အယ္ဒီတာမွ တစ္ဆင့္ သက္ဆိုင္ရာတာဝန္႐ွိသူမ်ားႏွင့္ ျပည္သူလူထုထံသို္႕ (အယ္ဒီတာ့ထံေပးစာ)

U Lian Tuang
အျပည္ျပည္ဆိုင္ရာေလဆိပ္ႏွင့္ ခရီးသြားျပည္သူမ်ားကို ဂုဏ္သိကၡာက်ဆင္းေစသည္ဟု ယူဆရပါသျဖင့္ မိမိကိုယ္တိုင္ၾကံဳေတြ႔ခ့ဲေသာ အျဖစ္အပ်က္တစ္ခုအား တင္ျပေဆြးေႏြးခ်င္ပါသည္။ လုံျခဳံေရးက႑၊ အေကာက္ခြန္ က႑မ်ားႏွင့္ တစ္စုံတစ္ရာျင္ိစြန္းမူမ႐ွိေသာ္လည္း ေလဆိပ္ လုံျခဳံေရးတာဝန္႐ွိသူမ်ား၏တားျမစ္ျခင္းေျကာင့္ ႐ုပ္႐ုပ္သဲသဲျဖစ္ကာ ပစၥည္းအိတ္တစ္ခ်ိဳ႕ကို ေလွ်ာ့ခ် သယ္ယူခ့ဲရသည့္ျဖစ္စဥ္တစ္ခုပါ။

၂၀၁၉၊ စက္တင္ဘာ ၂၁ ရက္ေန႔တြင္ ဝမ္းကြဲအစ္မႏွင့္ တူမ( အစ္မ သမီး ) အေမရိကား သြားဖို႔ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္္ ကို လိုက္ပို႔ခဲ့ပါသည္။ သေဘာထားျပည္႕၀သူေတြ ျဖစ္သည့္အေလ်ာက္ လူၾကဳံပစၥည္းအမ်ားႀကီး ရသည့္အျပင္ အေမရိကေန ေဆြမ်ိဳးမ်ားမွလည္း ျပည္တြင္းျဖစ္ ဖိနပ္ေတြ၊ အခ်ဥ္ထုပ္္ေတြ၊ လက္ဖက္ႏွပ္ေတြ စသည္ျဖင့္ ျမန္မာျပည္ အေငြ႔အသက္႐ွိေသာပစၥည္းမ်ားကို တက္ႏိုင္သေလာက္ ယူလာေပးဖို႔ မွာထားတာေၾကာင့္ ပစၥည္းထုပ္ေတြက ခရီးေဆာင္အိတ္ အပါအဝင္ ၈လုံးေလာက္ျဖစ္သြားပါသည္။

ပစၥည္းမ်ားေနေသာ္လည္း လိုအပ္သည့္ ေပါင္ပိုေၾကး ေပးေဆာင္ရန္ သယ္ေဆာင္သြားရျခင္းသာ ျဖစ္ပါသည္။ ပစၥည္းကလည္းမ်ား၊ လုိက္ပို႕မည့္သူမ်ားလည္း ခပ္မ်ားမ်ားဆိုေတ့ာ ေလယာဥ္ကြင္းကို ေစာေစာေရာက္ဖို႕ ညေန ၁၀နာရီ အေရာက္ သြားရပါသည္။ ေလယာဥ္ကြင္းေရာက္ေတာ့ လူမ်ား၊ ပစၥည္းမ်ား အထဲကို ျမန္ျမန္ေရာက္ခ်င္ ေဇာျဖင့္ ကိုယ္အဆင္ေျပသလို အ၀င္ဂိတ္ေပါက္ကို လူစု ခြဲ၀င္ၾကပါသည္။ ဇာတ္လမ္းက အဲသည္မွာ အစျပဳေတာ့ပါသည္။

ကြ်န္ေတာ္က ခရီးေဆာင္ အိတ္တစ္လံုးနဲ႔ ပစၥည္း ထုပ္ ႏွစ္လံုးကို တြန္းလွည္းေပၚ တင္ျပီး ဂိတ္နံပါတ္ (၂) သိုိ႕ ၀င္သြားခဲ႔သည္။ ထံုးစံအတုိ္င္းပဲ ပစၥည္းမ်ားကို Check-scan စင္ေပၚတင္ျပီး က်ြႏ္ုပ္ကိုလည္း လံုျခံဳေရးအဖြဲ႔မွ စစ္ေဆးမႈ ျပဳလုပ္ပါသည္။ ျပီးေနာက္ ပစၥည္း ေတြကို scan စက္မွ တြန္းလွည္းေပၚ ျပန္တင္ေသာအခါ လံုျခံဳေရး တပ္ဖြဲ႔၀င္ တစ္ေယာက္မွ “မတင္နဲ႔အံုး၊ လူလည္း အမ်ားၾကီး၊ ပစၥည္းေတြကလည္း အမ်ားၾကီး၊ ဂိတ္ကို လည္း ခြဲ၀င္ၾကတယ္” ဆိုျပီး တင္ခြင့္ မေပးေတာ့ပါ။ ခရီး သြားမည့္သူက ဘယ္သူလဲ၊ ပစၥည္း ပိုင္ရွင္က ဘယ္သူလဲ ဆိုျပီး ဆက္ေမး ေနပါတယ္။ ပစၥည္းပိုင္ရွင္ ရွိပါတယ္။ ခရီးသြားမည့္သူ လည္း အတူတူပါလာတယ္ လို႔ ျပန္ေျဖလိုက္ပါသည္။ ‘ဒါဆို အထဲမွာဘာပါလဲ၊ အထုပ္ကို ျဖည္ျပပါလို႕ ေျပာလာပါသည္။ လံုျခံဳေရး ၀န္ထမ္း တစ္ေယာက္ က အထက္ကို သတင္း ပို႕ရမည္ ေျပာျပီး၊ ဖုန္းေျပာရင္း သန္႕စင္ခန္းထဲ ၀င္သြားပါသည္။

မၾကာပါဘူး၊ အေကာက္ခြန္ အရာရွိ ႏွစ္ေယာက္ ေရာက္လာပါတယ္။ အေကာက္ခြန္ေကာ၊ ရဲေကာ ေရာက္လာေတာ့ ပစၥည္း ကို ျဖည္ခုိင္းပါတယ္။ အစပုိင္းမွာေတာ့ စိတ္မသက္မသာ ျဖစ္မိပါတယ္။ ပါလာသည့္ ပစၥည္း မ်ားမွ ေစ်းထဲမွ ၀ယ္လာသည့္လက္ဖက္သုပ္၊ အခ်ဥ္ထုပ္၊ ကတၱီပါ ဖိနပ္၊ ကေလး/မိန္းမ စီး ဖိနပ္တို႕သာျဖစ္သည္။

scanစက္ က မေကာင္းလို႕လား။ scan ဖတ္ျပီးသား အထုပ္ကို ျဖည္ခုိင္းေနတယ္၊ ဆုိျပီး ေတြးမိပါတယ္။ မူးယစ္ေဆး၀ါး သို႔မဟုတ္ ေဖာက္ခြဲေရး ပစၥည္းမ်ားႏွင့္ တရားမ၀င္ ပစၥည္းမ်ား ကုန္ကူး ေနသကဲ႔သို႕ ၀ုိင္းအံု ေနၾကသည္။ ဓါတ္ပံုေတြလည္း ရုိက္ၾကပါသည္။ သံသယျဖစ္လို႕ စစ္ေဆးတယ္လို႕ ခံယူ ေပမယ့္လည္း လူေတြ ၀ုိင္းအံုေနေတာ့ အရမ္းပဲ စိတ္မေကာင္း ျဖစ္မိပါသည္။ ရွက္လည္း ရွက္မိပါသည္။ စားပြဲေပၚ ႐ွိအထုပ္ေတြျဖည္ေတာ႔ထြတ္လာသည့္ ဖိနပ္ေတြ၊ လက္ဖက္ႏွပ္ေတြ ကို ၾကည့္ျပီး လံုျခံဳေရးအဖြဲ႔ႏွင့္ အေကာက္ခြန္ အရာရွိေတြက “ပစၥည္းေတြက အသစ္ေတြေနာ္လို႔” တီးတိုး ေျပာၾကသည္။

အေမရိကထိ ခရီး အေ၀းၾကီးကို ဘယ္သူကမ်ား ဖိနပ္အေဟာင္းၾကီးကို သယ္မွာလဲလို႕ ေရရြက္မိပါသည္။ တစ္ျဖည္းျဖည္းႏွင့္ ေဘးပတ္လည္မွာ လူေတြမ်ားလာပါတယ္။ ၀ိုင္းအံုေနတဲ႔ သူေတြကို သတိထား အကဲခတ္ၾကည္႔လုိက္ေတာ႔ ႏုိင္ငံျခားသား အမ်ားစု ျဖစ္ေနပါသည္။

လံုျခံဳေရး အဖြဲ႔မ်ား၏ ေက်းဇူးေၾကာင့္ ကြ်ႏ္ုပ္ကို ေမွာင္ခို ကုန္ကူး ေနသူ တစ္ေယာက္ကဲ႔သို႕ ပစၥည္း ၾကည့္လိုက္၊ လူ ၾကည့္လိုက္ လုပ္ေနၾကပါသည္။ အေျခအေနက ရုပ္ပ်က္ဆင္းပ်က္လြန္းသည္ဟု ခံစားမိပါသည္။ ေလယာဥ္ကြင္း ဂုဏ္သိကၡာ၊ ႏုိင္ငံ ဂုဏ္သိကၡာ ညိႈးႏြမ္းေစသည့္ လုပ္ရပ္ တစ္ခုဟုလည္း ခံစား မိပါသည္။ ႏုိင္ငံစံု၊ လူမ်ိဳးစံု ရွိသည့္ ေနရာမွာ အခုလိုမ်ိဳး လုပ္ရပ္သည္ အင္မတန္မွ အရုပ္ဆိုး လြန္းသည္ဟု ခံစား မိပါသည္။ မၾကာခင္မွာပဲ က်ြႏု္ပ္အစ္ကို ႏွင့္ တူမ ေရာက္လာပါသည္။ ပစၥည္းက ဘာျဖစ္တာလဲ ေမးပါသည္။ လံုျခံဳေရးအရ စစ္တာပါလို႕ ေျပာလာပါသည္။ ပစၥည္းေတြက မ်ားလြန္းေၾကာင္း အေကာက္ခြန္ႏွင့္ စကား ေျပာရမည္ဟု ေျပာပါသည္။
(ေျပာမယ္။ ေျပာမယ္။ လက္မခံႏုိင္တဲ႔ ပစၥည္း ပါရင္ ျပန္ခ်လုိက္ပါမယ္၊ ခ်န္ထားလိုက္မည္။ ဒီပစၥည္းေတြက ဘာမွ ေထြေထြထူးထူး မဟုတ္ဘူး၊ ဒါေတြကို သယ္ခြင့္ မေပးဘူးဆုိရင္ ဒီကိစၥ ကို တာ၀န္ယူနုိင္တဲ႕ ပုဂၢိဳလ္ေတြနဲ႔ စကားေျပာခ်င္တယ္၊ က်ြန္ေတာ္တုိ႕က ဘာေတြ မွားေနလို႔လဲ၊ လို႕ အစ္ကို က ေမးျမန္း ေထာက္ျပပါသည္။)
Hello
အေကာက္ခြန္ႏွင့္ ညွိပါ။ ပစၥည္းေတြက မ်ားလြန္းတယ္။ ငါတို႕ လက္မခံ ႏုိင္ဘူး လို႕ လံုျခံဳေရး တာ၀န္က် သူက ျပန္ေျပာပါသည္။ က်ြန္ေတာ္တို႕ကို အေကာက္ခြန္ ရံုးခန္းကို ေခၚသြားပါတယ္။ ရံုးခန္းထဲကိုေတာ့ အစ္ကိုို တစ္ေယာက္ထဲ ၀င္ခြင့္ ျပဳျပီး က်ြန္ေတာ္က အျပင္မွာ ေစာင့္ရပါသည္။ ၁၀မိနစ္ၾကာေတာ့ အစ္ကို ထြက္လာျပီး အေကာက္ခြန္ ၀န္ထမ္းက ႏွစ္ေယာက္ လိုက္လာပါတယ္။ ရဲေတြက လက္မခံဘူးဆိုေတာ့ ခရီးေဆာင္အိတ္ႏွစ္လံုး ခ်န္ထားရမယ္လုိ႕ ေျပာပါသည္။ အခြန္ႏွင့္ မလြတ္ကင္းတဲ႔ ပစၥည္းမ်ား ပါခဲ႔ရင္ အခြန္ေဆာင္ရမယ္ သို႕မဟုတ္ သယ္ေဆာင္ျခင္းျခင္းမျပဳရဘူးလို႕ သေဘာေပါက္ထားေသာ္လည္း၊ အခုဟာက တစ္မ်ိဳးၾကီး ျဖစ္ေနပါသည္။ လံုျခံဳေရးႏွင့္ ျငိစြန္းေနသည့္ ပစၥည္း ကိရိယာ တစ္စံုတစ္ခု မပါ႐ွိေသာ္လည္း လုံုျခဳံေရးအဖြဲ႔၏ ခြင့္ျပဳသေလာက္သာ သယ္ေဆာင္ခြင့္ ရသည္မွာ အခုမွ သိလုိက္ရပါသည္။ ရဲေတြ ခြင့္ မျပဳလို႔ အိတ္ႏွစ္လံုး ျပန္ထုတ္ၿပီး အိမ္သို႔ျပန္သယ္ခ့ဲရပါသည္။ သက္ဆုိင္သည့္ ေကာင္တာတြင္ Check-in လုပ္ရင္း ခြင့္ျပဳသည့္ ပစၥည္းထုပ္ေတြကို ေပါင္ခ်ိန္ျပီး register လုပ္ပါသည္။ ခရီးေဆာင္အိတ္မဟုတ္ေသာ ပစၥည္းထုပ္ေတြကို တစ္လံုးလွ်င္ ေဒၚလာႏွစ္ရာႏႈန္းျဖင့္ သယ္ေဆာင္ခြင့္ ျပဳပါသည္။

ေကာင္တာ တာ၀န္က် တစ္ဦးအနားသို႕ ကပ္ျပီး ပစၥည္းထုပ္ အတြက္ ေကာက္ယူေသာ ပိုက္ဆံေတြကို ဘယ္သူမ်ားရသြားသလဲလို႔ ေမးလိုက္ပါသည္။ အ့ံျသေသာ မ်က္လုံးျဖင့္ ေလေၾကာင္းလုိင္းကုမၸဏီက ရတာေပါ့ ဟု ေပါ့ေပါ့ပါးပါး ျပန္ေျဖေပးပါသည္။ ခရီးသည္ တစ္ဦးလွ်င္ အိတ္ ဘယ္ႏွစ္လံုး သယ္ခြင့္ေပးပါသလဲ၊ ခရီးသည္ ေပါင္ပို ပစၥည္းမ်ားသည္ ေလေၾကာင္း လုိင္း အတြက္ အေႏွာင့္အယွက္ ျဖစ္ပါသလားဟု ထပ္မံ ေမးခဲ႕ပါသည္။ ခရီးသည္ ေပါင္ပို ပစၥည္းပါတာ ေလေၾကာင္းလုိင္းအတြက္ ဘာျပသနာမွ မရွိပါဘူးဟု ျပဳံးျပံဳးေလးပဲ ျပန္ေျဖေပးလုိက္ပါသည္။ ပစၥည္းမ်ားတယ္ ဆိုတဲ႔ အေၾကာင္းျပခ်က္ျဖင့္ နစ္နာဆုံး႐ုံးသြားေသာ အိတ္ႏွစ္လံုးစာ USD 400 ႏွင့္ ပတ္သက္ၿပီး ေလေၾကာင္း ကုမၸဏီ၏ သေဘာထား မွတ္ခ်က္ကို စိတ္၀င္စား မိပါသည္။ ထို႕ျပင္ က်ြန္ေတာ္တုိ႕ကဲ႔သို႕ လံုျခံဳေရးအဖြဲ႕မ်ား၏ ညႊန္ၾကားမႈျဖင့္ ပစၥည္း ေလွ်ာ့ခ်ရသူ တစ္ရက္ တြင္ ဘယ္ႏွစ္ဦး ရွိမည္နည္းဟုလည္း စိတ္၀င္စားမိပါသည္။

မိမိသည္ ႏုိင္ငံတကာေလယာဥ္ခရီးစဥ္ အေတြ႕အၾကံဳမ်ား မရွိခဲ႔ေသာ္လည္း၊ ျပည္တြင္း ခရီးသြား လူစီး သီးသန္႕ ယာဥ္မ်ားသည္ပင္လွ်င္ ေအာက္ခံပစၥည္းႏွင့္ ခရီးသည္မ်ား ထပ္မံေပးေဆာင္သည့္ တန္ဆာခမ်ား ေပၚတြင္ အတိုင္းအတာတစ္ခုထိ မွီခိုေနသကဲ႕သို႕ ေလေၾကာင္းလုိင္း ကုမၸဏီမ်ားသည္လည္း အလားသ႑ာန္တူ လိမ့္မည္ဟု ယူဆမိပါသည္။ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ တာဝန္က်သူမ်ားမွ ခက္ခက္ခဲခဲ သယ္ေဆာင္ခြင့္ေပးခ့ဲေသာ ပစၥည္းထုပ္မ်ားသည္ အေမရိကားသို႔ေရာက္ေသာအခါ တစ္စုံတစ္ရာေမးျမန္းျခင္းမ႐ွိပဲ ေလ်ွာေလ်ွာလ်ဴလ်ဴဝင္ခြင့္ရခ့ဲပါသည္။

ထို႕ေၾကာင့္
(က) ရန္ကုန္ အျပည္ျပည္ဆုိင္ရာ ေလဆိပ္မွ တစ္ဆင့္ ျပည္တြင္း ျပည္ပ ဝင္/ထြက္ မည့္ ခရီးသြားျပည္သူမ်ား၏ ခရီး သည္ပါ ပစၥည္းသယ္ယူခြင့္ ကန္႕သတ္ ခြင့္ျပဳေရးႏွင့္ ပတ္သက္ျပီး ၁) ေလေၾကာင္းလုိင္း၏ ဆံုးျဖတ္ခ်က္ ၂) အေကာက္ခြန္၏ ဆံုးျဖတ္ခ်က္ ၃) လံုျခံဳေရးအဖြဲ႕၏ ဆံုးျဖတ္ခ်က္ မ်ားတြင္ မည္သည့္ အခ်က္သည္ အဓိက ျဖစ္မည္နည္း။
(ခ) အခြန္လြန္/မလြတ္ သတ္မွတ္ရာတြင္ မည္သည့္ အခ်က္မ်ား အေပၚ အေျခခံ ခဲ့ပါသလဲ။ ခရီးသြား ျပည္သူမ်ား အေနျဖင့္ တရားဝင္ သယ္ေဆာင္ခြင့္ ရ႐ွိသည့္ ကုုန္စည္ပစၥည္း ပမာဏသည္ မည္မွ် ျဖစ္ပါသနည္း

(ဂ) လက္ရိွအေျခအေနတြင္ အေကာက္ခြန္ႏွင့္ လြတ္ကင္းျပီး လံုျခံဳေရးဆုိင္ရာမ်ားႏွင့္ကင္းရွင္းေနေသာ္လည္း လုံျခဳံေရးတာဝန္႐ွိသူမ်ာမွ ပစၥည္း အေရအတြက္ ကန္႔သတ္ေလွ်ာ့ခ်ခြင့္ျပဳလိုက္္ျခင္းသည္ မည္သည့္ ရည္ရြယ္ခ်က္ျဖင့္ လုပ္ေဆာင္ရျခင္း ျဖစ္ပါသနည္း။

(ဃ) ေလယာဥ္ကြင္း တာ၀န္က်သူမ်ား အေနျဖင့္ မိမိႏိုင္ငံသား အခ်င္းခ်င္း အေပၚ သံသယ စိတ္ၾကီးစြာျဖင့္ မခ်ိဳမခ်ဥ္ မထီမဲ႔ျမင္ ဆက္ဆံေနသကဲ႔သို႕ တိုင္းတစ္ပါး ႏုိင္ငံျခားသားမ်ား အေပၚတြင္လည္း အင္မတန္ ရုိင္းစိုင္းစြာ ဆက္ဆံျပဳမူေနသလား၊ စသည့္အခ်က္မ်ားကို သက္ဆုိင္ရာ တာ၀န္ရွိသူမ်ားမွ စိစစ္ ၾကပ္မတ္ သံုးသပ္ရန္ တင္ျပလိုျခင္း ျဖစ္ပါသည္။

ကိုလ်န္ေတြာင္

အယ်ဒီတာမှ တစ်ဆင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူလူထုထံသို့်
=================
(အယ်ဒီတာ့ထံပေးစာ)

အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ခရီးသွားပြည်သူများကို ဂုဏ်သိက္ခာကျဆင်းစေသည်ဟု ယူဆရပါသဖြင့် မိမိကိုယ်တိုင်ကြုံတွေ့ခဲ့သော အဖြစ်အပျက်တစ်ခုအား တင်ပြဆွေးနွေးချင်ပါသည်။ လုံခြုံရေးကဏ္ဍ၊ အကောက်ခွန် ကဏ္ဍများနှင့် တစ်စုံတစ်ရာြငိစွန်းမူမရှိသော်လည်း လေဆိပ် လုံခြုံရေးတာဝန်ရှိသူများ၏တားမြစ်ခြင်းကြောင့် ရုပ်ရုပ်သဲသဲဖြစ်ကာ ပစ္စည်းအိတ်တစ်ချို့ကို လျှော့ချ သယ်ယူခဲ့ရသည့်ဖြစ်စဉ်တစ်ခုပါ။

၂၀၁၉၊ စက်တင်ဘာ ၂၁ ရက်နေ့တွင် ဝမ်းကွဲအစ်မနှင့် တူမ( အစ်မ သမီး ) အမေရိကား သွားဖို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ကို လိုက်ပို့ခဲ့ပါသည်။ သဘောထားပြည့်ဝသူတွေ ဖြစ်သည့်အလျောက် လူကြုံပစ္စည်းအများကြီး ရသည့်အပြင် အမေရိကနေ ဆွေမျိုးများမှလည်း ပြည်တွင်းဖြစ် ဖိနပ်တွေ၊ အချဉ်ထုပ်တွေ၊ လက်ဖက်နှပ်တွေ စသည်ဖြင့် မြန်မာပြည် အငွေ့အသက်ရှိသောပစ္စည်းများကို တက်နိုင်သလောက် ယူလာပေးဖို့ မှာထားတာကြောင့် ပစ္စည်းထုပ်တွေက ခရီးဆောင်အိတ် အပါအဝင် ၈လုံးလောက်ဖြစ်သွားပါသည်။

ပစ္စည်းများနေသော်လည်း လိုအပ်သည့် ပေါင်ပိုကြေး ပေးဆောင်ရန် သယ်ဆောင်သွားရခြင်းသာ ဖြစ်ပါသည်။ ပစ္စည်းကလည်းများ၊ လိုက်ပို့မည့်သူများလည်း ခပ်များများဆိုတေ့ာ လေယာဉ်ကွင်းကို စောစောရောက်ဖို့ ညနေ ၁၀နာရီ အရောက် သွားရပါသည်။ လေယာဉ်ကွင်းရောက်တော့ လူများ၊ ပစ္စည်းများ အထဲကို မြန်မြန်ရောက်ချင် ဇောဖြင့် ကိုယ်အဆင်ပြေသလို အဝင်ဂိတ်ပေါက်ကို လူစု ခွဲဝင်ကြပါသည်။ ဇာတ်လမ်းက အဲသည်မှာ အစပြုတော့ပါသည်။

ကျွန်တော်က ခရီးဆောင် အိတ်တစ်လုံးနဲ့ ပစ္စည်း ထုပ် နှစ်လုံးကို တွန်းလှည်းပေါ် တင်ပြီး ဂိတ်နံပါတ် (၂) သို့ ဝင်သွားခဲ့သည်။ ထုံးစံအတိုင်းပဲ ပစ္စည်းများကို Check-scan စင်ပေါ်တင်ပြီး ကျွန်ုပ်ကိုလည်း လုံခြုံရေးအဖွဲ့မှ စစ်ဆေးမှု ပြုလုပ်ပါသည်။ ပြီးနောက် ပစ္စည်း တွေကို scan စက်မှ တွန်းလှည်းပေါ် ပြန်တင်သောအခါ လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ယောက်မှ “မတင်နဲ့အုံး၊ လူလည်း အများကြီး၊ ပစ္စည်းတွေကလည်း အများကြီး၊ ဂိတ်ကို လည်း ခွဲဝင်ကြတယ်” ဆိုပြီး တင်ခွင့် မပေးတော့ပါ။ ခရီး သွားမည့်သူက ဘယ်သူလဲ၊ ပစ္စည်း ပိုင်ရှင်က ဘယ်သူလဲ ဆိုပြီး ဆက်မေး နေပါတယ်။ ပစ္စည်းပိုင်ရှင် ရှိပါတယ်။ ခရီးသွားမည့်သူ လည်း အတူတူပါလာတယ် လို့ ပြန်ဖြေလိုက်ပါသည်။ ‘ဒါဆို အထဲမှာဘာပါလဲ၊ အထုပ်ကို ဖြည်ပြပါလို့ ပြောလာပါသည်။ လုံခြုံရေး ဝန်ထမ်း တစ်ယောက် က အထက်ကို သတင်း ပို့ရမည် ပြောပြီး၊ ဖုန်းပြောရင်း သန့်စင်ခန်းထဲ ဝင်သွားပါသည်။

မကြာပါဘူး၊ အကောက်ခွန် အရာရှိ နှစ်ယောက် ရောက်လာပါတယ်။ အကောက်ခွန်ကော၊ ရဲကော ရောက်လာတော့ ပစ္စည်း ကို ဖြည်ခိုင်းပါတယ်။ အစပိုင်းမှာတော့ စိတ်မသက်မသာ ဖြစ်မိပါတယ်။ ပါလာသည့် ပစ္စည်း များမှ ဈေးထဲမှ ဝယ်လာသည့်လက်ဖက်သုပ်၊ အချဉ်ထုပ်၊ ကတ္တီပါ ဖိနပ်၊ ကလေး/မိန်းမ စီး ဖိနပ်တို့သာဖြစ်သည်။

scanစက် က မကောင်းလို့လား။ scan ဖတ်ပြီးသား အထုပ်ကို ဖြည်ခိုင်းနေတယ်၊ ဆိုပြီး တွေးမိပါတယ်။ မူးယစ်ဆေးဝါး သို့မဟုတ် ဖောက်ခွဲရေး ပစ္စည်းများနှင့် တရားမဝင် ပစ္စည်းများ ကုန်ကူး နေသကဲ့သို့ ဝိုင်းအုံ နေကြသည်။ ဓါတ်ပုံတွေလည်း ရိုက်ကြပါသည်။ သံသယဖြစ်လို့ စစ်ဆေးတယ်လို့ ခံယူ ပေမယ့်လည်း လူတွေ ဝိုင်းအုံနေတော့ အရမ်းပဲ စိတ်မကောင်း ဖြစ်မိပါသည်။ ရှက်လည်း ရှက်မိပါသည်။ စားပွဲပေါ် ရှိအထုပ်တွေဖြည်တော့ထွတ်လာသည့် ဖိနပ်တွေ၊ လက်ဖက်နှပ်တွေ ကို ကြည့်ပြီး လုံခြုံရေးအဖွဲ့နှင့် အကောက်ခွန် အရာရှိတွေက “ပစ္စည်းတွေက အသစ်တွေနော်လို့” တီးတိုး ပြောကြသည်။

အမေရိကထိ ခရီး အဝေးကြီးကို ဘယ်သူကများ ဖိနပ်အဟောင်းကြီးကို သယ်မှာလဲလို့ ရေရွက်မိပါသည်။ တစ်ဖြည်းဖြည်းနှင့် ဘေးပတ်လည်မှာ လူတွေများလာပါတယ်။ ဝိုင်းအုံနေတဲ့ သူတွေကို သတိထား အကဲခတ်ကြည့်လိုက်တော့ နိုင်ငံခြားသား အများစု ဖြစ်နေပါသည်။

လုံခြုံရေး အဖွဲ့များ၏ ကျေးဇူးကြောင့် ကျွန်ုပ်ကို မှောင်ခို ကုန်ကူး နေသူ တစ်ယောက်ကဲ့သို့ ပစ္စည်း ကြည့်လိုက်၊ လူ ကြည့်လိုက် လုပ်နေကြပါသည်။ အခြေအနေက ရုပ်ပျက်ဆင်းပျက်လွန်းသည်ဟု ခံစားမိပါသည်။ လေယာဉ်ကွင်း ဂုဏ်သိက္ခာ၊ နိုင်ငံ ဂုဏ်သိက္ခာ ညှိုးနွမ်းစေသည့် လုပ်ရပ် တစ်ခုဟုလည်း ခံစား မိပါသည်။ နိုင်ငံစုံ၊ လူမျိုးစုံ ရှိသည့် နေရာမှာ အခုလိုမျိုး လုပ်ရပ်သည် အင်မတန်မှ အရုပ်ဆိုး လွန်းသည်ဟု ခံစား မိပါသည်။ မကြာခင်မှာပဲ ကျွနု်ပ်အစ်ကို နှင့် တူမ ရောက်လာပါသည်။ ပစ္စည်းက ဘာဖြစ်တာလဲ မေးပါသည်။ လုံခြုံရေးအရ စစ်တာပါလို့ ပြောလာပါသည်။ ပစ္စည်းတွေက များလွန်းကြောင်း အကောက်ခွန်နှင့် စကား ပြောရမည်ဟု ပြောပါသည်။
(ပြောမယ်။ ပြောမယ်။ လက်မခံနိုင်တဲ့ ပစ္စည်း ပါရင် ပြန်ချလိုက်ပါမယ်၊ ချန်ထားလိုက်မည်။ ဒီပစ္စည်းတွေက ဘာမှ ထွေထွေထူးထူး မဟုတ်ဘူး၊ ဒါတွေကို သယ်ခွင့် မပေးဘူးဆိုရင် ဒီကိစ္စ ကို တာဝန်ယူနိုင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ စကားပြောချင်တယ်၊ ကျွန်တော်တို့က ဘာတွေ မှားနေလို့လဲ၊ လို့ အစ်ကို က မေးမြန်း ထောက်ပြပါသည်။)
Hello
အကောက်ခွန်နှင့် ညှိပါ။ ပစ္စည်းတွေက များလွန်းတယ်။ ငါတို့ လက်မခံ နိုင်ဘူး လို့ လုံခြုံရေး တာဝန်ကျ သူက ပြန်ပြောပါသည်။ ကျွန်တော်တို့ကို အကောက်ခွန် ရုံးခန်းကို ခေါ်သွားပါတယ်။ ရုံးခန်းထဲကိုတော့ အစ်ကို တစ်ယောက်ထဲ ဝင်ခွင့် ပြုပြီး ကျွန်တော်က အပြင်မှာ စောင့်ရပါသည်။ ၁၀မိနစ်ကြာတော့ အစ်ကို ထွက်လာပြီး အကောက်ခွန် ဝန်ထမ်းက နှစ်ယောက် လိုက်လာပါတယ်။ ရဲတွေက လက်မခံဘူးဆိုတော့ ခရီးဆောင်အိတ်နှစ်လုံး ချန်ထားရမယ်လို့ ပြောပါသည်။ အခွန်နှင့် မလွတ်ကင်းတဲ့ ပစ္စည်းများ ပါခဲ့ရင် အခွန်ဆောင်ရမယ် သို့မဟုတ် သယ်ဆောင်ခြင်းခြင်းမပြုရဘူးလို့ သဘောပေါက်ထားသော်လည်း၊ အခုဟာက တစ်မျိုးကြီး ဖြစ်နေပါသည်။ လုံခြုံရေးနှင့် ငြိစွန်းနေသည့် ပစ္စည်း ကိရိယာ တစ်စုံတစ်ခု မပါရှိသော်လည်း လုံခြုံရေးအဖွဲ့၏ ခွင့်ပြုသလောက်သာ သယ်ဆောင်ခွင့် ရသည်မှာ အခုမှ သိလိုက်ရပါသည်။ ရဲတွေ ခွင့် မပြုလို့ အိတ်နှစ်လုံး ပြန်ထုတ်ပြီး အိမ်သို့ပြန်သယ်ခဲ့ရပါသည်။ သက်ဆိုင်သည့် ကောင်တာတွင် Check-in လုပ်ရင်း ခွင့်ပြုသည့် ပစ္စည်းထုပ်တွေကို ပေါင်ချိန်ပြီး register လုပ်ပါသည်။ ခရီးဆောင်အိတ်မဟုတ်သော ပစ္စည်းထုပ်တွေကို တစ်လုံးလျှင် ဒေါ်လာနှစ်ရာနှုန်းဖြင့် သယ်ဆောင်ခွင့် ပြုပါသည်။

ကောင်တာ တာဝန်ကျ တစ်ဦးအနားသို့ ကပ်ပြီး ပစ္စည်းထုပ် အတွက် ကောက်ယူသော ပိုက်ဆံတွေကို ဘယ်သူများရသွားသလဲလို့ မေးလိုက်ပါသည်။ အံ့သြသော မျက်လုံးဖြင့် လေကြောင်းလိုင်းကုမ္ပဏီက ရတာပေါ့ ဟု ပေါ့ပေါ့ပါးပါး ပြန်ဖြေပေးပါသည်။ ခရီးသည် တစ်ဦးလျှင် အိတ် ဘယ်နှစ်လုံး သယ်ခွင့်ပေးပါသလဲ၊ ခရီးသည် ပေါင်ပို ပစ္စည်းများသည် လေကြောင်း လိုင်း အတွက် အနှောင့်အယှက် ဖြစ်ပါသလားဟု ထပ်မံ မေးခဲ့ပါသည်။ ခရီးသည် ပေါင်ပို ပစ္စည်းပါတာ လေကြောင်းလိုင်းအတွက် ဘာပြသနာမှ မရှိပါဘူးဟု ပြုံးပြုံးလေးပဲ ပြန်ဖြေပေးလိုက်ပါသည်။ ပစ္စည်းများတယ် ဆိုတဲ့ အကြောင်းပြချက်ဖြင့် နစ်နာဆုံးရုံးသွားသော အိတ်နှစ်လုံးစာ USD 400 နှင့် ပတ်သက်ပြီး လေကြောင်း ကုမ္ပဏီ၏ သဘောထား မှတ်ချက်ကို စိတ်ဝင်စား မိပါသည်။ ထို့ပြင် ကျွန်တော်တို့ကဲ့သို့ လုံခြုံရေးအဖွဲ့များ၏ ညွှန်ကြားမှုဖြင့် ပစ္စည်း လျှော့ချရသူ တစ်ရက် တွင် ဘယ်နှစ်ဦး ရှိမည်နည်းဟုလည်း စိတ်ဝင်စားမိပါသည်။

မိမိသည် နိုင်ငံတကာလေယာဉ်ခရီးစဉ် အတွေ့အကြုံများ မရှိခဲ့သော်လည်း၊ ပြည်တွင်း ခရီးသွား လူစီး သီးသန့် ယာဉ်များသည်ပင်လျှင် အောက်ခံပစ္စည်းနှင့် ခရီးသည်များ ထပ်မံပေးဆောင်သည့် တန်ဆာခများ ပေါ်တွင် အတိုင်းအတာတစ်ခုထိ မှီခိုနေသကဲ့သို့ လေကြောင်းလိုင်း ကုမ္ပဏီများသည်လည်း အလားသဏ္ဍာန်တူ လိမ့်မည်ဟု ယူဆမိပါသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တာဝန်ကျသူများမှ ခက်ခက်ခဲခဲ သယ်ဆောင်ခွင့်ပေးခဲ့သော ပစ္စည်းထုပ်များသည် အမေရိကားသို့ရောက်သောအခါ တစ်စုံတစ်ရာမေးမြန်းခြင်းမရှိပဲ လျှောလျှောလျူလျူဝင်ခွင့်ရခဲ့ပါသည်။

ထို့ကြောင့်
(က) ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တစ်ဆင့် ပြည်တွင်း ပြည်ပ ဝင်/ထွက် မည့် ခရီးသွားပြည်သူများ၏ ခရီး သည်ပါ ပစ္စည်းသယ်ယူခွင့် ကန့်သတ် ခွင့်ပြုရေးနှင့် ပတ်သက်ပြီး ၁) လေကြောင်းလိုင်း၏ ဆုံးဖြတ်ချက် ၂) အကောက်ခွန်၏ ဆုံးဖြတ်ချက် ၃) လုံခြုံရေးအဖွဲ့၏ ဆုံးဖြတ်ချက် များတွင် မည်သည့် အချက်သည် အဓိက ဖြစ်မည်နည်း။
(ခ) အခွန်လွန်/မလွတ် သတ်မှတ်ရာတွင် မည်သည့် အချက်များ အပေါ် အခြေခံ ခဲ့ပါသလဲ။ ခရီးသွား ပြည်သူများ အနေဖြင့် တရားဝင် သယ်ဆောင်ခွင့် ရရှိသည့် ကုန်စည်ပစ္စည်း ပမာဏသည် မည်မျှ ဖြစ်ပါသနည်း

(ဂ) လက်ရှိအခြေအနေတွင် အကောက်ခွန်နှင့် လွတ်ကင်းပြီး လုံခြုံရေးဆိုင်ရာများနှင့်ကင်းရှင်းနေသော်လည်း လုံခြုံရေးတာဝန်ရှိသူမျာမှ ပစ္စည်း အရေအတွက် ကန့်သတ်လျှော့ချခွင့်ပြုလိုက်ခြင်းသည် မည်သည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ရခြင်း ဖြစ်ပါသနည်း။

(ဃ) လေယာဉ်ကွင်း တာဝန်ကျသူများ အနေဖြင့် မိမိနိုင်ငံသား အချင်းချင်း အပေါ် သံသယ စိတ်ကြီးစွာဖြင့် မချိုမချဉ် မထီမဲ့မြင် ဆက်ဆံနေသကဲ့သို့ တိုင်းတစ်ပါး နိုင်ငံခြားသားများ အပေါ်တွင်လည်း အင်မတန် ရိုင်းစိုင်းစွာ ဆက်ဆံပြုမူနေသလား၊ စသည့်အချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ စိစစ် ကြပ်မတ် သုံးသပ်ရန် တင်ပြလိုခြင်း ဖြစ်ပါသည်။

ကိုလျန်တွောင်