AA ဖမ်းထားသည့် ချင်းအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦး ဝှေ့တင်း အဖမ်းခံပြီး သုံးရက်ကြာထိ မလွတ်သေး

Salai C Lian

ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦး ဝှေ့တင်းအား ရက္ခိုင့်တပ်မတော် (AA) မှ နိူဝင်ဘာလ ၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် ယနေ့ထိ မလွတ်သေးကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင် ဝန်ကြီး ဦး စိုးထက်ကပြောသည်။

ဝန်ကြီး ဦး စိုးထက်က “ ကျွန်တော်တို့ အိန္ဒိယ နိုင်ငံရေးဝန်ကြီးဌာန ကိုလည်း အကြောင်းကြားထားပါတယ်။ နောက်ဆုံးအခြေအနေကတော့ သူနဲ့တော့ ကျွန်တော်တို့ အဆက်အသွယ် မရဘူး၊ လက်ရှိသူတို့စခန်းမှာ ခေါ်ထားတာဆိုတော့လေ၊ ဖုန်းတွေလည်း အကုန်လုံးပိတ်ခိုင်းတော့ အဆက်သွယ်မရဘူး ဖြစ်နေတယ်၊ သူ့မိသားစုကိုလည်း ကျွန်တော်တို့ ဆက်သွယ်တယ်၊ ကျန်တဲ့ဆက်သွယ်သင့်တဲ့သူတွေကိုလည်း ကျွန်တော်တို့ ဆက်သွယ်တယ်” ဟု ပြောသည်။

သူက ဆက်ပြီး “ကျွန်တော်တို့ ခုနောက်ဆက်တွဲက သုံးရက်နေ့ ဖြစ်ကတည်းက ပြည်ထောင်စု အစိုးရကို တင်ပြထားတယ်၊ ပြည်ထောင်စု အစိုးရကလည်း လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ထုံးလုပ်နည်းနဲ့ ဆောင်ရွက်မယ်ဆိုတာလည်း ကျွန်တော်ယုံကြည်တယ်” ဟု ပြောသည်။
ယင်းအပြင် ချင်းပြည်နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦး ဝှေ့တင်း ပြန်လည်လွတ်နိူင်ဖို့ရန် ချင်းပြည်နယ်၊ ဟားခါးမြို့အခြေဆိုက် ဘာသာရေး ဂိုဏ်းပေါင်းစုံ ဆရာတော်များမှ တောင်းဆိုထားကြောင်း ဝန်ကြီးက ဆိုသည်။

ဝန်ကြီး ဦး စိုးထက်က “နောက်ဆုံး လုပ်နေတဲ့အလုပ်ကတော့ ဟားခါးမှာ ဘာသာရေး ဂိုဏ်းပေါင်းစုံ ဆရာတော်ကြီးတွေနဲ့ လည်း ဘာသာရေးအရ ကနေ ကချင်နှစ်ချင်းအသင်းတော်အဖွဲ့ချုပ် ကိုအ ကူညီတောင်းပြီးတော့ KIA/KIO မှတစ်ဆင့် ဦး ဝှေ့တင်းလွတ်မြောက်ဖို့နဲ့ ဒေသငြိမ်းချမ်းဖို့ ညိုနိူင်းပေးဖို့ အကူအညီတောင်းတာရှိတယ်” ဟု ပြောသည်။

ခူးမီးမျိုးနွယ်စုပေါင်းစပ်ရေးရာကောင်စီ ဥက္ကဌ ဦး ကျော်ငြိမ်းက “ထိုင်းမှာကျင်းပတဲ့ KIA အစည်းအဝေးကို တင်ပြဖို့ စာတော့ရေးထား ပြီးပြီ၊ခူးမီး မျိုးနွယ်စု ပေါင်းစပ် ရေးရာကောင်စီကလည်း သဘောထားထုတ်ပြန်တယ်” ဟု ပြောသည်။

ခူးမီးမျိုးနွယ်စုပေါင်းစပ်ရေးရာကောင်စီဥက္ကဌဖြစ်သူ ဦး ကျော်ငြိမ်းက “ရခိုင်တွေက ကျွန်တော်တို့ကို ပြန်ချိန်းခြောက်တယ်၊ သတိထားပါ၊ ခင်ဗျားတို့ ပလက်၀ ခူမီး ချင်းမျိုးနွယ်စုတွေ သတိထားပါ၊ ကျွန်တော်တို့ ငြိမ်ငြိမ်နေပါတယ်ဆိုမှ ဖုန်းနဲ့ လာချိန်းခြောက်တယ်၊ ကျွန်တော်တို့ သဘောထားထုန်ပြန်ချက်ထုတ်တော့ ဖုန်းနဲ့ အင်မတန်မှ မိုက်ရိုင်းတယ်ကွာ၊ ထမင်းဝအောင်စား၊ မင်းတို့ ခူမီးလူမျိုးတွေက ဘာလဲ၊ ကျွန်တော့အထင်တော့ ဒီလိုဖုန်းဆက်တဲ့သူကလည်း အတိအကျတော့ မပြောတက်ဘူး အေအေတော့ ဖြစ်မယ်ထင်တယ်၊ အခုကတော့ လူမျိုးရေးဆန်တော့မယ်၊ သူတို့အရမ်းမိုက်ရိုင်းလာပြီ၊ ကျွန်တော်တို့ ချင်းကလည်းပဲ အားလုံးစည်းလုံးဖို့လိုနေပြီ” ဟု ပြောသည်။

သူက ဆက်ပြီး “နောက်ထပ်သူတို့က ဖမ်းမယ်၊ ဆီးမယ်ဆိုပြီးမှ ၁၃ ယောက်စာရင်း ရထားတယ်ပြောတယ်၊ အဲဒါလည်း ခြိမ်းခြောက်တာပဲ၊ အဲဒီစာရင်းထဲမှာ ကျွန်တော်ပါမယ်၊ ဝန်ကြီး ဦး စိုးထက်၊ ဆလိုင်း အိုင်ဇက်ခင်၊ ဦး စောမြ၊ လွတ်တော်ကိုယ်စားလှယ် ဦး အောင်ရွှေ ပါမယ် ကျွန်တော်သိသလောက်ပေါ့” ဟု ပြောသည်။

ယင်း ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် (AA) ၏ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။
AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခမှ မီဒီယာအချို့တွင် အင်တာဗျူးဖြေဆိုရာ၌ အမျိုးသားလွှတ်တော် ဦးဝှေ့တင်းအား စစ်ဆေးစရာများရှိနေသေးသည့်အတွက် ထိန်းသိမ်းဆဲဖြစ်ကြောင်း ပြောဆိုထားသည်။

ဦးဝှေ့တင်းအဖမ်းခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ခူမီးမျိုးနွယ်စုပေါင်းစပ်ရေးရာကောင်စီတို့မှလည်း လူမျိုးရေးပြသနာအထိ ဖြစ်လာမည်ကိုစိုးရိမ်ကြောင်း သဘောထားထုတ်ပြန်ထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှလည်း ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

ယခုကဲ့သို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အား လက်နက်ကိုင်အဖွဲ့မှ ဖမ်းစီးမှုမျိုးမဖြစ်သင့်ကြောင်းနှင့် လက်နက်ကိုင်အဖွဲ့အနေဖြင့် မိမိမူဝါဒနှင့် ရည်မှန်းချက်ကိုသာ အကောင်အထည်ဖောက်ပြီး ထိုသို့အကောင်အထည်ဖော်ဆောင်ရာတွင် တိုင်းရင်းသားအချင်းချင်းကြား စိတ်ဝမ်းကွဲစေမှုမျိုးမရှိရင် သတိပြုသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် နိုင်ငံရေးပါတီခေါင်းဆောင်အချို့မှ သုံးသပ်မှုများကို ပင်မမီဒီယာများမှလည်း ဖော်ပြသည်။

နိုဝင်ဘာလ ၃ ရက်နေ့ မနက်ပိုင်း ၈ နာရီ ခန့်တွင် ပလက်ဝမြို့နယ်မှ ကျောက်တော်သို့ ထွက်ခွာသွားသည့် ရေယဉ်နှစ်စီးပေါ်တွင် လိုက်ပါခဲ့သည့် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်း၊ အိန္ဒိယ မြန်မာ ဆက်သွယ်ရေးလမ်း ဖောက်လုပ်နေသည့် လမ်းလုပ်သား ၅ဦး၊ ဘာသာပြန်နှစ်ဦး စက်လှေမောင်းသူနှစ်ဦး စုစုပေါင်း ဆယ်ဦး ကို AA အဖွဲ့မှ လမ်းခုလတ်တွင် ဖမ်းစီးခဲ့ခြင်းဖြစ်သည်။

ဖမ်းစီးနောက် ရက်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းမှလွဲပြီး အခြားဖမ်းစီးသူများကို ပြန်လည်လွှတ်ပေးခဲ့သည်။ အဖမ်းစီးခံရသည့် အိန္ဒိယနိုင်ငံသားတစ်ဦးမှာလည်း နှလုံးအမောဖောက်က သေဆုံးသွားကြောင်း ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်က မီဒီယာများသို့ပြောသည်။

Zawgyi

AA ဖမ္းထားသည့္ ခ်င္းအမ်ဳိးသား လႊတ္ေတာ္ကုိယ္စားလွယ္ ဦး ေ၀ွ႔တင္း အဖမ္းခံၿပီး သံုးရက္ၾကာထိ မလြတ္ေသး

ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ အမ်ဳိးသား လႊတ္ေတာ္ကုိယ္စားလွယ္ ဦး ေ၀ွ႔တင္းအား ရကၡိဳင့္တပ္မေတာ္ (AA) မွ ႏူိ၀င္ဘာလ ၃ ရက္ေန႔တြင္ ဖမ္းဆီးခဲ့ၿပီးေနာက္ ယေန႔ထိ မလြတ္ေသးေၾကာင္း ခ်င္းျပည္နယ္ အစုိးရအဖြဲ႔ ေျပာေရးဆုိခြင့္ရွိသူ စည္ပင္ ၀န္ႀကီး ဦး စုိးထက္ကေျပာသည္။

၀န္ႀကီး ဦး စုိးထက္က “ ကၽြန္ေတာ္တို႕ အိႏၵိယ ႏုိင္ငံေရး၀န္ႀကီးဌာန ကိုလည္း အေၾကာင္းၾကားထားပါတယ္။ ေနာက္ဆုံးအေျခအေနကေတာ့ သူနဲ႔ေတာ့ ကၽြန္ေတာ္တုိ႔ အဆက္အသြယ္ မရဘူး၊ လက္ရွိသူတုိ႔စခန္းမွာ ေခၚထားတာဆုိေတာ့ေလ၊ ဖုန္းေတြလည္း အကုန္လုံးပိတ္ခုိင္းေတာ့ အဆက္သြယ္မရဘူး ျဖစ္ေနတယ္၊ သူ႔မိသားစုကုိလည္း ကၽြန္ေတာ္တုိ႔ ဆက္သြယ္တယ္၊ က်န္တဲ့ဆက္သြယ္သင့္တဲ့သူေတြကုိလည္း ကၽြန္ေတာ္တုိ႔ ဆက္သြယ္တယ္” ဟု ေျပာသည္။

သူက ဆက္ၿပီး “ကၽြန္ေတာ္တုိ႔ ခုေနာက္ဆက္တြဲက သုံးရက္ေန႔ ျဖစ္ကတည္းက ျပည္ေထာင္စု အစုိးရကုိ တင္ျပထားတယ္၊ ျပည္ေထာင္စု အစုိးရကလည္း လုပ္သင့္လုပ္ထုိက္တဲ့ လုပ္ထုံးလုပ္နည္းနဲ႔ ေဆာင္ရြက္မယ္ဆုိတာလည္း ကၽြန္ေတာ္ယုံၾကည္တယ္” ဟု ေျပာသည္။
ယင္းအျပင္ ခ်င္းျပည္နယ္ အမ်ဳိးသား လႊတ္ေတာ္ကုိယ္စားလွယ္ ဦး ေ၀ွ႔တင္း ျပန္လည္လြတ္ႏူိင္ဖုိ႔ရန္ ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕အေျခဆုိက္ ဘာသာေရး ဂိုဏ္းေပါင္းစုံ ဆရာေတာ္မ်ားမွ ေတာင္းဆုိထားေၾကာင္း ၀န္ႀကီးက ဆုိသည္။

၀န္ႀကီး ဦး စုိးထက္က “ေနာက္ဆုံး လုပ္ေနတဲ့အလုပ္ကေတာ့ ဟားခါးမွာ ဘာသာေရး ဂိုဏ္းေပါင္းစုံ ဆရာေတာ္ႀကီးေတြနဲ႕ လည္း ဘာသာေရးအရ ကေန ကခ်င္ႏွစ္ခ်င္းအသင္းေတာ္အဖြဲ႔ခ်ဳပ္ ကိုအ ကူညီေတာင္းၿပီးေတာ့ KIA/KIO မွတစ္ဆင့္ ဦး ေ၀ွ႔တင္းလြတ္ေျမာက္ဖုိ႔နဲ႕ ေဒသၿငိမ္းခ်မ္းဖုိ႔ ညုိႏူိင္းေပးဖို႕ အကူအညီေတာင္းတာရွိတယ္” ဟု ေျပာသည္။

ခူးမီးမ်ဳိးႏြယ္စုေပါင္းစပ္ေရးရာေကာင္စီ ဥကၠဌ ဦး ေက်ာ္ၿငိမ္းက “ထုိင္းမွာက်င္းပတဲ့ KIA အစည္းအေ၀းကုိ တင္ျပဖုိ႔ စာေတာ့ေရးထား ၿပီးၿပီ၊ခူးမီး မ်ဳိးႏြယ္စု ေပါင္းစပ္ ေရးရာေကာင္စီကလည္း သေဘာထားထုတ္ျပန္တယ္” ဟု ေျပာသည္။

ခူးမီးမ်ဳိးႏြယ္စုေပါင္းစပ္ေရးရာေကာင္စီဥကၠဌျဖစ္သူ ဦး ေက်ာ္ၿငိမ္းက “ရခုိင္ေတြက ကၽြန္ေတာ္တုိ႔ကုိ ျပန္ခ်ိန္းေျခာက္တယ္၊ သတိထားပါ၊ ခင္ဗ်ားတုိ႔ ပလက္၀ ခူမီး ခ်င္းမ်ဳိးႏြယ္စုေတြ သတိထားပါ၊ ကၽြန္ေတာ္တုိ႔ ၿငိမ္ၿငိမ္ေနပါတယ္ဆုိမွ ဖုန္းနဲ႔ လာခ်ိန္းေျခာက္တယ္၊ ကၽြန္ေတာ္တုိ႔ သေဘာထားထုန္ျပန္ခ်က္ထုတ္ေတာ့ ဖုန္းနဲ႔ အင္မတန္မွ မုိက္ရုိင္းတယ္ကြာ၊ ထမင္း၀ေအာင္စား၊ မင္းတုိ႔ ခူမီးလူမ်ဳိးေတြက ဘာလဲ၊ ကၽြန္ေတာ့အထင္ေတာ့ ဒီလုိဖုန္းဆက္တဲ့သူကလည္း အတိအက်ေတာ့ မေျပာတက္ဘူး ေအေအေတာ့ ျဖစ္မယ္ထင္တယ္၊ အခုကေတာ့ လူမ်ဳိးေရးဆန္ေတာ့မယ္၊ သူတုိ႔အရမ္းမုိက္ရုိင္းလာၿပီ၊ ကၽြန္ေတာ္တုိ႔ ခ်င္းကလည္းပဲ အားလုံးစည္းလုံးဖုိ႔လုိေနၿပီ” ဟု ေျပာသည္။

သူက ဆက္ၿပီး “ေနာက္ထပ္သူတုိ႔က ဖမ္းမယ္၊ ဆီးမယ္ဆုိၿပီးမွ ၁၃ ေယာက္စာရင္း ရထားတယ္ေျပာတယ္၊ အဲဒါလည္း ၿခိမ္းေျခာက္တာပဲ၊ အဲဒီစာရင္းထဲမွာ ကၽြန္ေတာ္ပါမယ္၊ ၀န္ႀကီး ဦး စုိးထက္၊ ဆလုိင္း အုိင္ဇက္ခင္၊ ဦး ေစာျမ၊ လြတ္ေတာ္ကုိယ္စားလွယ္ ဦး ေအာင္ေရႊ ပါမယ္ ကၽြန္ေတာ္သိသေလာက္ေပါ့” ဟု ေျပာသည္။

ယင္း ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ရကၡိဳင့္တပ္မေတာ္ (AA) ၏ေျပာေရးဆိုခြင့္ရွိသူကို ဆက္သြယ္ေသာ္လည္း ဖုန္းလက္ခံေျဖၾကားျခင္းမရွိေပ။
AA ေျပာေရးဆိုခြင့္ရွိသူ ခုိင္သုခမွ မီဒီယာအခ်ိဳ႕တြင္ အင္တာဗ်ဴးေျဖဆိုရာ၌ အမ်ိဳးသားလႊတ္ေတာ္ ဦးေ၀ွ႕တင္းအား စစ္ေဆးစရာမ်ားရွိေနေသးသည့္အတြက္ ထိန္းသိမ္းဆဲျဖစ္ေၾကာင္း ေျပာဆိုထားသည္။

ဦးေ၀ွ႕တင္းအဖမ္းခံရသည့္ကိစၥႏွင့္ပတ္သက္ၿပီး ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ ခူမီးမ်ိဳးႏြယ္စုေပါင္းစပ္ေရးရာေကာင္စီတို႕မွလည္း လူမ်ိဳးေရးျပသနာအထိ ျဖစ္လာမည္ကိုစိုးရိမ္ေၾကာင္း သေဘာထားထုတ္ျပန္ထားၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီမွလည္း ျပန္လႊတ္ေပးရန္ ေတာင္းဆိုထားသည္။

ယခုကဲ့သို႕ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္အား လက္နက္ကိုင္အဖြဲ႕မွ ဖမ္းစီးမႈမ်ိဳးမျဖစ္သင့္ေၾကာင္းႏွင့္ လက္နက္ကိုင္အဖြဲ႕အေနျဖင့္ မိမိမူ၀ါဒႏွင့္ ရည္မွန္းခ်က္ကိုသာ အေကာင္အထည္ေဖာက္ၿပီး ထုိသို႕အေကာင္အထည္ေဖာ္ေဆာင္ရာတြင္ တုိင္းရင္းသားအခ်င္းခ်င္းၾကား စိတ္၀မ္းကြဲေစမႈမ်ိဳးမရွိရင္ သတိျပဳသင့္ေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္အခ်ိဳ႕ႏွင့္ ႏုိင္ငံေရးပါတီေခါင္းေဆာင္အခ်ိဳ႕မွ သံုးသပ္မႈမ်ားကို ပင္မမီဒီယာမ်ားမွလည္း ေဖာ္ျပသည္။

ႏုိ၀င္ဘာလ ၃ ရက္ေန႕ မနက္ပိုင္း ၈ နာရီ ခန္႔တြင္ ပလက္ဝၿမိဳ့နယ္မွ ေက်ာက္ေတာ္သို့ ထြက္ခြာသြားသည့္ ေရယဥ္ႏွစ္စီးေပၚတြင္ လိုက္ပါခဲ့သည့္ ပလက္ဝၿမိဳ့နယ္ အမ်ိဳးသားလႊတ္ေတာ္အမတ္ ဦးေဝွ႕တင္း၊ အိႏၵိယ ျမန္မာ ဆက္သြယ္ေရးလမ္း ေဖာက္လုပ္ေနသည့္ လမ္းလုပ္သား ၅ဦး၊ ဘာသာျပန္ႏွစ္ဦး စက္ေလွေမာင္းသူႏွစ္ဦး စုစုေပါင္း ဆယ္ဦး ကို AA အဖြဲ႕မွ လမ္းခုလတ္တြင္ ဖမ္းစီးခဲ့ျခင္းျဖစ္သည္။

ဖမ္းစီးေနာက္ ရက္တြင္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ဦးေ၀ွ႕တင္းမွလြဲၿပီး အျခားဖမ္းစီးသူမ်ားကို ျပန္လည္လႊတ္ေပးခဲ့သည္။ အဖမ္းစီးခံရသည့္ အိႏၵိယႏုိင္ငံသားတစ္ဦးမွာလည္း ႏွလံုးအေမာေဖာက္က ေသဆံုးသြားေၾကာင္း ခ်င္းျပည္နယ္ စည္ပင္၀န္ႀကီး ဦးစိုးထက္က မီဒီယာမ်ားသို႕ေျပာသည္။