ခ်င္းျပည္နယ္တြင္း ေက်ာင္းမ်ားတိုး လုိက္ျခင္းေၾကာင့္ ဆရာ/မ မလံုေလာက္ျခင္းျဖစ္ေၾကာင္း ေက်ာင္းဆရာမတစ္ဦးေ၀ဖန္

ခ်င္းျပည္နယ္အတြင္း အစိုးရမွ ေက်ာင္းမ်ားတိုးလိုက္ျခင္းေၾကာင့္ ဆရာ/မ မလံုေလာက္ျခင္းျဖစ္ေၾကာင္း ေက်ာင္းဆရာမ တစ္ဦးက ကေျပာသည္။

ေက်ာင္းဆရာမတစ္ဦးက  “ပလက္ဝၿမိဳ႕နယ္မွာရွိတဲ႔ တခ်ိဳ႕အ.ထ.က(ခြဲ)ေတြဆိုရင္ ေက်ာင္းအုပ္နဲ႔ အေထြေထြအလုပ္သားနဲ႔ အဲဒီႏွစ္ေယာက္ေလာက္ဘဲ ရွိတာေလ” ဟုေျပာသည္။

သူကဆက္ၿပီး  “ရြာေတြက သူတို႔ရြာမွာေက်ာင္းရွိေစခ်င္တယ္။ ေက်ာင္းရွိရင္သားသမီး ေက်ာင္းပညာေရးအတြက္ အဆင္ေျပမယ္လုိ႔ထင္ၾကတယ္။ တစ္ဖက္ကေနစဥ္းစားမယ္ ဆိုရင္ေတာ့ မိဘဖက္ကမွန္သလုိသလိုနဲ႔ မွားေနတယ္ေပါ႔။ မိဘေတြကမရွိဆင္းရဲဆုိေတာ့ တျခားရြာမွာပို႔ရရင္ ေငြေရးေၾကးအခက္ခဲျဖစ္တာေပါ့။ ကုိယ့္ရြာမွာ အိမ္ကေနတက္မယ္ဆိုရင္ သူတို႔စားဝတ္ေနေရး သိပ္မပူရဘူး အဲဒီအေတြးနဲ႔ ေက်ာင္းေတြေလွ်ာက္တယ္။ သူတို႔အေတြးေတြက မွားေနတယ္၊ ေက်ာင္းေတြရတာနဲ႔ ဆရာ/ဆရာမေတြက ခ်က္ျခင္းမေရာက္ဘူး။ အဲဒီခါက်ေတာ့ သူတို႔သားသမီးေတြ အတြက္ ခ်စ္ရာမေရာက္ဘဲ နစ္ရာေရာက္တယ္”ဟုေျပာသည္။

လက္ရွိ NLD အစိုးရမွလည္း လြတ္လြတ္လပ္လပ္ ေရြးခ်ယ္ပိုင္ခြင့္ ေပးထားၿပီး  ျပည္သူမ်ားဖက္မွလည္း ကုိယ့္ရြာတြင္ ေက်ာင္းမ်ားရွိေစခ်င္ၾကသည့္အတြက္ မိမိေဒသတြင္ ေက်ာင္းရွိလွ်င္ အဆင္ေျပႏိုင္မည္ ထင္ေသာ္လည္း ေက်ာင္းဆရာ/ဆရာမ မလံုေလာက္ျခင္းမ်ားေၾကာင့္ ကေလးငယ္မ်ား၏ ပညာေရးပိုင္းတြင္ ပိုမိုေႏွာင့္ေနွးေစေၾကာင္း အဆုိပါဆရာမမွ ေထာက္ျပသည္။

သူကဆက္ၿပီး “က်မ ျဖစ္ေစခ်င္တာေတာ့ ေက်ာင္းေတြမတိုးေပးဘဲ သင္ၾကားမယ့္ ဆရာ/ဆရာမေတြ လံုေလာက္ေအာင္ ခန္႔ေစခ်င္တယ္။အခုက ေက်ာင္းဆရာ၊ဆရာမ ဘယ္ေတာ့မွေလာက္တယ္မရွိဘူး၊  ေက်ာင္းေတြဘဲ တုိးတုိးေနတာ ေက်ာင္းေတြမတိုးဘဲ ဆရာ/ဆရာမေတြတုိးမယ္ဆုိရင္ ကေလးေတြရဲ႕ ပညာေရးလည္း ပိုေကာင္းလာမယ္”ဟုေျပာသည္။

ခ်င္းျပည္နယ္ လူမႈေရးဝန္ႀကီးဦးေပါင္လြင္မင္းထန္ကပလက္၀ၿမိဳ႕နယ္အတြင္း ဆရာ/မ မလံုေလာက္မႈႏွင့္ပတ္သက္ၿပီး “ျပည္နယ္ကေန ၂၆၀ေလာက္ခန္႔ေပးထားတာရွိတယ္။ အားလံုးအလုပ္ဝင္ၿပီလားေတာ့ မသိရေသးဘူး၊ ေက်ာင္းဆရာ/ဆရာမေတာ့ ၆၀၀ ဝန္းက်င္ေလာက္ေတာ့ လုိအပ္ေနေသးတယ္”ဟုေျပာသည္။

ခ်င္းျပည္နယ္အတြင္း ေက်ာင္းေပါင္း ၁၄၂၁ ေက်ာင္းရွိၿပီး ပလက္၀ၿမိဳ႕နယ္တြင္ ၃၄၇ ေက်ာင္းျဖင့္ ေက်ာင္းအမ်ားဆံုးျဖစ္သည္။

Photo; freeburmarangers.org

Unicode Version

ချင်းပြည်နယ်တွင်း ကျောင်းများတိုးလိုက်ခြင်းကြောင့် ဆရာ/မ မလုံလောက်ခြင်းဖြစ်ကြောင်း ကျောင်းဆရာမတစ်ဦးဝေဖန်
ချင်းပြည်နယ်အတွင်း အစိုးရမှ ကျောင်းများတိုးလိုက်ခြင်းကြောင့် ဆရာ/မ မလုံလောက်ခြင်းဖြစ်ကြောင်း ကျောင်းဆရာမ တစ်ဦးက ကပြောသည်။
ကျောင်းဆရာမတစ်ဦးက “ပလက်ဝမြို့နယ်မှာရှိတဲ့ တချို့အ.ထ.က(ခွဲ)တွေဆိုရင် ကျောင်းအုပ်နဲ့ အထွေထွေအလုပ်သားနဲ့ အဲဒီနှစ်ယောက်လောက်ဘဲ ရှိတာလေ” ဟုပြောသည်။
သူကဆက်ပြီး “ရွာတွေက သူတို့ရွာမှာကျောင်းရှိစေချင်တယ်။ ကျောင်းရှိရင်သားသမီး ကျောင်းပညာရေးအတွက် အဆင်ပြေမယ်လို့ထင်ကြတယ်။ တစ်ဖက်ကနေစဉ်းစားမယ် ဆိုရင်တော့ မိဘဖက်ကမှန်သလိုသလိုနဲ့ မှားနေတယ်ပေါ့။ မိဘတွေကမရှိဆင်းရဲဆိုတော့ တခြားရွာမှာပို့ရရင် ငွေရေးကြေးအခက်ခဲဖြစ်တာပေါ့။ ကိုယ့်ရွာမှာ အိမ်ကနေတက်မယ်ဆိုရင် သူတို့စားဝတ်နေရေး သိပ်မပူရဘူး အဲဒီအတွေးနဲ့ ကျောင်းတွေလျှောက်တယ်။ သူတို့အတွေးတွေက မှားနေတယ်၊ ကျောင်းတွေရတာနဲ့ ဆရာ/ဆရာမတွေက ချက်ခြင်းမရောက်ဘူး။ အဲဒီခါကျတော့ သူတို့သားသမီးတွေ အတွက် ချစ်ရာမရောက်ဘဲ နစ်ရာရောက်တယ်”ဟုပြောသည်။
လက်ရှိ NLD အစိုးရမှလည်း လွတ်လွတ်လပ်လပ် ရွေးချယ်ပိုင်ခွင့် ပေးထားပြီး ပြည်သူများဖက်မှလည်း ကိုယ့်ရွာတွင် ကျောင်းများရှိစေချင်ကြသည့်အတွက် မိမိဒေသတွင် ကျောင်းရှိလျှင် အဆင်ပြေနိုင်မည် ထင်သော်လည်း ကျောင်းဆရာ/ဆရာမ မလုံလောက်ခြင်းများကြောင့် ကလေးငယ်များ၏ ပညာရေးပိုင်းတွင် ပိုမိုနှောင့်နှေးစေကြောင်း အဆိုပါဆရာမမှ ထောက်ပြသည်။
သူကဆက်ပြီး “ကျမ ဖြစ်စေချင်တာတော့ ကျောင်းတွေမတိုးပေးဘဲ သင်ကြားမယ့် ဆရာ/ဆရာမတွေ လုံလောက်အောင် ခန့်စေချင်တယ်။အခုက ကျောင်းဆရာ၊ဆရာမ ဘယ်တော့မှလောက်တယ်မရှိဘူး၊ ကျောင်းတွေဘဲ တိုးတိုးနေတာ ကျောင်းတွေမတိုးဘဲ ဆရာ/ဆရာမတွေတိုးမယ်ဆိုရင် ကလေးတွေရဲ့ ပညာရေးလည်း ပိုကောင်းလာမယ်”ဟုပြောသည်။
ချင်းပြည်နယ် လူမှုရေးဝန်ကြီးဦးပေါင်လွင်မင်းထန်ကပလက်ဝမြို့နယ်အတွင်း ဆရာ/မ မလုံလောက်မှုနှင့်ပတ်သက်ပြီး “ပြည်နယ်ကနေ ၂၆ဝလောက်ခန့်ပေးထားတာရှိတယ်။ အားလုံးအလုပ်ဝင်ပြီလားတော့ မသိရသေးဘူး၊ ကျောင်းဆရာ/ဆရာမတော့ ၆၀၀ ဝန်းကျင်လောက်တော့ လိုအပ်နေသေးတယ်”ဟုပြောသည်။
ချင်းပြည်နယ်အတွင်း ကျောင်းပေါင်း ၁၄၂၁ ကျောင်းရှိပြီး ပလက်ဝမြို့နယ်တွင် ၃၄၇ ကျောင်းဖြင့် ကျောင်းအများဆုံးဖြစ်သည်။