ဟားခါးၿမဳိ႕သစ္စီမံကိန္း ကနဦး ေျမကြက္ ၆၄၄ကြက္ အတြက္ ေလွ်ာက္လႊာမ်ားေခၚယူထား

Photo: The Chinland Post

Salai Benezer

ခ်င္းျပည္နယ္ ဟားခါးၿမဳိ႕ျပစီမံကိန္း ေဖာ္ေဆာင္ရာတြင္ ကနဦးအေနျဖင့္ ေျမကြက္ ၆၄၄ကြက္ အတြက္ ေလွ်ာက္လႊာမ်ားေခၚယူထားေၾကာင္း ခ်င္းျပည္နယ္ ေဆာက္လုပ္ေရး၀န္ႀကီး ဦးေရႊထီးယူမွေျပာသည္။

“က်ေနာ္တုိ႔စေခၚတာေတာ့ ဇူလိုင္ ၁၂ရက္ေန႔မွာစေခၚတာပါ၊ ဒီလ ၁၂ ရက္ေန႔မွာ ျပန္အပ္ရမွာပါ၊ ေစ်းႏႈန္းကေတာ့ မသတ္မွတ္ရေသးဘူး၊ ျပန္သံုးသပ္ရဦးမွာပါ၊ ေျမကြက္က ခုေလာေလာဆယ္ ၆၄၄ကြက္ေလာက္ လုပ္ဖို႔စီစဥ္ထားတယ္၊ ေနာက္အမ်ားႀကီးထြက္ဦးမယ္၊ ေျမဧက ၆၀၀ေက်ာ္မွာ ၃၀၀ေက်ာ္ဘဲ လုပ္ဦးမယ္၊ ေနာက္ထပ္ ၃၀၀ေက်ာ္ေက်ာ္က်န္ေသးတယ္”ဟု ေဆာက္လုပ္ေရး၀န္ႀကီး ဦးေရႊထီးယူမွ ေျပာသည္။

ဟားခါးၿမဳိ႕ျပစီမံကိန္းကို ဟားခါးၿမဳိ႕ရွိ ေျမဧက ၆၇၆ဧက ေပၚတြင္ ေဖာ္ေဆာင္သြားမည္ျဖစ္ၿပီး ကနဦးအေနျဖင့္ ေျမကြက္ ၆၄၄ကြက္ ေရာင္းခ်ႏိုင္ရန္ ေလွ်ာက္လႊာေခၚယူေနေၾကာင္း သိရသည္။

အဆိုပါေျမကြက္မ်ား ေလွ်ာက္ထားခြင့္ ရွိသည့္သူမ်ားႏွင့္ ပါတ္သတ္ၿပီး ၀န္ႀကီး ဦးေရႊထီးယူမွ “နံပါတ္ (၁)က အစိုးရလက္ထက္မွာ ေျမသိမ္းခံရတဲ့သူေတြရွိတယ္၊ ေျမကြက္လည္းရထားတယ္၊ လိုင္စင္လည္းရထားတယ္၊ အစိုးရက လမ္းတို႔ဘာတို႔အတြက္ အသံုးျပဳဖို႔လိုလို႔ ျပန္သိမ္းထားတဲ့သူေတြ ေလွ်ာက္လို႔ရမယ္၊ နံပါတ္(၂)က ဟားခါးၿမဳိ႕မွာ အိမ္ဌားဘ၀ႏွင့္ အႏွစ္ (၂၀) ေနရမယ္၊ နံပါတ္ (၃)က အႏွစ္ (၂၀) သမားေတြ ကုန္သြားလို႔ရွိရင္ (၁၀)ႏွစ္ ေနတဲ့သူေတြေလွ်ာက္လို႔ရမယ္၊ ေနာက္ၿပီးေတာ့ အထူးကိစၥဆိုၿပီးေတာ့ ဘာသာေရးေက်ာင္းေတြႏွင့္ တစ္ျခားကိစၥေတြအတြက္လည္းပါတယ္၊ ေနာက္ၿပီးေတာ့ ဟားခါးမွာ ၁၀ႏွစ္ ဒါမွမဟုတ္ အႏွစ္ ၂၀လည္းမေနဘူးဆိုရင္ ဟားခါးကြက္သစ္အတြက္ လမ္း၊ မီး၊ ေရ တို႔အတြက္ ရံပံုေငြ ထည့္ႏိုင္ရမယ္၊ ေနာက္ၿပီးေတာ့ အိမ္ကို သံုးထပ္တုိက္ေလာက္ေဆာက္ႏိုင္မယ္ဆိုရင္ စည္းကမ္းသတ္မွတ္ခ်က္ သိပ္မရွိဘဲနဲ႔ ေလွ်ာက္ႏိုင္တယ္ဆိုၿပီး ကၽြန္ေတာ္တို႔ လုပ္ထားပါတယ္”ဟုေျပာသည္။

ဟားခါးၿမဳိ႕ ၿမဳိ႕ျပစီမံကိန္းေဖာ္ေဆာင္မည့္ ေျမဧက ၆၀၀ ေက်ာ္အတြင္းက်ဴးေက်ာ္ေနထိုင္သည့္ အိမ္ေျခ ၁၃၀ ေက်ာ္ရွိၿပီး ရက္၆၀အတြင္း ဖ်က္သိမ္းရန္ စည္ပင္မွ အမိန္႔ထုတ္ထားေသာ္လည္း ဖ်က္သိမ္းျခင္းမရွိသည့္အတြက္ ဥပေဒအတိုင္း စည္ပင္မွ ဖ်က္သိမ္းရန္ ျပင္ဆင္ေနေၾကာင္းလည္းသိရသည္။

အဆိုပါ ၿမဳိ႕ျပစီမံကိန္းေဖာေဆာင္ရန္အတြက္ ေျမဧက ၆၀၀ေက်ာ္ထဲတြင္ ဘိုးဘြားပိုင္ေျမအခ်ဳိ႕ကို အစိုးရမွ မတရားသိမ္းယူသည္ဟုဆိုက ေဒသခံအခ်ဳိ႕မွ ကန္႔ကြက္ဆႏၵျပမႈမ်ားလည္း ရွိေနေၾကာင္းသိရသည္။

Unicode

ဟားခါးမြို့သစ်စီမံကိန်း ကနဦး မြေကွက် ၆၄၄ကွက် အတွက် လျှောက်လွှာများခေါ်ယူထား

ချင်းပြည်နယ် ဟားခါးမြို့ပြစီမံကိန်း ဖော်ဆောင်ရာတွင် ကနဦးအနေဖြင့် မြေကွက် ၆၄၄ကွက် အတွက် လျှောက်လွှာများခေါ်ယူထားကြောင်း ချင်းပြည်နယ် ဆောက်လုပ်ရေးဝန်ကြီး ဦးရွှေထီးယူမှပြောသည်။

“ကျနော်တို့စခေါ်တာတော့ ဇူလိုင် ၁၂ရက်နေ့မှာစခေါ်တာပါ၊ ဒီလ ၁၂ ရက်နေ့မှာ ပြန်အပ်ရမှာပါ၊ စျေးနှုန်းကတော့ မသတ်မှတ်ရသေးဘူး၊ ပြန်သုံးသပ်ရဦးမှာပါ၊ မြေကွက်က ခုလောလောဆယ် ၆၄၄ကွက်လောက် လုပ်ဖို့စီစဉ်ထားတယ်၊ နောက်အများကြီးထွက်ဦးမယ်၊ မြေဧက ၆ဝဝကျော်မှာ ၃ဝဝကျော်ဘဲ လုပ်ဦးမယ်၊ နောက်ထပ် ၃ဝဝကျော်ကျော်ကျန်သေးတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီး ဦးရွှေထီးယူမှ ပြောသည်။

ဟားခါးမြို့ပြစီမံကိန်းကို ဟားခါးမြို့ရှိ မြေဧက ၆၇၆ဧက ပေါ်တွင် ဖော်ဆောင်သွားမည်ဖြစ်ပြီး ကနဦးအနေဖြင့် မြေကွက် ၆၄၄ကွက် ရောင်းချနိုင်ရန် လျှောက်လွှာခေါ်ယူနေကြောင်း သိရသည်။

အဆိုပါမြေကွက်များ လျှောက်ထားခွင့် ရှိသည့်သူများနှင့် ပါတ်သတ်ပြီး ဝန်ကြီး ဦးရွှေထီးယူမှ “နံပါတ် (၁)က အစိုးရလက်ထက်မှာ မြေသိမ်းခံရတဲ့သူတွေရှိတယ်၊ မြေကွက်လည်းရထားတယ်၊ လိုင်စင်လည်းရထားတယ်၊ အစိုးရက လမ်းတို့ဘာတို့အတွက် အသုံးပြုဖို့လိုလို့ ပြန်သိမ်းထားတဲ့သူတွေ လျှောက်လို့ရမယ်၊ နံပါတ်(၂)က ဟားခါးမြို့မှာ အိမ်ဌားဘဝနှင့် အနှစ် (၂၀) နေရမယ်၊ နံပါတ် (၃)က အနှစ် (၂၀) သမားတွေ ကုန်သွားလို့ရှိရင် (၁၀)နှစ် နေတဲ့သူတွေလျှောက်လို့ရမယ်၊ နောက်ပြီးတော့ အထူးကိစ္စဆိုပြီးတော့ ဘာသာရေးကျောင်းတွေနှင့် တစ်ခြားကိစ္စတွေအတွက်လည်းပါတယ်၊ နောက်ပြီးတော့ ဟားခါးမှာ ၁ဝနှစ် ဒါမှမဟုတ် အနှစ် ၂ဝလည်းမနေဘူးဆိုရင် ဟားခါးကွက်သစ်အတွက် လမ်း၊ မီး၊ ရေ တို့အတွက် ရံပုံငွေ ထည့်နိုင်ရမယ်၊ နောက်ပြီးတော့ အိမ်ကို သုံးထပ်တိုက်လောက်ဆောက်နိုင်မယ်ဆိုရင် စည်းကမ်းသတ်မှတ်ချက် သိပ်မရှိဘဲနဲ့ လျှောက်နိုင်တယ်ဆိုပြီး ကျွန်တော်တို့ လုပ်ထားပါတယ်”ဟုပြောသည်။

ဟားခါးမြို့ မြို့ပြစီမံကိန်းဖော်ဆောင်မည့် မြေဧက ၆၀၀ ကျော်အတွင်းကျူးကျော်နေထိုင်သည့် အိမ်ခြေ ၁၃၀ ကျော်ရှိပြီး ရက်၆ဝအတွင်း ဖျက်သိမ်းရန် စည်ပင်မှ အမိန့်ထုတ်ထားသော်လည်း ဖျက်သိမ်းခြင်းမရှိသည့်အတွက် ဥပဒေအတိုင်း စည်ပင်မှ ဖျက်သိမ်းရန် ပြင်ဆင်နေကြောင်းလည်းသိရသည်။

အဆိုပါ မြို့ပြစီမံကိန်းဖောဆောင်ရန်အတွက် မြေဧက ၆ဝဝကျော်ထဲတွင် ဘိုးဘွားပိုင်မြေအချို့ကို အစိုးရမှ မတရားသိမ်းယူသည်ဟုဆိုက ဒေသခံအချို့မှ ကန့်ကွက်ဆန္ဒပြမှုများလည်း ရှိနေကြောင်းသိရသည်။