ဟားခါးမြို့ မြို့သစ်ရပ်ကွက်ဘောလုံးကွင်းတွင် Shopping Mall တည်ဆောက်မည့်အပေါ် ဒေသခံအချို့သဘောမတူ

Photo: The Hakha Post

Salai Khup Khup

ဟားခါးမြို့မြို့သစ်ရပ်ကွက်ရှိ အ.ထ.က (၂)ဘောလုံးကွင်းတွင် စျေးရောင်းစင်တာ (Shopping Mall)ကို တည်ဆောက်ရန် ဆောင်ရွက်နေခြင်းကို ဒေသခံအချို့မှ သဘောမတူကြကြောင်းသိရသည်။

ဒေသခံ ဒေါက်တာကျူံးပီးက “မြို့ထဲမှာရှိတဲ့ လူငယ်တွေအတွက် အားကစားကွင်း ဆိုတာဘယ်လောက် အရေးပါတယ်ဆိုတာ ပြောနေစရာမလိုဘူး အရမ်းစိတ်ပျက်တာက ရှိပြီးသား အားကစားကွင်းကိုမှ သေသေချာချာ မလုပ်ပေးဘဲနဲ့ ရှိပြီးသားကိုမှယူပြီးမှ Shopping mall လုပ်မယ်ဆိုတာက တော်တော်စိတ်ပျက်မိတယ် Shopping mall ဆိုတာက မြို့အင်္ဂါရပ်အနေနဲ့ စီးပွားရေးအရ ကောင်းပါတယ်။ Shopping mall ရှိစေချင်တယ် ဒါပေမဲ့ လုပ်မယ်ဆိုရင်လည်း တခြားနေရာရှာပေါ့ အခုမြို့ပြစီမံကိန်းတွေလည်း လုပ်နေကြတာဘဲ အဲဒီမှာ တစ်ခါတည်း ထည့်လို့မရဘူးလာ ဘာဖြစ်လို့ ရှိပြီးသားဘောလုံးကွင်းကို ဖြက်ပြီးမှ Shopping mall တည်ဆောက်မလဲ”ဟုပြောသည်။

မြို့သစ်ရပ်ကွက် ဘောလုံးကွင်းတွင် Shopping mall တည်ဆောက်ရန် ရပ်ကွက်ထဲမှ လူအချို့ ထောက်ခံကြောင်း သိရပြီး အဆိုပါလူများမှာ အားကစား လုပ်သောသူ အားကစားကို မြတ်နိုးသူ မဖြစ်နိုင်ကြောင်း လူအနည်းစု သဘောတူညီချက်ဖြင့် ဆုံးဖြတ်ချက်ချတာမျိုး မဖြင့်သင့်ကြောင်းလည်း ဒေါက်တာကျုံးပီးကပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဟားခါးမြို့တွင် လာရောက်စဉ်က ၎င်းနေရာကို တင်ပြခဲ့ပြီးနောက် ပြည်နယ်အစိုးရအနေဖြင့် သွားရောက်ကွင်းဆင်း လေ့လာခြင်းနှင့် မြို့လုံးကျွတ်အစည်းအဝေးများကို သုံးကြိမ်တိုင်လုပ်ပြီး မြို့သစ်ရပ်ကွက်ရှိ ဘောလုံးကွင်းကို Shopping mall တည်ဆောက်ရန် ဒေသခံများမှလည်း သဘောတူသောကြောင့် ၎င်းနေရာကို တည်ဆောက်ရန် ရွေးထားခြင်းဖြစ်ကြောင်း လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးရွှေထီးယူကပြောသည်။

ဝန်ကြီး ဦးရွှေထီးယူက “အတိုင်ပင်ခံလာတုန်းကလည်း တင်ပြတယ် နောက်ပြီးအစိုးရကိုလည်း တင်ပြတဲ့အခါကျတော့ ပြည်နယ်အစိုးရအနေနဲ့လည်း ကွင်းဆင်းပေးတယ် နောက်ပြီးသင့်တော်တယ် ထင်လို့၊ ရပ်ကွက်တစ်ခုလုံးကလည်း သဘောတူတဲ့ အတွက်ကြောင့် ဖြစ်သင့်တယ် ဆိုလို့ သဘောတူထားတာဖြစ်တယ်”ဟုပြောသည်။

မြို့သစ်ရပ်ကွက်တွင် Shopping mall တည်ဆောက်ရန် ပြည်နယ်အစိုးရ ရန်ပုံငွေဖြင့် တည်ဆောက်မှာ မဟုတ်ဘဲ Developer အဖွဲ့စည်းမှ တာဝန်ယူတည်ဆောက် သွားမှာဖြစ်ကြောင်း ဝန်ကြီးရွှေထီးယူကပြောသည်။

မြို့သစ်ရပ်ကွက်ရှိ ဘောလုံးကွင်းတွင် Shopping mall တည်ဆောက်ရန် ပြည်နယ်အစိုးရ အနေဖြင့် ခွင့်ပြုခြင်းသည် ဒေသခံလူငယ် အားကစားသမားများအတွက် အလွန်စိတ်ပျက်စရာကောင်းကြောင်း ဒေသခံ ရှိန်းမာန်ကပြောသည်။

ဒေသခံ ဆလိုင်းရှိန်းမာန်က “ကျွန်တော်တို့လည်း မြို့သစ်ကဆိုတော့ အဲဒီဘောလုံးကွင်းမှာ နှစ်တိုင်း နှစ်သစ်ကူးနဲ့ ဒီဇင်ဘာမှာ ဘောလုံးပြိုင်ပွဲတွေ အမြဲကျင်းပတဲ့ နေရာဖြစ်တယ်။ အဲဒါကြောင့် Shopping mall ဆောက်မဲ့အစား ဘောလုံးကွင်းကို အဆင့်မြင့်အောင် လုပ်ပေးဖို့ လိုချင်တယ်”ဟုပြောသည်။

Zawgyi Version

ဟားခါးၿမိဳ႕ ၿမိဳ႕သစ္ရပ္ကြက္ေဘာလုံးကြင္းတြင္ Shopping Mall တည္ေဆာက္မည့္အေပၚ ေဒသခံအခ်ိဳ႕သေဘာမတူ

ဟားခါးၿမိဳ႕ၿမိဳ႕သစ္ရပ္ကြက္ရွိ အ.ထ.က (၂)ေဘာလုံးကြင္းတြင္ ေစ်းေရာင္းစင္တာ (Shopping Mall)ကို တည္ေဆာက္ရန္ ေဆာင္ရြက္ေနျခင္းကို ေဒသခံအခ်ိဳ႕မွ သေဘာမတူၾကေၾကာင္းသိရသည္။

ေဒသခံ ေဒါက္တာက်ဴံးပီးက “ၿမိဳ႕ထဲမွာရွိတဲ့ လူငယ္ေတြအတြက္ အားကစားကြင္း ဆိုတာဘယ္ေလာက္ အေရးပါတယ္ဆိုတာ ေျပာေနစရာမလိုဘူး အရမ္းစိတ္ပ်က္တာက ရွိၿပီးသား အားကစားကြင္းကိုမွ ေသေသခ်ာခ်ာ မလုပ္ေပးဘဲနဲ႔ ရွိၿပီးသားကိုမွယူၿပီးမွ Shopping mall လုပ္မယ္ဆိုတာက ေတာ္ေတာ္စိတ္ပ်က္မိတယ္ Shopping mall ဆိုတာက ၿမိဳ႕အဂၤါရပ္အေနနဲ႔ စီးပြားေရးအရ ေကာင္းပါတယ္။ Shopping mall ရွိေစခ်င္တယ္ ဒါေပမဲ့ လုပ္မယ္ဆိုရင္လည္း တျခားေနရာရွာေပါ့ အခုၿမိဳ႕ျပစီမံကိန္းေတြလည္း လုပ္ေနၾကတာဘဲ အဲဒီမွာ တစ္ခါတည္း ထည့္လို႔မရဘူးလာ ဘာျဖစ္လို႔ ရွိၿပီးသားေဘာလုံးကြင္းကို ျဖက္ၿပီးမွ Shopping mall တည္ေဆာက္မလဲ”ဟုေျပာသည္။

ၿမိဳ႕သစ္ရပ္ကြက္ ေဘာလုံးကြင္းတြင္ Shopping mall တည္ေဆာက္ရန္ ရပ္ကြက္ထဲမွ လူအခ်ိဳ႕ ေထာက္ခံေၾကာင္း သိရၿပီး အဆိုပါလူမ်ားမွာ အားကစား လုပ္ေသာသူ အားကစားကို ျမတ္နိုးသူ မျဖစ္နိုင္ေၾကာင္း လူအနည္းစု သေဘာတူညီခ်က္ျဖင့္ ဆုံးျဖတ္ခ်က္ခ်တာမ်ိဳး မျဖင့္သင့္ေၾကာင္းလည္း ေဒါက္တာက်ဳံးပီးကေျပာသည္။

နိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ ဟားခါးၿမိဳ႕တြင္ လာေရာက္စဥ္က ၎ေနရာကို တင္ျပခဲ့ၿပီးေနာက္ ျပည္နယ္အစိုးရအေနျဖင့္ သြားေရာက္ကြင္းဆင္း ေလ့လာျခင္းႏွင့္ ၿမိဳ႕လုံးကၽြတ္အစည္းအေဝးမ်ားကို သုံးႀကိမ္တိုင္လုပ္ၿပီး ၿမိဳ႕သစ္ရပ္ကြက္ရွိ ေဘာလုံးကြင္းကို Shopping mall တည္ေဆာက္ရန္ ေဒသခံမ်ားမွလည္း သေဘာတူေသာေၾကာင့္ ၎ေနရာကို တည္ေဆာက္ရန္ ေရြးထားျခင္းျဖစ္ေၾကာင္း လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီးဦးေရႊထီးယူကေျပာသည္။

ဝန္ႀကီး ဦးေရႊထီးယူက “အတိုင္ပင္ခံလာတုန္းကလည္း တင္ျပတယ္ ေနာက္ၿပီးအစိုးရကိုလည္း တင္ျပတဲ့အခါက်ေတာ့ ျပည္နယ္အစိုးရအေနနဲ႔လည္း ကြင္းဆင္းေပးတယ္ ေနာက္ၿပီးသင့္ေတာ္တယ္ ထင္လို႔၊ ရပ္ကြက္တစ္ခုလုံးကလည္း သေဘာတူတဲ့ အတြက္ေၾကာင့္ ျဖစ္သင့္တယ္ ဆိုလို႔ သေဘာတူထားတာျဖစ္တယ္”ဟုေျပာသည္။

ၿမိဳ႕သစ္ရပ္ကြက္တြင္ Shopping mall တည္ေဆာက္ရန္ ျပည္နယ္အစိုးရ ရန္ပုံေငြျဖင့္ တည္ေဆာက္မွာ မဟုတ္ဘဲ Developer အဖြဲ႕စည္းမွ တာဝန္ယူတည္ေဆာက္ သြားမွာျဖစ္ေၾကာင္း ဝန္ႀကီးေရႊထီးယူကေျပာသည္။

ၿမိဳ႕သစ္ရပ္ကြက္ရွိ ေဘာလုံးကြင္းတြင္ Shopping mall တည္ေဆာက္ရန္ ျပည္နယ္အစိုးရ အေနျဖင့္ ခြင့္ျပဳျခင္းသည္ ေဒသခံလူငယ္ အားကစားသမားမ်ားအတြက္ အလြန္စိတ္ပ်က္စရာေကာင္းေၾကာင္း ေဒသခံ ရွိန္းမာန္ကေျပာသည္။

ေဒသခံ ဆလိုင္းရွိန္းမာန္က “ကၽြန္ေတာ္တို႔လည္း ၿမိဳ႕သစ္ကဆိုေတာ့ အဲဒီေဘာလုံးကြင္းမွာ ႏွစ္တိုင္း ႏွစ္သစ္ကူးနဲ႔ ဒီဇင္ဘာမွာ ေဘာလုံးၿပိဳင္ပြဲေတြ အျမဲက်င္းပတဲ့ ေနရာျဖစ္တယ္။ အဲဒါေၾကာင့္ Shopping mall ေဆာက္မဲ့အစား ေဘာလုံးကြင္းကို အဆင့္ျမင့္ေအာင္ လုပ္ေပးဖို႔ လိုခ်င္တယ္”ဟုေျပာသည္။