ရခိုင္ျပည္နယ္ေက်ာက္ျဖဴတြင္ ခ်င္းအမ်ဳိးသမီးတစ္ဦးအား ထိုးၾကိတ္အႏိုင္က်င့္မႈျဖစ္ပြား



Salai Benezer

ရခိုင္ျပည္နယ္ေက်ာက္ျဖဴၿမဳိ႕တြင္ ခ်င္းအမ်ဳိးသမီး လုပ္ငန္းရွင္တစ္ဦးအား ဦးတင္ေအာင္စိုး ဆိုသူမွ ကားျဖင့္ေခၚသြားရန္ၾကဳိးစားစဥ္ ထိုးၾကိတ္ရိုက္ႏွက္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ဦးတင္ေအာင္စိုးႏွင့္ ထိုးၾကိတ္ရိုက္ႏွက္ခံရသူ မတင္ေမ၀င္းမွာ ေက်ာက္ျဖဴၿမဳိ႕တြင္ စားေသာက္ဆိုင္တစ္ခုကုိ အက်ဳိးတူပူးေပါင္း ဖြင့္လွစ္ထားၿပီး မတင္ေမ၀င္းခရီးသြားစဥ္တြင္ ဦးတင္ေအာင္စိုးမွ စားေသာက္ဆိုင္အား တစ္ျခားသူထံဌားထားၿပီး ဟိုတယ္ရွိပစၥည္းမ်ားအားလံုး အိမ္သုိ႔ယူသြားသျဖင့္ မတင္ေမ၀င္းမွ ၄င္းရပိုင္ခြင့္မ်ားအား ျပန္ေပးရန္ ေျပာဆိုၿပီးေနာက္ ၾသဂုတ္လ ၄ရက္ ည၁၀နာရီခန္႔တြင္ ယခုလိုျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

မတင္ေမ၀င္းမွ ျဖစ္စဥ္ကို ေျပာျပရာတြင္ “အဲဒီရပိုင္ခြင့္ေတြ ေတာင္းတဲ့ညမွာဘဲ ဝန္ထမ္းမ်ားႏွင့္ေတြ႔ဆံုၿပီး က်မညီမဆီသြားဖို႔ ဆိုင္ဝန္ထမ္းတေယာက္ႏွင့္ဆိုင္ကယ္ေမာင္းၿပီးသြားတဲ့အခ်ိန္မွာ အဲဒီၾကားထဲမွာရွိတဲ့ စတိုးဆိုင္နားအေရာက္မွာ ဦးတင္ေအာင္စိုးကားက ေ႐ွမွာပိတ္ရပ္ၿပီး ႐ွယ္ယာ႐ွင္းခ်င္ရင္ကားေပၚအခုတက္လို႔ေျပာၿပီး ဆံပင္ဆြဲၿပီးေခၚတယ္၊ က်မမွာ ဒါစာရင္း႐ွင္းရမယ့္အခ်ိန္မဟုတ္ဘူး.မလိုက္ႏိုင္ဘူးလို႔ေျပာလိုက္တယ္၊ အဲဒီေနာက္ ကားေပၚမွဆင္းလာၿပီးလည္ပင္းညႇစ္ကာ လက္သီးျဖင့္ အႀကိမ္ႀကိမ္ထိုးခဲ့ပါတယ္..က်န္မကေအာ္ဟစ္အကူအညီေတာင္းေတာ့ ေဘးမွစတိုးဆိုင္က မိသားစုမ်ားမီးမ်ာဖြင့္ၿပီးထြက္လာၾကပါတယ္၊ အဲဒီအခ်ိန္ကားတစ္စီးမီးထိုးၿပီးေရာက္လာတယ္၊ က်မကအဲဒီကားေ႐ွ႕ေျပးၿပီးအကူအညီေတာင္းခံလိုက္တဲ့အခ်ိန္မွာ ဦးတင္ေအာင္စိုးကားက ေမာင္းေျပးသြားခဲ့ပါတယ္၊ က်မအားကားေပၚဆြဲတင္ခ်ိန္တြင္ ကားထဲမွာ ျမင့္ဆန္းဆိုသူအပါအဝင္.ျမင့္ဆန္းညီ ေမာင္ေခ်.. စာဖိုမႉးေအာင္ထြန္းစိုးတို႔အားကားအေပၚတြင္ေတြ႔လိုက္တယ္၊ မိန္းခေလးတေယာက္ အားထိုမ်ွ႐ိုက္ႏွက္ေနသည္ကို တေယာက္မွဝင္ေရာက္ကူညီျခင္းမ႐ွိၾကပါ”ဟု ေျပာသည္။

အဆိုပါျဖစ္စဥ္ျဖစ္ပြားၿပီးေနာက္ ျဖစ္စဥ္မ်ားကို မတင္ေမ၀င္းမွ လူမႈကြန္ယက္စာမ်က္ႏွာတြင္ တင္လိုက္ၿပီးေနာက္ ဦးတင္ေအာင္စိုးမွ အဆိုပါစာမ်ားကို ဖ်က္ပစ္ရန္ႏွင့္ ေတာင္းပန္စာေရးၿပီးမွသာ ရပိုင္ခြင့္ ပစၥည္းမ်ားႏွင့္ ေငြမ်ားကို ေပးမည္ဟု ခ်ိန္းေျခာက္ေျပာဆိုမႈမ်ားလည္းရွိေၾကာင္း သိရသည္။

မတင္ေမ၀င္းမွ “လိုင္းမွာတင္လိုက္ၿပီးေနာက္ မွားယြင္းစြာတင္မိေၾကာင္း Facebook ကေနျပန္ၿပီး တင္ခုိင္းတယ္၊ အဲဒါဆိုရင္ ပိုက္ဆံျပန္ေပးမယ္လို႔ေျပာတယ္၊ က်မအေနနဲ႔ အဲဒီပိုက္ဆံေတြလည္း မလိုခ်င္ေတာ့ဘူး၊ အထိုးလည္းခံရေသးတယ္၊ ေတာင္းပန္စရာအေၾကာင္းမရွိဘူး၊ ပထမေတာ့ စခန္းကလူေတြကေျပာပါတယ္၊ ကိုယ္ကနယ္ခံမဟုတ္ေတာ့ အသက္အႏၱရာယ္လည္းရွိတယ္ေပါ့၊ အစ္မရဲ႕ ပစၥည္းႏွင့္ ေငြရေအာင္ ညွိေပးမယ္ဆိုၿပီးေျပာေတာ့ တစ္ရက္ႏွစ္ရက္ေစာင့္တယ္၊ မေန႔ကေတာ့ သူ႔ရဲ႕လူေတြကို ဖုန္းဆက္ခိုင္းတယ္ မွားယြင္းစြာတင္မိေၾကာင္း ေတာင္းပန္ဖို႔ ေျပာတယ္၊ ကိုယ္ကမဟုတ္တာလည္းလုပ္တာမဟုတ္ဘူး၊ က်မပစၥည္း က်မျပန္ရဖို႔အတြက္နဲ႔ က်မေတာ့ မတင္ႏိုင္ဘူး၊ ေယာက်ာၤႀကီးတစ္ေယာက္ကေနၿပီးေတာ့ ထိုးႏွက္တဲ့ကိစၥကို လက္မခံႏိုင္ဘူး၊ ပိုက္ဆံျပန္မရရင္ေနပါေစ၊ တရားစြဲၿပီးေတာ့ ေထာင္ခ်မွာ”ဟုေျပာသည္။

ဦးတင္ေအာင္စိုးမွာ ယခုျဖစ္စဥ္မတိုင္ခင္ကလည္း ဟိုတယ္၀န္ထမ္းမ်ားအား ေပးမည့္ လစာမ်ားကိုလည္း ကိုယ္ေရးကိုယ္တာအတြက္ သံုးစြဲထားျခင္း၊ မတင္ေမ၀င္း၏ မဂၤလာေဆာင္ညတြင္လည္း ကူညီေဆာင္ရြက္ေနသည့္ ၀န္ထမ္းမ်ားအား လာေရာက္ခ်ိန္းေျခာက္ျခင္းမ်ားလည္း လုပ္ေဆာင္ခဲ့ဖူးေၾကာင္း မတင္ေမ၀င္းမွေျပာသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သတ္ၿပီး ေက်ာက္ျဖဴ ရဲစခန္းအား ဆက္သြယ္ေမးျမန္းရာ စခန္းမႈး ေက်ာ္ေဇာမွ “ခုေလာေလာဆယ္ေတာ့ တိုင္ခ်က္ဖြင့္ေနတယ္၊ အရင္ကေတာ့ မတိုင္ေသးဘူး သူတို႔အခ်င္းခ်င္းညွိႏႈိင္းဦးမယ္ဆိုၿပီး အမႈမဖြင့္ေသးၿပီး၊ ဒါေပမယ့္ခုေတာ့ တိုင္ခ်က္ဖြင့္ေနပါၿပီ၊ ထိုးႏွက္တာဆိုေတာ့ ပုဒ္မ ၃၂၃၊ ၃၅၄ စတဲ့ပုဒ္မေတြႏွင့္ သူတို႔တိုင္ခ်က္အေပၚမႈတည္ၿပီးေတာ့ အေရးယူေဆာင္ရြက္သြားမွာပါဟုေျပာသည္။

Photo: TMW FB

ရခိုင်ပြည်နယ်ကျောက်ဖြူတွင် ချင်းအမျိုးသမီးတစ်ဦးအား ထိုးကြိတ်အနိုင်ကျင့်မှုဖြစ်ပွား

Salai Benezer

ရခိုင်ပြည်နယ်ကျောက်ဖြူမြို့တွင် ချင်းအမျိုးသမီး လုပ်ငန်းရှင်တစ်ဦးအား ဦးတင်အောင်စိုး ဆိုသူမှ ကားဖြင့်ခေါ်သွားရန်ကြိုးစားစဉ် ထိုးကြိတ်ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဦးတင်အောင်စိုးနှင့် ထိုးကြိတ်ရိုက်နှက်ခံရသူ မတင်မေဝင်းမှာ ကျောက်ဖြူမြို့တွင် ဟိုတယ်တစ်ခိုကို အကျိုးတူပူးပေါင်း ဖွင့်လှစ်ထားပြီး မတင်မေဝင်းခရီးသွားစဉ်တွင် ဦးတင်အောင်စိုးမှ ဟိုတယ်အား တစ်ခြားသူထံဌားထားပြီး ဟိုတယ်ရှိပစ္စည်းများအားလုံး အိမ်သို့ယူသွားသဖြင့် မတင်မေဝင်းမှ ၄င်းရပိုင်ခွင့်များအား ပြန်ပေးရန် ပြောဆိုပြီးနောက် သြဂုတ်လ ၄ရက် ည၁ဝနာရီခန့်တွင် ယခုလိုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မတင်မေဝင်းမှ ဖြစ်စဉ်ကို ပြောပြရာတွင် “အဲဒီရပိုင်ခွင့်တွေ တောင်းတဲ့ညမှာဘဲ ဟိုတယ်ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ကျမညီမဆီသွားဖို့ ဆိုင်ဝန်ထမ်းတယောက်နှင့်ဆိုင်ကယ်မောင်းပြီးသွားတဲ့အချိန်မှာ အဲဒီကြားထဲမှာရှိတဲ့ စတိုးဆိုင်နားအရောက်မှာ ဦးတင်အောင်စိုးကားက ရှေမှာပိတ်ရပ်ပြီး ရှယ်ယာရှင်းချင်ရင်ကားပေါ်အခုတက်လို့ပြောပြီး ဆံပင်ဆွဲပြီးခေါ်တယ်၊ ကျမမှာ ဒါစာရင်းရှင်းရမယ့်အချိန်မဟုတ်ဘူး.မလိုက်နိုင်ဘူးလို့ပြောလိုက်တယ်၊ အဲဒီနောက် ကားပေါ်မှဆင်းလာပြီးလည်ပင်းညှစ်ကာ လက်သီးဖြင့် အကြိမ်ကြိမ်ထိုးခဲ့ပါတယ်..ကျန်မကအော်ဟစ်အကူအညီတောင်းတော့ ဘေးမှစတိုးဆိုင်က မိသားစုများမီးမျာဖွင့်ပြီးထွက်လာကြပါတယ်၊ အဲဒီအချိန်ကားတစ်စီးမီးထိုးပြီးရောက်လာတယ်၊ ကျမကအဲဒီကားရှေ့ပြေးပြီးအကူအညီတောင်းခံလိုက်တဲ့အချိန်မှာ ဦးတင်အောင်စိုးကားက မောင်းပြေးသွားခဲ့ပါတယ်၊ ကျမအားကားပေါ်ဆွဲတင်ချိန်တွင် ကားထဲမှာ မြင့်ဆန်းဆိုသူအပါအဝင်.မြင့်ဆန်းညီ မောင်ချေ..Angelဟိုတယ် စာဖိုမှူးအောင်ထွန်းစိုးတို့အားကားအပေါ်တွင်တွေ့လိုက်တယ်၊ မိန်းခလေးတယောက် အားထိုမျှရိုက်နှက်နေသည်ကို တယောက်မှဝင်ရောက်ကူညီခြင်းမရှိကြပါ”ဟု ပြောသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဖြစ်စဉ်များကို မတင်မေဝင်းမှ လူမှုကွန်ယက်စာမျက်နှာတွင် တင်လိုက်ပြီးနောက် ဦးတင်အောင်စိုးမှ အဆိုပါစာများကို ဖျက်ပစ်ရန်နှင့် တောင်းပန်စာရေးပြီးမှသာ ရပိုင်ခွင့် ပစ္စည်းများနှင့် ငွေများကို ပေးမည်ဟု ချိန်းခြောက်ပြောဆိုမှုများလည်းရှိကြောင်း သိရသည်။

မတင်မေဝင်းမှ “လိုင်းမှာတင်လိုက်ပြီးနောက် မှားယွင်းစွာတင်မိကြောင်း Facebook ကနေပြန်ပြီး တင်ခိုင်းတယ်၊ အဲဒါဆိုရင် ပိုက်ဆံပြန်ပေးမယ်လို့ပြောတယ်၊ ကျမအနေနဲ့ အဲဒီပိုက်ဆံတွေလည်း မလိုချင်တော့ဘူး၊ အထိုးလည်းခံရသေးတယ်၊ တောင်းပန်စရာအကြောင်းမရှိဘူး၊ ပထမတော့ စခန်းကလူတွေကပြောပါတယ်၊ ကိုယ်ကနယ်ခံမဟုတ်တော့ အသက်အန္တရာယ်လည်းရှိတယ်ပေါ့၊ အစ်မရဲ့ ပစ္စည်းနှင့် ငွေရအောင် ညှိပေးမယ်ဆိုပြီးပြောတော့ တစ်ရက်နှစ်ရက်စောင့်တယ်၊ မနေ့ကတော့ သူ့ရဲ့လူတွေကို ဖုန်းဆက်ခိုင်းတယ် မှားယွင်းစွာတင်မိကြောင်း တောင်းပန်ဖို့ ပြောတယ်၊ ကိုယ်ကမဟုတ်တာလည်းလုပ်တာမဟုတ်ဘူး၊ ကျမပစ္စည်း ကျမပြန်ရဖို့အတွက်နဲ့ ကျမတော့ မတင်နိုင်ဘူး၊ ယောကျာင်္ကြီးတစ်ယောက်ကနေပြီးတော့ ထိုးနှက်တဲ့ကိစ္စကို လက်မခံနိုင်ဘူး၊ ပိုက်ဆံပြန်မရရင်နေပါစေ၊ တရားစွဲပြီးတော့ ထောင်ချမှာ”ဟုပြောသည်။

ဦးတင်အောင်စိုးမှာ ယခုဖြစ်စဉ်မတိုင်ခင်ကလည်း ဟိုတယ်ဝန်ထမ်းများအား ပေးမည့် လစာများကိုလည်း ကိုယ်ရေးကိုယ်တာအတွက် သုံးစွဲထားခြင်း၊ မတင်မေဝင်း၏ မင်္ဂလာဆောင်ညတွင်လည်း ကူညီဆောင်ရွက်နေသည့် ဝန်ထမ်းများအား လာရောက်ချိန်းခြောက်ခြင်းများလည်း လုပ်ဆောင်ခဲ့ဖူးကြောင်း မတင်မေဝင်းမှပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်ပြီး ကျောက်ဖြူ ရဲစခန်းအား ဆက်သွယ်မေးမြန်းရာ စခန်းမှုး ကျော်ဇောမှ “ခုလောလောဆယ်တော့ တိုင်ချက်ဖွင့်နေတယ်၊ အရင်ကတော့ မတိုင်သေးဘူး သူတို့အချင်းချင်းညှိနှိုင်းဦးမယ်ဆိုပြီး အမှုမဖွင့်သေးပြီး၊ ဒါပေမယ့်ခုတော့ တိုင်ချက်ဖွင့်နေပါပြီ၊ ထိုးနှက်တာဆိုတော့ ပုဒ်မ ၃၂၃၊ ၃၅၄ စတဲ့ပုဒ်မတွေနှင့် သူတို့တိုင်ချက်အပေါ်မှုတည်ပြီးတော့ အရေးယူဆောင်ရွက်သွားမှာပါဟုပြောသည်။

Photo: TMW FB