ULA/AA ၏ သေဘာထား ထုတ္ျပန္ခ်က္အေပၚ CHRO Field Director ႏွင့္ေတြ႕ဆံုေမးျမန္းျခင္း

ေတြ႕ဆံုေမးျမန္းသူ – Salai Khup Khup

ၾသဂုတ္လ ၁၄ ရက္ေန႕မွာ ခ်င္းလူ႕အခြင့္အေရးအဖြဲ႕(CHRO) ႏွင့္ ခ်င္းအမည္ခံ မီဒီယာမ်ားမွ ULA/AA အဖြဲ႕အေပၚ စြပ္စြဲေရးသားမႈမ်ားကန္႕ကြက္ေၾကာင္းသေဘာထားထုတ္ျပန္ခဲ့ပါတယ္။ အဆိုပါကန္႕ကြက္စာတြင္ တာ၀န္ခံမႈမရွိသည့္ ေရးသားခ်က္၊ ႏုိင္ငံေရး၊ လူမ်ိဳးေရး၊ အဂတိတရားမကင္းရွင္းေသာ စြပ္စြဲခ်က္၊ အမုန္းတရားႏွင့္ မနာလိုမႈမ်ားကို ေပါင္းစပ္ကာ ေရးသားသည့္ေရးသားခ်က္၊ ျမန္မာအစိုးရ၊ စစ္တပ္(ရန္သူ) ႏွင့္ပူးေပါင္း မိမိတို႕အား ႏုိင္ငံေရးအရ တုိက္ခုိက္သည့္ထိုးႏွက္ခ်က္တစ္ခုဟုမွတ္ယူေၾကာင္း ပါရွိသည္။ အဆိုပါ ULA/AA ၏ကန္႕ကြက္ေၾကာင္း ထုတ္ျပန္ေၾကညာခ်က္ႏွင့္ပတ္သက္ၿပီး ခ်င္းလူ႕အခြင့္အေရးအဖြဲ႕ (CHRO) ၏ Field Director Pu Terah ကိုေတြ႕ဆံုေမးျမန္းထားပါတယ္။  

ေမး။ ။ CHROနဲ႔ ခ်င္းမီဒီယာဖြဲ႔ အခ်ိဳ႕က စြပ္စြဲေရးသားတယ္လုိ႔ ေျပာတဲ့အေပၚ ဘယ္လုိေျပာခ်င္လဲ?

ေျဖ။ ။ လက္ခံနိုင္စရာအေၾကာင္းမရွိဘူး။ ဘာျဖစ္လုိ႔လဲဆုိေတာ့ ကၽြန္ေတာ္တုိ႔က သူတုိ႔ကို မတရားစြပ္စြဲၿပီး ေျပာဆုိေရးသားတာ တစ္ၾကိမ္တစ္ခါမွမရွိခဲ႔ဖူးဘူး။ ကၽြန္ေတာ္တုိ႔ အခ်က္အလက္ေတြက ခံရသူျဖစ္ျဖစ္ ေဒသခံေတြရဲ႕ ေျပာဆိုခ်က္အေပၚ အေျခခံၿပီးေတာ့ ေရးသားေဖာ္ျပျခင္းျဖစ္တယ္။ ကၽြန္ေတာ္တို႔ရဲ႕ အာေဘာ္တစ္ခုမွ မပါဘူးဆုိတာ ကၽြန္ေတာ္ေျပာစရာကိုမလုိတာပါ။

ေမး။ ။ AA နဲ႔ အစိုးရတပ္မေတာ္ၾကား စစ္ပြဲျဖစ္ပြားေနမႈအေပၚ CHROရဲ႕ရပ္တည္ခ်က္က ဘာျဖစ္မလဲ?

ေျဖ။ ။ ကၽြန္ေတာ္ကေတာ့ အမွန္တရားေပၚမွာ ရပ္တည္မွာဘဲ ဘယ္သူ႔ကိုအသာေပး၊ ဘယ္သူ႔ကိုအျပစ္ျမင္ ဆုိတာမရွိဘူး အမွန္တရားေပၚမွာဘဲ ကၽြန္ေတာ္တုိ႔ရပ္တည္တယ္။ ခ်င္းလူ႔အခြင့္ေရးအဖြဲ႔ဆိုတာ လူ႔အခြင့္ေရးကို ေစာင့္ၾကည့္ေနတာနဲ႔အညီ အဓိကအမွန္တရားေပၚမွာဘဲ ရပ္တည္ပါတယ္ ဟိုပုဂိၢဳလ္စြဲ ဒီပုဂၢိဳလ္စြဲ ကၽြန္ေတာ္တို႔မွာမရွိပါဘူး။ အဓိကအမွန္တရားေပၚမွာ ရပ္တည္မယ္ အျပစ္မဲ႔ျပည္သူနဲ႔ အကာကြယ္မဲ႔ျပည္သူေတြေရွ႕မွာ ကၽြန္ေတာ္တုိ႔မားမားမတ္မတ္ ရပ္တည္သြားမွာျဖစ္တယ္။

ေမး ။ ။ ေၾကညာခ်က္မွာ AAအေနနဲ႔ လူ႔အခြင့္ေရးကို ေလးစားတန္ဖိုးထားတယ္လို႔ ေျပာတာကိုလက္ခံ ႏုိင္ပါသလား?

 ေျဖ။ ။ သူတုိ႔အေျပာသက္သက္ ေျပာတာျဖစ္တယ္။ လက္ေတြ႕က်ေတာ့ သူတို႔အဲလုိမဟုတ္ဘူးဆုိတာ  ေသခ်ာပါတယ္။

ေမး ။ ။ ရခိုင္နဲ႔ခ်င္းလူမ်ိဳးမ်ားကို တန္းတူဆက္ဆံေရး မူဝါဒထားတယ္လုိ႔ ေျပာထားတဲ႔အေပၚအျမင္ကေကာ?

ေျဖ။ ။ သူတုိ႔ရခုိင္လူမ်ိဳးေတြကို  ဘယ္လိုဆက္ဆံတာလဲဆိုတာေတာ့ ကၽြန္ေတာ္တို႔မသိဘူး။ ခ်င္းလူမ်ိဳးေတြကို ဘယ္လိုဆက္ဆံလဲဆုိတာေတာ့ ကၽြန္ေတာ္တုိ႔သိတာေပါ႔။

ေမး။ ။  ရကၡိဳင့္တပ္မေတာ္ဖက္ကေနၿပီးေတာ့ မွ်မွ်တတ စဥ္းစဥ္းစားစား ထိန္းထိန္းသိမ္းသိမ္း ေရးဖို႔တိုက္တြန္းတာကို လက္ခံနိုင္သလား?

ေျဖ ။ ။ လူ႔အခြင့္ေရးခ်ိဳးေဖာက္တယ္ဆုိတာ အဲလိုမ်ွမ်ွတတ ထိန္းထိ္န္းသိမ္းသိမ္းနဲ႔ ေရးဖို႔မလုိပါဘူး။ အရွိကို အရွိတိုင္း အျဖစ္ကို အျဖစ္တုိင္း ကၽြန္ေတာ္တုိ႔တင္ျပရမွာျဖစ္ပါတယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ သူတုိ႔က ျဖစ္ပ်က္မွန္သမ်ွကို မွန္ေအာင္ဘဲ ကၽြန္ေတာ္တုိ႔ေရးလို႔ရတယ္။ ေပါ႔ေအာင္ဘဲျဖစ္ျဖစ္ အမႈၾကီးေအာင္ျဖစ္ျဖစ္ ကၽြန္ေတာ္တို႔လုပ္လုိ႔မရပါဘူး။ ကၽြန္ေတာ္တုိ႔က အရွိကိုအရွိတုိင္းေရးမွာျဖစ္တယ္။

ေမး ။ ။ စစ္ပြဲျဖစ္တဲ႔ဖက္မွာ လူ႔အခြင့္ေရးခ်ိဳးေဖာက္မႈက ဘယ္လုိဟာမ်ိဳးေတြလဲ။ CHRO ကေကာ ဘယ္လိုဟာမ်ိဳးအေပၚ အေျခခံၿပီး ေၾကညာခ်က္ထုတ္သလဲ။?

ေျဖ။ ။ လူ႔အခြင့္ေရးခ်ိဳးေဖာက္မွာ ညွင္းပမ္းႏွိပ္စက္မႈ အစအနေပ်ာက္ဆံုးမႈ တခ်ိဳ႕ဆုိရင္ အတင္းအဓၶမ ေပၚတာထမ္းခိုင္းတာတုိ႔ မတရားဖမ္းဆီးတာတို႔ အေၾကာင္းမဲ႔ဖမ္းဆီးတာတို႔ ရိုက္ႏွိက္တာတို႔ သတ္ျဖတ္တဲ႔အထိ က်ဴးလြန္တဲ႔အမႈေတြအေပၚ အဓိကထားၿပီး ေရးသားထုတ္ျပန္တာတို႔လုပ္တယ္။

ေမး။ ။ ဘာလုိ႔AAဖက္က အခုလုိေၾကညာခ်က္ထုတ္တယ္လို႔ ထင္ပါသလဲ?

ေျဖ။ ။ သူတုိ႔မွာ တာဝန္ယူမႈ တာဝန္ခံမႈကင္းမဲ႔တယ္လို႔ ကၽြန္ေတာ္ယူဆတယ္။

ေမး ။ ။ စစ္ပြဲေၾကာင့္ လူ႔အခြင့္ေရးခ်ိဳးေဖာက္မႈေတြကို ဘယ္လုိဆက္ၿပီး အစီရင္ခံစာေတြ ဘယ္လုိဆက္ထုတ္မလဲ။?

ေျဖ။ ။ အရွိကို အရွိတုိင္းဘဲ ေဒသခံေတြရဲ႕ခံစားခ်က္၊ လက္ရွိျဖစ္ပ်က္ေနတဲ႔ ဟာေတြကိုဘဲ ကၽြန္ေတာ္တုိ႔ ေဖာ္ထုတ္ေျပာဆုိမွာျဖစ္တယ္။

Unicode Version

သြဂုတ်လ ၁၄ ရက်နေ့မှာ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO) နှင့် ချင်းအမည်ခံ မီဒီယာများမှ ULA/AA အဖွဲ့အပေါ် စွပ်စွဲရေးသားမှုများကန့်ကွက်ကြောင်းသဘောထားထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါကန့်ကွက်စာတွင် တာဝန်ခံမှုမရှိသည့် ရေးသားချက်၊ နိုင်ငံရေး၊ လူမျိုးရေး၊ အဂတိတရားမကင်းရှင်းသော စွပ်စွဲချက်၊ အမုန်းတရားနှင့် မနာလိုမှုများကို ပေါင်းစပ်ကာ ရေးသားသည့်ရေးသားချက်၊ မြန်မာအစိုးရ၊ စစ်တပ်(ရန်သူ) နှင့်ပူးပေါင်း မိမိတို့အား နိုင်ငံရေးအရ တိုက်ခိုက်သည့်ထိုးနှက်ချက်တစ်ခုဟုမှတ်ယူကြောင်း ပါရှိသည်။ အဆိုပါ ULA/AA ၏ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်ပြီး ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ Field Director Pu Terah ကိုတွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ CHROနဲ့ ချင်းမီဒီယာဖွဲ့ အချို့က စွပ်စွဲရေးသားတယ်လို့ ပြောတဲ့အပေါ် ဘယ်လိုပြောချင်လဲ?
ဖြေ။ ။ လက်ခံနိုင်စရာအကြောင်းမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က သူတို့ကို မတရားစွပ်စွဲပြီး ပြောဆိုရေးသားတာ တစ်ကြိမ်တစ်ခါမှမရှိခဲ့ဖူးဘူး။ ကျွန်တော်တို့ အချက်အလက်တွေက ခံရသူဖြစ်ဖြစ် ဒေသခံတွေရဲ့ ပြောဆိုချက်အပေါ် အခြေခံပြီးတော့ ရေးသားဖော်ပြခြင်းဖြစ်တယ်။ ကျွန်တော်တို့ရဲ့ အာဘော်တစ်ခုမှ မပါဘူးဆိုတာ ကျွန်တော်ပြောစရာကိုမလိုတာပါ။
မေး။ ။ AA နဲ့ အစိုးရတပ်မတော်ကြား စစ်ပွဲဖြစ်ပွားနေမှုအပေါ် CHROရဲ့ရပ်တည်ချက်က ဘာဖြစ်မလဲ?
ဖြေ။ ။ ကျွန်တော်ကတော့ အမှန်တရားပေါ်မှာ ရပ်တည်မှာဘဲ ဘယ်သူ့ကိုအသာပေး၊ ဘယ်သူ့ကိုအပြစ်မြင် ဆိုတာမရှိဘူး အမှန်တရားပေါ်မှာဘဲ ကျွန်တော်တို့ရပ်တည်တယ်။ ချင်းလူ့အခွင့်ရေးအဖွဲ့ဆိုတာ လူ့အခွင့်ရေးကို စောင့်ကြည့်နေတာနဲ့အညီ အဓိကအမှန်တရားပေါ်မှာဘဲ ရပ်တည်ပါတယ် ဟိုပုဂ္ဂိုလ်စွဲ ဒီပုဂ္ဂိုလ်စွဲ ကျွန်တော်တို့မှာမရှိပါဘူး။ အဓိကအမှန်တရားပေါ်မှာ ရပ်တည်မယ် အပြစ်မဲ့ပြည်သူနဲ့ အကာကွယ်မဲ့ပြည်သူတွေရှေ့မှာ ကျွန်တော်တို့မားမားမတ်မတ် ရပ်တည်သွားမှာဖြစ်တယ်။
မေး ။ ။ ကြေညာချက်မှာ AAအနေနဲ့ လူ့အခွင့်ရေးကို လေးစားတန်ဖိုးထားတယ်လို့ ပြောတာကိုလက်ခံ နိုင်ပါသလား?
ဖြေ။ ။ သူတို့အပြောသက်သက် ပြောတာဖြစ်တယ်။ လက်တွေ့ကျတော့ သူတို့အဲလိုမဟုတ်ဘူးဆိုတာ သေချာပါတယ်။
မေး ။ ။ ရခိုင်နဲ့ချင်းလူမျိုးများကို တန်းတူဆက်ဆံရေး မူဝါဒထားတယ်လို့ ပြောထားတဲ့အပေါ်အမြင်ကကော?
ဖြေ။ ။ သူတို့ရခိုင်လူမျိုးတွေကို ဘယ်လိုဆက်ဆံတာလဲဆိုတာတော့ ကျွန်တော်တို့မသိဘူး။ ချင်းလူမျိုးတွေကို ဘယ်လိုဆက်ဆံလဲဆိုတာတော့ ကျွန်တော်တို့သိတာပေါ့။
မေး။ ။ ရက္ခိုင့်တပ်မတော်ဖက်ကနေပြီးတော့ မျှမျှတတ စဉ်းစဉ်းစားစား ထိန်းထိန်းသိမ်းသိမ်း ရေးဖို့တိုက်တွန်းတာကို လက်ခံနိုင်သလား?
ဖြေ ။ ။ လူ့အခွင့်ရေးချိုးဖောက်တယ်ဆိုတာ အဲလိုမျှမျှတတ ထိန်းထိ်န်းသိမ်းသိမ်းနဲ့ ရေးဖို့မလိုပါဘူး။ အရှိကို အရှိတိုင်း အဖြစ်ကို အဖြစ်တိုင်း ကျွန်တော်တို့တင်ပြရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဖြစ်ပျက်မှန်သမျှကို မှန်အောင်ဘဲ ကျွန်တော်တို့ရေးလို့ရတယ်။ ပေါ့အောင်ဘဲဖြစ်ဖြစ် အမှုကြီးအောင်ဖြစ်ဖြစ် ကျွန်တော်တို့လုပ်လို့မရပါဘူး။ ကျွန်တော်တို့က အရှိကိုအရှိတိုင်းရေးမှာဖြစ်တယ်။
မေး ။ ။ စစ်ပွဲဖြစ်တဲ့ဖက်မှာ လူ့အခွင့်ရေးချိုးဖောက်မှုက ဘယ်လိုဟာမျိုးတွေလဲ။ CHRO ကကော ဘယ်လိုဟာမျိုးအပေါ် အခြေခံပြီး ကြေညာချက်ထုတ်သလဲ။?
ဖြေ။ ။ လူ့အခွင့်ရေးချိုးဖောက်မှာ ညှင်းပမ်းနှိပ်စက်မှု အစအနပျောက်ဆုံးမှု တချို့ဆိုရင် အတင်းအဓ္ဓမ ပေါ်တာထမ်းခိုင်းတာတို့ မတရားဖမ်းဆီးတာတို့ အကြောင်းမဲ့ဖမ်းဆီးတာတို့ ရိုက်နှိက်တာတို့ သတ်ဖြတ်တဲ့အထိ ကျူးလွန်တဲ့အမှုတွေအပေါ် အဓိကထားပြီး ရေးသားထုတ်ပြန်တာတို့လုပ်တယ်။
မေး။ ။ ဘာလို့AAဖက်က အခုလိုကြေညာချက်ထုတ်တယ်လို့ ထင်ပါသလဲ?
ဖြေ။ ။ သူတို့မှာ တာဝန်ယူမှု တာဝန်ခံမှုကင်းမဲ့တယ်လို့ ကျွန်တော်ယူဆတယ်။
မေး ။ ။ စစ်ပွဲကြောင့် လူ့အခွင့်ရေးချိုးဖောက်မှုတွေကို ဘယ်လိုဆက်ပြီး အစီရင်ခံစာတွေ ဘယ်လိုဆက်ထုတ်မလဲ။?
ဖြေ။ ။ အရှိကို အရှိတိုင်းဘဲ ဒေသခံတွေရဲ့ခံစားချက်၊ လက်ရှိဖြစ်ပျက်နေတဲ့ ဟာတွေကိုဘဲ ကျွန်တော်တို့ ဖော်ထုတ်ပြောဆိုမှာဖြစ်တယ်။