ၿမိဳ႕နယ္သံုးၿမိဳ႕နယ္မွ ခ်င္းတပ္မေတာ္ေဟာင္းမ်ားအားဂုဏ္ျပဳသည့္အေနျဖင့္ အထိမ္းအမွတ္ ေက်ာက္တုိင္ စုိက္ထူမည္

ဟားခါး၊ ထန္တလန္ ႏွင့္ မတူပီၿမိဳ႕နယ္အတြင္းရွိ ခ်င္းတပ္မေတာ္ေဟာင္းမ်ား အားဂုဏ္ျပဳသည့္ အေနျဖင့္ ေအာက္ေမ့ဖြယ္ရာ ေက်ာက္တုိင္ကိုဟားခါးၿမိ္ဳ႕တြင္ စုိက္ထူမည္ျဖစ္ၿပီး လာမည္႔ခ်င္းအမ်ဳိးသားေန႔တြင္ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရသည္။

ျဖစ္ေျမာက္ေရး ေကာ္မတီဥကၠဌ Pu Thla Hre က “ကၽြန္ေတာ္တုိ႔ ခ်င္းအမ်ဳိးသားေန႔မွာ ဖြင့္ပြဲလုပ္ဖုိ႔ရွိတယ္၊ အဲဒီအတြက္ ျပည္တြင္းျပည္ပက အလွဴရွင္ေတြကုိ ဆက္သြယ္တာလည္းရွိတယ္၊ က်ေတာ္တုိ႔အေနနဲ႕ ဟားခါး၊ ထန္တလန္ ႏွင့္ မတူပီၿမိဳ႕နယ္က ခ်င္းတပ္မေတာ္ေဟာင္း ၉၀ ေက်ာ္နာမည္ေက်ာက္တုိင္မွာ ေရးထားမယ္၊ တစ္ျခားၿမိဳ႕ကဟာေတြကေတာ့ မလုပ္ႏူိင္ေသးဘူး” ဟု ေျပာသည္။

ယခုကဲ့သို႕ လုပ္ငန္းမွာ အစိုးရဖက္မွ ရန္ပံုေငြခ်ထားေပးျခင္းမ်ိဳးမရွိပဲ ကိုယ္ထူကိုယ္ထ ရန္ပံုေငြရွာခဲ့ျခင္းျဖစ္ေၾကာင္းဆက္ေျပာသည္။

Pu Thla Hre က“ကၽြန္ေတာ္တုိ႔ ဗုိလ္ခ်ဳပ္ေၾကးရုပ္ေၾကာင့္ အခုလုိလုပ္တာေတာ့ မဟုတ္ဘူး၊ အစုိးကေနလည္း ဘတ္ဂ်တ္ခ်ၿပီးတာမရွိဘူး၊ ကုိယ္ထူကုိယ္ထ ရံပုံေငြရွာၿပီး လုပ္ခဲ့တာပါ၊ လက္ရွိဘတ္ဂ်တ္ခန္႔မွန္းထားတာကလည္း သိန္း ၂၅၀ ကုန္မယ္။ ဒါကလည္း ျပည္တြင္း၊ ျပည္ပကေန အခုစတင္ၿပီး လုိက္ရွာေနတယ္” ဟု ေျပာသည္။

Unicode Version

မြို့နယ်သုံးမြို့နယ်မှ ချင်းတပ်မတော်ဟောင်းများအားဂုဏ်ပြုသည့်အနေဖြင့် အထိမ်းအမှတ် ကျောက်တိုင် စိုက်ထူမည်

ဟားခါး၊ ထန်တလန် နှင့် မတူပီမြို့နယ်အတွင်းရှိ ချင်းတပ်မတော်ဟောင်းများ အားဂုဏ်ပြုသည့် အနေဖြင့် အောက်မေ့ဖွယ်ရာ ကျောက်တိုင်ကိုဟားခါးမြို့တွင် စိုက်ထူမည်ဖြစ်ပြီး လာမည့်ချင်းအမျိုးသားနေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ဖြစ်မြောက်ရေး ကော်မတီဥက္ကဌ Pu Thla Hre က “ကျွန်တော်တို့ ချင်းအမျိုးသားနေ့မှာ ဖွင့်ပွဲလုပ်ဖို့ရှိတယ်၊ အဲဒီအတွက် ပြည်တွင်းပြည်ပက အလှူရှင်တွေကို ဆက်သွယ်တာလည်းရှိတယ်၊ ကျတော်တို့အနေနဲ့ ဟားခါး၊ ထန်တလန် နှင့် မတူပီမြို့နယ်က ချင်းတပ်မတော်ဟောင်း ၉၀ ကျော်နာမည်ကျောက်တိုင်မှာ ရေးထားမယ်၊ တစ်ခြားမြို့ကဟာတွေကတော့ မလုပ်နိူင်သေးဘူး” ဟု ပြောသည်။
ယခုကဲ့သို့ လုပ်ငန်းမှာ အစိုးရဖက်မှ ရန်ပုံငွေချထားပေးခြင်းမျိုးမရှိပဲ ကိုယ်ထူကိုယ်ထ ရန်ပုံငွေရှာခဲ့ခြင်းဖြစ်ကြောင်းဆက်ပြောသည်။
Pu Thla Hre က“ကျွန်တော်တို့ ဗိုလ်ချုပ်ကြေးရုပ်ကြောင့် အခုလိုလုပ်တာတော့ မဟုတ်ဘူး၊ အစိုးကနေလည်း ဘတ်ဂျတ်ချပြီးတာမရှိဘူး၊ ကိုယ်ထူကိုယ်ထ ရံပုံငွေရှာပြီး လုပ်ခဲ့တာပါ၊ လက်ရှိဘတ်ဂျတ်ခန့်မှန်းထားတာကလည်း သိန်း ၂၅၀ ကုန်မယ်။ ဒါကလည်း ပြည်တွင်း၊ ပြည်ပကနေ အခုစတင်ပြီး လိုက်ရှာနေတယ်” ဟု ပြောသည်။