ကမာၻ႔ဘဏ္ေခ်းေငြသည္ ကေလး-ဟားခါးလမ္း မိုင္ေလးဆယ္ အတြက္သာ လံုေလာက္သျဖင့္ က်န္လမ္းပုိင္းအတြက္ ဘတ္ဂ်က္ျပန္လည္ေတာင္းခံ

Salai Benezar ွ

ကမာၻ႔ဘဏ္ေခ်းေငြ ေဒၚလာ သန္း၆၀ ေက်ာ္ျဖင့္ ေဆာင္ရြက္ရန္ရွိသည့္ ကေလး-ဟားခါး လမ္းပိုင္းမွာ မိုင္ေလးဆယ္ခန္႔အတြက္သာ လံုေလာက္မည္ျဖစ္သျဖင့္ လြတ္ကင္းေနသည့္လမ္းပုိင္းမ်ားအတြက္ ျပည္ေထာင္စုႏွင့္ ျပည္နယ္ ေငြလံုးေငြရင္း လ်ာထားရံပံုေငြ ေငြက်ပ္ ၇ဒသမ၇၇ဘီလီယံျပန္လည္ ေတာင္းခံထားေၾကာင္း သိရသည္။

ခ်င္းျပည္နယ္မဲဆႏၵနယ္အမွတ္ (၄) မွ ဖလမ္းၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဇုန္လွယ္ထန္း၏ ကေလး-ဖလမ္း-ဟားခါးလမ္းအား အဆင့္ျမွင့္တင္ျခင္းေဆာင္ရြက္ရာတြင္ ကမာၻ႔ဘဏ္မွ ေဆာင္ရြက္မည့္အပိုင္းမ်ားအား သတ္မွတ္ၿပီး က်န္အပိုင္မ်ားအား ေဆာက္လုပ္ေရး၀န္ႀကီးဌာနမွ ေစာလ်င္စြာ ေဆာင္ရြက္ေပးရန္ အစီအစဥ္ ရွိ/မရွိ ေမးခြန္းအေပၚ ဒုတိယ၀န္ႀကီးက ေငြက်ပ္ ၇ဒသမ၇၇ဘီလီယံေတာင္းခံထားေၾကာင္း ေျဖၾကားခဲ့ျခင္းျဖစ္သည္။

လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဇုန္လွယ္ထန္းက “က်ေနာ္တို႔အစကထင္တာက ကမာၻ႔ဘဏ္ေခ်းေငြ ေဒၚလာ သန္းေျခာက္ဆယ္က ကေလး-ဖလမ္း-ဟားခါး လမ္းပိုင္းတင္မဟုတ္ဘဲ ဟားခါး-ဂန္႕ေဂါလမ္းပိုင္းအထိပါ ေလာက္မယ္လို႔ထင္ခဲ့ၾကတယ္၊ ဒါေပမယ့္ ဘမာၻ႔ဘဏ္ကေနကြင္းဆင္းေလ့လာမႈေတြလုပ္ၿပီးတဲ့ေနာက္မွာ သူတို႔က အဆင့္ျမင့္ျမင့္လုပ္မွာဆိုေတာ့ မုိင္ေလးဆယ္ေလာက္ဘဲ လုပ္လို႔ရမယ္လို႔သိရတယ္၊ သိုင္ငင္းကေန မိုင္ေလးဆယ္ဆိုရင္ ဖလမ္းထိေတာင္ သိပ္မေရာက္ဘူး၊ အဲဒါေၾကာင့္ က်ေနာ္က က်န္တဲ့လမ္းပိုင္းေတြအတြက္ ဘတ္ဂ်က္ေငြလ်ာထားတာရွိလားဆိုတာ ေမးတာျဖစ္တယ္၊ ကမာၻ႔ဘဏ္ကလည္း အခုထိမစနိုင္ေသးေတာ့ လမ္းေတြကလည္း သြားရတာခုထိ အရင္အတိုင္းဘဲျဖစ္ေနေသးတယ္”ဟု ေျပာသည္။

ကေလး-ဟားခါး လမ္းပိုင္းတြင္ ကေလးၿမဳိ႕မွ သိုင္ငင္းအထိအား JICA ေခ်းေငြျဖင့္ေဆာင္ရြက္မည္ျဖစ္ၿပီး၊ သိုင္ငင္းမွ ဟားခါးအထိ ကမာၻ႔ဘဏ္ေခ်းေငြျဖင့္ ေဆာင္ရြက္မည္ျဖစ္ေသာ္လည္း မိုင္ေလးဆယ္ခန္႔သာ လုပ္ႏိုင္မည္ျဖစ္သျဖင့္ က်န္သည့္အပိုင္းမ်ားကို ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္တြင္ ျပည္ေထာင္စုႏွင့္ ျပည္နယ္ ေငြလံုးေငြရင္းလ်ာထားရံပံုေငြျဖင့္ ေဆာင္ရြက္ရန္ ေတာင္းခံထားျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ဦးဇုန္လွယ္ထန္း၏ ေမးျမန္းခ်က္ကို ျပည္ေထာင္စု ဒု၀န္ႀကီးမွ ေျဖဆိုရာတြင္ ကေလး-ဖလမ္း-ဟားခါးလမ္းသည္ ႏိုင္ငံတကာႏွင့္ပူးေပါင္းေဆာင္ရြက္သည့္ လမ္းျဖစ္သည္ႏွင့္အညီ နားလည္မႈ သေဘာတူညီခ်က္ စာခ်ဳပ္ပါစည္းကမ္းမ်ားကို တိက်စြာ လိုက္နာေဆာင္ရြက္မည္ျဖစ္သည့္အျပင္ အဆင့္ေက်ာ္ေဆာင္ရြက္မႈမ်ားကို မျပဳလုပ္ႏိုင္သည့္အေျခအေနျဖစ္သည့္အတြက္ ယခုအခ်ိန္တြင္ ေႏွာင့္ေႏွးေနေသာ္လည္း လုပ္ငန္းမ်ားအျမန္ဆံုးစတင္နိုင္ရန္ စီစဥ္ေဆာင္ရြက္ေနေၾကာင္း ေျဖၾကားခဲ့သည္။

ကေလး-ဖလမ္း-ဟားခါး လမ္းပိုင္းအား ကမာၻ႔ဘဏ္မွ ေဒၚလာသန္း၆၀ေက်ာ္ေခ်းေငြျဖင့္ ကူညီေဆာင္ရြက္ေပးရန္ ၂၀၁၆ခုႏွစ္က ျပည္ေထာင္စုအစိုးရႏွင့္ သေဘာတူထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Unicode Version

ကမ္ဘာ့ဘဏ်ချေးငွေသည် ကလေး-ဟားခါးလမ်း မိုင်လေးဆယ်အတွက်သာ လုံလောက်သဖြင့် ကျန်လမ်းပိုင်းအတွက် ဘတ်ဂျက်ပြန်လည်တောင်းခံ

ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ သန်း၆၀ ကျော်ဖြင့် ဆောင်ရွက်ရန်ရှိသည့် ကလေး-ဟားခါး လမ်းပိုင်းမှာ မိုင်လေးဆယ်ခန့်အတွက်သာ လုံလောက်မည်ဖြစ်သဖြင့် လွတ်ကင်းနေသည့်လမ်းပိုင်းများအတွက် ပြည်ထောင်စုနှင့် ပြည်နယ် ငွေလုံးငွေရင်း လျာထားရံပုံငွေ ငွေကျပ် ရဒသမရရဘီလီယံပြန်လည် တောင်းခံထားကြောင်း သိရသည်။

ဖလမ်းမြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်း၏ ကလေး-ဖလမ်း-ဟားခါးလမ်းအား အဆင့်မြှင့်တင်ခြင်းဆောင်ရွက်ရာတွင် ကမ္ဘာ့ဘဏ်မှ ဆောင်ရွက်မည့်အပိုင်းများအား သတ်မှတ်ပြီး ကျန်အပိုင်များအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ စောလျင်စွာ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းအပေါ် ဒုတိယဝန်ကြီးက ငွေကျပ် ရဒသမရရဘီလီယံတောင်းခံထားကြောင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ် ဦးဇုန်လှယ်ထန်းက “ကျနော်တို့အစကထင်တာက ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ သန်းခြောက်ဆယ်က ကလေး-ဖလမ်း-ဟားခါး လမ်းပိုင်းတင်မဟုတ်ဘဲ ဟားခါး-ဂန့်ဂေါလမ်းပိုင်းအထိပါ လောက်မယ်လို့ထင်ခဲ့ကြတယ်၊ ဒါပေမယ့် ဘမ္ဘာ့ဘဏ်ကနေကွင်းဆင်းလေ့လာမှုတွေလုပ်ပြီးတဲ့နောက်မှာ သူတို့က အဆင့်မြင့်မြင့်လုပ်မှာဆိုတော့ မိုင်လေးဆယ်လောက်ဘဲ လုပ်လို့ရမယ်လို့သိရတယ်၊ သိုင်ငင်းကနေ မိုင်လေးဆယ်ဆိုရင် ဖလမ်းထိတောင် သိပ်မရောက်ဘူး၊ အဲဒါကြောင့် ကျနော်က ကျန်တဲ့လမ်းပိုင်းတွေအတွက် ဘတ်ဂျက်ငွေလျာထားတာရှိလားဆိုတာ မေးတာဖြစ်တယ်၊ ကမ္ဘာ့ဘဏ်ကလည်း အခုထိမစနိုင်သေးတော့ လမ်းတွေကလည်း သွားရတာခုထိ အရင်အတိုင်းဘဲဖြစ်နေသေးတယ်”ဟု ပြောသည်။

ကလေး-ဟားခါး လမ်းပိုင်းတွင် ကလေးမြို့မှ သိုင်ငင်းအထိအား JICA ချေးငွေဖြင့်ဆောင်ရွက်မည်ဖြစ်ပြီး၊ သိုင်ငင်းမှ ဟားခါးအထိ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည်ဖြစ်သော်လည်း မိုင်လေးဆယ်ခန့်သာ လုပ်နိုင်မည်ဖြစ်သဖြင့် ကျန်သည့်အပိုင်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် ပြည်နယ် ငွေလုံးငွေရင်းလျာထားရံပုံငွေဖြင့် ဆောင်ရွက်ရန် တောင်းခံထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဦးဇုန်လှယ်ထန်း၏ မေးမြန်းချက်ကို ပြည်ထောင်စု ဒုဝန်ကြီးမှ ဖြေဆိုရာတွင် ကလေး-ဖလမ်း-ဟားခါးလမ်းသည် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်သည့် လမ်းဖြစ်သည်နှင့်အညီ နားလည်မှု သဘောတူညီချက် စာချုပ်ပါစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်မည်ဖြစ်သည့်အပြင် အဆင့်ကျော်ဆောင်ရွက်မှုများကို မပြုလုပ်နိုင်သည့်အခြေအနေဖြစ်သည့်အတွက် ယခုအချိန်တွင် နှောင့်နှေးနေသော်လည်း လုပ်ငန်းများအမြန်ဆုံးစတင်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ဖြေကြားခဲ့သည်။

ကလေး-ဖလမ်း-ဟားခါး လမ်းပိုင်းအား ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း၆ဝကျော်ချေးငွေဖြင့် ကူညီဆောင်ရွက်ပေးရန် ၂၀၁၆ခုနှစ်က ပြည်ထောင်စုအစိုးရနှင့် သဘောတူထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။