စက္ႀကီးျဖင့္ က်ဴးေက်ာ္အိမ္မ်ား လာဖ်က္ခ်ိန္တြင္ အိမ္ပိုင္ရွင္မ်ား အိမ္အတြင္းေနကာ မိမိတို႕အိမ္ကို ကာကြယ္မည္ဟုဆုိ

ChinWorld

ဟားခါးတြင္ အစိုးရမွ က်ဴးေက်ာ္အိမ္ဟုသတ္မွတ္သည့္ေနအိမ္မ်ားကို မနက္ျဖန္စဖ်က္မည္ျဖစ္ၿပီး အိမ္ပိုင္ရွင္မ်ားအေနျဖင့္ သေဘာတူညီမႈမရွိျခင္းေၾကာင့္ စက္ႀကီးျဖင့္လာဖ်က္ခ်ိန္ မိမိေနအိမ္တြင္းသာေနၿပီး အသက္ႏွင့္ရင္းကာ ေနအိမ္မ်ားကိုကာကြယ္သြားမည္ဟု ဟားခါးေတာင္သူမ်ားအသင္းမွ ဦးရြန္ပဲန္းကေျပာသည္။

ဦးရြန္ပဲန္းက “ ဟားခါးမွာလက္သမားငွားရင္ တစ္ရက္ကို ႏွစ္ေသာင္းေပးရတယ္။ အိမ္ေသးေလးေတြေဆာက္ရင္ေတာင္ အနည္းဆံုး ၁၅ သိန္း သိန္း ၂၀ ေလာက္ကုန္တယ္။ အိမ္အႀကီးေတြဆိုရင္ သိန္းရာဂဏန္းေတာင္ ကုန္က်ၿပီး တည္ေဆာက္ထားတာေတြျဖစ္တယ္။ ေျမ၀ယ္ခကလည္းရွိေသးတယ္။ ဒါေၾကာင့္ အဖ်က္ေတာ့ လံုး၀မခံဘူး၊ စက္ႀကီးနဲ႕လာဖ်က္တဲ့အခ်ိန္မွာဆုိရင္လည္း အိမ္ထဲမွာပဲေနၿပီး အိမ္နဲ႕အတူ ပါရင္ပါသြားပါေစ၊  လာဖ်က္တဲ့အခ်ိန္မွာ အိမ္ထဲမွာပဲေနၾကမယ္။ ေသဆံုးမႈေတြျဖစ္လာရင္လည္း အစိုးရသေဘာပါပဲ။ အစိုးရကို ကၽြန္ေတာ္တို႕က သြားအုပ္ခ်ဳပ္လုိ႕မွမရတာ” ဟုေျပာသည္။

သူကဆက္ၿပီး “အခုအစိုးရဖ်က္မယ္ ဆိုတဲ့အိမ္ေလးေတြက ၿမိဳ႕ျပစီမံကိန္းအတြက္ လမ္းမေဖာက္ခင္ ၿခံအတြက္၀ယ္ယူထားတာေတြျဖစ္တယ္။ တစ္ခ်ိဳ႕ဆို ၿခံအက်ယ္ႀကီးရွိၾကတယ္။ ၿမိဳ႕ျပစီမံကိန္းအတြက္ လမ္းခ်ဲ႕လာတဲ့အခ်ိန္မွာ ၿခံေျမအမ်ားႀကီး ဆံုးရွံဳးခဲ့ၿပီးၿပီ။ အစိုးရက ေျမကြက္ေဖာ္မယ္လုပ္တဲ့အခ်ိန္မွာ အဲဒီေနရာေလးေတြမွာ အိမ္ေသးေလးေတြေဆာက္ထားတာျဖစ္တယ္” ဟုေျပာသည္။

လက္ရွိအစိုးရအေနျဖင့္ ၁၈၉၄ ေျမသိမ္းဥပေဒကိုလုိက္နာျခင္းမရွိပဲ ေျမသိမ္းျခင္းေၾကာင့္ ကန္႕ကြက္ရျခင္းျဖစ္ေၾကာင္း၊ ေဒသခံမ်ားမသိပဲ စည္ပင္ဧရိယာလာတုိင္းတာခဲ့ျခင္း၊ အဆိုပါဧရိယာတြင္ ေဒသခံပုိင္ ဥယ်ာဥ္ၿခံ၊ တိရိစာၦန္မ်ားေမြးျမဴသည့္ေနရာမ်ား ပါလာသျဖင့္ ကန္႕ကြက္ရျခင္းျဖစ္ေၾကာင္း၊ အခ်ိဳ႕မွာ အေထာက္အထား ရွိေသာ္လည္း အမ်ားစုမွာ ဓေလ့ထံုးတမ္းအရ ဘိုးစဥ္ေဘာင္ဆက္လက္ကမ္းလာျခင္း၊ ေရာင္း၀ယ္လာျခင္းမ်ိဳးေၾကာင့္ အေထာက္အထား မရွိသည့္အေနအထားျဖစ္ေနသည္ကို အစိုးရမွ ဘိုးဘြားပုိင္နယ္ေျမကို အသိအမွတ္မျပဳျခင္းမ်ားေၾကာင့္ ကန္႕ကြက္ေနရျခင္းျဖစ္သည္ ဟုဦးရြန္ပဲန္းကေျပာသည္။

ခ်င္းျပည္နယ္ အစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ စည္ပင္၀န္ႀကီး ဦးစိုးထက္က “ အခုအခ်ိန္ထိလည္း ညွိႏွိဳင္းတုန္းပဲ။ အစိုးရအဖြဲ႕ရဲ႕ အစီအစဥ္ကို သေဘာတူတဲ့သူေတြအတြက္ အိမ္ဖ်က္ၿပီးတာနဲ႕ တစ္ျခားေနရာမွာ ခ်က္ျခင္းေျပာင္းႏုိင္ေအာင္ စီစဥ္ေပးမယ္။ အမွန္ေတာ့ အိမ္ကိုမဖ်က္ခ်င္ပါဘူး။ ကိုယ့္ခ်င္းေတြအခ်င္းခ်င္းပဲ။ အြန္လုိင္းမွာလည္း ေသြးေခ်ာင္းစီမယ္စသျဖင့္ အမ်ိဳးမ်ိဳးျဖစ္ေနတယ္။ အစိုးရရဲ႕ အစီအစဥ္အတုိင္း မလုိက္နာတဲ့သူေတြအတြက္ေတာ့ ဘာမွ ထည့္သြင္းစဥ္းစားေပးဖုိ႕မရွိေတာ့ဘူး” ဟုေျပာသည္။

အဆိုပါ ၿမိဳ႕ျပစီမံကိန္းအတြက္ စည္ပင္ဧရိယာအျဖစ္ ထည့္သြင္းသည့္ ဧကေျခာက္ရာေက်ာ္တြင္ အကြက္မ်ား ရုိက္ေနၿပီျဖစ္ၿပီး ထိုသို႕အကြက္ရုိက္ရာတြင္လည္း တရားမွ်တမႈႏွင့္ ပြင့္လင္းျမင္သာမႈလံုး၀မရွိေၾကာင္း ဦးရြန္ပဲန္းကေထာက္ျပသည္။

ဦးရြန္ပဲန္းက “ေျမအကြက္ရုိက္တဲ့ေနရာမွာလည္း အမ်ိဳးမ်ိဳးရွိတယ္။ ေနရာေကာင္းေတြဆိုရင္ အရာရွိနဲ႕ လူႀကီးပုိင္းေတြက ဦးတယ္။ မရွိဆင္းရဲသားေတြအတြက္က်ေတာ့ ေပ ၄၀ – ၆၀ တုိင္းေပးၿပီး ေငြနည္းနည္းသြင္းေအာင္လုပ္ေပးၾကတယ္။ အခုဟာက လံုး၀ တရားမွ်တမႈနဲ႕ ပြင့္လင္းျမင္သာမႈမရွိဘူး” ဟုေျပာသည္။

က်ဴးေက်ာ္အိမ္ဟု အစိုးရသတ္မွတ္သည့္ ေနအိမ္မ်ားကို မနက္ျဖန္ ၈ နာရီမွ စဖ်က္မည္ျဖစ္ၿပီး အစိုးရအဖြဲ႕၊ ေထြအုပ္၊ သစ္ေတာ၊ မီးသတ္၊ ရဲတပ္ဖြဲ႕၊ စည္ပင္ေကာ္မတီ၀င္မ်ားႏွင့္ အစိုးရ၀န္ထမ္းမ်ား ပါ၀င္မည္ျဖစ္သည္။

ဦးစိုးထက္က “  ေဆာက္ထားတာက ၁၀၃ အိမ္ေလာက္ရွိတယ္။ ေနတာကေတာ့ ၃၀ အိမ္ပဲရွိတယ္။ အဲထဲက ၈ ဦးကေတာ့ သူတို႕ဟာသူတို႕ဖ်က္ေနၿပီ။ ဖ်က္မယ့္အထဲမွာ လူေနတဲ့အိမ္ ၂၂ လံုးပဲရွိေတာ့တယ္။ က်န္တာေတြ အလံုး ၉၀ ေလာက္က လူေတြမေနနဲ႕ ယာယီေဆာက္ထားတဲ့ အိမ္ေသးေလးေတြျဖစ္တယ္” ဟုေျပာသည္။

အစိုးရမွ က်ဴးေက်ာ္အိမ္ဟု သတ္မွတ္ထားသည့္ ေနအိမ္မ်ားကို ဖ်က္ရန္ ၾသဂုတ္လ (၈) ရက္ေန႕တြင္ သတ္မွတ္ခဲ့ေသာ္လည္း အသင္းေတာ္ဆရာမ်ားမွ ညွိႏွိဳင္းေပးျခင္းေၾကာင့္ ၁၉ ရက္ေန႕ျပန္လည္ေရႊ႕ခဲ့ၿပီးေနာက္ ၂၀ ရက္ေန႕တြင္ ဖ်က္ရန္ ႏွစ္ႀကိမ္အထိ ရက္ေရႊ႕ခဲ့ျခင္းျဖစ္သည္။  

photo credit to Zelen

Unicode Version

စက်ကြီးဖြင့် ကျူးကျော်အိမ်များ လာဖျက်ချိန်တွင် အိမ်ပိုင်ရှင်များ အိမ်အတွင်းနေကာ မိမိတို့အိမ်ကို ကာကွယ်မည်ဟုဆို
ဟားခါးတွင် အစိုးရမှ ကျူးကျော်အိမ်ဟုသတ်မှတ်သည့်နေအိမ်များကို မနက်ဖြန်စဖျက်မည်ဖြစ်ပြီး အိမ်ပိုင်ရှင်များအနေဖြင့် သဘောတူညီမှုမရှိခြင်းကြောင့် စက်ကြီးဖြင့်လာဖျက်ချိန် မိမိနေအိမ်တွင်းသာနေပြီး အသက်နှင့်ရင်းကာ နေအိမ်များကိုကာကွယ်သွားမည်ဟု ဟားခါးတောင်သူများအသင်းမှ ဦးရွန်ပဲန်းကပြောသည်။
ဦးရွန်ပဲန်းက “ ဟားခါးမှာလက်သမားငှားရင် တစ်ရက်ကို နှစ်သောင်းပေးရတယ်။ အိမ်သေးလေးတွေဆောက်ရင်တောင် အနည်းဆုံး ၁၅ သိန်း သိန်း ၂၀ လောက်ကုန်တယ်။ အိမ်အကြီးတွေဆိုရင် သိန်းရာဂဏန်းတောင် ကုန်ကျပြီး တည်ဆောက်ထားတာတွေဖြစ်တယ်။ မြေဝယ်ခကလည်းရှိသေးတယ်။ ဒါကြောင့် အဖျက်တော့ လုံးဝမခံဘူး၊ စက်ကြီးနဲ့လာဖျက်တဲ့အချိန်မှာဆိုရင်လည်း အိမ်ထဲမှာပဲနေပြီး အိမ်နဲ့အတူ ပါရင်ပါသွားပါစေ၊ လာဖျက်တဲ့အချိန်မှာ အိမ်ထဲမှာပဲနေကြမယ်။ သေဆုံးမှုတွေဖြစ်လာရင်လည်း အစိုးရသဘောပါပဲ။ အစိုးရကို ကျွန်တော်တို့က သွားအုပ်ချုပ်လို့မှမရတာ” ဟုပြောသည်။
သူကဆက်ပြီး “အခုအစိုးရဖျက်မယ် ဆိုတဲ့အိမ်လေးတွေက မြို့ပြစီမံကိန်းအတွက် လမ်းမဖောက်ခင် ခြံအတွက်ဝယ်ယူထားတာတွေဖြစ်တယ်။ တစ်ချို့ဆို ခြံအကျယ်ကြီးရှိကြတယ်။ မြို့ပြစီမံကိန်းအတွက် လမ်းချဲ့လာတဲ့အချိန်မှာ ခြံမြေအများကြီး ဆုံးရှုံးခဲ့ပြီးပြီ။ အစိုးရက မြေကွက်ဖော်မယ်လုပ်တဲ့အချိန်မှာ အဲဒီနေရာလေးတွေမှာ အိမ်သေးလေးတွေဆောက်ထားတာဖြစ်တယ်” ဟုပြောသည်။
လက်ရှိအစိုးရအနေဖြင့် ၁၈၉၄ မြေသိမ်းဥပဒေကိုလိုက်နာခြင်းမရှိပဲ မြေသိမ်းခြင်းကြောင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း၊ ဒေသခံများမသိပဲ စည်ပင်ဧရိယာလာတိုင်းတာခဲ့ခြင်း၊ အဆိုပါဧရိယာတွင် ဒေသခံပိုင် ဥယျာဉ်ခြံ၊ တိရိစ္ဆာန်များမွေးမြူသည့်နေရာများ ပါလာသဖြင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်း၊ အချို့မှာ အထောက်အထား ရှိသော်လည်း အများစုမှာ ဓလေ့ထုံးတမ်းအရ ဘိုးစဉ်ဘောင်ဆက်လက်ကမ်းလာခြင်း၊ ရောင်းဝယ်လာခြင်းမျိုးကြောင့် အထောက်အထား မရှိသည့်အနေအထားဖြစ်နေသည်ကို အစိုးရမှ ဘိုးဘွားပိုင်နယ်မြေကို အသိအမှတ်မပြုခြင်းများကြောင့် ကန့်ကွက်နေရခြင်းဖြစ်သည် ဟုဦးရွန်ပဲန်းကပြောသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က “ အခုအချိန်ထိလည်း ညှိနှိုင်းတုန်းပဲ။ အစိုးရအဖွဲ့ရဲ့ အစီအစဉ်ကို သဘောတူတဲ့သူတွေအတွက် အိမ်ဖျက်ပြီးတာနဲ့ တစ်ခြားနေရာမှာ ချက်ခြင်းပြောင်းနိုင်အောင် စီစဉ်ပေးမယ်။ အမှန်တော့ အိမ်ကိုမဖျက်ချင်ပါဘူး။ ကိုယ့်ချင်းတွေအချင်းချင်းပဲ။ အွန်လိုင်းမှာလည်း သွေးချောင်းစီမယ်စသဖြင့် အမျိုးမျိုးဖြစ်နေတယ်။ အစိုးရရဲ့ အစီအစဉ်အတိုင်း မလိုက်နာတဲ့သူတွေအတွက်တော့ ဘာမှ ထည့်သွင်းစဉ်းစားပေးဖို့မရှိတော့ဘူး” ဟုပြောသည်။
အဆိုပါ မြို့ပြစီမံကိန်းအတွက် စည်ပင်ဧရိယာအဖြစ် ထည့်သွင်းသည့် ဧကခြောက်ရာကျော်တွင် အကွက်များ ရိုက်နေပြီဖြစ်ပြီး ထိုသို့အကွက်ရိုက်ရာတွင်လည်း တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုလုံးဝမရှိကြောင်း ဦးရွန်ပဲန်းကထောက်ပြသည်။
ဦးရွန်ပဲန်းက “မြေအကွက်ရိုက်တဲ့နေရာမှာလည်း အမျိုးမျိုးရှိတယ်။ နေရာကောင်းတွေဆိုရင် အရာရှိနဲ့ လူကြီးပိုင်းတွေက ဦးတယ်။ မရှိဆင်းရဲသားတွေအတွက်ကျတော့ ပေ ၄၀ – ၆၀ တိုင်းပေးပြီး ငွေနည်းနည်းသွင်းအောင်လုပ်ပေးကြတယ်။ အခုဟာက လုံးဝ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုမရှိဘူး” ဟုပြောသည်။
ကျူးကျော်အိမ်ဟု အစိုးရသတ်မှတ်သည့် နေအိမ်များကို မနက်ဖြန် ၈ နာရီမှ စဖျက်မည်ဖြစ်ပြီး အစိုးရအဖွဲ့၊ ထွေအုပ်၊ သစ်တော၊ မီးသတ်၊ ရဲတပ်ဖွဲ့၊ စည်ပင်ကော်မတီဝင်များနှင့် အစိုးရဝန်ထမ်းများ ပါဝင်မည်ဖြစ်သည်။
ဦးစိုးထက်က “ ဆောက်ထားတာက ၁၀၃ အိမ်လောက်ရှိတယ်။ နေတာကတော့ ၃၀ အိမ်ပဲရှိတယ်။ အဲထဲက ၈ ဦးကတော့ သူတို့ဟာသူတို့ဖျက်နေပြီ။ ဖျက်မယ့်အထဲမှာ လူနေတဲ့အိမ် ၂၂ လုံးပဲရှိတော့တယ်။ ကျန်တာတွေ အလုံး ၉၀ လောက်က လူတွေမနေနဲ့ ယာယီဆောက်ထားတဲ့ အိမ်သေးလေးတွေဖြစ်တယ်” ဟုပြောသည်။
အစိုးရမှ ကျူးကျော်အိမ်ဟု သတ်မှတ်ထားသည့် နေအိမ်များကို ဖျက်ရန် သြဂုတ်လ (၈) ရက်နေ့တွင် သတ်မှတ်ခဲ့သော်လည်း အသင်းတော်ဆရာများမှ ညှိနှိုင်းပေးခြင်းကြောင့် ၁၉ ရက်နေ့ပြန်လည်ရွှေ့ခဲ့ပြီးနောက် ၂၀ ရက်နေ့တွင် ဖျက်ရန် နှစ်ကြိမ်အထိ ရက်ရွှေ့ခဲ့ခြင်းဖြစ်သည်။