ဟားခါးၿမိဳ႕တြင္ တုိင္ၾကားခံရသည့္ ေျမကြက္ေရာင္းသူမ်ားအမႈ အခ်ိန္ၾကာ စိစစ္ရမည္ဟုဆုိ

Photo: The Chinland Post

Salai Khup Khup

ဟားခါးၿမိဳ႕တြင္ အစိုးရမွ ေဆာင္ရြက္ေနသည့္ ၿမိဳ႕ျပစီမံကိန္းအတြင္း ေျမအေရာင္းအဝယ္ ျပဳလုပ္ခဲ့သူမ်ား ဟုယူဆရသည့္ (၆)ဦးကို ျပည္သူပိုင္ ပစၥည္း အလြဲစားသံုးမူ ပုပ္မ ၆(၁)ျဖင့္ ဟားခါးၿမိဳ႕မ ရဲစခန္းမွ အဖြင့္ထားေၾကာင္း စခန္းမွဴး သိန္းေဇာ္ဦးက ေျပာသည္။

စခန္းမွဴး ဦးသိန္းေဇာ္ဦးက “အဲလိုေရာင္းခ်တဲ႔သူေတြ ေျခာက္ဦးကိုေတာ့ ျပည္သူပိုင္ ၆(၁)ပုဒ္မနဲ႔ အမူဖြင့္ထားတယ္ အေသးစိတ္ေတာ့ မလုပ္ရေသးဘူး။ အမႈလာဖြင့္ထားလုိ႔ စစ္ေဆးေနဆဲ ကာလျဖစ္တယ္။ လူေတာ္ေတာ္မ်ားမ်ား စစ္ေဆးရဦးမွာဆုိေတာ့ အခ်ိန္ေတာ့ ယူရဦးမယ္”ဟုေျပာသည္။

ဟားခါးၿမိဳ႕ႈ ၿမိဳ႕ျပစီမံကိန္းအတြင္း ေျမအေရာင္းဝယ္ လုပ္သူမ်ားဟု ယူဆၿပီး အဖမ္းဆီးခံရသူမ်ားသည္ Pu Zung Mang၊ Pu Bawi Awr၊ Pu Chan Thleng၊ Rev. Dr Hrang kil၊ Pu Hmet Al ႏွင့္ Pi Ngun Par တို႔ျဖစ္ၾကေၾကာင္း သိရွိရသည္။

ဟားခါးၿမဳိ႕ ၿမိဳ႕ျပစီမံကိန္း စည္ပင္ဧရိယာ ဧက ၆၇၆ တြင္ ရွိသည့္ အိမ္မ်ားကို ၾသဂုတ္လ(၂၀)ရက္ေန႔တြင္ ခ်င္းျပည္နယ္အစိုးရမွ က်ဴးေက်ာ္အိမ္မ်ားဟု သတ္မွတ္ကာ စက္ၾကီးမ်ားႏွင့္ ဖ်က္စီးခဲ႔ၿပီး ၎ ၆၇၆ဧကတြင္ အစိုးရမွ အကြက္ေပါင္း (၇၁၇)ကြက္ေဖာ္ၿပီး အစိုးရေနျဖင့္ ေရာင္းခ်ရန္ျပင္ဆင္လ်က္ရွိသည္။

အဆိုပါ ၿမိဳ႕ျပစီမံကိန္းအတြင္း ေျမကြက္ဝယ္လုိသူမ်ားမွ ေျမကြက္ဝယ္ယူရန္ အစိုးရတြင္ ေလွ်ာက္လႊာမ်ားတင္ကာ ဝယ္ယူၾကရမည္ျဖစ္ၿပီး ေျမကြက္ေရာင္းခ်မူမွရရွိေသာ ေငြေၾကးျဖင့္ လမ္းမ်ားျပဳျပင္ရာတြင္ အသံုးျပဳသြားမွာျဖစ္ေၾကာင္းလည္း သိရသည္။

Unicode Version
ဟားခါးမြို့တွင် တိုင်ကြားခံရသည့် မြေကွက်ရောင်းသူများအမှု အချိန်ကြာ စိစစ်ရမည်ဟုဆို

ဟားခါးမြို့တွင် အစိုးရမှ ဆောင်ရွက်နေသည့် မြို့ပြစီမံကိန်းအတွင်း မြေအရောင်းအဝယ် ပြုလုပ်ခဲ့သူများ ဟုယူဆရသည့် (၆)ဦးကို ပြည်သူပိုင် ပစ္စည်း အလွဲစားသုံးမူ ပုပ်မ ၆(၁)ဖြင့် ဟားခါးမြို့မ ရဲစခန်းမှ အဖွင့်ထားကြောင်း စခန်းမှူး သိန်းဇော်ဦးက ပြောသည်။
စခန်းမှူး ဦးသိန်းဇော်ဦးက “အဲလိုရောင်းချတဲ့သူတွေ ခြောက်ဦးကိုတော့ ပြည်သူပိုင် ၆(၁)ပုဒ်မနဲ့ အမူဖွင့်ထားတယ် အသေးစိတ်တော့ မလုပ်ရသေးဘူး။ အမှုလာဖွင့်ထားလို့ စစ်ဆေးနေဆဲ ကာလဖြစ်တယ်။ လူတော်တော်များများ စစ်ဆေးရဦးမှာဆိုတော့ အချိန်တော့ ယူရဦးမယ်”ဟုပြောသည်။
ဟားခါးမြို့ှု မြို့ပြစီမံကိန်းအတွင်း မြေအရောင်းဝယ် လုပ်သူများဟု ယူဆပြီး အဖမ်းဆီးခံရသူများသည် Pu Zung Mang၊ Pu Bawi Awr၊ Pu Chan Thleng၊ Rev. Dr Hrang kil၊ Pu Hmet Al နှင့် Pi Ngun Par တို့ဖြစ်ကြကြောင်း သိရှိရသည်။
ဟားခါးမြို့ မြို့ပြစီမံကိန်း စည်ပင်ဧရိယာ ဧက ၆၇၆ တွင် ရှိသည့် အိမ်များကို သြဂုတ်လ(၂၀)ရက်နေ့တွင် ချင်းပြည်နယ်အစိုးရမှ ကျူးကျော်အိမ်များဟု သတ်မှတ်ကာ စက်ကြီးများနှင့် ဖျက်စီးခဲ့ပြီး ၎င်း ၆၇၆ဧကတွင် အစိုးရမှ အကွက်ပေါင်း (၇၁၇)ကွက်ဖော်ပြီး အစိုးရနေဖြင့် ရောင်းချရန်ပြင်ဆင်လျက်ရှိသည်။
အဆိုပါ မြို့ပြစီမံကိန်းအတွင်း မြေကွက်ဝယ်လိုသူများမှ မြေကွက်ဝယ်ယူရန် အစိုးရတွင် လျှောက်လွှာများတင်ကာ ဝယ်ယူကြရမည်ဖြစ်ပြီး မြေကွက်ရောင်းချမူမှရရှိသော ငွေကြေးဖြင့် လမ်းများပြုပြင်ရာတွင် အသုံးပြုသွားမှာဖြစ်ကြောင်းလည်း သိရသည်။