ေက်ာင္းသူ/သား ရာဂဏန္းဖ်ားနာ၍ ပိတ္ထားခဲ့သည့္ေက်ာင္း ယေန႕ျပန္ဖြင့္

Salai Khup Khup
တီးတိန္ၿမိဳ႕နယ္ ဖုိင္ဇာေက်းရြာတြင္ ေက်ာင္းသူေက်ာင္းသား တစ္ရာေက်ာ္ ဖ်ားနာသျဖင့္ စက္တင္ဘာလ(၆) ရက္ေန႔မွစၿပီး ေက်ာင္းပိတ္ထားခဲ့ရေသာ္လည္း ယေန႔ျပည္လည္ ဖြင့္ၿပီ ျဖစ္ေၾကာင္းသိရသည္။

ဖုိင္ဇာေက်းရြာ အေျခခံပညာ အထက္တန္္းေက်ာင္း(ခြဲ)တြင္ ေက်ာင္းသူေက်ာင္းသား ၂၃၀ ဦးရွိ သည့္ အနက္ တစ္ရာေက်ာ္ ေက်ာင္းသူေက်ာင္းသားမ်ားမွာ ဆင္တုပ္ေကြးျဖင့္ ဖ်ားနာျခင္းေၾကာင့္ ေက်ာင္းကို ပိတ္ထားခဲ့ရျခင္းျဖစ္သည္။

ဖိုင္ဇာေက်းရြာ ေဒသခံ ေက်ာင္းသားမိဘျဖစ္သူ ဦးခိုင္ရွန္းက “ၿပီးခဲ႔တဲ႔ပတ္ေသာၾကာေန႔က တစ္ရက္ေတာ့ ပိတ္လုိက္ရတယ္။ ေက်ာင္းသူ ေက်ာင္းသား တစ္ရာေက်ာ္ ဖ်ားလုိ႔ ေက်ာင္းတစ္ရက္ေတာ့ ပိတ္ထားလုိက္ရတယ္။ ဒီေန႔ေတာ့ ေက်ာင္းျပန္ဖြင့္ၿပီ။ ဒါေပမဲ႔ ေက်ာင္းသူေက်ာင္းသား တစ္၀က္ေလာက္ဘဲ ေက်ာင္းတက္ႏုိင္တယ္လုိ႔သိရတယ္”ဟုေျပာသည္။

တီးတိန္ၿမိဳ႕နယ္ ဖိုင္ဇာေက်းရြာတြင္ အိမ္ေျခ(၁၇၉)အိမ္ရွိၿပီး ဖိုင္ဇာေက်းရြာေန ေက်ာင္းသူေက်ာင္းသားမ်ားတြင္ ဆင္တုပ္ေကြးျဖစ္ပြားေၾကာင္း ေက်းရြာရွိ ေဆးကုသေပးေနသူ ေဆးဖက္ဆုိင္ရာ ဝန္ထမ္းမ်ား ေျပာျပခ်က္အရ သိရွိရေၾကာင္း ဦးခိုင္ရွင္းကေျပာသည္။

ဖိုင္ဇာေက်းရြာတြင္ ေက်ာင္းသူေက်ာင္းသားထက္၀က္ဖ်ားနာၿပီး ေက်ာင္းမတက္ႏုိင္ျခင္းေၾကာင့္ ေက်ာင္းစာမလုိက္ႏုိင္မည္စိုးရိမ္၍ ေက်ာင္းကိုေခတၱပိတ္ထားရျခင္းျဖစ္ေၾကာင္းသိရသည္။

Unicode Version
ကျောင်းသူ/သား ရာဂဏန်းဖျားနာ၍ ပိတ်ထားခဲ့သည့်ကျောင်း ယနေ့ပြန်ဖွင့်
တီးတိန်မြို့နယ် ဖိုင်ဇာကျေးရွာတွင် ကျောင်းသူကျောင်းသား တစ်ရာကျော် ဖျားနာသဖြင့် စက်တင်ဘာလ(၆) ရက်နေ့မှစပြီး ကျောင်းပိတ်ထားခဲ့ရသော်လည်း ယနေ့ပြည်လည် ဖွင့်ပြီ ဖြစ်ကြောင်းသိရသည်။
ဖိုင်ဇာကျေးရွာ အခြေခံပညာ အထက်တန််းကျောင်း(ခွဲ)တွင် ကျောင်းသူကျောင်းသား ၂၃၀ ဦးရှိ သည့် အနက် တစ်ရာကျော် ကျောင်းသူကျောင်းသားများမှာ ဆင်တုပ်ကွေးဖြင့် ဖျားနာခြင်းကြောင့် ကျောင်းကို ပိတ်ထားခဲ့ရခြင်းဖြစ်သည်။
ဖိုင်ဇာကျေးရွာ ဒေသခံ ကျောင်းသားမိဘဖြစ်သူ ဦးခိုင်ရှန်းက “ပြီးခဲ့တဲ့ပတ်သောကြာနေ့က တစ်ရက်တော့ ပိတ်လိုက်ရတယ်။ ကျောင်းသူ ကျောင်းသား တစ်ရာကျော် ဖျားလို့ ကျောင်းတစ်ရက်တော့ ပိတ်ထားလိုက်ရတယ်။ ဒီနေ့တော့ ကျောင်းပြန်ဖွင့်ပြီ။ ဒါပေမဲ့ ကျောင်းသူကျောင်းသား တစ်ဝက်လောက်ဘဲ ကျောင်းတက်နိုင်တယ်လို့သိရတယ်”ဟုပြောသည်။
တီးတိန်မြို့နယ် ဖိုင်ဇာကျေးရွာတွင် အိမ်ခြေ(၁၇၉)အိမ်ရှိပြီး ဖိုင်ဇာကျေးရွာနေ ကျောင်းသူကျောင်းသားများတွင် ဆင်တုပ်ကွေးဖြစ်ပွားကြောင်း ကျေးရွာရှိ ဆေးကုသပေးနေသူ ဆေးဖက်ဆိုင်ရာ ဝန်ထမ်းများ ပြောပြချက်အရ သိရှိရကြောင်း ဦးခိုင်ရှင်းကပြောသည်။
ဖိုင်ဇာကျေးရွာတွင် ကျောင်းသူကျောင်းသားထက်ဝက်ဖျားနာပြီး ကျောင်းမတက်နိုင်ခြင်းကြောင့် ကျောင်းစာမလိုက်နိုင်မည်စိုးရိမ်၍ ကျောင်းကိုခေတ္တပိတ်ထားရခြင်းဖြစ်ကြောင်းသိရသည်။