ပလက္ဝၿမိဳ႕နယ္ႏွင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္ ယေန႔အခ်ိန္ထိ အင္တာနက္မရရွိေသး

Photo: Salai Mang Ghung

Salai Khup Khup

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ႏွင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္း(၈)ၿမိဳ႕နယ္မွာ ယေန႔အခ်ိန္ထိ အင္တာနက္လုိင္းမရရွိေသးေသာေၾကာင့္ ေဒသခံျပည္သူမ်ား၊ ဌာနဆိုင္ရာႏွင့္ လူမႈအဖြဲ႔အစည္းမ်ားတြင္ အခက္အခဲမ်ားစြာ ၾကံဳေတြ႔ေနရေၾကာင္း သိရသည္။

ဆက္သြယ္ေရးဝန္ၾကီးဌာနမွ ဇြန္လ(၂၁)ရက္ေန႔မွစၿပီး ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ႏွင့္ ရခိုင္ျပည္နယ္ေျမာက္ပိုင္း(၈)ၿမိဳ႕နယ္ကို အင္တာနက္လိုင္း ျဖတ္ေတာက္ခဲ႔သည္။

စစ္ေဘးေရွာင္ကယ္ဆယ္ေရးအဖြဲ႔ ဥကၠဌ ဦးေဝတန္းက “အင္တာနက္သံုးလို႔မရတာ ဇြန္လ၂၁ရက္ေလာက္ကေန သံုးလုိ႔မရတာ  ဒီကေန႔အထိပါဘဲ ျပည္တြင္း ျပည္ပသတင္းေတြ ဖက္လို႔မရဘူး ေနာက္ၿပီး အကူညီေတာင္းခံဖို႔ အခ်င္းခ်င္းခ်ိက္ဆက္မႈပိုင္းမွာ အခက္ခဲေတြေတာ့ ၾကံဳရတယ္။ ေနာက္ၿပီးၿမိဳ႕ေပၚက NGOလုပ္တဲ႔သူ အျခားအရပ္ဖက္အဖြဲ႔အစည္းေတြ အင္တင္နက္နဲ႔ ခ်ိက္ဆက္ၿပီး အလုပ္လုပ္တဲ႔ေတြအတြက္လည္း အခြင့္ေရးဆံုးရံႈးသလုိျဖစ္တယ္”ဟုေျပာသည္။

ရကၡိဳင့္တပ္မေတာ္AAႏွင့္ ျမန္မာတပ္မေတာ္တုိ႔အၾကား တုိက္ပြဲအျဖစ္မ်ားေသာ ေဒသမ်ားတြင္ အင္တာနက္လုိင္းမ်ားျဖတ္ေတာက္ျခင္းေၾကာင့္ ပလက္ဝၿမိဳ႕နယ္ရွိ စစ္ေဘးေရွာင္ ျပည္သူမ်ား၏ သတင္းအခ်က္အလက္ရရွိမႈ ဆံုးရံႈးျခင္း၊ ေရေျမျခားတြင္ရွိေသာ ေဆြမ်ိဳးမ်ားအဆက္အသြယ္ မရွိႏုိင္ျခင္းစေသာ အခြင့္ေရးမ်ား ဆံုးရႈံးေၾကာင္း စစ္ေဘးေရွာင္ကယ္ဆယ္ေရးအဖြဲ႔ ဥကၠဌ ဦးေဝတန္းကေျပာသည္။

ျမန္မာတပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္မေတာ္AAတို႔ တုိက္ပြဲျဖစ္ပြားသည့္ ဘူးသီးေတာင္၊ ေမာင္ေတာ၊ ေျမာက္ဦး၊ ေက်ာက္ေတ္၊ မင္းျပား၊ပု႑ားကၽြန္း၊ ရေသ႔ေတာင္၊ ေျမပံု၊ ခ်င္းျပည္နယ္အတြင္းရွိ ပလက္ဝၿမိဳ႕နယ္ အပါအဝင္(၉)ၿမိဳ႕နယ္အား ဆက္သြယ္ေရးဝန္ၾကီးဌာနမွ အင္တာနက္လုိင္းဆက္သြယ္မႈကို ျဖက္ေတာက္ထားခဲ႔ၿပီး ဖုန္းေျပာဆိုမႈကို ဖြင့္ထားေပးေၾကာင္းသိရသည္။

Unicode Version

ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ယနေ့အချိန်ထိ အင်တာနက်မရရှိသေး

ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း(၈)မြို့နယ်မှာ ယနေ့အချိန်ထိ အင်တာနက်လိုင်းမရရှိသေးသောကြောင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာနှင့် လူမှုအဖွဲ့အစည်းများတွင် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဇွန်လ(၂၁)ရက်နေ့မှစပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်း(၈)မြို့နယ်ကို အင်တာနက်လိုင်း ဖြတ်တောက်ခဲ့သည်။

စစ်ဘေးရှောင်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ဦးဝေတန်းက “အင်တာနက်သုံးလို့မရတာ ဇွန်လ၂၁ရက်လောက်ကနေ သုံးလို့မရတာ ဒီကနေ့အထိပါဘဲ ပြည်တွင်း ပြည်ပသတင်းတွေ ဖက်လို့မရဘူး နောက်ပြီး အကူညီတောင်းခံဖို့ အချင်းချင်းချိက်ဆက်မှုပိုင်းမှာ အခက်ခဲတွေတော့ ကြုံရတယ်။ နောက်ပြီးမြို့ပေါ်က NGOလုပ်တဲ့သူ အခြားအရပ်ဖက်အဖွဲ့အစည်းတွေ အင်တင်နက်နဲ့ ချိက်ဆက်ပြီး အလုပ်လုပ်တဲ့တွေအတွက်လည်း အခွင့်ရေးဆုံးရှုံးသလိုဖြစ်တယ်”ဟုပြောသည်။

ရက္ခိုင့်တပ်မတော်AAနှင့် မြန်မာတပ်မတော်တို့အကြား တိုက်ပွဲအဖြစ်များသော ဒေသများတွင် အင်တာနက်လိုင်းများဖြတ်တောက်ခြင်းကြောင့် ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများ၏ သတင်းအချက်အလက်ရရှိမှု ဆုံးရှုံးခြင်း၊ ရေမြေခြားတွင်ရှိသော ဆွေမျိုးများအဆက်အသွယ် မရှိနိုင်ခြင်းစသော အခွင့်ရေးများ ဆုံးရှုံးကြောင်း စစ်ဘေးရှောင်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဌ ဦးဝေတန်းကပြောသည်။

မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်AAတို့ တိုက်ပွဲဖြစ်ပွားသည့် ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တေ်၊ မင်းပြား၊ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့နယ် အပါအဝင်(၉)မြို့နယ်အား ဆက်သွယ်ရေးဝန်ကြီးဌာနမှ အင်တာနက်လိုင်းဆက်သွယ်မှုကို ဖြက်တောက်ထားခဲ့ပြီး ဖုန်းပြောဆိုမှုကို ဖွင့်ထားပေးကြောင်းသိရသည်။