လမ္းသားၿပဳိက်မႈမ်ားျဖစ္ေပၚလာပါက ပိတ္ဆို႔မႈမရွိဘဲ အျမန္ဆံုးရွင္းလင္းႏိုင္ရန္ အဆင္သင့္ ျပင္ထားေၾကာင္း ဦးစိုးထက္မွေျပာ

Photo: Hakha IPRD

Salai Benezer

ခ်င္းျပည္နယ္အတြင္း မိုးရြာသြန္းမႈေၾကာင့္ ျဖစ္ေပၚေလ့ရွိသည့္ လမ္းသားၿပဳိက်မႈမ်ား ျဖစ္ေပၚလာပါက ပိတ္ဆို႔မႈမရွိဘဲ အျမန္ဆံုးရွင္းလင္းႏိုင္ရန္ အဆင္သင့္ျပင္ဆင္ထားေၾကာင္း ခ်င္းျပည္နယ္အစိုးရ ေျပာေရးဆိုခြင့္ရွိသူ ၀န္ႀကီး ဦးစိုးထက္မွေျပာသည္။

“ကေလး-ဖလမ္း-ဟားခါး လမ္းကေတာ့ JAICA ကေနေပးထားတဲ့ စက္ေတြေတာက္ေလွ်ာက္ အဆင္သင့္ရွိေနပါတယ္၊ လမ္းဦးစီးဌာနကလည္း နာရီပိုင္းအတြင္းမွာ ေတာက္ေလွ်ာက္ရွင္းႏိုင္ေအာင္ လမ္းမပိတ္ေအာင္ လုပ္ေနပါတယ္၊ ေနာက္ၿပီး တစ္ျခားလမ္းပိုင္းမွာ ၿပဳိတဲ့ဟာေတြဆိုရင္လည္း ေဆာက္လုပ္ဌာန လမ္းဦးစီးကေန တာ၀န္ယူေျဖရွင္းေပးေနပါတယ္၊ လမ္းကေတာ့ မိုးမ်ားတဲ့အခါက်ုေတာ့ ေနရာတိုင္းမွာ ၿပဳိေနတယ္၊ ဒါေၾကာင့္ လမ္းဦးစီးတို႔ အုပ္ခ်ဳပ္ေရးမွဴးေတြနဲ႔ အျမဲတမ္းဆက္သြယ္မႈရွိေနပါတယ္၊ ျဖစ္ရင္လည္း အရင္လိုပိတ္ဆို႔မႈမျဖစ္ေအာင္ လုပ္ထားပါတယ္”ဟု စည္ပင္၀န္ႀကီး ဦးစိုးထက္မွေျပာသည္။

ခ်င္းျပည္နယ္တြင္ ေျမသားေပ်ာ့ေပ်ာင္းမႈေၾကာင့္ မိုးရြာသီတြင္ လမ္းသားမ်ား မၾကာခဏၿပဳိက်မႈျဖစ္ပြားေလ့ရွိၿပီး လမ္းပိတ္ဆို႔မႈမ်ားလည္း မၾကာခနျဖစ္ေပၚေလ့ရွိသည္။

ၾသဂုတ္လ ၇ ရက္ေန႔တြင္ ကေလး-ေ၀ဘူလ-ဖလမ္း လမ္းပိုင္းတြင္ ေျမၿပဳိက်မႈေၾကာင့္ ယခုခ်ိန္အထိ ကားလမ္းပိတ္ဆို႔ေနၿပီး ကားလမ္းျပန္သြားႏိုင္ရန္ လုပ္ေဆာင္ေနေၾကာင္း၊ အလားတူ ဖလမ္းႏွင့္ဟားခါးၾကားရွိ ရမ္ထလိုရြာအနီးတြင္ ယမန္ေန႔ ညေန ၂နာရီက ေျမႏွင့္ ေက်ာက္သားမ်ား ၿပဳိက်လာမႈေၾကာင့္ ကားအစီး ၃၀ခန္႔ ပိတ္ဆို႔မႈျဖစ္ေပၚခဲ့ၿပီး ရွင္းလင္းၿပီးေနာက္ ညေနပိုင္းတြင္ လမ္းျပန္ပြင့္သြားေၾကာင္း သိရသည္။

ခ်င္းျပည္နယ္ ဟားခါးၿမဳိ႕တြင္ ယခုႏွစ္ ၾသဂုတ္လ ၇ရက္ေန႔တြင္ မိုးေရခ်ိန္ ၂.၈၃လက္မရြာသြန္းခဲ့ၿပီး ၂၀၁၉ခုႏွစ္အတြင္း ၾသဂုတ္လအထိ ၆၄ ရက္မိုးရြာသြန္းထားၿပီး ရြာသြန္းသည့္ မိုးေရခ်ိန္မွာ ၃၀.၁၅လက္မရွိၿပီ ျဖစ္ေၾကာင္း ခ်င္းျပည္နယ္ မိုးေလ၀သႏွင့္ ဇလေဗဒ ဦးစီးဌာနရံုးမွ သိရွိရသည္။

ခ်င္းျပည္နယ္တြင္ ၂၀၁၅ခုႏွစ္က မိုးအဆက္မပ်က္ရြာသြန္းမႈေၾကာင့္ လမ္းအပိုင္းလိုက္ ၿပဳိက်ၿပီး အဆက္အသြယ္မ်ားပ်က္ေတာက္သြားျခင္း၊ ေျမၿပဳိမႈေၾကာင့္ ေနအိမ္ေပါင္းမ်ားစြာ ပ်က္စီးျခင္းမ်ားၾကံဳေတြ႕ခဲ့ရၿပီး ျပည္သူလူထုအမ်ားအျပား ဒုကၡသည္အျဖစ္ ေနထိုင္ခဲ့ၾကရသည္။

Unicode

လမ်းသားပြိုကျမှုများဖြစ်ပေါ်လာပါက ပိတ်ဆို့မှုမရှိဘဲ အမြန်ဆုံးရှင်းလင်းနိုင်ရန် အဆင်သင့် ပြင်ထားကြောင်း ဦးစိုးထက်မှပြော

Salai Benezer

ချင်းပြည်နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်လေ့ရှိသည့် လမ်းသားပြိုကျမှုများ ဖြစ်ပေါ်လာပါက ပိတ်ဆို့မှုမရှိဘဲ အမြန်ဆုံးရှင်းလင်းနိုင်ရန် အဆင်သင့်ပြင်ဆင်ထားကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးစိုးထက်မှပြောသည်။

“ကလေး-ဖလမ်း-ဟားခါး လမ်းကတော့ JAICA ကနေပေးထားတဲ့ စက်တွေတောက်လျှောက် အဆင်သင့်ရှိနေပါတယ်၊ လမ်းဦးစီးဌာနကလည်း နာရီပိုင်းအတွင်းမှာ တောက်လျှောက်ရှင်းနိုင်အောင် လမ်းမပိတ်အောင် လုပ်နေပါတယ်၊ နောက်ပြီး တစ်ခြားလမ်းပိုင်းမှာ ပြိုတဲ့ဟာတွေဆိုရင်လည်း ဆောက်လုပ်ဌာန လမ်းဦးစီးကနေ တာဝန်ယူဖြေရှင်းပေးနေပါတယ်၊ လမ်းကတော့ မိုးများတဲ့အခါကျုတော့ နေရာတိုင်းမှာ ပြိုနေတယ်၊ ဒါကြောင့် လမ်းဦးစီးတို့ အုပ်ချုပ်ရေးမှူးတွေနဲ့ အမြဲတမ်းဆက်သွယ်မှုရှိနေပါတယ်၊ ဖြစ်ရင်လည်း အရင်လိုပိတ်ဆို့မှုမဖြစ်အောင် လုပ်ထားပါတယ်”ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်မှပြောသည်။

ချင်းပြည်နယ်တွင် မြေသားပျော့ပျောင်းမှုကြောင့် မိုးရွာသီတွင် လမ်းသားများ မကြာခဏပြိုကျမှုဖြစ်ပွားလေ့ရှိပြီး လမ်းပိတ်ဆို့မှုများလည်း မကြာခနဖြစ်ပေါ်လေ့ရှိသည်။

သြဂုတ်လ ၇ ရက်နေ့တွင် ကလေး-ဝေဘူလ-ဖလမ်း လမ်းပိုင်းတွင် မြေပြိုကျမှုကြောင့် ယခုချိန်အထိ ကားလမ်းပိတ်ဆို့နေပြီး ကားလမ်းပြန်သွားနိုင်ရန် လုပ်ဆောင်နေကြောင်း၊ အလားတူ ဖလမ်းနှင့်ဟားခါးကြားရှိ ရမ်ထလိုရွာအနီးတွင် ယမန်နေ့ ညနေ ၂နာရီက မြေနှင့် ကျောက်သားများ ပြိုကျလာမှုကြောင့် ကားအစီး ၃ဝခန့် ပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ပြီး ရှင်းလင်းပြီးနောက် ညနေပိုင်းတွင် လမ်းပြန်ပွင့်သွားကြောင်း သိရသည်။
ချင်းပြည်နယ် ဟားခါးမြို့တွင် ယခုနှစ် သြဂုတ်လ ရရက်နေ့တွင် မိုးရေချိန် ၂.၈၃လက်မရွာသွန်းခဲ့ပြီး ၂၀၁၉ခုနှစ်အတွင်း သြဂုတ်လအထိ ၆၄ ရက်မိုးရွာသွန်းထားပြီး ရွာသွန်းသည့် မိုးရေချိန်မှာ ၃၀.၁၅လက်မရှိပြီ ဖြစ်ကြောင်း ချင်းပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနရုံးမှ သိရှိရသည်။

ချင်းပြည်နယ်တွင် ၂၀၁၅ခုနှစ်က မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် လမ်းအပိုင်းလိုက် ပြိုကျပြီး အဆက်အသွယ်များပျက်တောက်သွားခြင်း၊ မြေပြိုမှုကြောင့် နေအိမ်ပေါင်းများစွာ ပျက်စီးခြင်းများကြုံတွေ့ခဲ့ရပြီး ပြည်သူလူထုအများအပြား ဒုက္ခသည်အဖြစ် နေထိုင်ခဲ့ကြရသည်။