ခ်င္းတုိင္းရင္းသား တစ္ဦး ေနအိမ္တြင္ ဓားခုတ္အသတ္ခံရ

ရခုိင္ျပည္နယ္ အမ္းၿမိဳ႕နယ္ မဲလက္ေမာင္းေက်းရြာေန ခ်င္းတုိင္းရင္းသားျဖစ္သူ ဦးခိုင္ (၃၉)ႏွစ္ သည္ စက္တင္ဘာလ (၉)ရက္ေန႔ ညက ေနအိမ္အတြင္း ဓားျဖင့္ခုတ္သတ္ခံခဲ႔ရေၾကာင္း သိရွိရသည္။
ေဒသခံတစ္ဦးေျပာျပခ်က္အရ “မဲလက္ေမာင္းေက်းရြာေန အသက္ ၃၉ႏွစ္အရြယ္ ခ်င္းတုိင္းရင္းသား တစ္ဦးျဖစ္တဲ႔ ဦးခုိင္လည္း ည ၁၂နာရီေက်ာ္ေလာက္မွာ သူ႔ေနအိမ္မွာဘဲ ဓားနဲ႔ အခုတ္ခံရၿပီးေသဆံုးတယ္။ ေနာက္ၿပီး သူ႔မိန္းမကိုလည္း ထိုးၾကိတ္ခဲ႔ဲၾကတယ္။ သူတို႔ကေလးကိုေတာ့ ဘာမွေတာ့မလုပ္ဘူးလို႔ သိရတယ္။ အခုလုိအသတ္ခံရတာဟာ AAအဖြဲ႔ေတြရဲ႕ လုပ္ေဆာင္ခ်က္ ျဖစ္တယ္ လုိ႔ေတာ့ တပ္မေတာ္သတင္း ျပန္ၾကားေရးကေတာ့ ေျပာထားတယ္”ဟုေျပာသည္။
မဲေလာက္ေက်းရြာေန ခ်င္းတုိင္းရင္းသားျဖစ္သူ ဦးခိုင္အသတ္ခံရျခင္းႏွင့္ ပက္သက္ၿပီး ရကၡိဳင့္တပ္မေတာ္(AA) လက္ခ်က္ဟု ယူဆရေၾကာင္း ျမန္မာတပ္မေတာ္ သတင္းျပန္ထားသည္။
အလားတူ ရခုိင္ျပည္နယ္ ေျမပံုၿမိဳ႕နယ္ ကမ္းေထာင္းၾကီးၿမိဳ႕တြင္လည္း စက္တင္ဘာ (၁၀)ရက္ေန႔ နံနက္အေစာပိုင္းတြင္ သဲကမ္းေထာင္းေက်းရြာ အမ္းၿမိဳ႕နယ္တြင္ ေနထိုင္သူ ရခိုင္အမ်ိဳးသား ႏွစ္ဦးအား ေခါင္းျဖတ္အသတ္ခံရသည့္ အေလာင္းႏွစ္ေလာင္းကိုလည္း ေတြ႔ရွိရသည္။
အဆုိပါ လူသတ္မူနဲ႔ ပက္သက္ၿပီး ရဲစခန္းတြင္ အမူဖြင့္ထားၿပီး အေသးစိတ္စံုစမ္း စစ္ေဆးခ်က္မ်ားကို ေဆာင္ရြက္လ်က္ရွိေၾကာင္းလည္း သိရွိရပါသည္။
ရခိုင္ျပည္နယ္အတြင္း ၂၀၁၉ခုႏွစ္ မတ္ ၁၉ရက္တြင္လည္း ပလက္ဝၿမိဳ႕နယ္ ထရြန္အုိင္ေက်းရြာသား တစ္ဦးလည္း အဆုိပါျဖစ္ရပ္မ်ိဳးျဖင့္ အသတ္ခံရဖူးေၾကာင္း သိရသည္။

Unicode Version
ချင်းတိုင်းရင်းသား တစ်ဦး နေအိမ်တွင် ဓားခုတ်အသတ်ခံရ
ရခိုင်ပြည်နယ် အမ်းမြို့နယ် မဲလောက်ကျေးရွာနေ ချင်းတိုင်းရင်းသားဖြစ်သူ ဦးခိုင် (၃၉)နှစ် သည် စက်တင်ဘာလ (၉)ရက်နေ့ ညက နေအိမ်အတွင်း ဓားဖြင့်ခုတ်သတ်ခံခဲ့ရကြောင်း သိရှိရသည်။
ဒေသခံတစ်ဦးပြောပြချက်အရ “မဲလက်မောင်းကျေးရွာနေ အသက် ၃၉နှစ်အရွယ် ချင်းတိုင်းရင်းသား တစ်ဦးဖြစ်တဲ့ ဦးခိုင်လည်း ည ၁၂နာရီကျော်လောက်မှာ သူ့နေအိမ်မှာဘဲ ဓားနဲ့ အခုတ်ခံရပြီးသေဆုံးတယ်။ နောက်ပြီး သူ့မိန်းမကိုလည်း ထိုးကြိတ်ခဲ့ဲကြတယ်။ သူတို့ကလေးကိုတော့ ဘာမှတော့မလုပ်ဘူးလို့ သိရတယ်။ အခုလိုအသတ်ခံရတာဟာ AAအဖွဲ့တွေရဲ့ လုပ်ဆောင်ချက် ဖြစ်တယ် လို့တော့ တပ်မတော်သတင်း ပြန်ကြားရေးကတော့ ပြောထားတယ်”ဟုပြောသည်။
မဲလောက်ကျေးရွာနေ ချင်းတိုင်းရင်းသားဖြစ်သူ ဦးခိုင်အသတ်ခံရခြင်းနှင့် ပက်သက်ပြီး ရက္ခိုင့်တပ်မတော်(AA) လက်ချက်ဟု ယူဆရကြောင်း မြန်မာတပ်မတော် သတင်းပြန်ထားသည်။
အလားတူ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့တွင်လည်း စက်တင်ဘာ (၁၀)ရက်နေ့ နံနက်အစောပိုင်းတွင် သဲကမ်းထောင်းကျေးရွာ အမ်းမြို့နယ်တွင် နေထိုင်သူ ရခိုင်အမျိုးသား နှစ်ဦးအား ခေါင်းဖြတ်အသတ်ခံရသည့် အလောင်းနှစ်လောင်းကိုလည်း တွေ့ရှိရသည်။
အဆိုပါ လူသတ်မူနဲ့ ပက်သက်ပြီး ရဲစခန်းတွင် အမူဖွင့်ထားပြီး အသေးစိတ်စုံစမ်း စစ်ဆေးချက်များကို ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရှိရပါသည်။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၉ခုနှစ် မတ် ၁၉ရက်တွင်လည်း ပလက်ဝမြို့နယ် ထရွန်အိုင်ကျေးရွာသား တစ်ဦးလည်း အဆိုပါဖြစ်ရပ်မျိုးဖြင့် အသတ်ခံရဖူးကြောင်း သိရသည်။