မီဇိုရမ်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ အကြား တိုက်ရိုက်လိုင်းဆွဲရန် မီဇိုရမ် အစိုးရစီစဉ်

Salai C.Lian
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ Champhai မြို့မှ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ သို့ တိုက်ရိုက်ကားလိုင်းဆွဲနိုင်ရန် နှစ်နိုင်ငံအစိုးရအကြားစီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် ဒေသအခြေစိုက် မီဒီယာများတွင် ဖော်ပြသည်။

မီဇိုရမ်ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး Pu TJ Lalnuntluang က “ကျွန်တော်တို့ မီဖိုရမ်ပြည်နယ် နဲ့ ကလေးမြို့အကြာား လိုင်းကား တိုက်ရိုက်ဆွဲနိုင်ဖို့ မြန်မာအစိုးရကို တိုက်ရိုက်ဆက်သွယ်ထားတယ်၊ ပြီးတော့ ပြည်ထောင်စုအဆင့် ပြည်ပရေးရာ ၀န်ကြီးဌာနကိုလည်း ဆက်သွယ်ပြီးပြီ၊ သူတို့ကလည်း သဘောတူထားပြီး အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ပြောထားတယ်၊ ဒါကိုကျွန်တော်တို့ မြန်မြန်အကောင်ထည် ဖော်နိုင်မှ တစ်ဖက်က ကိုယ့်လူမျိုးတွေကို အလွယ်တကူဆက်သွယ်နိုင်မယ်” ဟု ပြောသည်။

သူက ဆက်ပြီး “ပြည်ထောင်စုအဆင့် ပြည်ပရေးရာ ၀န်ကြီး Sushma Swaraj ကလည်း လိုအပ်တဲ့ land custom တွေအမြန်ဆုံးလုပ်ဖို့ပြောထားတယ်၊ နောက်ပြီး မြန်မာနိုင်ငံအခြေဆိုက်တဲ့ အိန္ဒိယသံအမတ်ကိုလည်း လိုအပ်သလို အစိုးဘက်ကို ပြောထားဖို့ ပြောထားတယ်” ဟု ပြောသည်။

လက်ရှိအချိန်ထိ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မြန်မာနိုင်ငံဖက်ချိတ်ဆက်သည့် လမ်းကြောင်းအဖြစ် ဖလမ်းမြို့နယ် ရိခေါဒါရ်နယ်စပ်ဂိတ်ဖြစ်ပြီး နှစ်နိုင်ငံအကြား အဓိက ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အသုံးပြုလျက်ရှိသည်။

Unicode Version
