လူငယ္မ်ား ကိုယ္ပုိင္စီးပြားေရးအခြင့္အလမ္းဖန္တီးႏုိင္ေရးရည္ရြယ္ၿပီး Community College ဟားခါးတြင္ ဖြင့္လွစ္မည္

Salai Khup Khup

လူငယ္မ်ား ကိုယ္ပုိင္စီးပြားေရးအခြင့္အလမ္းဖန္တီးႏုိင္ေရးရည္ရြယ္ၿပီး Community College (Victoria Acedemy) ကိုလာမည့္ ၂၀၂၀ ဇန္န၀ါရီလမွ စတင္ၿပီး ဟားခါးတြင္ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း ေက်ာင္းအုပ္ ဆလုိင္းဗန္က်ံဳးလ်န္ကေျပာသည္။

ဆလုိင္းဗန္က်ဴံးလ်န္က “လူမႈသိုင္းအဝို္င္းမွာ အေျပာင္းအလဲလုပ္ႏုိင္တဲ႔ လူငယ္ေတြမ်ားမ်ားေပၚထြက္ လာႏုိင္ေအာင္ ဆိုၿပီးဒီေက်ာင္းကို ဖြင့္လွစ္တာျဖစ္တယ္။ ေက်ာင္းကိုေတာ့ ၂၀၂၀ ဇန္နဝါရီလမွာ စတင္ေက်ာင္းဖြင့္မွာျဖစ္တယ္။ အခုကၽြန္ေတာ္တုိ႔ ရံုးေတြ ေက်ာင္းသားေထာက္ခံစာေတြကို လုပ္ေနၿပီ။ ဒီႏွစ္ကစၿပီးေတာ့ လူငယ္ေတြ သူတုိ႔ဟာသူတုိ႔ စီးပြားေရးလုပ္ႏုိင္ေအာင္ ရည္ရြယ္ၿပီးေတာ့ (စြန္႔ဦးထြန္ဘာသာ) ေတြကိုလည္း စသင္ေပးမွာျဖစ္တယ္။ ေနာက္ၿပီး သူတုိ႔ကိုယ္ပိုင္ အလုပ္ဖန္တီးႏုိင္ေအာင္ ကၽြန္ေတာ္တုိ႔ေက်ာင္းကို ေထာက္ပံ႔ေပးေနတဲ႔ အဖြဲ႔စည္းတစ္ခုကေန ေငြအရင္းအႏွီး ေလွ်ာက္ႏုိင္မွာျဖစ္တယ္ ” ဟုေျပာသည္။

ဟားခါးၿမိဳ႕တြင္ ဖြင့္လွစ္မည့္ Victoria Academy တြင္ ေက်ာင္းသူေက်ာင္းသား လူဦးေရ (၃၂)ဦးသာ လက္ခံမည္ျဖစ္ၿပီး တကၠသိုလ္ဝင္တန္းေအာင္ျမင္ၿပီးသူ (၁၆)ႏွစ္ျပည့္သူမ်ား ေလ်ွာက္ထားႏုိင္သည္။ ေလ်ွာက္ထားသူမ်ားသည္ သတ္မွတ္ထားေသာ တကၠသိုလ္ဝင္ခြင့္ကိုလည္း ထပ္မံေျဖၾကားေအာင္ျမင္သူျဖစ္ရမွာျဖစ္ေက်ာင္း ေက်ာင္းအုပ္ ဆလုိင္းဗန္က်ဴံးလ်န္ကေျပာသည္။

သူက“အနည္းဆံုး ၁၆ႏွစ္ျပည့္ရမွာျဖစ္တယ္။ အသက္ၾကီးပိုင္းလည္း သူတုိ႔စိတ္ဝင္စားရင္ လာေလ်ွာက္လုိ႔ရတယ္။ ေက်ာင္းကိုအခ်ိန္ျပည့္ တက္ႏုိင္တဲ႔သူလည္းျဖစ္ရမွာျဖစ္တယ္။ တနလၤာေန႔ကေန ေသာၾကာေန႔အထိ ေက်ာင္းပံုမွန္တက္ႏုိင္တဲ႔ လူျဖစ္ရမွာျဖစ္တယ္ ။ ဝင္ခြင့္ကိုလည္း ေျဖရမွာျဖစ္တယ္။ အတန္းလုိက္ႏိုင္ေအာင္ေတာ့ အဂၤလိပ္စာကိုေတာ့ လုိက္ႏုိင္ရမွာျဖစ္တယ္”ဟုေျပာသည္။

Victoria Academy တြင္ သင္ယူရမည့္ ဘာသာရပ္မ်ားမွာ Social Sciences, Information Technology, English Language(4) skills, Numeracy and Learning Skills, Community Development, Social Entrepreneurship တုိ႔ျဖစ္ေၾကာင္း သိရသည္။
Victoria Academy မွ ဘာသာရပ္မ်ားကို ႏွစ္ႏွစ္သင္ၾကားရမည္ျဖစ္ၿပီး ႏွစ္ႏွစ္ၿပီးဆံုးပါက Victoria Academyမွ ေထာက္ခံစာႏွင့္ ထို္င္းႏိုင္ငံ ခ်င္းမုိင္တြင္ရွိေသာ PAYAP University မွ ေထာက္ခံစာတစ္ခု ႏွင့္ စုစုေပါင္း ေထာက္ခံစာႏွစ္ခုရရွိမည္ျဖစ္ေၾကာင္း သိရသည္။

Victoria Academyမွေက်ာင္းအုပ္ ဆလုိင္းဗန္က်ဴံးလ်န္က “အစိုးရမွာလည္း မူဝါဒမရွိဘူးဆိုေတာ့ ေထာက္ခံစာဘဲေပးမွာျဖစ္တယ္။ အဓိက ကၽြန္ေတာ္တုိ႔ရည္ရြယ္တာက NGO မွာျဖစ္ျဖစ္ လူမႈအသိုင္းဝုိင္းမွာျဖစ္ျဖစ္ တကယ့္ကို အသံုးဝင္တဲ႔ လူငယ္ေတြျဖစ္လာမယ္လုိ႔ ကၽြန္ေတာ္တုိ႔က ယံုၾကည္တာျဖစ္တယ္။ သူတုိ႔ဟာနဲ႔ သူတို႔ အလုပ္ရွာတဲ႔ဟာမ်ိဳးမဟုတ္ဘဲနဲ႔ သူတုိ႔ဟာနဲ႔ သူတို႔အလုပ္ဖန္တီးႏုိင္တဲ႔ လူေတြျဖစ္ေပၚလာဖုိ႔ ရည္ရြယ္တာျဖစ္တယ္”ဟုေျပာသည္။

Victoria Academy တြင္ ပထမနွစ္ေက်ာင္းသူ ေက်ာင္းသားမ်ားအတြက္ ေလွ်ာက္လႊာကို ေအာက္တုိဘာလ(၁၅)ရက္ေန႔အထိ ေခၚယူသြားမည္ျဖစ္ေၾကာင္း လည္းသိရသည္။
ယခုကဲ့သို႕ Community College မ်ိဳး ျမန္မာႏုိင္ငံတြင္ ကယားျပည္နယ္၊ ကခ်င္ျပည္နယ္၊ ကရင္ျပည္နယ္၊ ရွမ္းျပည္နယ္တို႕တြင္ ဖြင့္လွစ္ထားေၾကာင္းသိရသည္။

Unicode Version

လူငယ္မ်ား ကိုယ္ပုိင္စီးပြားေရးအခြင့္အလမ္းဖန္တီးႏုိင္ေရးရည္ရြယ္ၿပီး Community College ဟားခါးတြင္ ဖြင့္လွစ္မည္

လူငယ်များ ကိုယ်ပိုင်စီးပွားရေးအခွင့်အလမ်းဖန်တီးနိုင်ရေးရည်ရွယ်ပြီး Community College (Victoria Acedemy) ကိုလာမည့် ၂၀၂၀ ဇန်နဝါရီလမှ စတင်ပြီး ဟားခါးတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ကျောင်းအုပ် ဆလိုင်းဗန်ကျုံးလျန်ကပြောသည်။

ဆလိုင်းဗန်ကျူံးလျန်က “လူမှုသိုင်းအဝို်င်းမှာ အပြောင်းအလဲလုပ်နိုင်တဲ့ လူငယ်တွေများများပေါ်ထွက် လာနိုင်အောင် ဆိုပြီးဒီကျောင်းကို ဖွင့်လှစ်တာဖြစ်တယ်။ ကျောင်းကိုတော့ ၂၀၂၀ ဇန်နဝါရီလမှာ စတင်ကျောင်းဖွင့်မှာဖြစ်တယ်။ အခုကျွန်တော်တို့ ရုံးတွေ ကျောင်းသားထောက်ခံစာတွေကို လုပ်နေပြီ။ ဒီနှစ်ကစပြီးတော့ လူငယ်တွေ သူတို့ဟာသူတို့ စီးပွားရေးလုပ်နိုင်အောင် ရည်ရွယ်ပြီးတော့ (စွန့်ဦးထွန်ဘာသာ) တွေကိုလည်း စသင်ပေးမှာဖြစ်တယ်။ နောက်ပြီး သူတို့ကိုယ်ပိုင် အလုပ်ဖန်တီးနိုင်အောင် ကျွန်တော်တို့ကျောင်းကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့စည်းတစ်ခုကနေ ငွေအရင်းအနှီး လျှောက်နိုင်မှာဖြစ်တယ် ” ဟုပြောသည်။

ဟားခါးမြို့တွင် ဖွင့်လှစ်မည့် Victoria Academy တွင် ကျောင်းသူကျောင်းသား လူဦးရေ (၃၂)ဦးသာ လက်ခံမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ (၁၆)နှစ်ပြည့်သူများ လျှောက်ထားနိုင်သည်။ လျှောက်ထားသူများသည် သတ်မှတ်ထားသော တက္ကသိုလ်ဝင်ခွင့်ကိုလည်း ထပ်မံဖြေကြားအောင်မြင်သူဖြစ်ရမှာဖြစ်ကျောင်း ကျောင်းအုပ် ဆလိုင်းဗန်ကျူံးလျန်ကပြောသည်။

သူက“အနည်းဆုံး ၁၆နှစ်ပြည့်ရမှာဖြစ်တယ်။ အသက်ကြီးပိုင်းလည်း သူတို့စိတ်ဝင်စားရင် လာလျှောက်လို့ရတယ်။ ကျောင်းကိုအချိန်ပြည့် တက်နိုင်တဲ့သူလည်းဖြစ်ရမှာဖြစ်တယ်။ တနင်္လာနေ့ကနေ သောကြာနေ့အထိ ကျောင်းပုံမှန်တက်နိုင်တဲ့ လူဖြစ်ရမှာဖြစ်တယ် ။ ဝင်ခွင့်ကိုလည်း ဖြေရမှာဖြစ်တယ်။ အတန်းလိုက်နိုင်အောင်တော့ အင်္ဂလိပ်စာကိုတော့ လိုက်နိုင်ရမှာဖြစ်တယ်”ဟုပြောသည်။

Victoria Academy တွင် သင်ယူရမည့် ဘာသာရပ်များမှာ Social Sciences, Information Technology, English Language(4) skills, Numeracy and Learning Skills, Community Development, Social Entrepreneurship တို့ဖြစ်ကြောင်း သိရသည်။
Victoria Academy မှ ဘာသာရပ်များကို နှစ်နှစ်သင်ကြားရမည်ဖြစ်ပြီး နှစ်နှစ်ပြီးဆုံးပါက Victoria Academyမှ ထောက်ခံစာနှင့် ထို်င်းနိုင်ငံ ချင်းမိုင်တွင်ရှိသော PAYAP University မှ ထောက်ခံစာတစ်ခု နှင့် စုစုပေါင်း ထောက်ခံစာနှစ်ခုရရှိမည်ဖြစ်ကြောင်း သိရသည်။

Victoria Academyမှကျောင်းအုပ် ဆလိုင်းဗန်ကျူံးလျန်က “အစိုးရမှာလည်း မူဝါဒမရှိဘူးဆိုတော့ ထောက်ခံစာဘဲပေးမှာဖြစ်တယ်။ အဓိက ကျွန်တော်တို့ရည်ရွယ်တာက NGO မှာဖြစ်ဖြစ် လူမှုအသိုင်းဝိုင်းမှာဖြစ်ဖြစ် တကယ့်ကို အသုံးဝင်တဲ့ လူငယ်တွေဖြစ်လာမယ်လို့ ကျွန်တော်တို့က ယုံကြည်တာဖြစ်တယ်။ သူတို့ဟာနဲ့ သူတို့ အလုပ်ရှာတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ သူတို့ဟာနဲ့ သူတို့အလုပ်ဖန်တီးနိုင်တဲ့ လူတွေဖြစ်ပေါ်လာဖို့ ရည်ရွယ်တာဖြစ်တယ်”ဟုပြောသည်။

Victoria Academy တွင် ပထမနှစ်ကျောင်းသူ ကျောင်းသားများအတွက် လျှောက်လွှာကို အောက်တိုဘာလ(၁၅)ရက်နေ့အထိ ခေါ်ယူသွားမည်ဖြစ်ကြောင်း လည်းသိရသည်။
ယခုကဲ့သို့ Community College မျိုး မြန်မာနိုင်ငံတွင် ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ဖွင့်လှစ်ထားကြောင်းသိရသည်။