ကန်ပက်လက်မြို့ပေါ်အတွင်း ဓားပလိုင်း ကိုင်ဆောင်သူများ အရေးယူမည့် ဥပဒေ ဒေသခံအများစုမှ ထောက်ခံ

September 25, 2019 Chin World Media 0

Salai Khup Khup ချင်းပြည်နယ် ကန်ပက်လက်မြို့ပေါ်အတွင်း ရိုးရာ ဓားပလိုင်း နဲ့ လက်နက်ကိုင်ဆောင်သူများကို တရားဥပဒေအရ အရေးယူမည့် ဥပဒေကို ဒေသခံအများစုမှ ထောက်ခံကြကြောင်း သိရသည်။ ကန်ပက်လက်အရပ်ဖက် လူမှုအဖွဲ့အစည်းမှ ဦးမနားရှိန်းက “ထွေအုပ်နဲ့ စည်ပင်တွေဖက်ကနေ ပြီးခဲ့တဲ့အပတ်က လက်နက် ကိုင်ဆောင်မှု ပညာပေး ပိုစတာစိုက်ထူတဲ့ […]

ချင်းပြည်နယ်တွင်း လာမည့်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ခြောက်သောင်းကျော်တိုးမည်

September 24, 2019 Chin World Media 0

ချင်းပြည်နယ်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူမှာ ၂၀၁၅ မဲပေးပိုင်ခွင့်ထက် လူဦးရေ ခြောက်သောင်းကျော် တိုးလာမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးလင်း ကျော်ကပြောသည်။ ရွေးကောက်ပွဲကော်မရှင် အရာရှိ ဦးလင်းကျော်က “လူဦးရေစာရင်းကောက်တဲ့ စာရင်းအရဆိုရင် ၂၀၁၅ စာရင်းက ၂၀၂၀လူဦးစာရင်းနဲ့ဆိုရင် ကွာဟတာက ခြောက်သောင်းကျော်လောက်က ကွာဟပြီး […]

မတူပီမြို့တွင် အခိုးခံရသည့် ဆိုင်ကယ်များ အထောက်ထားဖြင့် ပြန်လည်ရွေးယူနိုင်

September 23, 2019 Chin World Media 0

Salai Khup Khup မတူပီမြို့တွင် အခိုးခံရသည့် ဆိုင်ကယ်များကို အထောက်ထားဖြင့် ပြန်လည်ရွေးယူနိုင်ကြောင်း မတူပီမြို့မရဲစခန်းမှ ရဲတပ်ကြပ် ဦးအောင်မျိုးဝင်းက ပြောသည်။ မတူပီမြို့မရဲစခန်းမှ ဦးအောင်မျိုးဝင်းက “အခုလက်ရှိမိထားတဲ့ လူနှစ်ယောက်ကိုတော့ အမူဖွင့်ထားတယ်။ သူတို့ခိုးတဲ့ထဲကနေ ဆိုင်ကယ်လေးစီးဘဲ သိမ်းထားရသေးတယ်။ ဆိုင်ကယ်ပျောက်တဲ့ သူတွေကတော့ စခန်းကို လာတော့လာတယ်။ လာတဲ့သူတွေက […]

ဗိုလ်ချုပ်ရုပ်ထုထားရှိရေး ဟားခါးအရပ်ဘက်လူမှုအဖွဲ့အစည်း အများစု သဘောမတူ

September 20, 2019 Chin World Media 0

ဟားခါးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ထု ထားရန် စီစဉ်နေမှုနှင့်ပတ်သတ်ပြီး ဟားခါးမြို့ အရပ်ဘက်လူမှုအဖွဲ့အစည်းခေါင်းဆောင်များတွေ့ဆုံဆွေးနွေးခဲ့ကြပြီး အများစုမှ သဘောမတူကြကြောင်းသိရသည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၁၇ရက်နေ့တွင် Hakha Rescue Center (HRC) ရုံးခန်းတွင် ပြုလုပ်ခဲ့ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်းခေါင်းဆောင် ၂၀ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ “အဓိကတော့ ဗိုလ်ချုပ် ရုပ်ထုတည်မယ့် ကိစ္စနှင့်ပတ်သတ်ပြီး […]

လူတိုင်းအကျုံးဝင် အရည်အသွေးမီပညာရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေ ချင်းပြည်နယ်မြို့နယ် လေးခုပါဝင်

September 19, 2019 Chin World Media 0

Salai Benezar လူတိုင်းအကျုံးဝင်မည့် အရည်အသွေးမီပညာရေးလုပ်ငန်းအစီအစဉ်အတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေရယူသွားရန် နိုင်ငံတော်သမ္မတမှ စက်တင်ဘာ ၁၇ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်တွင်တင်သွင်းခဲ့ပြီး အဆိုပါစီမံကိန်းတွင် ချင်းပြည်နယ်အတွင်းမှ မြို့နယ်လေးမြို့နယ် ပါဝင်ကြောင်းသိရသည်။ ချင်းပြည်နယ်တွင် ပလက်ဝမြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မင်းတပ်မြို့နယ်နှင့် ထန်တလန်မြို့နယ်တို့ပါဝင်ခြင်းဖြစ်သည်။ မြို့နယ်အလိုက် ရန်ပုံငွေရရှိမှုမှာ ချေးငွေရရှိပြီးနောက် ပြန်လည် စိစစ်ခွဲတမ်းချမည်ဖြစ်သည်။ […]

သတင်းအချက်အလက်ရယူပိုင်ခွင့် ဥပဒေအမြန်ဆုံးပြဌန်းရန် တိုင်းရင်းမီဒီယာညီလာခံမှတောင်းဆို

September 18, 2019 Chin World Media 0

Salai Khup Khup ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် သုံးရက်ကြာကျင်းပခဲ့သည့် တိုင်းရင်းမီဒီယာညီလာခံမှ သတင်းအချက်အလက်ရယူပိုင်ခွင့် ဥပဒေအမြန်ဆုံးပြဌာန်းရန် တောင်းဆိုလိုက်သည်။ တောင်းဆိုချက်များတွင် ၂၀၂၀ ရွေးကောက်ပွဲတွင် သတင်းရယူခွင့် နယ်မြေနေရာ အကန့်အသတ်မရှိဘဲ လွတ်လပ်စွာ သတင်းသွားရောက်ယူခွင့်ရရှိရန်၊ မီဒီယာဥပဒေ၊ နည်းပညာဥပဒေများကို တိုင်းရင်းသားဘာသာဖြင့် ဘာသာပြန်ဆို ထုတ်ဝေပေးရန်၊ မီဒီယာပံ့ပိုးသူများအနေဖြင့်လည်း ဒေသအခြေစိုက် […]

ရပ်ဆိုင်းထားသည့် NLD ပါတီရုံးပြန်လည်တည်ဆောက်မှု နိုင်ငံတော်အတိုင်ပင်ခံထံ စာပေးပို့သွားမည်

September 18, 2019 Chin World Media 0

Salai Benezar ရပ်ကွက်နေလူထုမှ စိမ့်စမ်းရေထွက်ရှိသည့် နေရာတွင် မင်းတပ်မြို့ NLD ပါတီရုံးတည်ဆောက်မှုကို ကန့် ကွက်ခဲ့ခြင်းကြောင့် လုပ်ငန်းရပ်ဆိုင်းခံထားရသော်လည်း ယခုအခါ တည်ဆောက်မှုလုပ်ငန်း ပြန်လည် စတင် နေပြီဖြစ်သဖြင့် နိုင်ငံတော်အတိုင်ပင်ခံထံ ကန့်ကွက်စာဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း ရေစမ်းဦးမှ ထွက်သည့် စမ့်စမ်းရေ ကိုလက်ရှိသွယ်ယူ သုံးစွဲသူဖြစ်သည့် ချင်းပြည်နယ် စည်ပင်ဝန်ကြီးဟောင်း […]

ပညာရေးဝန်ထမ်းများ ပညာဆက်လက်သင်ယူခွင့်နှင့် ခွင့်လုံလောက်မှုရရေး နံရံကပ်လှုပ်ရှားမှုပြုလုပ်

September 17, 2019 Chin World Media 0

Salai Benezar အခြေခံပညာကျောင်းများတွင် လုပ်ကိုင်နေသည့် ၀န်ထမ်းများအနေဖြင့် ပညာဆက်လက်သင်ယူခွင့်ရရေးနှင့် ခွင့်လုံလုံလောက်လောက်ရရှိနိုင်ရေးအတွက် နံရံကပ် လှုပ်ရှားမှုကို ဟားခါးပညာရေးကောလိပ်တွင် စက်တင်ဘာလ (၁၇) ရက်နေ့တွင် လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ နံရံကပ်လှုပ်ရှားမှုအနေဖြင့် အခြေခံပညာကျောင်းများတွင် လုပ်ကိုင်နေသည့် ၀န်ထမ်းများ၏ အခွင့်အရေးတောင်းဆိုမှုစာတမ်းများကို နံရံများတွင်ကပ်ပြီး ဆန္ဒဖော်ထုတ်ဖော်ထုတ်ကြခြင်းဖြစ်သည်။ “ကျတော်တို့အနေနဲ့ ဒီတစ်ပတ်ထဲမှာဘဲ လှုပ်ရှားမှုတွေလုပ်တယ်၊ အဲဒီမှာ […]

ဟားခါးမြို့တွင် ထားမည့် ဗိုလ်ချုပ်ကြေးရုပ်တုအတွက် နေရာမရှိသေး

September 16, 2019 Chin World Media 0

လွှတ်တော်ရုံးရှေ့ကွန်ကရစ်လမ်းခင်းပေးခဲ့သည့် ကုမ္ပဏီမှ သိန်း ၂၀၀ လှူဒါန်းထားသည့် ဗိုလ်ချုပ်ကြေးရုပ်အတွက် ဟားခါးမြို့တွင် ထားမည့် နေရာသတ်မှတ်ရွေးချယ်ထားခြင်းမရှိသေးကြောင်း သိရသည်။ ဟားခါးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုမှာ ယခုလွှတ်တော်ရုံးနေရာတွင် ရှိခဲ့ပြီး လွှတ်တော်ရုံးတည်ဆောက်ရန် ဖယ်ရှားလိုက်ရသည့်အတွက် ဦးဇိုဘွေနှင့်ဦးအောင်သန်းမှ တာဝန်ယူကာ အလှူငွေကောက်ခံခြင်းဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်မှ ပြောသည်။ စည်ပင်ဝန်ကြီး […]

ကန်ပက်လက်မြို့နယ်တွင်း ဆောင်ရွက်သည့် လုပ်ငန်းအချိန်မှီမပြီးစီးမှုမှာ တင်ဒါခေါ်ယူမှုကြာမြင့်ပြီး အဂတိလိုက်စားမှုများနေခြင်းကြောင့်ဟု ကိုယ်စားလှယ်ထောက်ပြ

September 13, 2019 Chin World Media 0

ကန်ပက်လက်မြို့နယ်တွင် တည်ဆောက်နေသည့် လုပ်ငန်းများ အချိန်မှီမပြီးနိုင်ခြင်းနှင့် အရည်အ သွေး မပြည့်မီနိုင်ခြင်းမှာ တင်တာခေါ်ယူစိစစ်ချိန် ကြာမြှင့်လွန်းပြီး အဂတိလိုက်စားမှု များနေခြင်း ကြောင့်ဟု ကန်ပက်လက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်းက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့သည်။ ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်းက “တည်ဆောက်ရေး […]