ကန္ပက္လက္ၿမိဳ႕နယ္တြင္း ေဆာင္ရြက္သည့္ လုပ္ငန္းအခ်ိန္မီွမၿပီးစီးမႈမွာ တင္ဒါေခၚယူမႈၾကာျမင့္ၿပီး အဂတိလိုက္စားမႈမ်ားေနျခင္းေၾကာင့္ဟု ကိုယ္စားလွယ္ေထာက္ျပ

ကန္ပက္လက္ၿမိဳ႕နယ္တြင္ တည္ေဆာက္ေနသည့္ လုပ္ငန္းမ်ား အခ်ိန္မွီမၿပီးႏိုင္ျခင္းႏွင့္ အရည္အ ေသြး မျပည့္မီႏုိင္ျခင္းမွာ တင္တာေခၚယူစိစစ္ခ်ိန္ ၾကာျမွင့္လြန္းၿပီး အဂတိလုိက္စားမႈ မ်ားေနျခင္း ေၾကာင့္ဟု ကန္ပက္လက္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးညြန္႔ဝင္းက ဒုတိယအႀကိမ္ ျပည္သူ႕လႊတ္ေတာ္ (၁၃) ႀကိမ္ေျမာက္ ပံုမွန္အစည္းအေ၀းတြင္ တင္ျပေဆြးေႏြးခဲ႔သည္။

ကန္ပက္လက္ၿမိဳ႕နယ္ ျပည္သူ႕လႊတ္ေတာ္ကုိယ္စားလွယ္ ဦးညြန႔္ဝင္းက “တည္ေဆာက္ေရး လုပ္ငန္းေတြ ဖြံ႔ၿဖိဳးေရးလုပ္ငန္းေတြ အခ်ိန္မွီမၿပီးစီးမႈေတြ အရည္အေသြးမျပည့္မွီတာေတြရဲ႕ အေၾကာင္းရင္းေတြမွာ တင္ဒါစိစစ္ေရြးခ်ယ္တဲ႔ကာလ ေနာက္က်ျခင္းဟာ အဓိကအခ်က္ျဖစ္ပါတယ္။ ဒီလုိျပႆနာေတြမျဖစ္ဖုိ႔ တင္တာေခၚယူ စိစစ္တဲ႔လုပ္ငန္းကို သံုးလအတြင္း ၿပီးႏိုင္ဖုိ႔လုိအပ္တာျဖစ္ပါတယ္။ ေနာက္ၿပီး တင္ဒါကာလ ၾကာေလေလ အဂတိလုိက္စားမႈ ပိုမ်ားေလေလဆုိတာေတာ့ သတိမူဖို႔လည္း လုိအပ္ပါတယ္”ဟုလႊတ္ေတာ္အစည္းအေဝးတြင္ တင္ျပေဆြးေႏြးခဲ႔သည္။

ဖြံ႔ၿဖိဳးေရးလုပ္ငန္းႏွင့္ တည္ေဆာက္ေရးလုပ္ငန္းမ်ားတြင္ အခ်ိန္မွီမၿပီးႏုိင္ျခင္းနင့္ အရည္အေသြးမၿပီးစီး ႏုိင္ျခင္းမ်ားမွာ ဝန္ၾကီးဌာနအခ်ိဳ႕မွ တင္တာလုပ္ငန္းႏွင့္ ပက္သက္ၿပီး လုပ္ထံုးလုပ္နည္းကို ဝန္ၾကီးဌာနအခ်ိဳ႕မွ လုိက္နာျခင္းမရွိျခင္းေၾကာင့္ ဟုလည္း တင္ျပေဆြးေႏြးခဲ႔သည္။
သူကဆက္ၿပီး “လက္ရွိအေျခေနမွာ တျခားျပည္နယ္နဲ႔တုိင္းေတြမွာ ဝန္ၾကီးဌာနအခ်ိဳ႕က ၁/၂၀၁၇ သမၼတရံုး ညႊန္ၾကားတဲ႔ တင္ဒါလုပ္ထံုးလုပ္နည္းေတြကို လိုက္နာေဆာင္ရြက္မႈေတြမရွိတာေတြကို ေတြ႔ေနရသည္။ ၁/၂၀၁၇ သမၼတရံုး ညႊန္ၾကားတဲ႔ တင္ဒါလုပ္ထံုးလုပ္နည္းေတြကို မလုိက္နာရင္လည္း ရလားလုိ႔ ေမးခြန္းထုတ္စရာပါ”ဟုေျပာသည္။

လက္ရွိကန္ပက္လက္ၿမိဳ႕နယ္တြင္ ၂၀၁၈-၁၉ ဘ႑ာေရးႏွစ္အတြင္း ခြင့္ျပဳရန္ပံုေငြ (၆၂၅)သန္းျဖင့္ တည္ေဆာက္ေနေသာ နယ္စပ္ေဒသဖြံ႔ၿဖိဳးေရးတံတားမွာလည္း ဘ႑ာေရးႏွစ္ ကုန္ဆံုးေသာ္လည္း ၿပီးစီးႏုိင္ရန္မွာပင္ မေသခ်ာေၾကာင္းႏွင့္ ကန္ပက္လက္ ကုတင္ငါးဆယ္ဆန္႔ လူနာေဆာင္ႏွင့္ ဝန္ထမ္းအိမ္ယာမ်ားမွာလည္း အေကာင္အထည္ ေဖာ္ေဆာင္ရြက္ႏုိင္ေသးျခင္းမရွိေသးေၾကာင္းလည္း သိရွိရသည္။

ေဆာက္လုပ္ေရး၀န္ႀကီးဌာန ဒုတိယ၀န္ႀကီး ဦးေက်ာ္လင္းက “ မုန္းေခ်ာင္းကူးတံတားကို ၂၀၁၉ – ၂၀၂၀ ဘ႑ာႏွစ္ရန္ပံုေငြ လ်ာထားတင္ျပထားၿပီး ရန္ပံုေငြရရွိမႈအေပၚမူတည္၍ အေကာင္အထည္ေဖာ္ေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္းႏွင့္ ေမွးေခ်ာင္းကူးတံတားကို ၂၀၂၀-၂၁ ဘ႑ာႏွစ္ေနာက္ပုိင္း ကာလမ်ားတြင္ ရန္ပံုေငြ ထည့္သြင္းလ်ာထားတင္ျပသြားမည္ျဖစ္ေၾကာင္း” ျပန္လည္ေျဖၾကားခဲ့သည္။

အဆိုပါကိစၥရပ္ႏွင့္ပတ္သက္ၿပီး ေဒါက္တာစိုးမိုးသူ၏ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား သတ္မွတ္သည့္ ဘ႑ာေရးႏွစ္အတြင္း စံခ်ိန္စံညႊန္းႏွင့္အညီ ေဆာင္ရြက္ၿပီးစီးႏုိင္ေရး တိုက္တြန္းသည့္ အဆိုကို ေထာက္ခံေဆြးေႏြးရာတြင္ ထည့္သြင္းေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

Unicode Version

ကန်ပက်လက်မြို့နယ်တွင်း ဆောင်ရွက်သည့် လုပ်ငန်းအချိန်မှီမပြီးစီးမှုမှာ တင်ဒါခေါ်ယူမှုကြာမြင့်ပြီး အဂတိလိုက်စားမှုများနေခြင်းကြောင့်ဟု ကိုယ်စားလှယ်ထောက်ပြ

ကန်ပက်လက်မြို့နယ်တွင် တည်ဆောက်နေသည့် လုပ်ငန်းများ အချိန်မှီမပြီးနိုင်ခြင်းနှင့် အရည်အ သွေး မပြည့်မီနိုင်ခြင်းမှာ တင်တာခေါ်ယူစိစစ်ချိန် ကြာမြှင့်လွန်းပြီး အဂတိလိုက်စားမှု များနေခြင်း ကြောင့်ဟု ကန်ပက်လက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်းက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့သည်။
ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်းက “တည်ဆောက်ရေး လုပ်ငန်းတွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အချိန်မှီမပြီးစီးမှုတွေ အရည်အသွေးမပြည့်မှီတာတွေရဲ့ အကြောင်းရင်းတွေမှာ တင်ဒါစိစစ်ရွေးချယ်တဲ့ကာလ နောက်ကျခြင်းဟာ အဓိကအချက်ဖြစ်ပါတယ်။ ဒီလိုပြဿနာတွေမဖြစ်ဖို့ တင်တာခေါ်ယူ စိစစ်တဲ့လုပ်ငန်းကို သုံးလအတွင်း ပြီးနိုင်ဖို့လိုအပ်တာဖြစ်ပါတယ်။ နောက်ပြီး တင်ဒါကာလ ကြာလေလေ အဂတိလိုက်စားမှု ပိုများလေလေဆိုတာတော့ သတိမူဖို့လည်း လိုအပ်ပါတယ်”ဟုလွှတ်တော်အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့သည်။
ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် အချိန်မှီမပြီးနိုင်ခြင်းနင့် အရည်အသွေးမပြီးစီး နိုင်ခြင်းများမှာ ဝန်ကြီးဌာနအချို့မှ တင်တာလုပ်ငန်းနှင့် ပက်သက်ပြီး လုပ်ထုံးလုပ်နည်းကို ဝန်ကြီးဌာနအချို့မှ လိုက်နာခြင်းမရှိခြင်းကြောင့် ဟုလည်း တင်ပြဆွေးနွေးခဲ့သည်။
သူကဆက်ပြီး “လက်ရှိအခြေနေမှာ တခြားပြည်နယ်နဲ့တိုင်းတွေမှာ ဝန်ကြီးဌာနအချို့က ၁/၂၀၁၇ သမ္မတရုံး ညွှန်ကြားတဲ့ တင်ဒါလုပ်ထုံးလုပ်နည်းတွေကို လိုက်နာဆောင်ရွက်မှုတွေမရှိတာတွေကို တွေ့နေရသည်။ ၁/၂၀၁၇ သမ္မတရုံး ညွှန်ကြားတဲ့ တင်ဒါလုပ်ထုံးလုပ်နည်းတွေကို မလိုက်နာရင်လည်း ရလားလို့ မေးခွန်းထုတ်စရာပါ”ဟုပြောသည်။
လက်ရှိကန်ပက်လက်မြို့နယ်တွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေ (၆၂၅)သန်းဖြင့် တည်ဆောက်နေသော နယ်စပ်ဒေသဖွံ့ဖြိုးရေးတံတားမှာလည်း ဘဏ္ဍာရေးနှစ် ကုန်ဆုံးသော်လည်း ပြီးစီးနိုင်ရန်မှာပင် မသေချာကြောင်းနှင့် ကန်ပက်လက် ကုတင်ငါးဆယ်ဆန့် လူနာဆောင်နှင့် ဝန်ထမ်းအိမ်ယာများမှာလည်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်သေးခြင်းမရှိသေးကြောင်းလည်း သိရှိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက “ မုန်းချောင်းကူးတံတားကို ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ်ရန်ပုံငွေ လျာထားတင်ပြထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် မှေးချောင်းကူးတံတားကို ၂၀၂၀-၂၁ ဘဏ္ဍာနှစ်နောက်ပိုင်း ကာလများတွင် ရန်ပုံငွေ ထည့်သွင်းလျာထားတင်ပြသွားမည်ဖြစ်ကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။
အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီး ဒေါက်တာစိုးမိုးသူ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများ သတ်မှတ်သည့် ဘဏ္ဍာရေးနှစ်အတွင်း စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ပြီးစီးနိုင်ရေး တိုက်တွန်းသည့် အဆိုကို ထောက်ခံဆွေးနွေးရာတွင် ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။