ၿမိဳ႕နယ္ ၁၇ ခုအတြက္ အသံုးျပဳမည့္ ကန္ေဒၚလာ ၂၄၀ အနက္ ခ်င္းျပည္နယ္မွ ၄ ၿမိဳ႕နယ္ပါ၀င္

Salai Benezar Bawi

ျမန္မာႏိုင္ငံရွိ ၿမဳိ႕နယ္ ၁၇ခုတြင္ လူထုဖြံ႔ျဖဳိးေရးစီမံကိန္း လုပ္ေဆာင္ရန္အတြက္ အစိုးရမွ အေမရိကန္ေဒၚလာ သန္း ၂၄၀ သံုးစြဲသြားမည္ျဖစ္ၿပီး ေခ်းေငြရယူရန္ လႊတ္ေတာ္၏ သေဘာတူညီခ်က္ ရႏုိင္ေရး ေစာင့္ဆိုင္းေနေၾကာင္း စက္တင္ဘာ ၉ရက္ေန႔တြင္ က်င္းပခဲ့သည့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေ၀းတြင္ စိုက္ပ်ဳိးေရး၊ ဆည္ေျမာင္းႏွင့္ ေမြးျမဴေရး၀န္ႀကီးဌာန ဒု၀န္ႀကီး ဦးလွေက်ာ္မွ တင္ျပခဲ့သည္။
ျမန္မာႏိုင္ငံသည္ သဘာဝေဘးအႏၱရာယ္က်ေရာက္မႈအျမင့္ဆံုးႏိုင္ငံစာရင္းတြင္ပါဝင္ေနၿပီး ေရရွည္တည္တ့ံသည့္ ေက်းလက္ဖြ႔ံျဖိဳးေရးႏွင့္ဆင္းရဲမႈေလွ်ာ့ခ်ေရးတြင္ သဘာဝေဘးေလွ်ာ့ခ်ကာကြယ္ေရးကိုတစ္ပါထဲေဆာင္ရြက္သည့္အေနျဖင့္ တံု႔ျပန္ႏိုင္စြမ္းေကာင္းတဲ့ လူထုဖြံ႔ၿဖဳိးေရးစီမံကိန္းကို ေဆာင္ရြက္ရျခင္းျဖစ္ေၾကာင္း ဒု၀န္ႀကီး တင္ျပခ်က္အရသိရသည္။
“စီမံကိန္းအား ပိုမိုထိေရာက္မႈရွိေစရန္ သဘာ၀ေဘးအႏၱရာယ္ ထိခိုက္လြယ္တဲ့ၿမဳိ႕နယ္မ်ားကိုစုစည္းမႈ၊ ယခင္က ေဘးအႏၱရာယ္က်ေရာက္ခဲ့မႈ၊ ရာသီဥတုေျပာင္းလဲမႈေၾကာင့္ ေနာင္အနာဂတ္မွာ သဘာ၀ေဘးအႏၱရာယ္က်ေရာက္ႏိုင္ေျခ မွန္းဆမႈ၊ ၂၀၁၄ သန္းေခါင္းစားရင္းအရ ေဖာ္ျပထားတဲ့ သဘာ၀ေဘးအႏၱရာယ္ရင္ဆိုင္ႏိုင္စြမ္းအား နည္းပါးမႈ ညႊန္းကိန္းမ်ား စသည့္အခ်က္မ်ားေပၚတြင္အေျခခံၿပီး ေရြးခ်ယ္ထားပါတယ္” ဒု၀န္ႀကီး ဦးလွေက်ာ္မွ တင္ျပခဲ့သည္။
အဆိုပါ တံု႔ျပန္ႏိုင္စြမ္းေကာင္းသည့္ လူထုဖြံ႔ၿဖဳိးေရးစီမံကိန္းတြင္ ပါ၀င္သည့္ ၿမဳိ႕နယ္မ်ားမွာ ခ်င္းျပည္နယ္ရွိဖလမ္း၊ဟားခါး၊ထန္တလန္ႏွင့္တီးတိန္၊ ဧရာဝတီတိုင္းရွိဖ်ာပံု၊လပၸတၱာ၊ဘိုကေလး၊တနသၤာရီတိုင္းရွိေလာင္းလံု၊ေရျဖဴ၊သရက္ေခ်ာင္း၊စစ္ကိုင္းတိုင္းရွိမင္းကင္း၊ေမာ္လိုက္၊ေဖာင္းျပင၊္ကေလးဝ၊ေလရွီး၊လဟယ္ႏွင့္နန္းယြန္းတို႔တြင္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။
တံု႔ျပန္ႏိုင္စြမ္းေကာင္းသည့္ လူထုဖြံ႔ၿဖဳိးေရးစီမံကိန္းကို အပိုင္းသံုးပိုင္းျဖင့္ေဆာင္ရြက္သြားမည္ျဖစ္ၿပီး အပိုင္း ၁ အေနျဖင့္ ဖ်ာပံု၊ ဟားခါး၊ လဟယ္၊ ကေလး၀ ႏွင့္ ေလာင္းလံုၿမဳိ႕နယ္မ်ားတြင္ ၂၀၂၀-၂၀၂၃ခုႏွစ္အထိ ပထမဆံုးအေနျဖင့္ ေဆာင္ရြက္သြားမည္ျဖစ္ကာ ၂၀၂၆ခုႏွစ္အထိ က်န္သည့္ၿမဳိ႕နယ္မ်ားကို အပိုင္းလိုက္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။
စီမံကိန္းတြင္ ေက်းရြာအေျခခံအေဆာက္အအံု ဖြံ႔ျဖဳိးေရးလုပ္ငန္းမ်ား၊ အသက္ေမြး၀မ္းေၾကာင္း ဖြံ႔ျဖဳိးေရးလုပ္ငန္းမ်ား၊ စြမ္းေဆာင္ရည္ျမွင့္တင္ေရးလုပ္ငန္းမ်ားကို ေဆာင္ရြက္သြားမည္ျဖစ္ၿပီး စီမံကိန္းလုပ္ငန္းမ်ားေဆာင္ရြက္ရာတြင္ ျပည္သူအေျချပဳဖြံ႔ျဖိဳးေရးနည္းလမ္းျဖင့္ေဆာင္ရြက္မည္ျဖစ္ျပီး ေက်းရြာလူထုက ၎တို႔၏လိုအပ္ခ်က္မ်ားကို အမ်ားသေဘာတူေရြးခ်ယ္ေဆာင္ရြက္ရမည္ဟု သိရသည္။
စီမံကိန္းအတြက္လ်ာထားေငြ ကန္ေဒၚလာ သန္း၂၄၀ေက်ာ္တြင္ လူထုသို႔ တိုက္ရိုက္ေထာက္ပံ့ေငြမွာ ေဒၚလာ ၁၅၆သန္းအထိရွိမည္ျဖစ္ၿပီး က်န္သည့္ရန္ပံုေငြမ်ားကို စြမ္းေဆာင္ရည္ျမင့္သင္တန္းႏွင့္ စည္းရံုးလႈံ႕ေဆာ္ျခင္း၊ နည္းပညာအၾကံေပးဌားရမ္းျခင္း၊ အေကာင္အထည္ေဖာ္ေရးဆိုင္ရာအသံုးစားရိတ္မ်ားတြင္ အသံုးျပဳသြားမည္ဟု ဒု၀န္ႀကီးမွ ရွင္းလင္းသည္။
အဆိုပါစီမံကိန္း အေကာင္အထည္ေဖာ္ႏိုင္ပါက ျမိဳ႔နယ္ ၁၇ ခုရွိေက်းရြာေပါင္း သံုးေထာင္နီးပါးမွ လူဦးေရ ၂ သန္းနီးပါးအက်ိဳးေက်းဇူးခံစားရမည္ဟု အစိုးရမွ ေမွ်ာ္မွန္းထားေၾကာင္းသိရသည္။

Unicode Version

မြို့နယ် ၁၇ ခုအတွက် အသုံးပြုမည့် ကန်ဒေါ်လာ ၂၄၀ အနက် ချင်းပြည်နယ်မှ ၄ မြို့နယ်ပါဝင်

မြန်မာနိုင်ငံရှိ မြို့နယ် ၁၇ခုတွင် လူထုဖွံ့ဖြိုးရေးစီမံကိန်း လုပ်ဆောင်ရန်အတွက် အစိုးရမှ အမေရိကန်ဒေါ်လာ သန်း ၂၄၀ သုံးစွဲသွားမည်ဖြစ်ပြီး ချေးငွေရယူရန် လွှတ်တော်၏ သဘောတူညီချက် ရနိုင်ရေး စောင့်ဆိုင်းနေကြောင်း စက်တင်ဘာ ၉ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် စိုက်ပျိုးရေး၊ ဆည်မြောင်းနှင့် မွေးမြူရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးလှကျော်မှ တင်ပြခဲ့သည်။
မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်ကျရောက်မှုအမြင့်ဆုံးနိုင်ငံစာရင်းတွင်ပါဝင်နေပြီး ရေရှည်တည်တံ့သည့် ကျေးလက်ဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျှော့ချရေးတွင် သဘာဝဘေးလျှော့ချကာကွယ်ရေးကိုတစ်ပါထဲဆောင်ရွက်သည့်အနေဖြင့် တုံ့ပြန်နိုင်စွမ်းကောင်းတဲ့ လူထုဖွံ့ဖြိုးရေးစီမံကိန်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဒုဝန်ကြီး တင်ပြချက်အရသိရသည်။
“စီမံကိန်းအား ပိုမိုထိရောက်မှုရှိစေရန် သဘာဝဘေးအန္တရာယ် ထိခိုက်လွယ်တဲ့မြို့နယ်များကိုစုစည်းမှု၊ ယခင်က ဘေးအန္တရာယ်ကျရောက်ခဲ့မှု၊ ရာသီဥတုပြောင်းလဲမှုကြောင့် နောင်အနာဂတ်မှာ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်ခြေ မှန်းဆမှု၊ ၂၀၁၄ သန်းခေါင်းစားရင်းအရ ဖော်ပြထားတဲ့ သဘာဝဘေးအန္တရာယ်ရင်ဆိုင်နိုင်စွမ်းအား နည်းပါးမှု ညွှန်းကိန်းများ စသည့်အချက်များပေါ်တွင်အခြေခံပြီး ရွေးချယ်ထားပါတယ်” ဒုဝန်ကြီး ဦးလှကျော်မှ တင်ပြခဲ့သည်။
အဆိုပါ တုံ့ပြန်နိုင်စွမ်းကောင်းသည့် လူထုဖွံ့ဖြိုးရေးစီမံကိန်းတွင် ပါဝင်သည့် မြို့နယ်များမှာ ချင်းပြည်နယ်ရှိဖလမ်း၊ဟားခါး၊ထန်တလန်နှင့်တီးတိန်၊ ဧရာဝတီတိုင်းရှိဖျာပုံ၊လပ္ပတ္တာ၊ဘိုကလေး၊တနင်္သာရီတိုင်းရှိလောင်းလုံ၊ရေဖြူ၊သရက်ချောင်း၊စစ်ကိုင်းတိုင်းရှိမင်းကင်း၊မော်လိုက်၊ဖောင်းပြင၊်ကလေးဝ၊လေရှီး၊လဟယ်နှင့်နန်းယွန်းတို့တွင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
တုံ့ပြန်နိုင်စွမ်းကောင်းသည့် လူထုဖွံ့ဖြိုးရေးစီမံကိန်းကို အပိုင်းသုံးပိုင်းဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး အပိုင်း ၁ အနေဖြင့် ဖျာပုံ၊ ဟားခါး၊ လဟယ်၊ ကလေး၀ နှင့် လောင်းလုံမြို့နယ်များတွင် ၂၀၂၀-၂၀၂၃ခုနှစ်အထိ ပထမဆုံးအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၆ခုနှစ်အထိ ကျန်သည့်မြို့နယ်များကို အပိုင်းလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
စီမံကိန်းတွင် ကျေးရွာအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကြောင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူအခြေပြုဖွံ့ဖြိုးရေးနည်းလမ်းဖြင့်ဆောင်ရွက်မည်ဖြစ်ပြီး ကျေးရွာလူထုက ၎င်းတို့၏လိုအပ်ချက်များကို အများသဘောတူရွေးချယ်ဆောင်ရွက်ရမည်ဟု သိရသည်။
စီမံကိန်းအတွက်လျာထားငွေ ကန်ဒေါ်လာ သန်း၂၄၀ကျော်တွင် လူထုသို့ တိုက်ရိုက်ထောက်ပံ့ငွေမှာ ဒေါ်လာ ၁၅၆သန်းအထိရှိမည်ဖြစ်ပြီး ကျန်သည့်ရန်ပုံငွေများကို စွမ်းဆောင်ရည်မြင့်သင်တန်းနှင့် စည်းရုံးလှုံ့ဆော်ခြင်း၊ နည်းပညာအကြံပေးဌားရမ်းခြင်း၊ အကောင်အထည်ဖော်ရေးဆိုင်ရာအသုံးစားရိတ်များတွင် အသုံးပြုသွားမည်ဟု ဒုဝန်ကြီးမှ ရှင်းလင်းသည်။
အဆိုပါစီမံကိန်း အကောင်အထည်ဖော်နိုင်ပါက မြို့နယ် ၁၇ ခုရှိကျေးရွာပေါင်း သုံးထောင်နီးပါးမှ လူဦးရေ ၂ သန်းနီးပါးအကျိုးကျေးဇူးခံစားရမည်ဟု အစိုးရမှ မျှော်မှန်းထားကြောင်းသိရသည်။