ခ်င္းျပည္နယ္ လႊတ္ေတာ္ရွိမရွိ အစိုးရအေနျဖင့္ အသိအမွတ္ျပဳမႈအေပၚ ကိုယ္စားလွယ္ဦးေအာင္လ်န္ ေမးခြန္းထုတ္

ခ်င္းျပည္နယ္ အစုိးရအေနျဖင့္ ခ်င္းျပည္နယ္လႊတ္ေတာ္ ရွိမွန္းသိရဲ႕လားဟု ခ်င္းအမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္လ်န္က ေမးခြန္းထုတ္လုိက္သည္။

မတူပီလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္လ်န္က “ ၁၇.၂၈ဘီလံယံတုန္းက ျပည္နယ္လႊတ္ေတာ္က သေဘာတူဆံုးျဖတ္ခ်က္မခ်ခင္ ခ်င္းျပည္နယ္ အစိုးရက ျပည္နယ္မွာသေဘာတူဆံုးျဖတ္ၿပီးၿပီဟု ျပည္ေထာင္စုသိူ႔အစီရင္ခံစာေပးပို႔ၿပီးျဖစ္တယ္။ ျပည္ေထာင္စုမွာ စာရင္းေပးဖုိ႔ ေထာက္ခံေပးပါဆုိၿပီး ျပည္နယ္အစိုးရက လႊတ္ေတာ္ကိုယ္စားလွယ္ေတြ သေဘာထားၾကီးေပးပါဆုိၿပီး လာေျပာတယ္။ လာၾကည့္ၾကပါဦးလို႔ ေျပာတယ္။ လႊတ္ေတာ္ကုိယ္စားလွယ္ေတြကလည္း ကုိယ့္မဲဆႏၵနယ္မွာ ဘတ္ဂ်က္နည္းနည္း ပိုရလုိက္ရင္ အစုိးရကိုအားေပးလုိက္နဲ႔ ဒါအမွန္တရားနည္းလမ္းေတာ့ မဟုတ္ဘူး။ အစိုးရက လႊတ္ေတာ္ကုိယ္စားလွယ္ကို ရွိမွန္းကိုမသိဘူး။ လုပ္ခ်င္တာကိုလုပ္ေနတယ္ ။ ဒါေတြကုိ လႊတ္ေတာ္ဥကၠဌက ထိန္ေက်ာင္းႏုိင္ဖို႔လိုတယ္ ေကာင္းေကာင္းမထိန္းေက်ာင္း ႏုိင္ရင္ ကၽြန္ေတာ္တုိ႔ လႊတ္ေတာ္ကုိယ္စားလွယ္က ခ်င္းျပည္နယ္မွာ ရွိမွန္းဘယ္လုိအသိအမွတ္ျပဳလဲဆိုတာ ေမးခြန္းထုတ္ခ်င္တယ္”ဟုေျပာသည္။

ခ်င္းျပည္နယ္အစိုးရအေနျဖင့္ ဘ႑ာေရးႏွင့္ပတ္သက္ၿပီး အတည္ျပဳေရးဆြဲၿပီးမွသာ လႊတ္ေတာ္မွ သေဘာတူရန္ေပးပို႕လာေၾကာင္း၊ ဘ႑ာေရးဆုိင္ရာအခ်က္အလက္မ်ားမွာလည္း လႊတ္ေတာ္အစည္းအေ၀းနီးကပ္မွ ေပးပို႕လာသျဖင့္ ၾကည့္ရွဳစစ္ေဆးရန္ အခ်ိန္မရသည့္အေျခအေနမ်ိဳးျဖစ္ေနေၾကာင္း ခ်င္းျပည္နယ္လႊတ္ေတာ္ ဒုဥကၠ႒ ေဟာင္းျဖစ္သူမွလည္း ခ်င္းေ၀ါလ္အင္တာဗ်ဴးတြင္ ေျဖဆိုခဲ့သည္။

အဆုိပါကိစၥႏွင့္ ပတ္သက္ၿပီး ခ်င္းျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးစိုးထက္မွ ရန္ပံုေငြကိစၥႏွင့္ပတ္သက္ၿပီး ျပည္ေထာင္စုအစိုးရထံ ေပးပုိ႕ရန္ အခ်ိန္အကန္႕အသတ္ရွိျခင္းေၾကာင္း အစိုးရအဖြဲ႕မွ အတည္ျပဳေရးဆြဲမႈမ်ားရွိေၾကာင္း ခ်င္းေ၀ါလ္တြင္ ေျပာဆိုခဲ့သည္။

လာမည့္ခ်င္းျပည္နယ္လႊတ္ေတာ္အစည္းအေဝးတြင္ ေဆြးေႏြးရန္ အေၾကာင္းအရာ သံုးခုကို မတူပီမဲဆႏၵနယ္မွ ဦးေအာင္လ်န္မွ တင္ထားေသာ္လည္း ခ်င္းျပည္နယ္ လႊတ္ေတာ္ ဥကၠ႒ ၏ ဆိုင္းငံ့ခံရသည္။

မတူပီမဲဆႏၵနယ္မွဦးေအာင္လ်န္မွတင္သြင္းသည့္ အေၾကာင္းအရာမ်ားမွာ ေက်းရြာ(၈)ေက်းရြာ၏ ေသာက္သံုးေရႏွင့္ ပတ္သက္သည့္အေၾကာင္းအရာ၊ ေက်းရြာတစ္ခုနွင့္တစ္ခုအၾကား ကားလမ္းမေပါက္ေသးဘဲ ၾကိဳးတံတားမ်ား အသံုးျပဳေနရျခင္းႏွင့္ ပညာေရးအေၾကာင္းမ်ားကို တင္သြင္းခဲ႔ေသာ္လည္း လႊတ္ေတာ္ဥကၠဌမွ အဆုိပါ တင္ထားေသာ အေၾကာင္းအရာမ်ားကို ဆုိင္းငံ့ပယ္ခဲ႔ေၾကာင္းသိရသည္။

ဦးေအာင္လ်န္က “ကၽြန္ေတာ္လည္း ႏုိင္ငံျခားေရာက္ေနတယ္ဆုိေတာ့ Viber ကေနအေၾကာင္းၾကားတယ္ ေက်းရြာ (၈၀)ရြာရဲ႕ ေသာက္သံုးေရအေၾကာင္းကိုလည္း ေမးခြန္းမွာထည့္ထားတယ္။ အေၾကာင္းအရာက စာမ်က္ႏွာ တစ္မ်က္ႏွာေတာင္မျပည့္ဘူး။ ေနာက္တစ္ခုက ပညာေရးအေၾကာင္းနဲ႔ ပက္သက္ၿပီး ေက်းရြာေတြရဲ႕ နာမည္ေတြ တစ္ခုမွမခ်န္ဘဲ အားလံုးေပါင္းၿပီးေမးလုိက္ေတာ့ သူတို႔ရဲ႕ေျဖၾကားခ်က္က ေျခာက္မိနစ္ထက္ ရွည္ၾကာမွာဆိုးလို႔ဆိုၿပီး သူတုိ႔ကအေၾကာင္းျပတယ္”ဟုေျပာသည္။

ခ်င္းျပည္နယ္လႊတ္ေတာ္ရံုးမွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ ေမးခြန္းႏွင့္ အဆိုမ်ားကို တာ၀န္ယူေဆာင္ရြက္သူတစ္ဦးမွ အစိုးရလုပ္ထံုးလုပ္နည္းကဲ့သုိ႕ စာအေရးအသားမေခ်ာေမြ႕မႈရွိသည့္အေပၚ အေၾကာင္းျပန္ရန္ ေဆာင္ရြက္ေသာ္လည္း လႊတ္ေတာ္ကိုယ္စားလွယ္မွာ ႏုိင္ငံျခားခရီးစဥ္သြားျခင္းေၾကာင္း အေသးစိတ္ ညွိႏွိဳင္းမရျခင္းျဖစ္သျဖင့္ ဥကၠဌမွ ဆုိင္းငံ့ရေၾကာင္း ခ်င္းေ၀ါလ္သတင္းဌာနသို႕ေျပာၾကားသည္။

Unicode Version

ချင်းလွှတ်တော်ရှိမရှိ အစိုးရအနေဖြင့် အသိအမှတ်ပြုမှုအပေါ် ကိုယ်စားလှယ်ဦးအောင်လျန် မေးခွန်းထုတ်
ချင်းပြည်နယ် အစိုးရအနေဖြင့် ချင်းပြည်နယ်လွှတ်တော် ရှိမှန်းသိရဲ့လားဟု ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်က မေးခွန်းထုတ်လိုက်သည်။
မတူပီလွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်က “ ၁၇.၂၈ သန်း ဖြည့်စွက်ငွေ ကိစ္စတုန်းကလဲ ပြည်ထောင်စုမှာ စာရင်းပေးဖို့ ထောက်ခံပေးပါဆိုပြီး ပြည်နယ်အစိုးရက လွှတ်တော်ကိုယ်စားလှယ်တွေ သဘောထားကြီးပေးပါဆိုပြီး လာပြောတယ်။ လာကြည့်ကြပါဦးလို့ ပြောတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ကိုယ့်မဲဆန္ဒနယ်မှာ ဘတ်ဂျက်နည်းနည်း ပိုရလိုက်ရင် အစိုးရကိုအားပေးလိုက်နဲ့ ဒါအမှန်တရားနည်းလမ်းတော့ မဟုတ်ဘူး။ အစိုးရက လွှတ်တော်ကိုယ်စားလှယ်ကို ရှိမှန်းကိုမသိဘူး။ လုပ်ချင်တာကိုလုပ်နေတယ် ။ ဒါတွေကို လွှတ်တော်ဥက္ကဌက ထိန်ကျောင်းနိုင်ဖို့လိုတယ် ကောင်းကောင်းမထိန်းကျောင်း နိုင်ရင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်က ချင်းပြည်နယ်မှာ ရှိမှန်းဘယ်လိုအသိအမှတ်ပြုလဲဆိုတာ မေးခွန်းထုတ်ချင်တယ်”ဟုပြောသည်။
ချင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အချို့မှလည်း ပြည်နယ်အစိုးရအနေဖြင့် ဘဏ္ဍာရေးနှင့်ပတ်သက်ပြီး အတည်ပြုရေးဆွဲပြီးမှသာ လွှတ်တော်မှ သဘောတူရန်ပေးပို့လာကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များမှာလည်း လွှတ်တော်အစည်းအဝေးနီးကပ်မှ ပေးပို့လာသဖြင့် ကြည့်ရှုစစ်ဆေးရန် အချိန်မရသည့်အခြေအနေမျိုးဖြစ်နေကြောင်း ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဟောင်းဖြစ်သူမှလည်း ချင်းဝေါလ်အင်တာဗျူးတွင် ဖြေဆိုခဲ့သည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်မှ ရန်ပုံငွေကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရထံ ပေးပို့ရန် အချိန်အကန့်အသတ်ရှိခြင်းကြောင်း အစိုးရအဖွဲ့မှ အတည်ပြုရေးဆွဲမှုများရှိကြောင်း ချင်းဝေါလ်တွင် ပြောဆိုခဲ့သည်။
လာမည့်ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးရန် အကြောင်းအရာ သုံးခုကို မတူပီမဲဆန္ဒနယ်မှ ဦးအောင်လျန်မှ တင်ထားသော်လည်း ချင်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ၏ ဆိုင်းငံ့ခံရသည်။
မတူပီမဲဆန္ဒနယ်မှဦးအောင်လျန်မှတင်သွင်းသည့် အကြောင်းအရာများမှာ ကျေးရွာ(၈)ကျေးရွာ၏ သောက်သုံးရေနှင့် ပတ်သက်သည့်အကြောင်းအရာ၊ ကျေးရွာတစ်ခုနှင့်တစ်ခုအကြား ကားလမ်းမပေါက်သေးဘဲ ကြိုးတံတားများ အသုံးပြုနေရခြင်းနှင့် ပညာရေးအကြောင်းများကို တင်သွင်းခဲ့သော်လည်း လွှတ်တော်ဥက္ကဌမှ အဆိုပါ တင်ထားသော အကြောင်းအရာများကို ဆိုင်းငံ့ပယ်ခဲ့ကြောင်းသိရသည်။
ဦးအောင်လျန်က “ကျွန်တော်လည်း နိုင်ငံခြားရောက်နေတယ်ဆိုတော့ Viber ကနေအကြောင်းကြားတယ် ကျေးရွာ (၈၀)ရွာရဲ့ သောက်သုံးရေအကြောင်းကိုလည်း မေးခွန်းမှာထည့်ထားတယ်။ အကြောင်းအရာက စာမျက်နှာ တစ်မျက်နှာတောင်မပြည့်ဘူး။ နောက်တစ်ခုက ပညာရေးအကြောင်းနဲ့ ပက်သက်ပြီး ကျေးရွာတွေရဲ့ နာမည်တွေ တစ်ခုမှမချန်ဘဲ အားလုံးပေါင်းပြီးမေးလိုက်တော့ သူတို့ရဲ့ဖြေကြားချက်က ခြောက်မိနစ်ထက် ရှည်ကြာမှာဆိုးလို့ဆိုပြီး သူတို့ကအကြောင်းပြတယ်”ဟုပြောသည်။
ချင်းပြည်နယ်လွှတ်တော်ရုံးမှ လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းနှင့် အဆိုများကို တာဝန်ယူဆောင်ရွက်သူတစ်ဦးမှ အစိုးရလုပ်ထုံးလုပ်နည်းကဲ့သို့ စာအရေးအသားမချောမွေ့မှုရှိသည့်အပေါ် အကြောင်းပြန်ရန် ဆောင်ရွက်သော်လည်း လွှတ်တော်ကိုယ်စားလှယ်မှာ နိုင်ငံခြားခရီးစဉ်သွားခြင်းကြောင်း အသေးစိတ် ညှိနှိုင်းမရခြင်းဖြစ်သဖြင့် ဥက္ကဌမှ ဆိုင်းငံ့ရကြောင်း ချင်းဝေါလ်သတင်းဌာနသို့ပြောကြားသည်။