ခ်င္းျပည္နယ္အတြင္း သဘာဝေဘးဒဏ္ခံရေသာ ေက်းရြာအခ်ိဳ႕ကို အေမရိကန္ ေဒၚလာ ၈.၉၉၆ သန္း အသံုးျပဳ၍ ျပန္လည္မြန္းမံထားဟုဆို

Salai Khup Khup

ခ်င္းျပည္နယ္ အသက္ေမြးဝမ္းေက်ာင္း ျပန္လည္ထူေထာင္ေရး အေရးေပၚ ကူညီေထာက္ပံ႔မႈ စီမံကိန္းမွ အေမရိကန္ ေဒၚလာ ၈.၉၉၆ သန္းျဖင့္ သဘာဝေဘးဒဏ္ခံရေသာ ေက်းရြာမ်ား၏ လမ္း၊ တံတားမ်ားျပဳျပင္ အဆင့္ျမွင့္တင္ ေပးခဲ႔ေၾကာင္းသိရသည္။

ဂ်ပန္ႏုိင္ငံ ဆင္းရဲမႈေလ်ာ့ခ်ေရး ရန္ပံုေငြျဖင့္ ခ်င္းျပည္နယ္ အသက္ေမြးဝမ္းေက်ာင္း ျပန္လည္ထူေထာင္ေရး ေရးအေပၚ ကူညီေထာက္ပံ႔မႈ စီမံကိန္းမွ ေထာက္ပံ႔ေငြ အေမရိကန္ေဒၚလာ (၁၀)သန္းအနက္ ေက်းလက္လမ္းမ်ား အဆင့္ျမွင့္တင္ ျခင္းအတြက္ အေမရိကန္ ေဒၚလာ ၈.၉၉၆ သန္းကို အသံုးျပဳခဲ့ေၾကာင္း သိရသည္။

စည္ပင္ဝန္ၾကီး ဦးစိုးထက္က “ေက်းရြာေတြရဲ႕ လိုအပ္ခ်က္ေတြမွာ အသံုးျပဳသြားခဲ့တယ္လုိ႔သိရတယ္။ အနည္းဆံုး ေက်းရြာသံုးရြာေလာက္ကို လိုအပ္တဲ႔ အကူညီေပးဖို႔ျဖစ္တယ္ သဘာဝေဘး ဒဏ္နဲ႔ ဆိုင္တဲ႔ဟာျဖစ္ျဖစ္ လမ္းနဲ႔ ဆုိင္တာျဖစ္ျဖစ္ ခ်င္းျပည္နယ္ ၿမိဳ႕နယ္တစ္ခုကုိ သံုးရြာေလာက္က ေက်းရြာေတြ ကိုအဆင့္ျမွင့္မယ္ ေက်းရြာေတြေရြးတာကေတာ့ အုပ္ခ်ဳပ္ေရးမွဳးေတြက ေရြးခ်ယ္္တယ္ ေနာက္ၿပီး နဂိုစီမံကိန္းေတြမွာ မပါဘဲနဲ႔ က်န္ေနတဲ႔ ရြာသံုးရြာကို ေရြးသြားမယ္လုိ႔ သိရတယ္”ဟုေျပာသည္။

၂၀၁၅ ခုႏွစ္၊ ဇူလုိင္လအတြင္းက ျဖစ္ပြားခဲ႔ေသာ ကိုမန္ဆုိင္ကလုန္းမုန္တုိင္းေၾကာင့္ မိုးသည္းထန္စြာ ရြာသြန္းၿပီး ခ်င္းျပည္နယ္အတြင္း ေျမၿပိဳေဘးအႏၱရာယ္ႏွင့္ ၾကံဳေတြ႔ခဲ႔ရသျဖင့္ အဆုိပါ သဘာဝေဘးေၾကာင့္ ပ်က္စီးသြားေသာ ေက်းလက္အေျခခံ အေဆာက္အအံုမ်ား၊ လမ္းမ်ားျပန္လည္ ထူေထာင္ႏုိင္ရန္အတြက္ ေက်းလက္ဦးစီးဌာနမွ ADBထံအကူညီ ေတာင္းခံခဲ႔ရာ ဂ်ပန္ႏုိင္ငံ ဆင္းရဲမႈ ေလ်ာ့ခ်ေရးရန္ပံုေငြ အေမရိကန္ေဒၚလာ (၁၀) သန္းေထာက္ပံ႔ကူညီေပးခဲ႔သည္။

ခ်င္းျပည္နယ္ အသက္ေမြးဝမ္းေက်ာင္း ျပန္လည္ထူေထာင္ေရး အေရးေပၚ ကူညီေထာက္ပံ႔မႈ စီမံကိန္းမွ အေမရိကန္ ေဒၚလာ ၈.၉၉၆ သန္းျဖင့္ လမ္း၊ တံတားမ်ားေကာင္းမြန္ေရး၊ ေရရရွိေရး၊ မီးရရွိေရးတို႔ကို အေကာင္ထည္ေဖာ္ ေဆာင္ရြက္ခဲ့ျငခ္းျဖစ္ေၾကာင္းသိရသည္။

Unicode Version

ချင်းပြည်နယ်အတွင်း သဘာဝဘေးဒဏ်ခံရသော ကျေးရွာအချို့ကို အမေရိကန် ဒေါ်လာ ၈.၉၉၆ သန်း အသုံးပြု၍ ပြန်လည်မွန်းမံထားဟုဆို

Salai Khup Khup

ချင်းပြည်နယ် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး အရေးပေါ် ကူညီထောက်ပံ့မှု စီမံကိန်းမှ အမေရိကန် ဒေါ်လာ ၈.၉၉၆ သန်းဖြင့် သဘာဝဘေးဒဏ်ခံရသော ကျေးရွာများ၏ လမ်း၊ တံတားများပြုပြင် အဆင့်မြှင့်တင် ပေးခဲ့ကြောင်းသိရသည်။

ဂျပန်နိုင်ငံ ဆင်းရဲမှုလျော့ချရေး ရန်ပုံငွေဖြင့် ချင်းပြည်နယ် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး ရေးအပေါ် ကူညီထောက်ပံ့မှု စီမံကိန်းမှ ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ (၁၀)သန်းအနက် ကျေးလက်လမ်းများ အဆင့်မြှင့်တင် ခြင်းအတွက် အမေရိကန် ဒေါ်လာ ၈.၉၉၆ သန်းကို အသုံးပြုခဲ့ကြောင်း သိရသည်။

စည်ပင်ဝန်ကြီး ဦးစိုးထက်က “ကျေးရွာတွေရဲ့ လိုအပ်ချက်တွေမှာ အသုံးပြုသွားခဲ့တယ်လို့သိရတယ်။ အနည်းဆုံး ကျေးရွာသုံးရွာလောက်ကို လိုအပ်တဲ့ အကူညီပေးဖို့ဖြစ်တယ် သဘာဝဘေး ဒဏ်နဲ့ ဆိုင်တဲ့ဟာဖြစ်ဖြစ် လမ်းနဲ့ ဆိုင်တာဖြစ်ဖြစ် ချင်းပြည်နယ် မြို့နယ်တစ်ခုကို သုံးရွာလောက်က ကျေးရွာတွေ ကိုအဆင့်မြှင့်မယ် ကျေးရွာတွေရွေးတာကတော့ အုပ်ချုပ်ရေးမှုးတွေက ရွေးချယ်တယ် နောက်ပြီး နဂိုစီမံကိန်းတွေမှာ မပါဘဲနဲ့ ကျန်နေတဲ့ ရွာသုံးရွာကို ရွေးသွားမယ်လို့ သိရတယ်”ဟုပြောသည်။

၂၀၁၅ ခုနှစ်၊ ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့သော ကိုမန်ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ချင်းပြည်နယ်အတွင်း မြေပြိုဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသဖြင့် အဆိုပါ သဘာဝဘေးကြောင့် ပျက်စီးသွားသော ကျေးလက်အခြေခံ အဆောက်အအုံများ၊ လမ်းများပြန်လည် ထူထောင်နိုင်ရန်အတွက် ကျေးလက်ဦးစီးဌာနမှ ADBထံအကူညီ တောင်းခံခဲ့ရာ ဂျပန်နိုင်ငံ ဆင်းရဲမှု လျော့ချရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၀) သန်းထောက်ပံ့ကူညီပေးခဲ့သည်။

ချင်းပြည်နယ် အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး အရေးပေါ် ကူညီထောက်ပံ့မှု စီမံကိန်းမှ အမေရိကန် ဒေါ်လာ ၈.၉၉၆ သန်းဖြင့် လမ်း၊ တံတားများကောင်းမွန်ရေး၊ ရေရရှိရေး၊ မီးရရှိရေးတို့ကို အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ငြခ်းဖြစ်ကြောင်းသိရသည်။