ULA/AA မွ CHRO ႏွင့္ ခ်င္းအမည္ခံသတင္းဌာနအခ်ိဳ႕၏ စြပ္စြဲေရးသားမႈကို ကန္႕ကြက္ေၾကာင္း သေဘာထားထုတ္ျပန္

ခ်င္းလူ႕အခြင့္အေရးအဖြဲ႕အစည္း (CHRO) ႏွင့္ ခ်င္းအမည္ခံသတင္းဌာနအခ်ိဳ႕မွ စြပ္စြဲေရးသားမႈမ်ားကို ကန္႕ကြက္ေၾကာင္း ရကၡိဳင့္အမ်ိဳးသားအဖြဲ႕ခ်ဳပ္မွ ၾသဂုတ္လ (၁၄) ရက္ေန႕တြင္ သေဘာထားထုတ္ျပန္ခဲ့သည္။

အဆုိပါထုတ္ျပန္ခ်က္တြင္ ရကၡိဳင့္အမ်ိဳးသားအဖြဲ႕ခ်ဳပ္အေနျဖင့္ ရခုိင္ျပည္သူလူထုမ်ားႏွင့္ ခ်င္းလူမ်ိဳးမ်ားအား တစ္တန္းတည္းထားၿပီး တန္းတူညီမွ်စြာဆက္ဆံေရးမူ၀ါဒကို ခ်မွတ္ထားေၾကာင္း ပါရွိသည္။

ၾသဂုတ္လ ၁၄ ရက္ထုတ္ျပန္ခ်က္တြင္ ခ်င္းလူ႕အခြင့္အေရးအဖြဲ႕အစည္းႏွင့္ ဆိုရွယ္မီဒီယာေပၚ မွ ခ်င္းအမည္ခံသတင္းဌာနအခ်ိဳ႕သည္ အစပထမ၌ မိမိတို႕အား စြပ္စြဲေရးသားေျပာဆိုမႈမ်ားမွာ နားလည္မႈလြဲမွားစြာျဖင့္ ေရးသားေနသည္ဟု မွတ္ယူေသာ္လည္း ေနာက္ပုိင္းတြင္ ရည္ရြယ္ခ်က္ရွိရွိျဖင့္ ထိုးႏွက္တုိက္ခုိက္သည့္ ေရးသားမႈမ်ိဳးျဖင့္ ေရးသားလာျခင္းေၾကာင့္ ျပသနာမ်ား ပိုမိုရွဳပ္ေထြးမႈမရွိေစရန္ ထုတ္ျပန္ရျခင္းျဖစ္ေၾကာင္း ထည့္သြင္းေရးသားထားသည္။

စြပ္စြဲေျပာဆိုသည့္အေၾကာင္းအရာမ်ားအျဖစ္ ခ်င္းမ်ိဳးႏြယ္စုမ်ားအား ဖမ္းဆီးေခၚေဆာင္သြားျခင္း၊ ႏွိပ္စက္ျခင္း၊ အတင္းအဓမၼေစခုိင္းျခင္း စသည့္စြပ္စြဲခ်က္မ်ားျဖစ္ေနၿပီး မိမိတို႕အဖြဲ႕အစည္းႏွင့္ ပတ္သက္မႈလံုး၀မရွိေၾကာင္းကိုလည္း ျငင္းဆန္ထားသည္။

ထုိ႕အျပင္ တာ၀န္ခံမႈမရွိသည့္ ေရးသားခ်က္၊ ႏုိင္ငံေရးလူမ်ိဳးေရး၊ အဂတိတရားမကင္းရွင္းသည့္ စြပ္စြဲခ်က္၊ အမုန္းတရားႏွင့္ မနာလိုမႈမ်ားကို ေပါင္းစပ္ကာ ေရးသားမႈမ်ားသည္ ျမန္မာအစိုးရ၊ စစ္တပ္(ရန္သူ) ႏွင့္ ပူးေပါင္းကာ မိမိတို႕အား ႏုိင္ငံေရးအရ တိုက္ခုိက္သည့္ ထိုးႏွက္ခ်က္ဟု မွတ္ယူေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

Unicode Version

ULA/AA မှ CHRO နှင့် ချင်းအမည်ခံသတင်းဌာနအချို့၏ စွပ်စွဲရေးသားမှုကို ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်
ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း (CHRO) နှင့် ချင်းအမည်ခံသတင်းဌာနအချို့မှ စွပ်စွဲရေးသားမှုများကို ကန့်ကွက်ကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်မှ သြဂုတ်လ (၁၄) ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် ရခိုင်ပြည်သူလူထုများနှင့် ချင်းလူမျိုးများအား တစ်တန်းတည်းထားပြီး တန်းတူညီမျှစွာဆက်ဆံရေးမူဝါဒကို ချမှတ်ထားကြောင်း ပါရှိသည်။
သြဂုတ်လ ၁၄ ရက်ထုတ်ပြန်ချက်တွင် ချင်းလူ့အခွင့်အရေးအဖွဲ့အစည်းနှင့် ဆိုရှယ်မီဒီယာပေါ် မှ ချင်းအမည်ခံသတင်းဌာနအချို့သည် အစပထမ၌ မိမိတို့အား စွပ်စွဲရေးသားပြောဆိုမှုများမှာ နားလည်မှုလွဲမှားစွာဖြင့် ရေးသားနေသည်ဟု မှတ်ယူသော်လည်း နောက်ပိုင်းတွင် ရည်ရွယ်ချက်ရှိရှိဖြင့် ထိုးနှက်တိုက်ခိုက်သည့် ရေးသားမှုမျိုးဖြင့် ရေးသားလာခြင်းကြောင့် ပြသနာများ ပိုမိုရှုပ်ထွေးမှုမရှိစေရန် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ထည့်သွင်းရေးသားထားသည်။
စွပ်စွဲပြောဆိုသည့်အကြောင်းအရာများအဖြစ် ချင်းမျိုးနွယ်စုများအား ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ နှိပ်စက်ခြင်း၊ အတင်းအဓမ္မစေခိုင်းခြင်း စသည့်စွပ်စွဲချက်များဖြစ်နေပြီး မိမိတို့အဖွဲ့အစည်းနှင့် ပတ်သက်မှုလုံးဝမရှိကြောင်းကိုလည်း ငြင်းဆန်ထားသည်။
ထို့အပြင် တာဝန်ခံမှုမရှိသည့် ရေးသားချက်၊ နိုင်ငံရေးလူမျိုးရေး၊ အဂတိတရားမကင်းရှင်းသည့် စွပ်စွဲချက်၊ အမုန်းတရားနှင့် မနာလိုမှုများကို ပေါင်းစပ်ကာ ရေးသားမှုများသည် မြန်မာအစိုးရ၊ စစ်တပ်(ရန်သူ) နှင့် ပူးပေါင်းကာ မိမိတို့အား နိုင်ငံရေးအရ တိုက်ခိုက်သည့် ထိုးနှက်ချက်ဟု မှတ်ယူကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။