ကန္႔ကြက္မႈမ်ားရွိေနသျဖင့္ ႏွာရိန္းၿမဳိ႕ေဘာလုံးကြင္းတြင္ ေထြအုပ္ရံုးတည္ေဆာက္မည့္ေနရာေျပာင္းလဲ

Salai Benezer

ခ်င္းျပည္နယ္ ထန္တလန္ၿမဳိ႕နယ္ရွိ ႏွာရိန္းၿမဳိ႕ ေဘာလံုးကြင္းတြင္ အေထြေထြေထြအုပ္ခ်ဳပ္ေရးမွဴးရံုး တည္ေဆာက္ရန္ စီစဥ္ခဲ့ေသာ္လည္း ၿမဳိ႕ခံမ်ားမွ ကန္႔ကြက္မႈမ်ားရွိေနသျဖင့္ အမွတ္ (၂) ရပ္ကြက္ဘက္တြင္ ေျပာင္းလဲတည္ေဆာက္ရန္ ျပည္နယ္အစိုးရမွ သတ္မွတ္လိုက္ေၾကာင္း သိရသည္။

“ေထြအုပ္မင္းႀကီးကေနၿပီးေတာ့ အခုတည္ေဆာက္ေနတဲ့ေနရာက ျပည္သူလူထုကေနၿပီးေတာ့ အျမတ္တႏိုးထားတဲ့ေနရာ ျဖစ္တဲ့အတြက္ သက္ဆိုင္ရာ ဌာနေတြကေနကြင္းဆင္းၿပီးေနာက္မွာ အမွတ္ (၂)ရပ္ကြက္မွာ တည္ေဆာက္ဖို႔ အတည္ျပဳခဲ့ပါတယ္၊ ဘာလို႔ အမွတ္(၂)ကို ေရြးရလဲဆိုရင္ အဲဒီဘက္က ဖြံ႕ျဖဳိးမႈအားနည္းေနတာေၾကာင့္ အမွတ္ (၁)ရပ္ကြက္ႏွင့္အတူ ဖြံ႕ျဖဳိးမႈအားေကာင္းလာဖို႔ ခ်င္းျပည္နယ္အစိုးရအေနနဲ႔ ရည္ရြယ္ထားတယ္လို႔ သိရတယ္၊ အခုလို အစိုးရကေနၿပီးေတာ့ ျပည္သူလူထုရဲ႕ ေတာင္းဆိုမႈကို အေလးထားၿပီး ေဘာလံုးကြင္းကို ျပန္ၿပီးေတာ့ လက္လႊဲေပးတာေၾကာင့္ ၀မ္းသားမိပါတယ္၊ ေဒသခံေတြအေနနဲ႔လည္း အစိုးရရဲ႕လုပ္ငန္းကို တားစီးလိုတာမ်ဳိးမဟုတ္ဘဲနဲ႔ မိမိတို႔ အျမတ္တႏိုင္းထားတဲ့ ေနရာျဖစ္တာေၾကာင့္သာ ကန္႔ကြက္ခဲ့ရတာျဖစ္တယ္”ဟု ႏွာရိန္းၿမဳိ႕ခံ ကိုမိုက္ကယ္ကေျပာသည္။

ႏွာရိန္းၿမဳိ႕တြင္ ေထြအုပ္ရံုးတည္ေဆာက္မည့္ေနရာႏွင့္ပတ္သတ္ၿပီး ၿမဳိ႕ခံမ်ားမွ ဘိုးဘြားအေမြအျဖစ္ အျမတ္တႏိုင္းထားသည့္ေနရာျဖစ္သည့္ ေဘာလံုးကြင္းတြင္ ၿမဳိ႕ခံမ်ားကို အသိမေပးဘဲ ေဘာလံုးကြင္းတြင္ စတင္တည္ေဆာက္ေနျခင္းေၾကာင့္ ႏွာရိန္းၿမဳိ႕ခံမ်ားမွ ဆႏၵေဖာ္ထုတ္ခဲ့ၾကၿပီး ႏွစ္ဘက္ညွိႏႈိင္းမႈမ်ား လုပ္ေဆာင္ၿပီးေနာက္ ယခုလို ေနရာေျပာင္းေဆာက္လုပ္ရန္ အတည္ျပဳလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ကိုမိုက္ကယ္မွ လက္ရွိအေျခအေနႏွင့္ပတ္သတ္ၿပီး “ဒီေန႔မွာ ေထြအုပ္မင္းႀကီး၊ ခရိုင္ေထြအုပ္ အုပ္ခ်ဳပ္ေရးမွဴး၊ ထန္တလန္ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး၊ ေဆာက္လုပ္ေရး၊ ေက်းလက္က သက္ဆုိင္ရာလူႀကီးေတြလာၿပီး ေနရာေျပာင္းဖို႔ အတည္လာျပဳသြားပါတယ္၊ ေထြအုပ္ရံုးကလည္း အနည္းငယ္ ေဆာက္ၿပီးသြားၿပီဆိုေတာ့ အဲဒီကိစၥကိုေတာ့ တာ၀န္ယူတဲ့ ကုမၸဏီ ႏွင့္ အစိုးဘက္ကလူေတြ ညွိႏႈိင္းသြားမယ္လို႔ သိတယ္” ဟုေျပာသည္။

အလားတူ  မင္းတပ္ၿမဳိ႕တြင္ လက္ရွိအာဏာရပါတီျဖစ္သည့္ NLD ရံုးတည္ေဆာက္မည့္ ေနရာသည္ ေရစမ္းဦးထြက္သည့္ေနရာျဖစ္ၿပီး အနီးအနားပတ္၀န္က်င္မွ ျပည္သူမ်ားမွ အသံုးျပဳအားထားေနရသည့္ ေနရာျဖစ္သျဖင့္ ကန္႔ကြက္မႈရွိေနျခင္းေၾကာင့္ NLD ရံုးတည္ေဆာက္မည့္ေနရာကို အျခားေနရာရွာေဖြသြားမည္ဟု ယခုရက္ပိုင္းအတြင္း အစိုးရမွ ေျပာဆိုထားေၾကာင္းသိရသည္။

Unicode

ကန့်ကွက်မှုများရှိနေသဖြင့် နှာရိန်းမြို့ဘောလုံးကွင်းတွင် ထွေအုပ်ရုံးတည်ဆောက်မည့်နေရာပြောင်းလဲ

ချင်းပြည်နယ် ထန်တလန်မြို့နယ်ရှိ နှာရိန်းမြို့ ဘောလုံးကွင်းတွင် အထွေထွေထွေအုပ်ချုပ်ရေးမှူးရုံး တည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း မြို့ခံများမှ ကန့်ကွက်မှုများရှိနေသဖြင့် အမှတ် (၂) ရပ်ကွက်ဘက်တွင် ပြောင်းလဲတည်ဆောက်ရန် ပြည်နယ်အစိုးရမှ သတ်မှတ်လိုက်ကြောင်း သိရသည်။

“ထွေအုပ်မင်းကြီးကနေပြီးတော့ အခုတည်ဆောက်နေတဲ့နေရာက ပြည်သူလူထုကနေပြီးတော့ အမြတ်တနိုးထားတဲ့နေရာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ ဌာနတွေကနေကွင်းဆင်းပြီးနောက်မှာ အမှတ် (၂)ရပ်ကွက်မှာ တည်ဆောက်ဖို့ အတည်ပြုခဲ့ပါတယ်၊ ဘာလို့ အမှတ်(၂)ကို ရွေးရလဲဆိုရင် အဲဒီဘက်က ဖွံ့ဖြိုးမှုအားနည်းနေတာကြောင့် အမှတ် (၁)ရပ်ကွက်နှင့်အတူ ဖွံ့ဖြိုးမှုအားကောင်းလာဖို့ ချင်းပြည်နယ်အစိုးရအနေနဲ့ ရည်ရွယ်ထားတယ်လို့ သိရတယ်၊ အခုလို အစိုးရကနေပြီးတော့ ပြည်သူလူထုရဲ့ တောင်းဆိုမှုကို အလေးထားပြီး ဘောလုံးကွင်းကို ပြန်ပြီးတော့ လက်လွှဲပေးတာကြောင့် ဝမ်းသားမိပါတယ်၊ ဒေသခံတွေအနေနဲ့လည်း အစိုးရရဲ့လုပ်ငန်းကို တားစီးလိုတာမျိုးမဟုတ်ဘဲနဲ့ မိမိတို့ အမြတ်တနိုင်းထားတဲ့ နေရာဖြစ်တာကြောင့်သာ ကန့်ကွက်ခဲ့ရတာဖြစ်တယ်”ဟု နှာရိန်းမြို့ခံ ကိုမိုက်ကယ်ကပြောသည်။

နှာရိန်းမြို့တွင် ထွေအုပ်ရုံးတည်ဆောက်မည့်နေရာနှင့်ပတ်သတ်ပြီး မြို့ခံများမှ ဘိုးဘွားအမွေအဖြစ် အမြတ်တနိုင်းထားသည့်နေရာဖြစ်သည့် ဘောလုံးကွင်းတွင် မြို့ခံများကို အသိမပေးဘဲ ဘောလုံးကွင်းတွင် စတင်တည်ဆောက်နေခြင်းကြောင့် နှာရိန်းမြို့ခံများမှ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး နှစ်ဘက်ညှိနှိုင်းမှုများ လုပ်ဆောင်ပြီးနောက် ယခုလို နေရာပြောင်းဆောက်လုပ်ရန် အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုမိုက်ကယ်မှ လက်ရှိအခြေအနေနှင့်ပတ်သတ်ပြီး “ဒီနေ့မှာ ထွေအုပ်မင်းကြီး၊ ခရိုင်ထွေအုပ် အုပ်ချုပ်ရေးမှူး၊ ထန်တလန်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဆောက်လုပ်ရေး၊ ကျေးလက်က သက်ဆိုင်ရာလူကြီးတွေလာပြီး နေရာပြောင်းဖို့ အတည်လာပြုသွားပါတယ်၊ ထွေအုပ်ရုံးကလည်း အနည်းငယ် ဆောက်ပြီးသွားပြီဆိုတော့ အဲဒီကိစ္စကိုတော့ တာဝန်ယူတဲ့ ကုမ္ပဏီ နှင့် အစိုးဘက်ကလူတွေ ညှိနှိုင်းသွားမယ်လို့ သိတယ်” ဟုပြောသည်။

အလားတူ မင်းတပ်မြို့တွင် လက်ရှိအာဏာရပါတီဖြစ်သည့် NLD ရုံးတည်ဆောက်မည့် နေရာသည် ရေစမ်းဦးထွက်သည့်နေရာဖြစ်ပြီး အနီးအနားပတ်ဝန်ကျင်မှ ပြည်သူများမှ အသုံးပြုအားထားနေရသည့် နေရာဖြစ်သဖြင့် ကန့်ကွက်မှုရှိနေခြင်းကြောင့် NLD ရုံးတည်ဆောက်မည့်နေရာကို အခြားနေရာရှာဖွေသွားမည်ဟု ယခုရက်ပိုင်းအတွင်း အစိုးရမှ ပြောဆိုထားကြောင်းသိရသည်။