ဟားခါးမြို့ မြေကွက်ပြဿနာနှင့်ပတ်သက်၍ မိမိ၏ သဘောထားအမြင်

August 20, 2019 Chin World Media 0

ဆလိုင်းကျဲအိုဘိခ်ထောင် ဟားခါးမြို့ပြဧရိယာတိုးချဲ့မှုနှင့်ပတ်သက်၍ ဒေသခံမြေယာအသုံးပြုသူများနှင့် ပြည်နယ်အစိုးရအကြား ပြဿနာဖြစ်ပွားပြီး မကြာခင်တွင် ကျူးကျော်ဟုသတ်မှတ်ထားသည့် နေအိမ် ရာဂဏန်းခန့် ဖျက်အိမ်းမည်ဟု သတင်းကြားသိရသဖြင့်မိမိအနေဖြင့် များစွာစိတ်မကောင်းဖြစ်ရပါသည်။ မလိုလားအပ်သည့် ဆိုးကျိုးမဖြစ်ရ လေအောင် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ပြေလည်ညှိနှိုင်းပြီး နှစ်ဘက်သဘောတူလက်ခံ နိုင်သည်အထိ စိတ်ရှည်လက်ရှည်ဖြင့် အလျှော့အတင်းပြုလုပ်သင့်သည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် အောက်ပါအတိုင်း ထောက်ပြအကြံပြုလိုပါသည်။ (၁)    […]

စစ်ပွဲရဲ့ဆိုးကျိုးကြောင့် ပိုထိခိုက်လာမယ့် ပလက်ဝမြို့နယ်ရဲ့ ပညာရေး

August 16, 2019 Chin World Media 0

ရေး – Salai Hung Tun Gei ချင်းပြည်နယ်မှာ ကျောင်းပေါင်း ၁၄၂၁ ကျောင်းရှိတဲ့အနက် ပလက်ဝမြို့နယ်အတွင်းမှာ ကျောင်းပေါင်း ၃၄၇ ကျောင်းရှိပြီး ချင်းပြည်နယ်မှာ ကျောင်းအများဆုံးရှိတဲ့ မြို့နယ်ဖြစ်ပါတယ်။ ဒါပေမယ့် ယခင်ကတည်းက နှစ်စဉ်တက္ကသိုလ်ဝင်တန်း အောင်ချက်အနည်းဆုံးဖြစ်နေခဲ့ပါတယ်။ အခုလို စစ်ပွဲကြောင့် ကျောင်းတွေ ဖွင့်လိုက်ပိတ်လိုက် […]

ချင်းပြည်နယ်ဖွံ့ဖြိုးရေးအထောက်အကူပြုရန် ကျေးရွာအုပ်စုများ တိုးချဲ့ဖွဲ့စည်းသင့်

April 22, 2019 Chin World Media 0

ဆလိုင်းကျဲအိုဘိခ်ထောင် မြို့ပြတည်ဆောက်ရေး(Urbanization)သည် ရေရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေလိုအပ်ချက်ဟု မဆိုနိုင်သော်လည်း လူဦးရေ ၅ သိန်းခန့်သာရှိသော လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ချင်းပြည်နယ်တွင် ကျေးရွာပေါင်း ၁၃၅၀ ခန့်ရှိပြီး မြို့ပေါ်နေထိုင်သူ ၂၀ ရာခိုင်နှုန်းခန့်သာ ရှိနေသည်မှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်(အနောက်နိုင်ငံများတွင် ၈၀ ရာခိုင်နှုန်းကျော် မြို့ပြမှာ နေထိုင်)။ အထူးသဖြင့် ချင်းပြည်နယ်တောင်ပိုင်းရှိ ကျေးရွာ […]

တပ်မတော်နဲ့ အေအေတို့ရဲ့ တိုက်ပွဲကြားက ချင်းပြည်သူတွေ

December 21, 2018 Chin World Media 0

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဝန်းကျင်မှာ မြန်မာအစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးရှောင်အများအပြားဟာ စစ်ပွဲအချိန် ရှည်ကြာလာတဲ့အမျှ စားနပ်ရိက္ခာနဲ့ အလှူငွေပြတ်လတ်မှုတွေကြောင့် အိန္ဒိယနိုင်ငံဘက် ထွက်ပြေးသွားကြတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံနဲ့ နယ်စပ်ဒေသဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်သူ […]

ခေါ်နူးစုမ်ရိပ်အောက်က ရင်ခွင့်မဲ့ကလေးများရဲ့ ဧဒင်ဥယျဉ်

December 11, 2018 Chin World Media 0

“ကျွန်မက အပျိုမလေးဖြစ်တော့ တစ်လသားကလေးကို ရင်ဝယ်ပိုက်ပြီး ကိုယ်နဲ့အတူအိပ်ရတော့ ညတိုင်း လို လိုငိုရတယ်။ သူနို့ဆာပြီဆိုရင် ဟိုနားနှိုက်လိုက် ဒီနားနှိုက်လိုက်လုပ်လို့ရှိရင် ကျွန်မအရမ်းခံစားရတယ်။ ငါ့နို့သာထွက်မယ်ဆိုရင် တိုက်ချင်တဲ့စိတ်တွေပေါက်တာပေါ့နော်” အခုလို မိဘတွေစွန့်ပစ်ထားခဲ့တဲ့ မွေးကင်းစ လသားအရွယ်လေးကို မိဘမဲ့ဂေဟာရောက်လာတော့ ဘယ်လိုအခက် အခဲနဲ့စောင့်ရှောက်ရပြီး ဘယ်လိုခံစားချက်တွေနဲ့ပြုစုခဲ့ရတာကို ဂေဟာတည်ထောင်သူက ပြန်ပြောင်းပြောပြတဲ့စကားပဲဖြစ်ပါတယ်။ အခုလို […]

တတိယနိုင်ငံသွားဖို့ အိပ်မက်ပျောက်သွားပြီဖြစ်တဲ့ မလေးရှားက ချင်းလူမျိုးတွေရဲ့ အိမ်ပြန်ခရီး ဘယ်လိုဆက်ဖြစ်မလဲ

November 5, 2018 Chin World Media 0

ရေးသားသူ  – Salai Hung Tun Gei “ချင်းဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ်ပိုင်းနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်မချမှတ်ရသေးဘဲ ပြန်လည်သုံးသပ်မှုပြုလုပ်နေပါတယ်” အထက်ပါစကားကို UNHCR ရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက ချင်းဝေါလ်သတင်းဌာနနဲ့ ဒို့အသံတို့ပူးပေါင်းတဲ့ ရေဒီယိုအစီအစဉ်မှာ အီးမေးလ်နဲ့စာပြန်ထားတဲ့စကားဖြစ်ပါတယ်။  ချင်းလူမျိုးဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပြီးဖြစ်ပေမယ့် လုပ်ငန်းစဉ် ပိုင်း ဆိုင်ရာမှာတော့ ဆုံးဖြတ်ချက်မချမှတ်ရသေးဘူးလို့ဆိုလိုလိုက်တာပါ။ ဒုက္ခသည်တွေ […]

ဒီအတိုင်းသာ ဆက်သွားနေရင် လွယ်ပါ့မလား

October 24, 2018 Chin World Media 0

                                                                                                    ———————————————- နိုင်ငံတစ်နိုင်ငံ၏ စီးပွါးရေးတိုးတက်ဖို့အတွက် အကြောင်းရင်းများစွာ ရှိမှာဖြစ်သလို နိုင်ငံတစ်နိုင်ငံ၏ စီးပွါးရေးနှေးကွေးရခြင်း၊ ကျဆင်းခြင်းတွေမှာလည်း နောင်ခံအကြောင်းရင်း များစွာ ရှိမှာဖြစ်ပါသည်။ ကျွန်တော် ပြီးခဲ့သောမြန်မာပြည်မှာ မတ်လ၂၀ရက်နေ့တွင် တစ်ဒေါ်လာကို ၁၃၃၀ကျပ်နဲ့ ဒေါ်လာငါးရာကို ၀ယ်ပြီး နိုင်ငံခြားရောက်တော့ တစ်ဒေါ်လာကို အင်ဒိုငွေ ၁၃၃၀၀ ရူပီးနှုန်းဖြင့် ပြန်ရောင်းကာ […]

Major William Sa Lian Zam (ချင်းလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်) နှင့် ချင်းဒီမိုကရေစီပါတီ၊ ချင်းလွတ်မြောက်ရေးတပ်မတော်၏ တော်လှန်ရေးသမိုင်း (ဇာတ်သိမ်းပိုင်း)

October 1, 2018 Chin World Media 0

ဆလိုင်းဗန်ကျုံးလျန် (ယူကေ) အပိုင်း (၂) မှအဆက် တွန်းဇံမြို့နယ်အတွင်း တိုက်ပွဲသံများ ဤသို့ဖြင့် ဥက္ကဌကြီး ခိုင်မိုးလင်းနှင့် ဗိုလ်မှူးဝီလီယံတို့ စစ်ကြောင်းသည် အိန္ဒိယ-မြန်မာနယ်စပ်တွင် ပိတ်မိနေခဲ့ကြသည်။ အိနွိယနယ်အတွင်းသို့လည်း ဖြတ်သန်းခွင့်မရခဲ့ချေ။ အိနွိယစစ်တပ်မှ ပိတ်ထားသည်။ ထိုအချိန်သည် ၁၉၇၇ မေလကုန်လောက်ဖြစ်ပြီး မိုးတွင်းကာလာဖြစ်သည်။ ရာသီဥတုကလည်း ဆိုးရွားသည့်အချိန်ဖြစ်သည်။ မိုးကလည်းရွာ၊ […]

Major William Sa Lian Zam (ချင်းလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်) နှင့် ချင်းဒီမိုကရေစီပါတီ၊ ချင်းလွတ်မြောက်ရေးတပ်မတော်၏ တော်လှန်ရေးသမိုင်း (အပိုင်း ၂)

October 1, 2018 Chin World Media 0

ဆလိုင်းဗန်ကျုံးလျန် (ယူကေ) အပိုင်း (၁) မှအဆက် ပါလီမာန်ဒီမိုကရေစီပါတီဥက္ကဌ ဦးနုမဟာမိတ်တပ်ပေါင်းစုမှ နုတ်ထွက်ခြင်း ▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲ ညီညွတ်သောအမျိုးသားလွတ်မြောက်ရေးတပ်ပေါင်းစု (NULF) သည် PDP, KNU, NMSP တို့နှင့် ဖွဲ့စည်းခဲ့ပြီး ၁၉၇၀ ခုနှစ်တွင် CDP စတင်ပါဝင်ခဲ့သည်။ လက်နက်ကိုင်တပ်ဖွဲ့ဘက်တွင်လည်း မဟာမိတ်အဖြစ် ပြည်ချစ်လွတ်မြောက်ရေးတပ်မတော် (PLA)၊ […]

Major William Sa Lian Zam (ချင်းလွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ်) နှင့် ချင်းဒီမိုကရေစီပါတီ၊ ချင်းလွတ်မြောက်ရေးတပ်မတော်၏ တော်လှန်ရေးသမိုင်း (အပိုင်း ၁)

October 1, 2018 Chin World Media 0

ဆလိုင်းဗန်ကျုံးလျန် (ယူကေ) ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ချင်း၊ ကချင်၊ ရှမ်း နှင့် မြန်မာလူမျိုးတို့ ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကြီးကြောင့် ၁၉၄၈ ခုနှစ်တွင် နယ်ချဲ့ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးရရှိပြီး လွတ်လပ်သော တိုင်းပြည်တစ်ပြည်အဖြစ် ရပ်တည်လာနိုင်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် လွတ်လပ်ရေး၏ ဘွားဖက်တော်အဖြစ် ပြည်တွင်းစစ်ကြီး နှင့် ကြုံတွေ့ရင်ဆိုင်ခဲ့ရပြီး ပြည်ထောင်စုကြီးပြိုကွဲမည့် အဖြစ်ဆိုးမှ […]