ချင်းပါတီ (၃) ပူးပေါင်းထားတဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရဲ့ ပူးတွဲဥက္ကဌဖြစ်တဲ့ ဦးနိုထန်ကပ်နှင့်တွေ့ဆုံးမေးမြန်းခြင်း အပိုင်း (၂)

မေး။ ။ လက်ရှိ NLD အစိုးရအပေါ် ဘယ်လိုမှတ်ချက် ပေးချင်လဲ၊ အစိုးရတာဝန်ယူပြီးနောက် စီမံခန့်ခွဲမှုတွေအပေါ် ကျေနပ်အားရမှုရှိလား

ဖြေ။ ။ NLD ပါတီ သုံးနှစ်တာ သူတို့လုပ်ငန်းကိုကြည့်ရင် ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ ၂၁ ရာစုပင်လုံကိုတော့ သူတို့မအောင်မြင်ဘူးဆိုတာ အားလုံးအသိပါ၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးရေးမှာလည်း မအောင်မြင်ဘူးဆိုတာ ပြည်သူအားလုံးအသိပါ။ ကျွန်တော်ပြောနေစရာတောင် မလိုတော့ဘူး၊ ရွေးကောက်ပွဲတုန်းက သူတို့ကြွေးကြော်နေတဲ့ ခြေဥပြင်ဆင်ရေးကိုလည်း တစ်ဖက်က ကန့်ကွက်နေတော့ ကျွန်တော်တို့ အနေနဲ့ ၂၀၀၈ ခြေဥကို သူတို့ဘယ်လိုပြင်ဖို့ ပြင်ဆင်နေလဲဆိုတာကိုပဲ ကျွန်တော်တို့ပိုကြည့်နေတယ်။

မေး။ ။ လက်ရှိချင်းပြည်နယ် အစိုးရရဲ့လုပ်ငန်းဆောင်ရွက်မှုအပေါ် ကော ဘယ်လိုမှတ်ချက်ပေးချင်လဲ

ဖြေ။ ။ တော်တော်များများတော့ ပြောကြတယ်၊ လက်ရှိချင်းပြည်နယ်အစိုးရအဖွဲ့တွေက ချင်းလူမျိုး တွေပဲလို့ ပြောကြတယ်၊ ဝန်ကြီးချုပ်ပဲဖြစ်ဖြစ်၊ လွှတ်တော်ဆိုရင်လည်း လွှတ်တော်ဥက္ကဌပဲ ဖြစ်ဖြစ်ပေါ့၊ သို့ပေမဲ့ ပါတီတစ်ခုဆိုတာ ပါတီရဲ့ ချုပ်ကိုင်မှုအောက်မှာပဲ ရှိရတယ်၊ သူတို့က ကိုယ့်လူမျိုးကိုယ့်ပြည်ကို ဘယ်လောက်ပဲချစ်ချစ် အထက်က လူကြီးတွေ မျက်နှာကိုကြည့်သလားလို့ ကျွန်တော်ထင်တယ်၊ ပြည်သူ့မျက်နှာကို မကြည့်ပဲ အထက်မျက်နှာကို ကြည့်နေသလားလို့ ကျွန်တော်မြင်တယ်၊ ရှိပြီးသားအိမ်ကို ဖြိုတဲ့ ဘွလ်ပီး နှင့် ဟားခါးက မြေတွေသိမ်းတဲ့နေရာမှာတော့ ပြောစရာတော့ရှိတာပေါ့၊ ဒါပေမဲ့ ဥပဒေအရ ကျွန်တော်တို့ လုပ်နေတယ်လို့ ပြောနေတယ်၊ ပြည်သူဖက်အတွက်ကလည်း ဥပဒေ ဘက်မှာအားနည်းချက်ရှိလို့ ဖြစ်နိူင်တယ်၊ ဘာပဲပြောပြော ဒီအကြောင်း အရာတွေကတော့ တကယ်စိတ်မကောင်းစရာ တစ်ခုလို့ ကျွန်တော်မြင်တယ်။

မေး။ ။ ချင်းပါတီသာ အစိုးရဖြစ်ခဲ့သော် လက်ရှိအစိုးရထက် ပိုအလုပ်လုပ်နိူင်မယ်လို့ ထင်လား
ဖြေ။ ။ ချင်းပြည်သူတွေ ကတော့ လမ်း၊ တံတား၊ မီး နှင့် အခြေခံအဆောက်အအုံကိုပဲ ကြည့်ကြတယ်၊ အဲဒါတွေကတော့ ဘယ်ပါတီပဲ တက်တက်လုပ်ရမယ့် အလုပ်ဖြစ်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့သာ အစိုးရဖြစ်ရင်တော့ အဲ့ဒီထက်ကျယ်ပြန့်တဲ့ စစ်ဆေးမှုတွေ လုပ်မယ်၊ ကိုယ့်တိုင်းပြည်ကို တကယ်ချစ်မြတ်နိုးတဲ့သူတွေ အလုပ်လုပ်ရင်တော့ ဘယ်တော့မှ လာဘ်ပေးလာဘ်ယူရှိမယ်လည်း မထင်ဘူး၊ အခုကတော့ contractor နာမည်ပျက်တစ်ချို့တောင် လုပ်ငန်းပြန်ရကြတယ်၊ ဆိုတော့ ပြည်နယ်အစိုးရက နာမည်ပျက် contractor တွေကို အားနာသလိုလို ဖြစ်နေတာတော့ကိုယ့်လူမျိုး၊ ကိုယ်ပြည်နယ်ရဲ့ လိုအပ်ချက် နဲ့ပတ်သက်ပြီး အလုပ်မဖြစ်ကြဘူး၊ ကျွန်တော်တို့ အစိုးရဖွဲ့လိုက်ရင် ကျောင်းတွေမှာ ကိုယ့်စာပေနဲ့ ယဉ်ကျေးမှု သင်ကြားနိူင်ခွင့်တွေလုပ်မယ်၊ အခုကတော့ ကိုယ့်ယဉ်ကျေးမှုက ပျောက်ကွယ်နေပြီး သူများယဉ်ကျေးမှုက လာဖုံးနေတယ်၊ ဥပမာ အမွေဆက်ခံတဲ့ကိစ္စကအစပေါ့။ ကိုယ့်လူမျိုးတွေအတွက် ဥပဒေ မရှိတော့ဘူး၊ ကျွန်တော်တို့ ချင်းပါတီတွေကတော့ သူများလုပ်ပြီးသား ဥပဒေမှာ နေဖို့မဟုတ်ဘူး။ ကိုယ့်လူမျိုး ကိုယ့်ပြည်နယ်နဲ့ ကိုက်ညီတဲ့ ဥပဒေတွေ ပြဌာန်းမယ်၊ ဥပမာ လက်ရှိပြည်နယ် ဝင်ငွေက အမေရိကန် ဒေါ်လာ သန်း ၇၀ ပတ်ဝန်းကျင်ဖြစ်တယ်၊ မီဇိုရမ်ပြည်နယ်ကို သွားကြည့်ရင် တစ်နှစ်ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၁၆၀၀ လောက်ရှိတယ်၊ အဆ ၂၀ လောက်ပိုများတယ်၊ အဲ့ဒီမှာ တစ်ချို့တွေက ပြောကြတယ် ချင်းပါတီတွေက အစိုးရလုပ်လိုက်ရင် ဝင်ငွေပျက်သွားမှာဆိုပြီး ပြောဆိုကြတဲ့ သူရှိတယ်၊ လုံးဝမဟုတ်ပါဘူး၊ အစိုးရတစ်ရပ်ရဲ့ ဝင်ငွေဆိုတာ လူဦးရေရဲ့ တစ်ဦးတစ်ယောက်ချင်းဝင်ငွေနဲ့တွက်တာပါ၊ ချင်းပါတီဖြစ်စေ၊ ပြည်မပါတီဖြစ်စေ၊ ဘယ်ပါတီတက်တက် ဝင်ငွေတော့ ပုံမှန်အတိုင်းဖြစ်မယ် ပိုများအောင် ကျွန်တော်တို့ လုပ်မယ်။

မေး။ ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်ကနေ ဝင်ပြိုင်မှာလဲ။

ဖြေ။ ။ ကျွန်တော်တို့ပါတီအတွင်း လုပ်ထုံးလုပ်နည်းတစ်ခုလုပ်တာရှိတယ်၊ အဲဒါကတော့ ပါတီအတွင်းမှာ ဥက္ကဌ ၃ ဦးရှိတဲ့အတွက် ကျွန်တော်တို့ ၃ ဦးက ဝင်ပြိုင်တဲ့နေရာမှာ နိူင်ဖို့လိုအပ်နေတယ်၊ ဘာကြောင့်လဲဆိုတော့ ပါတီရဲ့ ပုံရိပ်ပျက်သွားနိူင်တယ်၊ ကျွန်တော်ကတော့ ကျွန်တော့ဇာတိမြေဖြစ်တဲ့ ဖလမ်းမဟုတ်ရင် အရင်က ကျွန်တော်ဝင်ပြိုင်တဲ့ ကလေးမြို့ မှာဝင်ပြိုင်မယ်။ ဒါမှမဟုတ် မပြိုင်ရင်လည်း နေနိူင်တယ်၊ ဒါကတော့ ကျွန်တော့ရွေးချယ်မှုပေါ့၊ အခုထိ မစဉ်းစားသေးဘူး။ လူထုကတော့ ပြောတယ်။ ကလေးမြို့ထက်စာရင် ကိုယ့်မွေးရပ်မြေမှာ ပြိုင်ဖို့ ပိုသင့်တော်တယ်လို့ပြောကြတယ်။ ကျွန်တော်နိုင်ငံရေးလုပ်တယ်ဆိုတာ လိုအပ်တဲ့နေရာမှာ လုပ်မယ်ဆိုပြီးတော့ ရွေးချယ်ခဲ့တာဖြစ်တယ်။ ချင်းပြည်နယ်မှာ ဆိုရင် မြို့ကိုးမြို့နယ်ပဲရှိတယ်။ ဒါပေမယ့် ၉၇ ရာခိုင်နှုန်းလောက်ကတော့ ခရစ်ယာန်တွေဆိုတော့ စိုးရိမ်စရာမရှိဘူး။ မြေပြန့်မှာတော့ လူဦးရေပေါင်း သိန်းငါးဆယ်ရှိတယ်။ အဲဒီထဲမှာ ချင်းလူမျိုးက သုံးသိန်းလောက်ပဲရှိတယ်။ အဲဒီမှာ အုပ်ချုပ်တဲ့ ဌာနဆိုင်ရာတွေက ဗမာတွေချည်းပဲဖြစ်တယ်။ အဲဒါကြောင့် ချင်းလူမျိုးတွေအနေနဲ့ စိုးရိမ်မှုရှိတယ်။ ဌာနဆိုင်ရာမှာ ထိတွေ့မှုတွေအတွက် စိုးရိမ်စရာရှိနေတယ်။ အခက်အခဲအများကြီးရှိတယ်။ မှတ်ပုံတင်လုပ်တဲ့အချိန်မှာပဲဖြစ်ဖြစ်၊ စည်ပင်ကိစ္စဖြစ်ဖြစ်၊ မြေတိုင်းဖြစ်ဖြစ် လိမ်လည်မှုတွေနဲ့အများကြီးကြုံတွေ့ရတယ်။ ဒါကြောင့် ဒါတွေကို ရပ်တည်ပေးဖို့အတွက် ချင်းရေးရာဝန်ကြီးနေရာမှာ ဝင်အရွေးချယ်ခံခဲ့တယ်။ ၂၀၀၈ အခြေခံဥပဒေမှာ ကိုယ့်တိုင်းရင်းသားအခွင့်အရေးတွေကို ကာကွယ်ပေးမယ့် တိုင်းရင်းသားရေးရာဝန်ကြီးနေရာရှိတယ်။ ၂၀၁၀ မှာ ဝန်ကြီးနေရာရခဲ့တယ်။ ၂၀၂၀ မှာလည်း ဒီနေရာကို ပြန်ပြိုင်ရင် ကောင်းမလားဆိုပြီး စဉ်းစားနေတယ်။ ဒါပေမယ့် အသေအချာတော့မဆုံးဖြတ်သေးဘူး။

မေး။ နိုင်ငံရေးသက်တမ်းအရ အများကြီးလုပ်ဆောင်ခဲ့တယ်။ ချင်းအမျိုးသားတပ်ဦးမှာ ဦးဆောင်ခဲ့သလို ချင်းရေးရာဝန်ကြီးလည်းလုပ်ဆောင်ခဲ့တယ်။ အဲနောက် ချင်းတိုင်းရင်းသားရေးရာဝန်ကြီးနေရာလည်း တာဝန်ယူခဲ့တယ်။ ဆရာအမြင်မှာ ဘယ်လိုမျိုးအချိန်အခါမှာ နိုင်ငံရေးလောက ကနေ အနားယူဖို့ သင့်တော်မယ်လို့ထင်သလဲ။

ဖြေ။ ကျွန်တော့်အမြင်တော့ ဝန်ကြီးချုပ်ဖြစ်လို့၊ ဝန်ကြီးဖြစ်လာလို့၊ ဒုသမ္မတဖြစ်ခွင့်ရပြီးတော့ နိုင်ငံရေးကနေ အနားယူမယ်ဆိုတာမျိုးမရှိဘူး။ ကျွန်တော်တို့လူမျိုးအနေနဲ့ လိုအပ်တဲ့ နိုင်ငံရေးရပိုင်ခွင့်တွေကို ၈၀ ရာခိုင်နှုန်းလောက်ရရှိပြီဆိုရင် နိုင်ငံရေးလောကမှာ ဆက်နေဖို့ ကျွန်တော့်အနေနဲ့မသိတော့ဘူး။ တစ်ချို့က အပြောနဲ့ပဲပြောတယ်လို့ထင်ကောင်းထင်မယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ကျွန်တော်ပြောဖူးတာရှိတယ်။ ကျွန်တော်တို့ချင်းလူမျိုးဟာ နိုင်ငံရေးမှာ ရပ်တည်ချက်ကောင်းကောင်းရှိနေပြီးသား လူမျိုးဟုတ်မနေသေးဘူး။ ဗမာလူမျိုးပဲ ကိုယ့်ဟာကို ရပ်တည်နေနိုင်ကြတယ်။ ဒါကြောင့် အာမခံချက်ရှိတဲ့ တိုင်းရင်းသားလူမျိုးဖြစ်ဖို့ ကိုယ့်ဟာကိုယ် သိဖို့လိုအပ်တယ်ဆိုပြီးတော့ ကျွန်တော့်ရပ်တည်ချက်ကို ပြောခဲ့တာဖြစ်တယ်။ ပြောချင်တာကတော့ ကျွန်တော်ရွေးကောက်ပွဲနိုင်မယ်မနိုင်ဘူးဆိုတာထက် အအုပ်ချုပ်ခံဘဝထက်စာရင် အုပ်ချုပ်သူလူတန်းစားအဖြစ် ရပ်တည်ဖို့ ဘုရားက ကျွန်တော်တို့အတွက် ဖြစ်စေချင်တာဖြစ်တယ်။ အဲသလိုချင်းလူထုကို နားလည်စေချင်တယ်။ ဥပမာ နာဂဒေသဆိုရင် လွတ်လပ်ရေးလိုချင်သလားလို့ ဗဟိုအစိုးရက မေးတဲ့အချိန်မှာ ၉၀ ရာခိုင်နှုန်းကျော်က လွတ်လပ်ရေးရချင်တယ်ဆိုတဲ့ အဖြေမျိုးကိုယ့်လူမျိုးဆီက ထွက်ဖို့ အသိပညာရှိပြီဆိုရင် နိုင်ငံရေးမှာ ကျွန်တော်ဆက်ရှိဖို့မလိုအပ်တော့ဘူးဆိုတဲ့ အတွေးရှိတယ်။

မေး။ ရွေးကောက်ပွဲပြန်ပြိုင်ရင် အနိုင်ရဖို့ ဘယ်လောက်မျှော်လင့်သလဲ။
ဖြေ။ ပါတီအနေနဲ့ ဒီကိစ္စကို နှစ်ပိုင်းနဲ့ခွဲကြည့်လိုက်မယ်ဆိုရင် ချင်းပြည်နယ်နဲ့ ချင်းပြည်နယ်ပြင်ပဆိုပြီး စဉ်းစားမယ်ဆိုရင် ချင်းပြည်နယ်မှာတော့ ၈၀ ရာခိုင်နှုန်းကတော့ နိုင်ပြီးသားပဲ။ ချင်းပြည်နယ်ပြင်ပဖြစ်တဲ့ ကလေး၊ တမူးမှာလည်း အတိုင်းအတာတစ်ခုထိ အားကောင်းနိုင်ပေမယ့် မကွေး၊ ရခိုင်လိုမျိုးမှာတော့ ရာနှုန်းပြည့်မသေချာဘူး။ ဘာလို့လဲဆိုရင် သူတို့နေထိုင်တဲ့နေရာအခြေအနေအရ ရပ်တည်ချက်ကမတူဘူး။ ဘာလို့လဲဆိုရင် လူမျိုးချစ်စိတ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ကလည်း စိတ်တိုင်းကျ မပြောဆိုနိုင်ဘူး။
မေး။ လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ လူထုကို ဘာများပြောချင်သလဲ။
ဖြေ။ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲတစ်ခုတည်းကိုပဲ အနိုင်ရဖို့ မစဉ်းစားထားဘူး။ အစိုးရဖွဲ့နိုင်မယ်၊ လွှတ်တော်ကို ဦးဆောင်မယ်ဆိုတဲ့တစ်ခုတည်းကိုပဲ မစဉ်းစားဘူး။ ကျွန်တော်တို့ချင်းလူမျိုးနဲ့ ချင်းပြည်နယ်ကြီးက ပန်းတိုင်းတစ်ခုမရောက်နိုင်သေးဘူး။ CNLD ကိုအားပေးတဲ့အချိန်မှာ ဦးဆောင်သူပိုင်းကိုပဲမကြည့်နဲ့။ မူဝါဒနဲ့ မျှော်မှန်းချက်တွေကို ကြည့်ပြီး လူထုအတွက်ကော ပါတီအတွက်လည်းဖြစ်တယ်ဆိုတာကို ပြောချင်တယ်။ CNLD ဆိုတာ သင့်ပါတီ၊ ကျွန်တော့်ပါတီ၊ ချင်းလူမျိုးတွေရဲ့ပါတီဖြစ်ပါတယ်။ အဲဒါကို ခံယူပြီး လူထုအားလုံးက ရပ်တည်ပေးဖို့က တောင်းဆိုချင်တာဖြစ်ပါတယ်။

Zawgyi

ေမး။ ။ လက္ရွိ NLD အစုိးရအေပၚ ဘယ္လုိမွတ္ခ်က္ ေပးခ်င္လဲ၊ အစိုးရတာ၀န္ယူၿပီးေနာက္ စီမံခန္႕ခြဲမႈေတြအေပၚ ေက်နပ္အားရမႈရွိလား
ေျဖ။ ။ NLD ပါတီ သုံးႏွစ္တာ သူတုိ႔လုပ္ငန္းကုိၾကည္႔ရင္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္တဲ့ေနရာမွာ ၂၁ ရာစုပင္လုံကုိေတာ့ သူတုိ႔မေအာင္ျမင္ဘူးဆုိတာ အားလုံးအသိပါ၊ စီးပြားေရးနဲ႕ ဖြံ႔ၿဖိဳးေရးမွာလည္း မေအာင္ျမင္ဘူးဆုိတာ ျပည္သူအားလုံးအသိပါ။ ကၽြန္ေတာ္ေျပာေနစရာေတာင္ မလုိေတာ့ဘူး၊ ေရြးေကာက္ပြဲတုန္းက သူတုိ႔ေၾကြးေၾကာ္ေနတဲ့ ေျခဥျပင္ဆင္ေရးကုိလည္း တစ္ဖက္က ကန္႔ကြက္ေနေတာ့ ကၽြန္ေတာ္တုိ႔ အေနနဲ႔ ၂၀၀၈ ေျခဥကုိ သူတုိ႔ဘယ္လုိျပင္ဖုိ႔ ျပင္ဆင္ေနလဲဆုိတာကုိပဲ ကၽြန္ေတာ္တုိ႔ပုိၾကည္႔ေနတယ္။
ေမး။ ။ လက္ရွိခ်င္းျပည္နယ္ အစုိးရရဲ႕လုပ္ငန္းေဆာင္ရြက္မႈအေပၚ ေကာ ဘယ္လုိမွတ္ခ်က္ေပးခ်င္လဲ
ေျဖ။ ။ ေတာ္ေတာ္မ်ားမ်ားေတာ့ ေျပာၾကတယ္၊ လက္ရွိခ်င္းျပည္နယ္အစိုးရအဖြဲ႕ေတြက ခ်င္းလူမ်ိဳး ေတြပဲလုိ႔ ေျပာၾကတယ္၊ ၀န္ႀကီးခ်ဳပ္ပဲျဖစ္ျဖစ္၊ လႊတ္ေတာ္ဆိုရင္လည္း လႊတ္ေတာ္ဥကၠဌပဲ ျဖစ္ျဖစ္ေပါ့၊ သုိ႔ေပမဲ့ ပါတီတစ္ခုဆုိတာ ပါတီရဲ႕ ခ်ဳပ္ကုိင္မႈေအာက္မွာပဲ ရွိရတယ္၊ သူတုိ႔က ကုိယ္႔လူမ်ဳိးကုိယ္႔ျပည္ကုိ ဘယ္ေလာက္ပဲခ်စ္ခ်စ္ အထက္က လူႀကီးေတြ မ်က္ႏွာကုိၾကည္႔သလားလုိ႔ ကၽြန္ေတာ္ထင္တယ္၊ ျပည္သူ႔မ်က္နွာကုိ မၾကည္႔ပဲ အထက္မ်က္ႏွာကုိ ၾကည္႔ေနသလားလုိ႔ ကၽြန္ေတာ္ျမင္တယ္၊ ရွိၿပီးသားအိမ္ကုိ ျဖိဳတဲ့ ဘြလ္ပီး ႏွင့္ ဟားခါးက ေျမေတြသိမ္းတဲ့ေနရာမွာေတာ့ ေျပာစရာေတာ့ရွိတာေပါ့၊ ဒါေပမဲ့ ဥပေဒအရ ကၽြန္ေတာ္တုိ႔ လုပ္ေနတယ္လုိ႔ ေျပာေနတယ္၊ ျပည္သူဖက္အတြက္ကလည္း ဥပေဒ ဘက္မွာအားနည္းခ်က္ရွိလုိ႔ ျဖစ္ႏူိင္တယ္၊ ဘာပဲေျပာေျပာ ဒီအေၾကာင္း အရာေတြကေတာ့ တကယ္စိတ္မေကာင္းစရာ တစ္ခုလုိ႔ ကၽြန္ေတာ္ျမင္တယ္။
ေမး။ ။ ခ်င္းပါတီသာ အစုိးရျဖစ္ခဲ့ေသာ္ လက္ရွိအစိုးရထက္ ပုိအလုပ္လုပ္ႏူိင္မယ္လုိ႔ ထင္လား
ေျဖ။ ။ ခ်င္းျပည္သူေတြ ကေတာ့ လမ္း၊ တံတား၊ မီး ႏွင့္ အေျခခံအေဆာက္အအုံကုိပဲ ၾကည္႔ၾကတယ္၊ အဲဒါေတြကေတာ့ ဘယ္ပါတီပဲ တက္တက္လုပ္ရမယ့္ အလုပ္ျဖစ္တယ္၊ ဒါေပမဲ့ ကၽြန္ေတာ္တုိ႔သာ အစုိးရျဖစ္ရင္ေတာ့ အဲ့ဒီထက္က်ယ္ျပန္႔တဲ့ စစ္ေဆးမႈေတြ လုပ္မယ္၊ ကုိယ့္တုိင္းျပည္ကုိ တကယ္ခ်စ္ျမတ္ႏိုးတဲ့သူေတြ အလုပ္လုပ္ရင္ေတာ့ ဘယ္ေတာ့မွ လာဘ္ေပးလာဘ္ယူရွိမယ္လည္း မထင္ဘူး၊ အခုကေတာ့ contractor နာမည္ပ်က္တစ္ခ်ဳိ႔ေတာင္ လုပ္ငန္းျပန္ရၾကတယ္၊ ဆုိေတာ့ ျပည္နယ္အစုိးရက နာမည္ပ်က္ contractor ေတြကုိ အားနာသလုိလုိ ျဖစ္ေနတာေတာ့ကုိယ့္လူမ်ဳိး၊ ကုိယ္ျပည္နယ္ရဲ႕ လုိအပ္ခ်က္ နဲ႕ပတ္သက္ၿပီး အလုပ္မျဖစ္ၾကဘူး၊ ကၽြန္ေတာ္တုိ႔ အစုိးရဖြဲ႔လုိက္ရင္ ေက်ာင္းေတြမွာ ကုိယ့္စာေပနဲ႕ ယဥ္ေက်းမႈ သင္ၾကားႏူိင္ခြင့္ေတြလုပ္မယ္၊ အခုကေတာ့ ကုိယ္႔ယဥ္ေက်းမႈက ေပ်ာက္ကြယ္ေနၿပီး သူမ်ားယဥ္ေက်းမႈက လာဖုံးေနတယ္၊ ဥပမာ အေမြဆက္ခံတဲ့ကိစၥကအစေပါ့။ ကုိယ္႔လူမ်ဳိးေတြအတြက္ ဥပေဒ မရွိေတာ့ဘူး၊ ကၽြန္ေတာ္တုိ႔ ခ်င္းပါတီေတြကေတာ့ သူမ်ားလုပ္ၿပီးသား ဥပေဒမွာ ေနဖုိ႔မဟုတ္ဘူး။ ကုိယ္႔လူမ်ဳိး ကုိယ္႔ျပည္နယ္နဲ႔ ကုိက္ညီတဲ့ ဥပေဒေတြ ျပဌာန္းမယ္၊ ဥပမာ လက္ရွိျပည္နယ္ ၀င္ေငြက အေမရိကန္ ေဒၚလာ သန္း ၇၀ ပတ္၀န္းက်င္ျဖစ္တယ္၊ မီဇုိရမ္ျပည္နယ္ကုိ သြားၾကည္႔ရင္ တစ္ႏွစ္၀င္ေငြ အေမရိကန္ ေဒၚလာ သန္း ၁၆၀၀ ေလာက္ရွိတယ္၊ အဆ ၂၀ ေလာက္ပုိမ်ားတယ္၊ အဲ့ဒီမွာ တစ္ခ်ဳိ႕ေတြက ေျပာၾကတယ္ ခ်င္းပါတီေတြက အစုိးရလုပ္လုိက္ရင္ ၀င္ေငြပ်က္သြားမွာဆုိၿပီး ေျပာဆုိၾကတဲ့ သူရွိတယ္၊ လုံး၀မဟုတ္ပါဘူး၊ အစုိးရတစ္ရပ္ရဲ႕ ၀င္ေငြဆုိတာ လူဦးေရရဲ႕ တစ္ဦးတစ္ေယာက္ခ်င္း၀င္ေငြနဲ႔တြက္တာပါ၊ ခ်င္းပါတီျဖစ္ေစ၊ ျပည္မပါတီျဖစ္ေစ၊ ဘယ္ပါတီတက္တက္ ၀င္ေငြေတာ့ ပုံမွန္အတုိင္းျဖစ္မယ္ ပုိမ်ားေအာင္ ကၽြန္ေတာ္တုိ႔ လုပ္မယ္။
ေမး။ ။ ၂၀၂၀ ေရြးေကာက္ပြဲမွာ ဘယ္ကေန ၀င္ၿပိဳင္မွာလဲ။
ေျဖ။ ။ ကၽြန္ေတာ္တုိ႔ပါတီအတြင္း လုပ္ထုံးလုပ္နည္းတစ္ခုလုပ္တာရွိတယ္၊ အဲဒါကေတာ့ ပါတီအတြင္းမွာ ဥကၠဌ ၃ ဦးရွိတဲ့အတြက္ ကၽြန္ေတာ္တုိ႔ ၃ ဦးက ၀င္ၿပိဳင္တဲ့ေနရာမွာ ႏူိင္ဖုိ႔လုိအပ္ေနတယ္၊ ဘာေၾကာင့္လဲဆုိေတာ့ ပါတီရဲ႕ ပုံရိပ္ပ်က္သြားႏူိင္တယ္၊ ကၽြန္ေတာ္ကေတာ့ ကၽြန္ေတာ့ဇာတိေျမျဖစ္တဲ့ ဖလမ္းမဟုတ္ရင္ အရင္က ကၽြန္ေတာ္၀င္ၿပိဳင္တဲ့ ကေလးၿမိဳ႕ မွာ၀င္ၿပိဳင္မယ္။ ဒါမွမဟုတ္ မၿပိဳင္ရင္လည္း ေနႏူိင္တယ္၊ ဒါကေတာ့ ကၽြန္ေတာ့ေရြးခ်ယ္မႈေပါ့၊ အခုထိ မစဥ္းစားေသးဘူး။ လူထုကေတာ့ ေျပာတယ္။ ကေလးၿမိဳ႕ထက္စာရင္ ကိုယ့္ေမြးရပ္ေျမမွာ ၿပိဳင္ဖုိ႕ ပိုသင့္ေတာ္တယ္လို႕ေျပာၾကတယ္။ ကၽြန္ေတာ္ႏုိင္ငံေရးလုပ္တယ္ဆိုတာ လုိအပ္တဲ့ေနရာမွာ လုပ္မယ္ဆုိၿပီးေတာ့ ေရြးခ်ယ္ခဲ့တာျဖစ္တယ္။ ခ်င္းျပည္နယ္မွာ ဆုိရင္ ၿမိဳ႕ကိုးၿမိဳ႕နယ္ပဲရွိတယ္။ ဒါေပမယ့္ ၉၇ ရာခုိင္ႏွဳန္းေလာက္ကေတာ့ ခရစ္ယာန္ေတြဆိုေတာ့ စိုးရိမ္စရာမရွိဘူး။ ေျမျပန္႕မွာေတာ့ လူဦးေရေပါင္း သိန္းငါးဆယ္ရွိတယ္။ အဲဒီထဲမွာ ခ်င္းလူမ်ိဳးက သံုးသိန္းေလာက္ပဲရွိတယ္။ အဲဒီမွာ အုပ္ခ်ဳပ္တဲ့ ဌာနဆုိင္ရာေတြက ဗမာေတြခ်ည္းပဲျဖစ္တယ္။ အဲဒါေၾကာင့္ ခ်င္းလူမ်ိဳးေတြအေနနဲ႕ စိုးရိမ္မႈရွိတယ္။ ဌာနဆုိင္ရာမွာ ထိေတြ႕မႈေတြအတြက္ စိုးရိမ္စရာရွိေနတယ္။ အခက္အခဲအမ်ားႀကီးရွိတယ္။ မွတ္ပံုတင္လုပ္တဲ့အခ်ိန္မွာပဲျဖစ္ျဖစ္၊ စည္ပင္ကိစၥျဖစ္ျဖစ္၊ ေျမတုိင္းျဖစ္ျဖစ္ လိမ္လည္မႈေတြနဲ႕အမ်ားႀကီးႀကံဳေတြ႕ရတယ္။ ဒါေၾကာင့္ ဒါေတြကို ရပ္တည္ေပးဖုိ႕အတြက္ ခ်င္းေရးရာ၀န္ႀကီးေနရာမွာ ၀င္အေရြးခ်ယ္ခံခဲ့တယ္။ ၂၀၀၈ အေျခခံဥပေဒမွာ ကိုယ့္တုိင္းရင္းသားအခြင့္အေရးေတြကို ကာကြယ္ေပးမယ့္ တုိင္းရင္းသားေရးရာ၀န္ႀကီးေနရာရွိတယ္။ ၂၀၁၀ မွာ ၀န္ႀကီးေနရာရခဲ့တယ္။ ၂၀၂၀ မွာလည္း ဒီေနရာကို ျပန္ၿပိဳင္ရင္ ေကာင္းမလားဆိုၿပီး စဥ္းစားေနတယ္။ ဒါေပမယ့္ အေသအခ်ာေတာ့မဆံုးျဖတ္ေသးဘူး။

ေမး။ ႏုိင္ငံေရးသက္တမ္းအရ အမ်ားႀကီးလုပ္ေဆာင္ခဲ့တယ္။ ခ်င္းအမ်ိဳးသားတပ္ဦးမွာ ဦးေဆာင္ခဲ့သလို ခ်င္းေရးရာ၀န္ႀကီးလည္းလုပ္ေဆာင္ခဲ့တယ္။ အဲေနာက္ ခ်င္းတုိင္းရင္းသားေရးရာ၀န္ႀကီးေနရာလည္း တာ၀န္ယူခဲ့တယ္။ ဆရာအျမင္မွာ ဘယ္လိုမ်ိဳးအခ်ိန္အခါမွာ ႏုိင္ငံေရးေလာက ကေန အနားယူဖုိ႕ သင့္ေတာ္မယ္လုိ႕ထင္သလဲ။

ေျဖ။ ကၽြန္ေတာ့္အျမင္ေတာ့ ၀န္ႀကီးခ်ဳပ္ျဖစ္လုိ႕၊ ၀န္ႀကီးျဖစ္လာလုိ႕၊ ဒုသမၼတျဖစ္ခြင့္ရၿပီးေတာ့ ႏုိင္ငံေရးကေန အနားယူမယ္ဆိုတာမ်ိဳးမရွိဘူး။ ကၽြန္ေတာ္တို႕လူမ်ိဳးအေနနဲ႕ လိုအပ္တဲ့ ႏုိင္ငံေရးရပုိင္ခြင့္ေတြကို ၈၀ ရာခုိင္ႏွဳန္းေလာက္ရရွိၿပီဆိုရင္ ႏုိင္ငံေရးေလာကမွာ ဆက္ေနဖုိ႕ ကၽြန္ေတာ့္အေနနဲ႕မသိေတာ့ဘူး။ တစ္ခ်ိဳ႕က အေျပာနဲ႕ပဲေျပာတယ္လုိ႕ထင္ေကာင္းထင္မယ္။ ဒါေပမယ့္ မဟုတ္ပါဘူး။ ၂၀၁၅ ေရြးေကာက္ပြဲတုန္းက ကၽြန္ေတာ္ေျပာဖူးတာရွိတယ္။ ကၽြန္ေတာ္တို႕ခ်င္းလူမ်ိဳးဟာ ႏိုင္ငံေရးမွာ ရပ္တည္ခ်က္ေကာင္းေကာင္းရွိေနၿပီးသား လူမ်ိဳးဟုတ္မေနေသးဘူး။ ဗမာလူမ်ိဳးပဲ ကိုယ့္ဟာကို ရပ္တည္ေနႏုိင္ၾကတယ္။ ဒါေၾကာင့္ အာမခံခ်က္ရွိတဲ့ တုိင္းရင္းသားလူမ်ိဳးျဖစ္ဖုိ႕ ကိုယ့္ဟာကိုယ္ သိဖုိ႕လုိအပ္တယ္ဆိုၿပီးေတာ့ ကၽြန္ေတာ့္ရပ္တည္ခ်က္ကို ေျပာခဲ့တာျဖစ္တယ္။ ေျပာခ်င္တာကေတာ့ ကၽြန္ေတာ္ေရြးေကာက္ပြဲႏုိင္မယ္မႏုိင္ဘူးဆိုတာထက္ အအုပ္ခ်ဳပ္ခံဘ၀ထက္စာရင္ အုပ္ခ်ဳပ္သူလူတန္းစားအျဖစ္ ရပ္တည္ဖုိ႕ ဘုရားက ကၽြန္ေတာ္တို႕အတြက္ ျဖစ္ေစခ်င္တာျဖစ္တယ္။ အဲသလုိခ်င္းလူထုကို နားလည္ေစခ်င္တယ္။ ဥပမာ နာဂေဒသဆုိရင္ လြတ္လပ္ေရးလုိခ်င္သလားလုိ႕ ဗဟိုအစိုးရက ေမးတဲ့အခ်ိန္မွာ ၉၀ ရာခုိင္ႏွဳန္းေက်ာ္က လြတ္လပ္ေရးရခ်င္တယ္ဆိုတဲ့ အေျဖမ်ိဳးကိုယ့္လူမ်ိဳးဆီက ထြက္ဖုိ႕ အသိပညာရွိၿပီဆိုရင္ ႏုိင္ငံေရးမွာ ကၽြန္ေတာ္ဆက္ရွိဖုိ႕မလိုအပ္ေတာ့ဘူးဆိုတဲ့ အေတြးရွိတယ္။

ေမး။ ေရြးေကာက္ပြဲျပန္ၿပိဳင္ရင္ အႏုိင္ရဖုိ႕ ဘယ္ေလာက္ေမွ်ာ္လင့္သလဲ။
ေျဖ။ ပါတီအေနနဲ႕ ဒီကိစၥကို ႏွစ္ပုိင္းနဲ႕ခြဲၾကည့္လုိက္မယ္ဆုိရင္ ခ်င္းျပည္နယ္နဲ႕ ခ်င္းျပည္နယ္ျပင္ပဆိုၿပီး စဥ္းစားမယ္ဆုိရင္ ခ်င္းျပည္နယ္မွာေတာ့ ၈၀ ရာခုိင္ႏွဳန္းကေတာ့ ႏုိင္ၿပီးသားပဲ။ ခ်င္းျပည္နယ္ျပင္ပျဖစ္တဲ့ ကေလး၊ တမူးမွာလည္း အတုိင္းအတာတစ္ခုထိ အားေကာင္းႏုိင္ေပမယ့္ မေကြး၊ ရခုိင္လိုမ်ိဳးမွာေတာ့ ရာႏွဳန္းျပည့္မေသခ်ာဘူး။ ဘာလုိ႕လဲဆုိရင္ သူတို႕ေနထုိင္တဲ့ေနရာအေျခအေနအရ ရပ္တည္ခ်က္ကမတူဘူး။ ဘာလုိ႕လဲဆိုရင္ လူမ်ိဳးခ်စ္စိတ္နဲ႕ပတ္သက္ၿပီး ကၽြန္ေတာ္တို႕ကလည္း စိတ္တုိင္းက် မေျပာဆုိႏုိင္ဘူး။
ေမး။ လာမယ့္ေရြးေကာက္ပြဲနဲ႕ပတ္သက္ၿပီးေတာ့ လူထုကို ဘာမ်ားေျပာခ်င္သလဲ။
ေျဖ။ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႕ ေရြးေကာက္ပြဲတစ္ခုတည္းကိုပဲ အႏုိင္ရဖုိ႕ မစဥ္းစားထားဘူး။ အစိုးရဖြဲ႕ႏုိင္မယ္၊ လႊတ္ေတာ္ကို ဦးေဆာင္မယ္ဆိုတဲ့တစ္ခုတည္းကိုပဲ မစဥ္းစားဘူး။ ကၽြန္ေတာ္တို႕ခ်င္းလူမ်ိဳးနဲ႕ ခ်င္းျပည္နယ္ႀကီးက ပန္းတိုင္းတစ္ခုမေရာက္ႏုိင္ေသးဘူး။ CNLD ကိုအားေပးတဲ့အခ်ိန္မွာ ဦးေဆာင္သူပိုင္းကိုပဲမၾကည့္နဲ႕။ မူ၀ါဒနဲ႕ ေမွ်ာ္မွန္းခ်က္ေတြကို ၾကည့္ၿပီး လူထုအတြက္ေကာ ပါတီအတြက္လည္းျဖစ္တယ္ဆိုတာကို ေျပာခ်င္တယ္။ CNLD ဆိုတာ သင့္ပါတီ၊ ကၽြန္ေတာ့္ပါတီ၊ ခ်င္းလူမ်ိဳးေတြရဲ႕ပါတီျဖစ္ပါတယ္။ အဲဒါကို ခံယူၿပီး လူထုအားလံုးက ရပ္တည္ေပးဖုိ႕က ေတာင္းဆိုခ်င္တာျဖစ္ပါတယ္။