စစ္ပြဲရဲ႕ဆိုးက်ိဳးေၾကာင့္ ပိုထိခိုက္လာမယ့္ ပလက္၀ၿမိဳ႕နယ္ရဲ႕ ပညာေရး

ေရး – Salai Hung Tun Gei

ခ်င္းျပည္နယ္မွာ ေက်ာင္းေပါင္း ၁၄၂၁ ေက်ာင္းရွိတဲ့အနက္ ပလက္၀ၿမိဳ႕နယ္အတြင္းမွာ ေက်ာင္းေပါင္း ၃၄၇ ေက်ာင္းရွိၿပီး ခ်င္းျပည္နယ္မွာ ေက်ာင္းအမ်ားဆံုးရွိတဲ့ ၿမိဳ႕နယ္ျဖစ္ပါတယ္။ ဒါေပမယ့္ ယခင္ကတည္းက ႏွစ္စဥ္တကၠသိုလ္၀င္တန္း ေအာင္ခ်က္အနည္းဆံုးျဖစ္ေနခဲ့ပါတယ္။ အခုလုိ စစ္ပြဲေၾကာင့္ ေက်ာင္းေတြ ဖြင့္လုိက္ပိတ္လုိက္ လုပ္ေနရတဲ့အတြက္ ပညာေရးပုိင္းမွာ ပိုမိုၿပီး စိုးရိမ္စရာျဖစ္လာခဲ့တာပါ။

အခုလိုစိုးရိမ္စရာျဖစ္တာကလည္း ခ်င္းျပည္နယ္မွာ တကၠသိုလ္၀င္တန္းေအာင္ခ်က္ေကာင္းဖုိ႕အတြက္ အေျခခံပညာေနာေၾကေနဖုိ႕လိုအပ္တယ္လုိ႕ ပညာေရးဆုိင္ရာ ပညာရွင္ေတြ၊ ေက်ာင္းဆရာ/မ ေတြကေထာက္ျပလုိ႕ပဲျဖစ္ပါတယ္။ ပလက္၀ၿမိဳ႕နယ္အတြင္းမွာ ၿမိဳ႕ေပၚထက္ေက်းရြာမွာပဲ အေျခခံပညာမူလတန္းေက်ာင္း၊ မူလြန္ေက်ာင္း၊ အထက (ခြဲ) ေက်ာင္းေတြပိုမ်ားေနတာပါ။

ပလက္၀ၿမိဳ႕နယ္ဟာ ခ်င္းျပည္နယ္ရဲ႕ ဧရိယာအက်ယ္ဆံုး၊ လူဦးေရအမ်ားဆံုး ပုိင္ဆုိင္ထားၿပီး ျမန္မာႏုိင္ငံရဲ႕ အေနာက္ေျမာက္မွာတည္ရွိတဲ့ အိႏၵိယႏုိင္ငံနဲ႕ ဘဂၤလားေဒ့ရွ္ႏုိင္ငံတို႕နဲ႕ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ခ်င္းျပည္နယ္ေတာင္ပုိင္း ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ပါတယ္။

ပလက္၀ၿမိဳ႕နယ္ ေလာင္းမတူေက်းရြာ အမက ဆရာမ ေဒၚ ေနာ္ဒလွိဳင္က “ေက်ာင္းမတက္ရဘူးဆိုရင္ေတာ့ ပညာေရးေႏွာင့္ေႏွးမႈေတြရွိမွာေပါ့ေနာ္။ ရြာထဲက ေက်ာင္းမတက္တဲ့ကေလးေတြလိုျဖစ္ေတာ့မွာေပါ့ေနာ္။ အခုလည္း အေျခအေနမမွန္ေတာ့ ဘယ္အခ်ိန္မွ ျပန္ဖြင့္မယ္ဆိုတာ အတိက်ေျပာလုိ႕မရေတာ့ ပညာေရးပုိင္းေႏွာင့္ေႏွးတာေပါ့” လုိ႕ေျပာပါတယ္။

၂၀၁၈ – ၂၀၁၉ ပညာသင္ႏွစ္မွာလည္း ခ်င္းျပည္နယ္အတြင္း ပလက္၀ၿမိဳ႕နယ္ဟာ တကၠသိုလ္၀င္တန္းေျဖဆိုသူအမ်ားဆံုးအေနနဲ႕ ၁၇၇၀ ဦး၀င္ေရာက္ေျဖဆိုခဲ့ေပမယ့္ ၆.၈၄ ရာခုိင္ႏွဳန္းနဲ႕ ခ်င္းျပည္နယ္မွာ ေအာင္ခ်က္အနည္းဆံုးျဖစ္ခဲ့ပါတယ္။ ယခင္ႏွစ္မ်ားမွာလည္း ေျဖဆိုသူအမ်ားဆံုးနဲ႕ ေအာင္ခ်က္အနည္းဆံုး ျဖစ္ေနခဲ့တာပါ။

စစ္ေဘးေရွာင္ ေက်ာင္းသားမိဘတစ္ဦးျဖစ္သူ တစ္ဦးကလည္း “ မိဘေတြအေနနဲ႕ ေက်ာင္းတက္ဖုိ႕ေထာက္ပ့ံမေပးႏုိင္ဘူး။ မႏုိင္ဘူးေလ။ အျပင္၀တ္စံုမဟုတ္ပဲ ေက်ာင္း၀တ္စံုေတြလည္းရွိေသးတယ္ေလ။ ေထာက္ပံ့မႈကလံုး၀အားမေကာင္းဘူး” လုိ႕ေျပာပါတယ္။

အခုလုိ ခ်င္းျပည္နယ္မွာ လူဦးေရအမ်ားဆံုး နဲ႕ တကၠသိုလ္၀င္တန္းေျဖဆိုသူအမ်ားဆံုး ျဖစ္တဲ့ ပလက္၀ၿမိဳ႕နယ္မွာ စစ္ပြဲေတြျဖစ္ပြားလာတာေၾကာင့္ ေက်ာင္းသူေက်ာင္းသားမ်ားရဲ႕ပညာသင္ၾကားခြင့္ အခြင့္အေရးေတြ ထိခုိက္တဲ့အျပင္ ေရရွည္ဘ၀ရပ္တည္ေရးအတြက္ပါ ထိခုိက္မႈမ်ားစြာ ႀကံဳေတြ႕ လာႏုိင္တယ္လုိ႕ ခ်င္းလူ႕အခြင့္အေရးအဖြဲ႕ Field Director ဦးသဲရာကေျပာပါတယ္။

ဦးသဲရာက ကေလးေတြေက်ာင္းေကာင္းေကာင္းမတက္ႏုိင္ရင္ လူ႕အခြင့္အေရးရွဳေတာင္ကေနၾကည့္ရင္ေတာ့ ပညာသင္ၾကားခြင့္ ဆံုးရွံဳးရတယ္။ ေရရွည္မွာ အဲလိုမ်ိဳးမ်ားလာရင္ ဒုစရုိက္ကိစၥေတြလည္း မ်ားလာႏုိင္တယ္ သံုးသပ္ပါတယ္။

လြန္ခဲ့တဲ့ ေလးလခန္႕ကလည္း ပလက္၀ၿမိဳ႕နယ္အတြင္း စစ္ပြဲအရွိန္တိုးလာတာေၾကာင့္ ေက်ာင္းေပါင္း ၁၁၈ ေက်ာင္းပိတ္ခဲ့ရသလုိ တာ၀န္က်ဆရာ/မေတြလည္း တာ၀န္က်တဲ့ေက်ာင္းေတြမွာ မသြားရဲတဲ့အေျခအေနႀကံဳခဲ့ရပါတယ္။ ဒါေၾကာင့္ ေက်ာင္းျပန္ဖြင့္ခ်ိန္မွာလည္း ပိတ္ထားရတဲ့ေက်ာင္းေတြရွိသလုိ ဆရာ/မ မလံုေလာက္တဲ့ အေျခအေနေတြႀကံဳခဲ့ရတာ အခုထိပါ။

ဆရာမ ေဒၚ ေနာ္ဒလွိဳင္က “လက္နက္သံၾကားေတာ့ ေက်ာင္းေတြပိတ္ထားတဲ့ဟာေတြရွိတာေပါ့ေနာ္။ ဆရာမေတြလံုေလာက္မႈမရွိဘူး။ ေရာက္တဲ့သူလည္းရွိတယ္။ ကိုယ့္ေနရပ္ကိုျပန္ၿပီးျပန္မ လာတဲ့သူေတြလည္း ရွိတယ္” လုိ႕ေျပာပါတယ္။

ေက်ာင္းေပါင္း ၃၄၇ ေက်ာင္းရွိတဲ့ ပလက္၀ၿမိဳ႕နယ္မွာ ေက်ာင္းျပန္ဖြင့္ ခ်ိန္ထိ ဆရာ/မေတြ လံုေလာက္မႈမ ရွိတာေၾကာင့္ ေန႕စား၀န္ထမ္း ၃၆၀ ဦးကို ျပည္နယ္အစိုးရနဲ႕ ျပည္ေထာင္စုအစိုးတို႕ ညွိႏွိဳင္းၿပီး ျပန္လည္ခန္႕ အပ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ဘာသာရပ္အလုိက္ ဆရာ/မလိုအပ္မႈ ၃၀၆ ဦးလုိအပ္ေနဆဲျဖစ္ပါတယ္။

ပလက္၀ၿမိဳ႕နယ္ ပညာေရးမႈး ဦး ေအာင္မင္းက “  ပိတ္ထားတဲ့ေက်ာင္းေတြေတာ့မရွိေတာ့ဘူး။ ဆရာ/မ မလံုေလာက္တဲ့ေနရာမွာလည္း ၃၆၀ ဦး ခန္႕ထားတဲ့သူေတြကို ဆရာ/မ တစ္ေယာက္မွ မရွိတဲ့ေက်ာင္းေတြကို အားလံုးခန္႕ထားၿပီးၿပီ။ တစ္ၿမိဳ႕နယ္လံုးေက်ာင္းရဲ႕ လိုအပ္ခ်က္ကေတာ့ ၃၀၆ ဦးလိုအပ္ေနေသးတယ္။ မူျပေတြေပါ့။ အဲဒါကို ျပည္နယ္ကိုလည္းတင္ျပၿပီးၿပီ။ ျပည္နယ္ကလည္း ျပည္ေထာင္စုကိုတင္ေပးမယ္လုိ႕ေတာ့ ေျပာပါတယ္” လို႕ဆိုပါတယ္။

ဆရာ/မေတြကို ျပန္လည္ခန္႕ထားၿပီျဖစ္ေပမယ့္လည္း ဘာသာရပ္အလုိက္ လိုအပ္ခ်က္ေတြရွိေသးတာေၾကာင့္ ေက်ာင္းခြဲတမ္းအရသင္ၾကားမႈမလုပ္ႏုိင္ပဲ ရွိတဲ့ဆရာ/မေတြကပဲ တာ၀န္ယူၿပီး သင္ၾကားေပးဖုိ႕ႀကိဳးစားေနရတယ္လုိ႕ဆိုပါတယ္။

ခ်င္းျပည္နယ္ အစိုးရအဖြဲ႕ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ လူမႈေရး၀န္ႀကီး ဦးေပါင္လြင္မင္းထန္က “ခုေတာ့ အဆင္ေျပေအာင္ ခြဲေ၀ႏွဳန္းထားနဲ႕မသြားပဲ ေက်ာင္းမွာစာသင္ႏုိင္ေအာင္ပဲ ႀကိဳးစားၿပီး လုပ္သြားရမွာပဲ။ အခုလက္ရွိေတာ့ ဆရာ/မ ေတြမရွိတဲ့ေက်ာင္း မရွိေအာင္လုပ္တယ္။ ခြဲတမ္းအေနနဲ႕ေတာ့ ျပည့္စံုေအာင္မထားႏုိင္ေသးတာ ၀န္ခံတယ္။ ဒါေပမယ့္ ဆရာမရွိတဲ့ေက်ာင္းမရွိေအာင္ေတာ့ လုပ္ထားတယ္” လုိ႕ေျပာပါတယ္။

စစ္ပြဲေၾကာင့္ ဆရာ/မေတြလံုေလာက္မႈမရွိတာမွန္ေပမယ့္လည္း တစ္ဖက္မွာ ေက်ာင္းေတြတိုးခ်ဲ႕လာတဲ့အတြက္ မလံုေလာက္တာလည္းပါသလုိ အခ်ိဳ႕ေက်ာင္းမွာဆိုရင္ ေက်ာင္းအုပ္နဲ႕ အေထြေထြအလုပ္သမား ႏွစ္တည္းရွိေနတယ္လုိ႕ ဆရာမ ဆရာမ ေဒၚ ေနာ္ဒလွိဳင္ကကေထာက္ျပပါတယ္။

ဆရာမ ဆရာမ ေဒၚ ေနာ္ဒလွိဳင္က “ျဖစ္ေစခ်င္တဲ့ဆႏၵကေတာ့ ေက်ာင္းေတြမတိုးေစခ်င္ဘူး။ ဆရာမေတြကိုေတာ့ ခန္႕ေတာ့ခန္႕တာေပါ့။ တစ္ခါမွမေလာက္ဘူးဆိုတာ ပိုဆိုးသြားတာ။ ေက်ာင္းမတိုးပဲဆရာမေတြကိုသာတိုးေပးရင္ ဆရာမေတြလည္းလံုေလာက္မယ္ထင္တယ္။ ေက်ာင္းေတြတိုးတာကေတာ့ သိပ္ေတာ့အဆင္မေျပေလာက္ဘူး” လုိ႕ေျပာပါတယ္။

ရကၡိဳင့္တပ္မေတာ္နဲ႕ အစိုးရတပ္မေတာ္တို႕အၾကား စစ္ပြဲေတြေတာက္ေလွ်ာက္ျဖစ္ေနတာေၾကာင့္ စစ္ပြဲေရွာင္ေတြလည္း တိုးလာေနၿပီး ရခုိင္ျပည္နယ္အတြင္းမွာလည္း ေက်ာင္းဆယ္ေက်ာင္းထက္မက ပိတ္ရတဲ့ အေျခအေနႀကံဳရပါတယ္။

လက္ရွိအခ်ိန္မွာ စစ္ပြဲေၾကာင့္ ရခုိင္ျပည္နယ္အတြင္းမွာ စစ္ေဘးေရွာင္ ၆၀၀၀၀ ၀န္းက်င္ရွိေနၿပီး ခ်င္းျပည္နယ္ပလက္၀ၿမိဳ႕နယ္တြင္းက စစ္ေဘးေရွာင္ ၃၀၀၀ ေက်ာ္ရွိေနပါတယ္။ အခုလုိ စစ္ေဘးေရွာင္ကေလးေတြအတြက္ ပညာေရးပုိင္းမွာ ထိခုိက္မႈမရွိေအာင္ သက္ေတာင့္သက္သာရွိတဲ့ေနရာမ်ိဳး ေက်ာင္းပညာေရးကို ဆက္လက္သင္ၾကားႏုိင္ဖုိ႕ လုိအပ္ေနတယ္လုိ႕လည္း လူမႈေရးအဖြဲ႕အစည္းေတြက ေျပာဆိုေနပါတယ္။

Unicode Version

စစ်ပွဲရဲ့ဆိုးကျိုးကြောင့် ပိုထိခိုက်လာမယ့် ပလက်ဝမြို့နယ်ရဲ့ ပညာရေး
ရေး – Salai Hung Tun Gei
ချင်းပြည်နယ်မှာ ကျောင်းပေါင်း ၁၄၂၁ ကျောင်းရှိတဲ့အနက် ပလက်ဝမြို့နယ်အတွင်းမှာ ကျောင်းပေါင်း ၃၄၇ ကျောင်းရှိပြီး ချင်းပြည်နယ်မှာ ကျောင်းအများဆုံးရှိတဲ့ မြို့နယ်ဖြစ်ပါတယ်။ ဒါပေမယ့် ယခင်ကတည်းက နှစ်စဉ်တက္ကသိုလ်ဝင်တန်း အောင်ချက်အနည်းဆုံးဖြစ်နေခဲ့ပါတယ်။ အခုလို စစ်ပွဲကြောင့် ကျောင်းတွေ ဖွင့်လိုက်ပိတ်လိုက် လုပ်နေရတဲ့အတွက် ပညာရေးပိုင်းမှာ ပိုမိုပြီး စိုးရိမ်စရာဖြစ်လာခဲ့တာပါ။
အခုလိုစိုးရိမ်စရာဖြစ်တာကလည်း ချင်းပြည်နယ်မှာ တက္ကသိုလ်ဝင်တန်းအောင်ချက်ကောင်းဖို့အတွက် အခြေခံပညာနောကြေနေဖို့လိုအပ်တယ်လို့ ပညာရေးဆိုင်ရာ ပညာရှင်တွေ၊ ကျောင်းဆရာ/မ တွေကထောက်ပြလို့ပဲဖြစ်ပါတယ်။ ပလက်ဝမြို့နယ်အတွင်းမှာ မြို့ပေါ်ထက်ကျေးရွာမှာပဲ အခြေခံပညာမူလတန်းကျောင်း၊ မူလွန်ကျောင်း၊ အထက (ခွဲ) ကျောင်းတွေပိုများနေတာပါ။
ပလက်ဝမြို့နယ်ဟာ ချင်းပြည်နယ်ရဲ့ ဧရိယာအကျယ်ဆုံး၊ လူဦးရေအများဆုံး ပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံရဲ့ အနောက်မြောက်မှာတည်ရှိတဲ့ အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ချင်းပြည်နယ်တောင်ပိုင်း မြို့တစ်မြို့ဖြစ်ပါတယ်။
ပလက်ဝမြို့နယ် လောင်းမတူကျေးရွာ အမက ဆရာမ ဒေါ် နော်ဒလှိုင်က “ကျောင်းမတက်ရဘူးဆိုရင်တော့ ပညာရေးနှောင့်နှေးမှုတွေရှိမှာပေါ့နော်။ ရွာထဲက ကျောင်းမတက်တဲ့ကလေးတွေလိုဖြစ်တော့မှာပေါ့နော်။ အခုလည်း အခြေအနေမမှန်တော့ ဘယ်အချိန်မှ ပြန်ဖွင့်မယ်ဆိုတာ အတိကျပြောလို့မရတော့ ပညာရေးပိုင်းနှောင့်နှေးတာပေါ့” လို့ပြောပါတယ်။
၂၀၁၈ – ၂၀၁၉ ပညာသင်နှစ်မှာလည်း ချင်းပြည်နယ်အတွင်း ပလက်ဝမြို့နယ်ဟာ တက္ကသိုလ်ဝင်တန်းဖြေဆိုသူအများဆုံးအနေနဲ့ ၁၇၇၀ ဦးဝင်ရောက်ဖြေဆိုခဲ့ပေမယ့် ၆.၈၄ ရာခိုင်နှုန်းနဲ့ ချင်းပြည်နယ်မှာ အောင်ချက်အနည်းဆုံးဖြစ်ခဲ့ပါတယ်။ ယခင်နှစ်များမှာလည်း ဖြေဆိုသူအများဆုံးနဲ့ အောင်ချက်အနည်းဆုံး ဖြစ်နေခဲ့တာပါ။
စစ်ဘေးရှောင် ကျောင်းသားမိဘတစ်ဦးဖြစ်သူ တစ်ဦးကလည်း “ မိဘတွေအနေနဲ့ ကျောင်းတက်ဖို့ထောက်ပ့ံမပေးနိုင်ဘူး။ မနိုင်ဘူးလေ။ အပြင်ဝတ်စုံမဟုတ်ပဲ ကျောင်းဝတ်စုံတွေလည်းရှိသေးတယ်လေ။ ထောက်ပံ့မှုကလုံးဝအားမကောင်းဘူး” လို့ပြောပါတယ်။
အခုလို ချင်းပြည်နယ်မှာ လူဦးရေအများဆုံး နဲ့ တက္ကသိုလ်ဝင်တန်းဖြေဆိုသူအများဆုံး ဖြစ်တဲ့ ပလက်ဝမြို့နယ်မှာ စစ်ပွဲတွေဖြစ်ပွားလာတာကြောင့် ကျောင်းသူကျောင်းသားများရဲ့ပညာသင်ကြားခွင့် အခွင့်အရေးတွေ ထိခိုက်တဲ့အပြင် ရေရှည်ဘဝရပ်တည်ရေးအတွက်ပါ ထိခိုက်မှုများစွာ ကြုံတွေ့ လာနိုင်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ Field Director ဦးသဲရာကပြောပါတယ်။
ဦးသဲရာက ကလေးတွေကျောင်းကောင်းကောင်းမတက်နိုင်ရင် လူ့အခွင့်အရေးရှုတောင်ကနေကြည့်ရင်တော့ ပညာသင်ကြားခွင့် ဆုံးရှုံးရတယ်။ ရေရှည်မှာ အဲလိုမျိုးများလာရင် ဒုစရိုက်ကိစ္စတွေလည်း များလာနိုင်တယ် သုံးသပ်ပါတယ်။
လွန်ခဲ့တဲ့ လေးလခန့်ကလည်း ပလက်ဝမြို့နယ်အတွင်း စစ်ပွဲအရှိန်တိုးလာတာကြောင့် ကျောင်းပေါင်း ၁၁၈ ကျောင်းပိတ်ခဲ့ရသလို တာဝန်ကျဆရာ/မတွေလည်း တာဝန်ကျတဲ့ကျောင်းတွေမှာ မသွားရဲတဲ့အခြေအနေကြုံခဲ့ရပါတယ်။ ဒါကြောင့် ကျောင်းပြန်ဖွင့်ချိန်မှာလည်း ပိတ်ထားရတဲ့ကျောင်းတွေရှိသလို ဆရာ/မ မလုံလောက်တဲ့ အခြေအနေတွေကြုံခဲ့ရတာ အခုထိပါ။
ဆရာမ ဒေါ် နော်ဒလှိုင်က “လက်နက်သံကြားတော့ ကျောင်းတွေပိတ်ထားတဲ့ဟာတွေရှိတာပေါ့နော်။ ဆရာမတွေလုံလောက်မှုမရှိဘူး။ ရောက်တဲ့သူလည်းရှိတယ်။ ကိုယ့်နေရပ်ကိုပြန်ပြီးပြန်မ လာတဲ့သူတွေလည်း ရှိတယ်” လို့ပြောပါတယ်။
ကျောင်းပေါင်း ၃၄၇ ကျောင်းရှိတဲ့ ပလက်ဝမြို့နယ်မှာ ကျောင်းပြန်ဖွင့် ချိန်ထိ ဆရာ/မတွေ လုံလောက်မှုမ ရှိတာကြောင့် နေ့စားဝန်ထမ်း ၃၆၀ ဦးကို ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးတို့ ညှိနှိုင်းပြီး ပြန်လည်ခန့် အပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘာသာရပ်အလိုက် ဆရာ/မလိုအပ်မှု ၃၀၆ ဦးလိုအပ်နေဆဲဖြစ်ပါတယ်။
ပလက်ဝမြို့နယ် ပညာရေးမှုး ဦး အောင်မင်းက “ ပိတ်ထားတဲ့ကျောင်းတွေတော့မရှိတော့ဘူး။ ဆရာ/မ မလုံလောက်တဲ့နေရာမှာလည်း ၃၆၀ ဦး ခန့်ထားတဲ့သူတွေကို ဆရာ/မ တစ်ယောက်မှ မရှိတဲ့ကျောင်းတွေကို အားလုံးခန့်ထားပြီးပြီ။ တစ်မြို့နယ်လုံးကျောင်းရဲ့ လိုအပ်ချက်ကတော့ ၃၀၆ ဦးလိုအပ်နေသေးတယ်။ မူပြတွေပေါ့။ အဲဒါကို ပြည်နယ်ကိုလည်းတင်ပြပြီးပြီ။ ပြည်နယ်ကလည်း ပြည်ထောင်စုကိုတင်ပေးမယ်လို့တော့ ပြောပါတယ်” လို့ဆိုပါတယ်။
ဆရာ/မတွေကို ပြန်လည်ခန့်ထားပြီဖြစ်ပေမယ့်လည်း ဘာသာရပ်အလိုက် လိုအပ်ချက်တွေရှိသေးတာကြောင့် ကျောင်းခွဲတမ်းအရသင်ကြားမှုမလုပ်နိုင်ပဲ ရှိတဲ့ဆရာ/မတွေကပဲ တာဝန်ယူပြီး သင်ကြားပေးဖို့ကြိုးစားနေရတယ်လို့ဆိုပါတယ်။
ချင်းပြည်နယ် အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးပေါင်လွင်မင်းထန်က “ခုတော့ အဆင်ပြေအောင် ခွဲဝေနှုန်းထားနဲ့မသွားပဲ ကျောင်းမှာစာသင်နိုင်အောင်ပဲ ကြိုးစားပြီး လုပ်သွားရမှာပဲ။ အခုလက်ရှိတော့ ဆရာ/မ တွေမရှိတဲ့ကျောင်း မရှိအောင်လုပ်တယ်။ ခွဲတမ်းအနေနဲ့တော့ ပြည့်စုံအောင်မထားနိုင်သေးတာ ဝန်ခံတယ်။ ဒါပေမယ့် ဆရာမရှိတဲ့ကျောင်းမရှိအောင်တော့ လုပ်ထားတယ်” လို့ပြောပါတယ်။
စစ်ပွဲကြောင့် ဆရာ/မတွေလုံလောက်မှုမရှိတာမှန်ပေမယ့်လည်း တစ်ဖက်မှာ ကျောင်းတွေတိုးချဲ့လာတဲ့အတွက် မလုံလောက်တာလည်းပါသလို အချို့ကျောင်းမှာဆိုရင် ကျောင်းအုပ်နဲ့ အထွေထွေအလုပ်သမား နှစ်တည်းရှိနေတယ်လို့ ဆရာမ ဆရာမ ဒေါ် နော်ဒလှိုင်ကကထောက်ပြပါတယ်။
ဆရာမ ဆရာမ ဒေါ် နော်ဒလှိုင်က “ဖြစ်စေချင်တဲ့ဆန္ဒကတော့ ကျောင်းတွေမတိုးစေချင်ဘူး။ ဆရာမတွေကိုတော့ ခန့်တော့ခန့်တာပေါ့။ တစ်ခါမှမလောက်ဘူးဆိုတာ ပိုဆိုးသွားတာ။ ကျောင်းမတိုးပဲဆရာမတွေကိုသာတိုးပေးရင် ဆရာမတွေလည်းလုံလောက်မယ်ထင်တယ်။ ကျောင်းတွေတိုးတာကတော့ သိပ်တော့အဆင်မပြေလောက်ဘူး” လို့ပြောပါတယ်။
ရက္ခိုင့်တပ်မတော်နဲ့ အစိုးရတပ်မတော်တို့အကြား စစ်ပွဲတွေတောက်လျှောက်ဖြစ်နေတာကြောင့် စစ်ပွဲရှောင်တွေလည်း တိုးလာနေပြီး ရခိုင်ပြည်နယ်အတွင်းမှာလည်း ကျောင်းဆယ်ကျောင်းထက်မက ပိတ်ရတဲ့ အခြေအနေကြုံရပါတယ်။
လက်ရှိအချိန်မှာ စစ်ပွဲကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးရှောင် ၆၀၀၀၀ ဝန်းကျင်ရှိနေပြီး ချင်းပြည်နယ်ပလက်ဝမြို့နယ်တွင်းက စစ်ဘေးရှောင် ၃၀၀၀ ကျော်ရှိနေပါတယ်။ အခုလို စစ်ဘေးရှောင်ကလေးတွေအတွက် ပညာရေးပိုင်းမှာ ထိခိုက်မှုမရှိအောင် သက်တောင့်သက်သာရှိတဲ့နေရာမျိုး ကျောင်းပညာရေးကို ဆက်လက်သင်ကြားနိုင်ဖို့ လိုအပ်နေတယ်လို့လည်း လူမှုရေးအဖွဲ့အစည်းတွေက ပြောဆိုနေပါတယ်။