မတူပီမြို့မှ လူငယ် ၆ ဦးအား ထောင်ဒဏ် ၄နှစ်ခွဲ အသီးသီးချမှတ်ခြင်းအား ပြန်လည်ငဲ့ငြာပေးရန် လေးရာခန့်မှဆန္ဒဖော်ထုတ်

Salai Benezer

၂၀၁၉ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် ချင်းအမျိုးသားနေ့တွင် ဖြစ်ပွားခဲ့သည့် ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဟုဆိုကာ ထောင်ဒဏ် ၄နှစ်ခွဲစီ ချမှတ်ခံရသည့် လူငယ် ၆ဦး၏အမှုအား ပြန်လည်ငဲ့ငြာပေးရန် မတူပီမြို့ဒေသခံ ၄ဝဝခန့်မှ ယနေ့ အောက်တိုဘာ ၂၉ရက်မနက်ပိုင်းတွင် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်းသိရသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် သားသမီး ဘဝများငြိမ်းချမ်းရေး၊ လူငယ်များ ဘဝငြိမ်းချမ်းရေး၊ တိုင်းရင်းဒေသများငြိမ်းချမ်းရေး၊ ပြည်သူများဘဝငြိမ်းချမ်းရေး စသည့်ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြပြီး အခင်းဖြစ်သည့်နေရာသို့ လုံးဝမရောက်သည့် ပြစ်ဒဏ်ချခံရသူအား လွှတ်ပေးပါ၊ ထောင်ချခံရသည့်ထဲတွင်ပါဝင်သည့် တက္ကသိုလ်ကျောင်းသားနှစ်ဦးအား ပညာပြီးဆုံးတိုင် သင်ကြားနိုင်ရန် ထောက်ထားငဲ့ညှာပေးပါ စသည့် ပိုစတာများကိုလည်း ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရသည်။

“ကျနော်တို့ ဒီနေ့ဆန္ဒပြတဲ့အပေါ်မှာ ကျနော်ကတော့ ကျေနပ်တယ်၊ ရဲမှူးကိုလည်း ကျနော်ပြောဖူးတယ်၊ အခင်းဖြစ်တဲ့နေရာမှာ မရောက်တဲ့သူတွေကို ဖမ်းတာက တရားရေးမဏ္ဍိုင်ယိုင်နဲ့တာကြောင့်လို့ ပြောလို့ရတယ်၊ အဒီဟာကို ပြောရရင် တစ်စုံတစ်ဦးဟာ ဥပဒေအထက်မှာရှိတယ်ဆိုတာကို ဖော်ထုတ်ချင်တာပေါ့၊ ဒီအစိုးရတက်လာတုန်းကလည်း တရားဥပဒေစိုးမိုးရေးဆိုပြီး ကြွေးကြော်ခဲ့ကြတယ်၊ မတူပီမြို့နယ်မှာတော့ တရားဥပဒေစိုးမိုးမှုမရှိလို့ ကျနော်တို့လူငယ်တွေ ခံရတယ်လို့ ယူဆလို့ရတယ်၊ ချင်းအမျိုးသားနေ့အခမ်းအနား လုပ်တုန်းကဆိုရင်လည်း ရဲတွေကိုယ်တိုင်က အရက်မူးကြတယ်၊ ရောက်ခြေက ရဲဝန်ထမ်းတစ်ချို့ရဲ့ ပြုမူပုံကလည်း အဆင်မပြေဘူး၊ အဲဒါကိုထောက်ပြချင်တာလည်းပါပါတယ်” ဟု ဆန္ဒပြမှုတွင်ပါဝင်သူ ဆလိုင်းထန်းကီးမှ ပြောသည်။

အခင်းဖြစ်စဉ်မှာ မတူပီမြို့ ဗိုလ်တိုက်ချွန်းခန်းတွင်ကျင်းပခဲ့သည့် (၇၁)နှစ်မြောက်ချင်းအမျိုးသားနေ့ အခန်းအနားအတွင်း ပြည်သူတစ်ချို့နှင့် ရဲတပ်ဖွဲ့ဝင်အချို့ ရုံးရင်းဆန်ခတ် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ပြည်သူပိုင် ပစ္စည်းအချို့ပျက်စီးသွားခဲ့ခြင်းကြောင့် လူငယ် ၆ဦးအား သံသယဖြစ်တရားခံဟုဆိုကာ ဖမ်းစီးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လူငယ်ခြောက်ဦး ထောင်ဒဏ်ချခံရခြင်းနှင့်ပတ်သတ်ပြီး မတူပီမြို့မရဲစခန်းမှူးအား ချင်းဝေါလ် သတင်းဌာနမှ ဆက်သွယ်မေးမြန်းသော်လည်း ယခင်ရဲမှူးလက်ထက်တွင် ဖြစ်ပွားသည့် ဖြစ်စဉ်ဖြစ်သဖြင့် ၄င်းအနေဖြင့် ဘာမှမသိရှိသဖြင့် မဖြေကြားလိုကြောင်း ပြောသည်။

အဆိုပါဖြစ်ရပ်ကြောင့် ဖမ်းစီးခံရသည့် လူငယ်များမှာ မတူပီမြို့မှ ကိုအာဘောင်း (၂၃နှစ်)၊ ကိုဆောမ့်ထန် (၁၉နှစ်)၊ ကိုထန်ထဲန် (၂၅နှစ်) တတိယနှစ် (သမိုင်း) ၊ ကိုဗျက်ထန် (၂၃)၊ ကိုထက်နိုင်ဦး (၁၉နှစ်) ပထမနှစ် (သမိုင်း) နှင့် ကိုရိန်ဆန်းလျန် (၂၁နှစ်)တို့ (၆) ဦးဖြစ်ပီး အောက်တိုဘာ ၁ဝရက်နေ့တွင် မတူပီတရားရုံးမှ ထောင်ဒဏ်လေးနှစ်ခွဲစီကျခံရန် အမိန့်ချမှတ်ခဲ့သည်။

Zawgyi Version

မတူပီၿမိဳ႕မွ လူငယ္ ၆ ဦးအား ေထာင္ဒဏ္ ၄ႏွစ္ခြဲ အသီးသီးခ်မွတ္ျခင္းအား ျပန္လည္ငဲ့ျငာေပးရန္ ေလးရာခန႔္မွဆႏၵေဖာ္ထုတ္
==========================
Salai Benezer

၂၀၁၉ခုႏွစ္ ေဖေဖာ္ဝါရီ ၂၀ ရက္ ခ်င္းအမ်ိဳးသားေန႔တြင္ ျဖစ္ပြားခဲ့သည့္ ခိုက္ရန္ျဖစ္ပြားမႈေၾကာင့္ ဟုဆိုကာ ေထာင္ဒဏ္ ၄ႏွစ္ခြဲစီ ခ်မွတ္ခံရသည့္ လူငယ္ ၆ဦး၏အမႈအား ျပန္လည္ငဲ့ျငာေပးရန္ မတူပီၿမိဳ႕ေဒသခံ ၄ဝဝခန႔္မွ ယေန႔ ေအာက္တိုဘာ ၂၉ရက္မနက္ပိုင္းတြင္ ဆႏၵေဖာ္ထုတ္ခဲ့ၾကေၾကာင္းသိရသည္။

ဆႏၵေဖာ္ထုတ္ပြဲတြင္ သားသမီး ဘဝမ်ားၿငိမ္းခ်မ္းေရး၊ လူငယ္မ်ား ဘဝၿငိမ္းခ်မ္းေရး၊ တိုင္းရင္းေဒသမ်ားၿငိမ္းခ်မ္းေရး၊ ျပည္သူမ်ားဘဝၿငိမ္းခ်မ္းေရး စသည့္ေႂကြးေၾကာ္သံမ်ားကို ေႂကြးေၾကာ္ခဲ့ၾကၿပီး အခင္းျဖစ္သည့္ေနရာသို႔ လုံးဝမေရာက္သည့္ ျပစ္ဒဏ္ခ်ခံရသူအား လႊတ္ေပးပါ၊ ေထာင္ခ်ခံရသည့္ထဲတြင္ပါဝင္သည့္ တကၠသိုလ္ေက်ာင္းသားႏွစ္ဦးအား ပညာၿပီးဆုံးတိုင္ သင္ၾကားနိုင္ရန္ ေထာက္ထားငဲ့ညႇာေပးပါ စသည့္ ပိုစတာမ်ားကိုလည္း ကိုင္ေဆာင္ ဆႏၵထုတ္ေဖာ္ခဲ့ၾကေၾကာင္းသိရသည္။

“က်ေနာ္တို႔ ဒီေန႔ဆႏၵျပတဲ့အေပၚမွာ က်ေနာ္ကေတာ့ ေက်နပ္တယ္၊ ရဲမႉးကိုလည္း က်ေနာ္ေျပာဖူးတယ္၊ အခင္းျဖစ္တဲ့ေနရာမွာ မေရာက္တဲ့သူေတြကို ဖမ္းတာက တရားေရးမ႑ိဳင္ယိုင္နဲ႔တာေၾကာင့္လို႔ ေျပာလို႔ရတယ္၊ အဒီဟာကို ေျပာရရင္ တစ္စုံတစ္ဦးဟာ ဥပေဒအထက္မွာရွိတယ္ဆိုတာကို ေဖာ္ထုတ္ခ်င္တာေပါ့၊ ဒီအစိုးရတက္လာတုန္းကလည္း တရားဥပေဒစိုးမိုးေရးဆိုၿပီး ေႂကြးေၾကာ္ခဲ့ၾကတယ္၊ မတူပီၿမိဳ႕နယ္မွာေတာ့ တရားဥပေဒစိုးမိုးမႈမရွိလို႔ က်ေနာ္တို႔လူငယ္ေတြ ခံရတယ္လို႔ ယူဆလို႔ရတယ္၊ ခ်င္းအမ်ိဳးသားေန႔အခမ္းအနား လုပ္တုန္းကဆိုရင္လည္း ရဲေတြကိုယ္တိုင္က အရက္မူးၾကတယ္၊ ေရာက္ေျခက ရဲဝန္ထမ္းတစ္ခ်ိဳ႕ရဲ့ ျပဳမူပုံကလည္း အဆင္မေျပဘူး၊ အဲဒါကိုေထာက္ျပခ်င္တာလည္းပါပါတယ္” ဟု ဆႏၵျပမႈတြင္ပါဝင္သူ ဆလိုင္းထန္းကီးမွ ေျပာသည္။

အခင္းျဖစ္စဥ္မွာ မတူပီၿမိဳ႕ ဗိုလ္တိုက္ခၽြန္းခန္းတြင္က်င္းပခဲ့သည့္ (၇၁)ႏွစ္ေျမာက္ခ်င္းအမ်ိဳးသားေန႔ အခန္းအနားအတြင္း ျပည္သူတစ္ခ်ိဳ႕ႏွင့္ ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕ ႐ုံးရင္းဆန္ခတ္ ခိုက္ရန္ျဖစ္ပြားခဲ့ၿပီး ျပည္သူပိုင္ ပစၥည္းအခ်ိဳ႕ပ်က္စီးသြားခဲ့ျခင္းေၾကာင့္ လူငယ္ ၆ဦးအား သံသယျဖစ္တရားခံဟုဆိုကာ ဖမ္းစီးသြားခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

လူငယ္ေျခာက္ဦး ေထာင္ဒဏ္ခ်ခံရျခင္းႏွင့္ပတ္သတ္ၿပီး မတူပီၿမိဳ႕မရဲစခန္းမႉးအား ခ်င္းေဝါလ္ သတင္းဌာနမွ ဆက္သြယ္ေမးျမန္းေသာ္လည္း ယခင္ရဲမႉးလက္ထက္တြင္ ျဖစ္ပြားသည့္ ျဖစ္စဥ္ျဖစ္သျဖင့္ ၄င္းအေနျဖင့္ ဘာမွမသိရွိသျဖင့္ မေျဖၾကားလိုေၾကာင္း ေျပာသည္။

အဆိုပါျဖစ္ရပ္ေၾကာင့္ ဖမ္းစီးခံရသည့္ လူငယ္မ်ားမွာ မတူပီၿမိဳ႕မွ ကိုအာေဘာင္း (၂၃ႏွစ္)၊ ကိုေဆာမ့္ထန္ (၁၉ႏွစ္)၊ ကိုထန္ထဲန္ (၂၅ႏွစ္) တတိယႏွစ္ (သမိုင္း) ၊ ကိုဗ်က္ထန္ (၂၃)၊ ကိုထက္နိုင္ဦး (၁၉ႏွစ္) ပထမႏွစ္ (သမိုင္း) ႏွင့္ ကိုရိန္ဆန္းလ်န္ (၂၁ႏွစ္)တို႔ (၆) ဦးျဖစ္ပီး ေအာက္တိုဘာ ၁ဝရက္ေန႔တြင္ မတူပီတရား႐ုံးမွ ေထာင္ဒဏ္ေလးႏွစ္ခြဲစီက်ခံရန္ အမိန႔္ခ်မွတ္ခဲ့သည္။