ္တို႔ မွတ္တမ္းတင္ထားတယ္၊ ၿမဳိ႕ျပစီမံကိန္းအတြက္ လမ္းေဖာက္ၿပီးမွ အိမ္ေျခတစ္ရာေက်ာ္က ေဆာက္လာတာပါ၊ အမ်ားေကာင္းဖို႔အတြက္ကို လူနည္းစုကိုေတာ့ ဥပေဒလုပ္ထံုးလုပ္နည္းအတိုင္း ရွင္းရမွာဘဲ”ဟု ခ်င္းျပည္နယ္ စည္ပင္၀န္ႀကီး ဦးစိုးထက္က ေျပာသည္။

ဟားခါးၿမဳိ႕ ၿမဳိ႕ျပစီမံကိန္းေဖာ္ေဆာင္မည့္ ေျမဧက ၆၀၀ေက်ာ္အတြင္း က်ဴးေက်ာ္ေနထိုင္သည့္ ေနအိမ္မ်ားကို စည္ပင္ဥပေဒအရ ၾသဂုတ္လ ၉ရက္ေန႔တြင္ ရွင္းလင္းမည္ဟု ထုတ္ျပန္ထားေသာ္လည္း ဘာသာေရးဆရာမ်ား၏ ေတာင္းဆိုမႈေၾကာင့္ ၁၀ရက္ ေနာက္ဆုတ္ၿပီး ၾသဂုတ္လ ၁၉ ရက္ေန႔တြင္ ရွင္းလင္းရန္ ေရႊ႕ဆိုင္းလိုက္ေၾကာင္း ဦးစိုးထက္ကေျပာသည္။

က်ဴးေက်ာ္ရွင္းလင္းရန္ ရက္ေရႊ႕ဆိုင္းမႈႏွင့္ ပတ္သတ္ၿပီး စည္ပင္၀န္ႀကီး ဦးစိုးထက္မွ “၀န္ႀကီးခ်ဳပ္ရဲ႕ PSO ကေနတစ္ဆင့္ ခရစ္ယာန္ဆရာေတာ္ေတြက ရက္ေနာက္ဆုတ္ေပးဖို႔ ေျပာတယ္လို႔သိရတယ္၊ ဘယ္သူေတြလည္းဆိုတာေတာ့ မသိဘူး၊ အဲဒါေၾကာင့္ ၁၀ရက္ေနာက္ဆုတ္ေပးလိုက္တာပါ၊ အဲဒါၿပီးရင္ေတာ့ စည္ပင္ရဲ႕ လုပ္ထံုးလုပ္နည္း အတိုင္းဘဲ ဆက္လက္လုပ္ေဆာင္သြားမွာပါ”ဟု ေျပာသည္။

ဟားခါးၿမဳိ႕ ၿမဳိ႕ျပစီမံကိန္းေဖာ္ေဆာင္မည့္ ေျမဧက ၆၀၀ ေက်ာ္အတြင္းက်ဴးေက်ာ္ေနထိုင္သည့္ အိမ္ေျခ ၁၃၀ ေက်ာ္ရွိၿပီး ရက္၆၀အတြင္း ဖ်က္သိမ္းရန္ စည္ပင္မွ အမိန္႔ထုတ္ထားေသာ္လည္း ဖ်က္သိမ္းျခင္းမရွိသည့္အတြက္ ဥပေဒအတိုင္း စည္ပင္မွ ဖ်က္သိမ္းရန္ ျပင္ဆင္ျခင္းျဖစ္ေၾကာင္း သိရသည္။

Unicode

လူများစုအတွက် လုပ်ဆောင်နေခြင်းကြောင့် လူနည်းစု၏အကျိုးစီးပွားအတွက် အစိုးရလုပ်ဆောင်မှုကို ရပ်ဆိုင်းစရာမရှိဟု စည်ပင်ဝန်ကြီးပြော

ချင်းပြည်နယ် ဟားခါးမြို့ မြို့ပြစီမံကိန်းဖော်ဆောင်မည့် မြေနေရာတွင် ကျူးကျော်နေထိုင်မည့်သူများ ရှင်းလင်းမည့်ကိစ္စနှင့်ပတ်သတ်ပြီး လူများစုအတွက် လုပ်ဆောင်နေခြင်းကြောင့် လူနည်းစု၏အကျိုးစီးပွားအတွက် အစိုးရလုပ်ဆောင်မှုကို ရပ်ဆိုင်းစရာမရှိဟု စည်ပင်ဝန်ကြီးဦးစိုးထက်မှ ပြောသည်။

“နဂိုကတည်းက စည်ပင်ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဖို့စီစဉ်ထားတဲ့အတိုင်းဘဲလုပ်သွားမှာပါ၊ ဘာသာရေးဆရာတွေက ပြင်ဆင်ချိန်ရအောင်လို့ နည်းနည်းလေးနောက်ဆုတ်ပေးဖို့ ပြောတာကြောင့်သာ နောက်ဆုတ်ရတာပါ၊ ကျွန်တော်တို့ မြို့ပြစီမံကိန်းက လူနည်းစုအတွက် လုပ်နေတာမဟုတ်ဘူး၊ လူအများစုအတွက်လုပ်နေတာ၊ လူ ၆၀၀၊ ၁၀၀၀ လောက်အတွက်လုပ်နေတာ၊ လူ၃ဝလောက်ရဲ့ အကျိုးစီးပွားအတွက် ကျွန်တော်တို့ အစိုးရရဲ့လုပ်ဆောင်မှုကို ရပ်ဆိုင်းစရာမရှိဘူး၊ ပြောရမယ်ဆိုရင် ကျွန်တော်တို့ မြို့ပြစီမံကိန်းမလုပ်ခင်က အိမ် ၈လုံးဘဲရှိတယ်၊ အဲဒါကိုလည်း ကျွန်တော်တို့ မှတ်တမ်းတင်ထားတယ်၊ မြို့ပြစီမံကိန်းအတွက် လမ်းဖောက်ပြီးမှ အိမ်ခြေတစ်ရာကျော်က ဆောက်လာတာပါ၊ အများကောင်းဖို့အတွက်ကို လူနည်းစုကိုတော့ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ရှင်းရမှာဘဲ”ဟု ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောသည်။

ဟားခါးမြို့ မြို့ပြစီမံကိန်းဖော်ဆောင်မည့် မြေဧက ၆ဝဝကျော်အတွင်း ကျူးကျော်နေထိုင်သည့် နေအိမ်များကို စည်ပင်ဥပဒေအရ သြဂုတ်လ ၉ရက်နေ့တွင် ရှင်းလင်းမည်ဟု ထုတ်ပြန်ထားသော်လည်း ဘာသာရေးဆရာများ၏ တောင်းဆိုမှုကြောင့် ၁ဝရက် နောက်ဆုတ်ပြီး သြဂုတ်လ ၁၉ ရက်နေ့တွင် ရှင်းလင်းရန် ရွှေ့ဆိုင်းလိုက်ကြောင်း ဦးစိုးထက်ကပြောသည်။

ကျူးကျော်ရှင်းလင်းရန် ရက်ရွှေ့ဆိုင်းမှုနှင့် ပတ်သတ်ပြီး စည်ပင်ဝန်ကြီး ဦးစိုးထက်မှ “ဝန်ကြီးချုပ်ရဲ့ PSO ကနေတစ်ဆင့် ခရစ်ယာန်ဆရာတော်တွေက ရက်နောက်ဆုတ်ပေးဖို့ ပြောတယ်လို့သိရတယ်၊ ဘယ်သူတွေလည်းဆိုတာတော့ မသိဘူး၊ အဲဒါကြောင့် ၁ဝရက်နောက်ဆုတ်ပေးလိုက်တာပါ၊ အဲဒါပြီးရင်တော့ စည်ပင်ရဲ့ လုပ်ထုံးလုပ်နည်း အတိုင်းဘဲ ဆက်လက်လုပ်ဆောင်သွားမှာပါ”ဟု ပြောသည်။

ဟားခါးမြို့ မြို့ပြစီမံကိန်းဖော်ဆောင်မည့် မြေဧက ၆၀၀ ကျော်အတွင်းကျူးကျော်နေထိုင်သည့် အိမ်ခြေ ၁၃၀ ကျော်ရှိပြီး ရက်၆ဝအတွင်း ဖျက်သိမ်းရန် စည်ပင်မှ အမိန့်ထုတ်ထားသော်လည်း ဖျက်သိမ်းခြင်းမရှိသည့်အတွက် ဥပဒေအတိုင်း စည်ပင်မှ ဖျက်သိမ်းရန် ပြင်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။