၂၀၁၉ ခုႏွစ္အတြင္း ကေလးၿမိဳ႕နယ္၌ ျဖစ္ပြားခဲ့သည့္ မုဒိန္းမႈေပါင္း (၁၉) ခုအနက္ သက္ငယ္ မုဒိန္းမႈ (၈) မႈရွိ

ွSalai Khup Khup

ကေလးၿမိဳ႕နယ္တြင္ ၂၀၁၉ ခုႏွစ္အတြင္း မုဒိမ္းမႈေပါင္း (၁၉)မႈ ရွိသည့္အနက္ သက္ငယ္မုဒိမ္းမႈ(၈)မႈ ရွိေၾကာင္း တရားမွ်တမႈအတြက္ အမ်ိဳးသမီးမ်ား အဖြဲ႕(Justice for Women) မွ ဥပေဒအေထာက္ကူျပဳ ေဒၚဆန္ႏြမ္ကေျပာသည္။

JW အဖြဲ႕မွ ေဒၚဆန္ႏြမ္က “၂၀၁၉ခုႏွစ္အတြင္း ကြၽန္ေတာ္မတို႔ စာရင္းအရဆိုရင္ အမူေပါင္း (၁၉)မူေလာက္ရွိတယ္။ အဲဒီအထဲမွာ (၁၄)ႏွစ္ေအာက္ သက္ငယ္မုဒိမ္းမူဆိုရင္ (၈)မႈေလာက္ရွိတယ္။ (၁၆)ႏွစ္ေအာက္လည္းရွိတယ္ သတ္သတ္စီခြဲထားတယ္။ အသက္ျပည့္ၿပီး စြ႕ံ့အနားမၾကား စကားမေျပာတတ္တဲ့သူေတြအေပၚက်ဴးလြန္တဲ့ မုဒိမ္းမူေတြလည္း ရွိတယ္”ဟုေျပာသည္။

၂၀၁၉ ခုႏွစ္အတြင္း ျဖစ္ပြားခဲ့သည့္ မုဒိမ္းမႈတခ်ိဳ႕မွာ တရားခံမ်ားကို ဖမ္းဆီးၿပီး အမႈခ်မွတ္လိုက္ၿပီး ေသာ္လည္း အခ်ိဳ႕အမႈမ်ားမွာ အမႈရင္ဆိုင္ ေနရဆဲကာလျဖစ္ေၾကာင္း ေဒၚဆန္ႏြမ္ကေျပာသည္။

သူကဆက္ၿပီး “စြံ႕အနားမၾကား အဓၶမျပဳက်င့္ခံရတဲ့သူေတြဆိုရင္ သူတို႔ကလည္း လက္သကၤတ ျပဘာသာေတြမတတ္ထားေတာ့ သူတို႔အမႈကို ေဖာ္ထုတ္စစ္ေဆးတဲ့ ေနရာမွာ အခ်ိန္ၾကန႔္ၾကာေနတာမ်ိဳးေတြ ရွိေနတယ္။ အမႈအခ်ိဳ႕ဟာ ေတာ္ေတာ္မ်ားမ်ားေတာ့ အမႈခ်လိုက္ၿပီ။ တခ်ိဳ႕ဟာေတာ့ အမႈရင္ဆိုင္ေနတုန္း ျဖစ္တယ္”ဟုေျပာသည္။

ၿပီးခဲ့သည့္ရက္ ေအာက္တိုဘာလ (၁)ရက္ေန႔က အမွတ္(၈)ေက်ာင္းတြင္ KG တတ္ေရာက္ေနသည့္ (၅)ႏွစ္အ႐ြယ္ ေက်ာင္းသူမေလး တစ္ဦးကို အဓၶမျပဳက်င့္ခဲ့သူကို အျမန္ဆုံးသိရွိႏိုင္ရန္လည္း တရားမွ်တမႈအတြက္ အမ်ိဳးသမီးအဖြဲ႕မွ ႀကိဳးစားသြားမည္ျဖစ္ေၾကာင္း ေဒၚဆန္ႏြမ္ကဆက္ေျပာသည္။

ေဒၚဆန္ႏြမ္က “အဲဒီအမႈဆိုရင္ အခုခ်ိန္မွာ တရားခံကိုေတာ့ မမိေသးဘူး။ အမူကေတာ့ ဖြင့္ထားၿပီးၿပီျဖစ္တယ္။ ဒီအမႈမွာ တရားခံအျမန္ဆုံး ေပၚေအာင္ ကြၽန္မတို႔အဖြဲ႕အစည္း အေနနဲ႔ ႀကိဳးစားေနပါတယ္။ ဘာလို႔လဲဆိုေတာ့ ကေလးမေလးကလည္း အခုခ်ိန္မွာ စိတ္ထိခိုက္ေနတဲ့ အခ်ိန္ျဖစ္လို႔ သူ႔မိဘေတြကလည္း ေမးဖို႔အခြင့္မေပးခ်င္ေသးဘူး။ ကေလးက်န္းမာေရးေကာင္းမွ ဘဲက်န္တာလုပ္ရမွာျဖစ္တယ္”ဟုေျပာသည္။
ကေလးၿမိဳ႕ စမ္းၿမိဳ႕ရပ္ကြက္ရွိ အမွတ္(၈) အေျခခံပညာ အထက္တန္းေက်ာင္းတြင္ KG ေက်ာင္း တတ္ေရာက္ေနသည့္ ေက်ာင္းသူကို ေအာက္တိုဘာလ(၁)ရက္ေန႔ ညပိုင္းတြင္ အဓၶမျပဳက်င့္ ခံခဲ့ရသည္။

Unicode Version

၂၀၁၉ ခုနှစ်အတွင်း ကလေးမြို့နယ်၌ ဖြစ်ပွားခဲ့သည့် မုဒိန်းမှုပေါင်း (၁၉) ခုအနက် သက်ငယ် မုဒိန်းမှု (၈) မှုရှိ

ကလေးမြို့နယ်တွင် ၂၀၁၉ ခုနှစ်အတွင်း မုဒိမ်းမှုပေါင်း (၁၉)မှု ရှိသည့်အနက် သက်ငယ်မုဒိမ်းမှု(၈)မှု ရှိကြောင်း တရားမျှတမှုအတွက် အမျိုးသမီးများ အဖွဲ့(Justice for Women) မှ ဥပဒေအထောက်ကူပြု ဒေါ်ဆန်နွမ်ကပြောသည်။
JW အဖွဲ့မှ ဒေါ်ဆန်နွမ်က “၂၀၁၉ခုနှစ်အတွင်း ကျွန်တော်မတို့ စာရင်းအရဆိုရင် အမူပေါင်း (၁၉)မူလောက်ရှိတယ်။ အဲဒီအထဲမှာ (၁၄)နှစ်အောက် သက်ငယ်မုဒိမ်းမူဆိုရင် (၈)မှုလောက်ရှိတယ်။ (၁၆)နှစ်အောက်လည်းရှိတယ် သတ်သတ်စီခွဲထားတယ်။ အသက်ပြည့်ပြီး စွ့ံ့အနားမကြား စကားမပြောတတ်တဲ့သူတွေအပေါ်ကျူးလွန်တဲ့ မုဒိမ်းမူတွေလည်း ရှိတယ်”ဟုပြောသည်။
၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် မုဒိမ်းမှုတချို့မှာ တရားခံများကို ဖမ်းဆီးပြီး အမှုချမှတ်လိုက်ပြီး သော်လည်း အချို့အမှုများမှာ အမှုရင်ဆိုင် နေရဆဲကာလဖြစ်ကြောင်း ဒေါ်ဆန်နွမ်ကပြောသည်။
သူကဆက်ပြီး “စွံ့အနားမကြား အဓ္ဓမပြုကျင့်ခံရတဲ့သူတွေဆိုရင် သူတို့ကလည်း လက်သင်္ကတ ပြဘာသာတွေမတတ်ထားတော့ သူတို့အမှုကို ဖော်ထုတ်စစ်ဆေးတဲ့ နေရာမှာ အချိန်ကြန့်ကြာနေတာမျိုးတွေ ရှိနေတယ်။ အမှုအချို့ဟာ တော်တော်များများတော့ အမှုချလိုက်ပြီ။ တချို့ဟာတော့ အမှုရင်ဆိုင်နေတုန်း ဖြစ်တယ်”ဟုပြောသည်။
ပြီးခဲ့သည့်ရက် အောက်တိုဘာလ (၁)ရက်နေ့က အမှတ်(၈)ကျောင်းတွင် KG တတ်ရောက်နေသည့် (၅)နှစ်အရွယ် ကျောင်းသူမလေး တစ်ဦးကို အဓ္ဓမပြုကျင့်ခဲ့သူကို အမြန်ဆုံးသိရှိနိုင်ရန်လည်း တရားမျှတမှုအတွက် အမျိုးသမီးအဖွဲ့မှ ကြိုးစားသွားမည်ဖြစ်ကြောင်း ဒေါ်ဆန်နွမ်ကဆက်ပြောသည်။
ဒေါ်ဆန်နွမ်က “အဲဒီအမှုဆိုရင် အခုချိန်မှာ တရားခံကိုတော့ မမိသေးဘူး။ အမူကတော့ ဖွင့်ထားပြီးပြီဖြစ်တယ်။ ဒီအမှုမှာ တရားခံအမြန်ဆုံး ပေါ်အောင် ကျွန်မတို့အဖွဲ့အစည်း အနေနဲ့ ကြိုးစားနေပါတယ်။ ဘာလို့လဲဆိုတော့ ကလေးမလေးကလည်း အခုချိန်မှာ စိတ်ထိခိုက်နေတဲ့ အချိန်ဖြစ်လို့ သူ့မိဘတွေကလည်း မေးဖို့အခွင့်မပေးချင်သေးဘူး။ ကလေးကျန်းမာရေးကောင်းမှ ဘဲကျန်တာလုပ်ရမှာဖြစ်တယ်”ဟုပြောသည်။
ကလေးမြို့ စမ်းမြို့ရပ်ကွက်ရှိ အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းတွင် KG ကျောင်း တတ်ရောက်နေသည့် ကျောင်းသူကို အောက်တိုဘာလ(၁)ရက်နေ့ ညပိုင်းတွင် အဓ္ဓမပြုကျင့် ခံခဲ့ရသည်။