ပလက်ဝစစ်ဘေးရှောင် အချို့၏ တောင်းဆိုမှုအရ သီကီးရ်ရွာတွင် နေရာချထားရန် ဆောင်ရွက်နေဟုဆို

Photo: The Chin Journal

Salai Benezer

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင်များအနက် Bawm မျိုးနွယ်စုများ၏ တောင်းဆိုမှုကြောင့် သီကီးရ်ကျေးရွာတွင် နေရာချထားပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။

“ပထမဆုံးအနေနဲ့ သူတို့က ကျနော်တို့ရွာကိုလာပြီးကြည့်တယ်၊ အဲဒီနောက် သူတို့ကနေပြီးတော့ ဒီရွာမှာလာနေချင်တယ် လက်ခံပေးမလားဆိုပြီးပြောလာတော့ ကျနော်တို့ကလည်း လာနေပါ အချင်းချင်းတွေဖြစ်တဲ့အတွက် လက်ခံပေးလို့ရပါတယ်လို့ ကျနော်တို့အနေနဲ့ပြောလိုက်တယ်၊ အစိုးရဘက်က တောင်းဆိုတာတွေဘာတွေတော့မရှိဘူး၊ ခုလောလောဆယ်အနေနဲ့တော့ သူတို့နေဖို့ အိမ်လေးတွေလည်း အဆင်သင့်ဖြစ်နေပြီ၊ သူတို့လာနေလို့ရှိရင်လည်း ကျေးရွာဘက်ရယ် နိုင်ငံခြားအကူအညီယူပြီးတော့ ပထဦးဆုံးတစ်လကို နေဖို့စားဖို့ ထောက်ပံ့ပေးဖို့ စီစဉ်ထားပါတယ်”ဟု သီကီးရ်ရွာ ဒေသခံ Pastor Ram Hre မှပြောသည်။

သီကီးရ်ကျေးရွာသို့ ပြောင်းရွှေ့မည့် ဒုက္ခသည်များမှာ အိမ်ထောင်စု ၂၁စုဟု သိထားပြီး ပထမအသုတ်အနေဖြင့် မကြာခင်တွင် အိမ်ထောင်စု ၁ရစု ပြောင်းရွှေ့လာမည်ဖြစ်ကြောင်း Pastor Ram Hre ထံမှ သိရသည်။

အောက်တိုဘာ ၃၁ရက်နေ့တွင်ပြုလုပ်ခဲ့သည့် ပြည်နယ်အစိုးရ၏ တစ်လတာ သတင်းစာရှင်းလင်းပွဲတွင် ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်မှ ပလက်ဝမြို့နယ် မီးဇာဒုက္ခသည်စခန်းမှ ဘောမ်မျိုးနွယ်စုများမှ သီကီးရ်ရွာတွင် နေထိုင်လိုကြောင်း တောင်းဆိုမှုကြောင့် ပြောင်းရွှေ့နိုင်ရန် စီစဉ်နေပြီး မီးဇာဒေသမှ သီကီးရ်ကျေးရွာအရောက် ပြောင်းရွှေ့နိုင်ရန် ပြည်နယ်အစိုးရမှ တာဝန်ယူဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

သီကီးရ်ကျေးရွာတွင် ဒုက္ခသည်များရောက်ရှိပါက နေထိုင်နိုင်ရန် နတလ၏ ကူညီဆောင်ရွက်ပေးမှုဖြင့် နေအိမ် ၂၆လုံးတည်ဆောက်ပေးထားပြီး အဆင်သင့်နေထိုင်နိုင်ပြီဖြစ်ကြောင်းသိရသည်။

သီကီးရ်ကျေးရွာသို့ ပြောင်းရွှေ့လိုသည့် ဘောမ်မျိုးနွယ်စုများမှာ လိုင်ဘာသာစကားပြောသည့် မျိုးနွယ်စုဖြစ်ပြီး ပြောင်ရွှေ့လိုသည့် အိမ်ထောင်စု ၂၁စုနှင့် လူဦးရေ ၁၃ဝခန့်ရှိကြောင်းသိရသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA)တို့ နှစ်ဘက်ကြား စစ်ပွဲများဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်မှ ဒေသခံများ စစ်ရှောင်နေရပြီး မီးဇာဒုက္ခသည်စခန်းတွင် တဲများဆောက်ကာ နေထိုင်နေသူ ပြည်သူ (၆၀၀)ခန့် စစ်ရှောင်နေရကြောင်း သိရသည်။

Zawgyi Version

ပလက္ဝစစ္ေဘးေရွာင္ အခ်ိဳ႕၏ ေတာင္းဆိုမႈအရ သီကီးရ္ရြာတြင္ ေနရာခ်ထားရန္ ေဆာင္ရြက္ေနဟုဆို

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္မွ စစ္ေဘးေရွာင္မ်ားအနက္ Bawm မ်ိဳးႏြယ္စုမ်ား၏ ေတာင္းဆိုမႈေၾကာင့္ သီကီးရ္ေက်းရြာတြင္ ေနရာခ်ထားေပးနိုင္ရန္ စီစဥ္ေဆာင္ရြက္ေနေၾကာင္း ေက်းရြာေဒသခံမ်ားထံမွ သိရသည္။

“ပထမဆုံးအေနနဲ႔ သူတို႔က က်ေနာ္တို႔ရြာကိုလာၿပီးၾကည့္တယ္၊ အဲဒီေနာက္ သူတို႔ကေနၿပီးေတာ့ ဒီရြာမွာလာေနခ်င္တယ္ လက္ခံေပးမလားဆိုၿပီးေျပာလာေတာ့ က်ေနာ္တို႔ကလည္း လာေနပါ အခ်င္းခ်င္းေတြျဖစ္တဲ့အတြက္ လက္ခံေပးလို႔ရပါတယ္လို႔ က်ေနာ္တို႔အေနနဲ႔ေျပာလိုက္တယ္၊ အစိုးရဘက္က ေတာင္းဆိုတာေတြဘာေတြေတာ့မရွိဘူး၊ ခုေလာေလာဆယ္အေနနဲ႔ေတာ့ သူတို႔ေနဖို႔ အိမ္ေလးေတြလည္း အဆင္သင့္ျဖစ္ေနၿပီ၊ သူတို႔လာေနလို႔ရွိရင္လည္း ေက်းရြာဘက္ရယ္ နိုင္ငံျခားအကူအညီယူၿပီးေတာ့ ပထဦးဆုံးတစ္လကို ေနဖို႔စားဖို႔ ေထာက္ပံ့ေပးဖို႔ စီစဥ္ထားပါတယ္”ဟု သီကီးရ္ရြာ ေဒသခံ Pastor Ram Hre မွေျပာသည္။

သီကီးရ္ေက်းရြာသို႔ ေျပာင္းေရႊ႕မည့္ ဒုကၡသည္မ်ားမွာ အိမ္ေထာင္စု ၂၁စုဟု သိထားၿပီး ပထမအသုတ္အေနျဖင့္ မၾကာခင္တြင္ အိမ္ေထာင္စု ၁ရစု ေျပာင္းေရႊ႕လာမည္ျဖစ္ေၾကာင္း Pastor Ram Hre ထံမွ သိရသည္။

ေအာက္တိုဘာ ၃၁ရက္ေန႔တြင္ျပဳလုပ္ခဲ့သည့္ ျပည္နယ္အစိုးရ၏ တစ္လတာ သတင္းစာရွင္းလင္းပြဲတြင္ ခ်င္းျပည္နယ္အစိုးရေျပာေရးဆိုခြင့္ရွိသူ ဦးစိုးထက္မွ ပလက္ဝၿမိဳ႕နယ္ မီးဇာဒုကၡသည္စခန္းမွ ေဘာမ္မ်ိဳးႏြယ္စုမ်ားမွ သီကီးရ္ရြာတြင္ ေနထိုင္လိုေၾကာင္း ေတာင္းဆိုမႈေၾကာင့္ ေျပာင္းေရႊ႕နိုင္ရန္ စီစဥ္ေနၿပီး မီးဇာေဒသမွ သီကီးရ္ေက်းရြာအေရာက္ ေျပာင္းေရႊ႕နိုင္ရန္ ျပည္နယ္အစိုးရမွ တာဝန္ယူေဆာင္ရြက္သြားမည္ဟု ေျပာၾကားခဲ့သည္။

သီကီးရ္ေက်းရြာတြင္ ဒုကၡသည္မ်ားေရာက္ရွိပါက ေနထိုင္နိုင္ရန္ နတလ၏ ကူညီေဆာင္ရြက္ေပးမႈျဖင့္ ေနအိမ္ ၂၆လုံးတည္ေဆာက္ေပးထားၿပီး အဆင္သင့္ေနထိုင္နိုင္ၿပီျဖစ္ေၾကာင္းသိရသည္။

သီကီးရ္ေက်းရြာသို႔ ေျပာင္းေရႊ႕လိုသည့္ ေဘာမ္မ်ိဳးႏြယ္စုမ်ားမွာ လိုင္ဘာသာစကားေျပာသည့္ မ်ိဳးႏြယ္စုျဖစ္ၿပီး ေျပာင္ေရႊ႕လိုသည့္ အိမ္ေထာင္စု ၂၁စုႏွင့္ လူဦးေရ ၁၃ဝခန႔္ရွိေၾကာင္းသိရသည္။

ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္မေတာ္ (AA)တို႔ ႏွစ္ဘက္ၾကား စစ္ပြဲမ်ားျဖစ္ပြားမႈေၾကာင့္ ပလက္ဝၿမိဳ႕နယ္မွ ေဒသခံမ်ား စစ္ေရွာင္ေနရၿပီး မီးဇာဒုကၡသည္စခန္းတြင္ တဲမ်ားေဆာက္ကာ ေနထိုင္ေနသူ ျပည္သူ (၆၀၀)ခန႔္ စစ္ေရွာင္ေနရေၾကာင္း သိရသည္။