တြန္းဇံၿမိဳ႕တြင္ မုဒိမ္းမႈက်ဴးလြန္ရန္ အားထုတ္ၾကံစည္သူကို ရာဇသတ္ၾကီး ပုဒ္မ ၃၇၆/၅၁၁ျဖင့္ တရားဆြဲဆိုထား

Salai Khup Khup

တြန္းဇံၿမိဳ႕တြင္ အမ်ိဳးသမီး အသက္(၂၁)ႏွစ္အရြယ္ကို ေမာင္ေဟာင္ရွန္းပိုင္(၂၃)ႏွစ္မွ မုဒိမ္းမႈက်ဴးလြန္ရန္အားစိုက္ထုတ္ခဲ႔ေသာေၾကာင့္ တြန္းဇံၿမိဳ႕နယ္ရဲစခန္းမွ ရာဇသတ္ၾကီး ပုဒ္မ ၃၇၆/၅၁၁ျဖင့္ တရားဆြဲထားေၾကာင္း တြန္းဇံၿမိဳ႕နယ္မွဒု-ရဲမွဴးစိုးဝင္းကေျပာသည္။

တြန္းဇံၿမိဳ႕နယ္မွ ဒု-ရဲမွဴးစိုးဝင္းက “တရားခံက က်ဴးလြန္တဲ႔ပံုစံမ်ိဳးေတာ့မဟုတ္ဘူး သက္ေသေတြ ေဆးစာေတြ ျပန္ၾကားစာ ေတြေတာ့မရေသးဘူး။ မိန္းကေလးဖက္ကလည္း တိုင္ထားတာရွိတယ္၊ သူ႔ကို က်ဴးလြန္ဖို႔အားစုိက္ပါတယ္ ဆိုတဲ႔ပံုစံမ်ိဳးနဲ႔ လာေရာက္တိုင္ထားတာ ျဖစ္တယ္။ အခုကစစ္ေဆးေနဆဲကာလျဖစ္တယ္ သက္ေသေတြလည္း စံုေအာင္မသိရေသးဘူး ဆုိေတာ့ ယမန္မကုန္ဆံုးခင္အခ်ိန္ထိေတာ့ မဒိန္းမႈက်ဴးလြန္ဖို႔ အားထုတ္မႈ ရာဇသတ္ၾကီး ပုဒ္မ ၃၇၆/၅၁၁နဲ႔ တရားဥပေဒနဲ႔အညီ တရားဆြဲမွာျဖစ္တယ္”ဟုေျပာသည္။

ျဖစ္စဥ္မွာ တြန္းဇံၿမိဳ႕နယ္ ေသြးသုမ္ရြာသား ေမာင္ေဟာင္ရွန္းပိုင္သည္ ၾသဂုတ္လ(၂)ရက္ေန႔တြင္ တြန္းဇံၿမိဳ႕ ေခါလိုင္ရက္ကြက္ေန မ….(၂၁)ႏွစ္အရြယ္ကို ေမာင္ေဟာင္ရွန္းပိုင္က ၎တို႔ရြာကိုဆုိင္ကယ္ျဖင့္ လုိက္ပို႔ေပးရန္ အကူညီေတာင္းသျဖင့္ မ….(၂၁)ႏွစ္ကလည္း လိုက္ပို႔ေပးခဲ႔ရာ ေသြးသုမ္ရြာေရာက္ခါနီးတြင္ မ….(၂၁)ကို တြန္းခ်ၿပီး မုဒိမ္းမႈက်ဴးလြန္ရန္ အားစုိက္ထုတ္ခ်ိန္တြင္ အနီးအနားရွိလူမ်ားဝိုင္းလာၿပီး မုဒိမ္းမႈမ ေျမာက္လုိက္ေၾကာင္း တြန္းဇံရဲစခန္းတြင္ မ..(၂၁)ကထြက္ဆိုခဲ႔ေၾကာင္း သိရသည္။

မုဒိမ္းမႈက်ဴးလြန္ရန္ အားစိုက္ထုတ္ခဲ႔သူ ေမာင္ေဟာင္ရွန္းပိုင္ကို ၎မိဘမ်ားကိုတုိင္ ၾသဂုတ္လ(၇)ရက္ေန႔တြင္ တြန္းဇံရဲစခန္းတြင္ လာေရာက္အပ္ႏွံခဲ႔ေၾကာင္း တြန္းဇံၿမိဳ႕နယ္ရဲစခန္းမွ တပ္ၾကပ္ၾကီးစန္းယုကေျပာသည္။

တြန္းဇံၿမိဳ႕နယ္ရဲစခန္းမွ တပ္ၾကပ္ၾကီး စန္းယုက “၃ ရက္ေန႔မွာလာတုိင္တယ္။တရားခံလာအပ္တာေတာ့ (၇)ရက္ေန႔မွာ မိဘကိုယ္တုိင္ လာအပ္တယ္။ ကၽြန္ေတာ္တို႔က သူ႔ကို အမႈနဲ႔ဖမ္းဆီးၿပီးေတာ့ ေျခာရက္ယမန္ယူထားၿပီးၿပီ ၂၀ရက္ေန႔ထိ အမႈနဲ႔ပက္သက္ၿပီး စစ္ေဆးေနဆဲျဖစ္တယ္”ဟုေျပာသည္။

ၿပီးခဲ႔သည့္ ဇူလုိင္လ (၂၂)ရက္ေန႔တြင္လည္း တြန္းဇံၿမိဳ႕နယ္ နတ္ဇန္ေက်းရြာတြင္ အသက္(၉)ႏွစ္အရြယ္ တတိယတန္းေက်ာင္းသူကို လမ္းအလုပ္သမား အသက္(၂၇)ႏွစ္အရြယ္မွ မုဒိမ္းမႈက်ဴးလြန္ခဲ႔သည့္ ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့ဖူးေၾကာင္းသိရသည္။

Unicode Version

တွန်းဇံမြို့တွင် မုဒိမ်းမှုကျူးလွန်ရန် အားထုတ်ကြံစည်သူကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ဖြင့် တရားဆွဲဆိုထား

တွန်းဇံမြို့တွင် အမျိုးသမီး အသက်(၂၁)နှစ်အရွယ်ကို မောင်ဟောင်ရှန်းပိုင်(၂၃)နှစ်မှ မုဒိမ်းမှုကျူးလွန်ရန်အားစိုက်ထုတ်ခဲ့သောကြောင့် တွန်းဇံမြို့နယ်ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ဖြင့် တရားဆွဲထားကြောင်း တွန်းဇံမြို့နယ်မှဒု-ရဲမှူးစိုးဝင်းကပြောသည်။

တွန်းဇံမြို့နယ်မှ ဒု-ရဲမှူးစိုးဝင်းက “တရားခံက ကျူးလွန်တဲ့ပုံစံမျိုးတော့မဟုတ်ဘူး သက်သေတွေ ဆေးစာတွေ ပြန်ကြားစာ တွေတော့မရသေးဘူး။ မိန်းကလေးဖက်ကလည်း တိုင်ထားတာရှိတယ်၊ သူ့ကို ကျူးလွန်ဖို့အားစိုက်ပါတယ် ဆိုတဲ့ပုံစံမျိုးနဲ့ လာရောက်တိုင်ထားတာ ဖြစ်တယ်။ အခုကစစ်ဆေးနေဆဲကာလဖြစ်တယ် သက်သေတွေလည်း စုံအောင်မသိရသေးဘူး ဆိုတော့ ယမန်မကုန်ဆုံးခင်အချိန်ထိတော့ မဒိန်းမှုကျူးလွန်ဖို့ အားထုတ်မှု ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁နဲ့ တရားဥပဒေနဲ့အညီ တရားဆွဲမှာဖြစ်တယ်”ဟုပြောသည်။

ဖြစ်စဉ်မှာ တွန်းဇံမြို့နယ် သွေးသုမ်ရွာသား မောင်ဟောင်ရှန်းပိုင်သည် သြဂုတ်လ(၂)ရက်နေ့တွင် တွန်းဇံမြို့ ခေါလိုင်ရက်ကွက်နေ မ….(၂၁)နှစ်အရွယ်ကို မောင်ဟောင်ရှန်းပိုင်က ၎င်းတို့ရွာကိုဆိုင်ကယ်ဖြင့် လိုက်ပို့ပေးရန် အကူညီတောင်းသဖြင့် မ….(၂၁)နှစ်ကလည်း လိုက်ပို့ပေးခဲ့ရာ သွေးသုမ်ရွာရောက်ခါနီးတွင် မ….(၂၁)ကို တွန်းချပြီး မုဒိမ်းမှုကျူးလွန်ရန် အားစိုက်ထုတ်ချိန်တွင် အနီးအနားရှိလူများဝိုင်းလာပြီး မုဒိမ်းမှုမ မြောက်လိုက်ကြောင်း တွန်းဇံရဲစခန်းတွင် မ..(၂၁)ကထွက်ဆိုခဲ့ကြောင်း သိရသည်။

မုဒိမ်းမှုကျူးလွန်ရန် အားစိုက်ထုတ်ခဲ့သူ မောင်ဟောင်ရှန်းပိုင်ကို ၎င်းမိဘများကိုတိုင် သြဂုတ်လ(၇)ရက်နေ့တွင် တွန်းဇံရဲစခန်းတွင် လာရောက်အပ်နှံခဲ့ကြောင်း တွန်းဇံမြို့နယ်ရဲစခန်းမှ တပ်ကြပ်ကြီးစန်းယုကပြောသည်။

တွန်းဇံမြို့နယ်ရဲစခန်းမှ တပ်ကြပ်ကြီး စန်းယုက “၃ ရက်နေ့မှာလာတိုင်တယ်။တရားခံလာအပ်တာတော့ (၇)ရက်နေ့မှာ မိဘကိုယ်တိုင် လာအပ်တယ်။ ကျွန်တော်တို့က သူ့ကို အမှုနဲ့ဖမ်းဆီးပြီးတော့ ခြောရက်ယမန်ယူထားပြီးပြီ ၂ဝရက်နေ့ထိ အမှုနဲ့ပက်သက်ပြီး စစ်ဆေးနေဆဲဖြစ်တယ်”ဟုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၂၂)ရက်နေ့တွင်လည်း တွန်းဇံမြို့နယ် နတ်ဇန်ကျေးရွာတွင် အသက်(၉)နှစ်အရွယ် တတိယတန်းကျောင်းသူကို လမ်းအလုပ်သမား အသက်(၂၇)နှစ်အရွယ်မှ မုဒိမ်းမှုကျူးလွန်ခဲ့သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးကြောင်းသိရသည်။