တွန်းဇံမြို့တွင် မုဒိမ်းမှုကျူးလွန်ရန် အားထုတ်ကြံစည်သူကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ဖြင့် တရားဆွဲဆိုထား

August 9, 2019 Chin World Media 0

Salai Khup Khup တွန်းဇံမြို့တွင် အမျိုးသမီး အသက်(၂၁)နှစ်အရွယ်ကို မောင်ဟောင်ရှန်းပိုင်(၂၃)နှစ်မှ မုဒိမ်းမှုကျူးလွန်ရန်အားစိုက်ထုတ်ခဲ့သောကြောင့် တွန်းဇံမြို့နယ်ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ဖြင့် တရားဆွဲထားကြောင်း တွန်းဇံမြို့နယ်မှဒု-ရဲမှူးစိုးဝင်းကပြောသည်။ တွန်းဇံမြို့နယ်မှ ဒု-ရဲမှူးစိုးဝင်းက “တရားခံက ကျူးလွန်တဲ့ပုံစံမျိုးတော့မဟုတ်ဘူး သက်သေတွေ ဆေးစာတွေ ပြန်ကြားစာ တွေတော့မရသေးဘူး။ မိန်းကလေးဖက်ကလည်း တိုင်ထားတာရှိတယ်၊ သူ့ကို […]

လမ်းသားပြိုကျမှုများဖြစ်ပေါ်လာပါက ပိတ်ဆို့မှုမရှိဘဲ အမြန်ဆုံးရှင်းလင်းနိုင်ရန် အဆင်သင့် ပြင်ထားကြောင်း ဦးစိုးထက်မှပြော

August 8, 2019 Chin World Media 0

Salai Benezer ချင်းပြည်နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်လေ့ရှိသည့် လမ်းသားပြိုကျမှုများ ဖြစ်ပေါ်လာပါက ပိတ်ဆို့မှုမရှိဘဲ အမြန်ဆုံးရှင်းလင်းနိုင်ရန် အဆင်သင့်ပြင်ဆင်ထားကြောင်း ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ၀န်ကြီး ဦးစိုးထက်မှပြောသည်။ “ကလေး-ဖလမ်း-ဟားခါး လမ်းကတော့ JAICA ကနေပေးထားတဲ့ စက်တွေတောက်လျှောက် အဆင်သင့်ရှိနေပါတယ်၊ လမ်းဦးစီးဌာနကလည်း နာရီပိုင်းအတွင်းမှာ တောက်လျှောက်ရှင်းနိုင်အောင် လမ်းမပိတ်အောင် လုပ်နေပါတယ်၊ […]

ဟားခါးမြို့သစ်စီမံကိန်း ကနဦး မြေကွက် ၆၄၄ကွက် အတွက် လျှောက်လွှာများခေါ်ယူထား

August 7, 2019 Chin World Media 0

Salai Benezer ချင်းပြည်နယ် ဟားခါးမြို့ပြစီမံကိန်း ဖော်ဆောင်ရာတွင် ကနဦးအနေဖြင့် မြေကွက် ၆၄၄ကွက် အတွက် လျှောက်လွှာများခေါ်ယူထားကြောင်း ချင်းပြည်နယ် ဆောက်လုပ်ရေးဝန်ကြီး ဦးရွှေထီးယူမှပြောသည်။ “ကျနော်တို့စခေါ်တာတော့ ဇူလိုင် ၁၂ရက်နေ့မှာစခေါ်တာပါ၊ ဒီလ ၁၂ ရက်နေ့မှာ ပြန်အပ်ရမှာပါ၊ ဈေးနှုန်းကတော့ မသတ်မှတ်ရသေးဘူး၊ ပြန်သုံးသပ်ရဦးမှာပါ၊ မြေကွက်က ခုလောလောဆယ် […]

ရက္ခိုင့်တပ်မတော်AAလွှတ်ပေးခဲ့သော ကင်းတလင်းရွာသားများမီးဇာစစ်ဘေးရှောင်စခန်းမှ ပလက်ဝမြို့ပေါ်သို့ ပြောင်းရွှေ့နိုင်ရန်စီစဉ်လျှက်ရှိ

August 7, 2019 Chin World Media 0

Salai Khup Khup ရက္ခိုင့်တပ်မတော်AAမှ ပြန်လွှတ်ပေးလိုက်သော ကင်းတလင်းရွာသားများမှာ လက်ရှိနေထိုင်နေသော မီးဇာစစ်ဘေးရှောင်စခန်းနှင့် အရင်နေထိုင်ခဲ့သောရွာမှာ လုံခြုံမှုမရှိတော့သောကြောင့် ပလက်ဝမြို့ပေါ်သို့ နေထိုင်နိုင်ရန် စီစဉ်လျှက်ရှိကြောင်းသိရသည်။ မီးဇာအုပ်စု ကုန်ပြင်ရွာဥက္ကဌ ဦးယိုက်တန်းက“AAတွေက ကင်းတလင်းရွာသားတွေကို ဒုက္ခသည်အနေနဲ့ ခေါ်သွားတယ်လို့ ပြောပေမဲ့ အဖမ်းခံရတဲ့ ကင်းတလင်းရွာသားတွေက သူတို့အကာကွယ်အနေနဲ့ ခေါ်သွားတယ်။ ဒုက္ခသည်အနေနဲ့ […]

မတူပီခရိုင်ရုံးတည်ဆောက်ရန် ဘတ်ဂျက်ပြန်အပ်ရမည်ဖြစ်တာကြောင့် အစိုးရမှဖနိုင်-ငလိုင်အကြားတွင် တည်ဆောက်ရန်သက်မှတ်ခြင်းဖြစ်ဟုဆို

August 6, 2019 Chin World Media 0

Salai Khup Khup မတူပီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး တည်ဆောက်ရန်အတွက် ရရှိထားသော ဘတ်ဂျက်မှာ စက်တင်ဘာလ ၃၀ရက်နေ့တွင် ဘတ်ဂျက်ပိတ်တော့မည် ဖြစ်သောကြောင့် အစိုးရသတ်မှတ်ထားသည့် ဖနိုင်-ငလိုင်ကြားတွင် တည်ဆောက်ရန် ပန္နက်ရိုက်ခဲ့ခြင်းဖြစ်ကြောင်း စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ စည်ပင်ဝန်ကြီး ဦးစိုးထက်က “စက်တင်ဘာလ ၃၀ ဆိုရင် ဘတ်ဂျက်ကပိတ်တော့မှာဆိုတော့ အခုတောင် သြဂုတ်လရောက်နေပြီ […]

လူများစုအတွက် လုပ်ဆောင်နေခြင်းကြောင့် လူနည်းစု၏အကျိုးစီးပွားအတွက် အစိုးရလုပ်ဆောင်မှုကို ရပ်ဆိုင်းစရာမရှိဟု စည်ပင်ဝန်ကြီးပြော

August 6, 2019 Chin World Media 0

Salai Benezer ချင်းပြည်နယ် ဟားခါးမြို့ မြို့ပြစီမံကိန်းဖော်ဆောင်မည့် မြေနေရာတွင် ကျူးကျော်နေထိုင်မည့်သူများ ရှင်းလင်းမည့်ကိစ္စနှင့်ပတ်သတ်ပြီး လူများစုအတွက် လုပ်ဆောင်နေခြင်းကြောင့် လူနည်းစု၏အကျိုးစီးပွားအတွက် အစိုးရလုပ်ဆောင်မှုကို ရပ်ဆိုင်းစရာမရှိဟု စည်ပင်ဝန်ကြီးဦးစိုးထက်မှ ပြောသည်။ “နဂိုကတည်းက စည်ပင်ဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဖို့စီစဉ်ထားတဲ့အတိုင်းဘဲလုပ်သွားမှာပါ၊ ဘာသာရေးဆရာတွေက ပြင်ဆင်ချိန်ရအောင်လို့ နည်းနည်းလေးနောက်ဆုတ်ပေးဖို့ ပြောတာကြောင့်သာ နောက်ဆုတ်ရတာပါ၊ ကျွန်တော်တို့ […]

စစ်ပွဲများဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်တွင် ၂၀၂၀ရွေးကောက်ပွဲကျင်းပနိုင်ချေရှိ

August 5, 2019 Chin World Media 0

Salai Khup Khup စစ်ပွဲများဖြစ်ပွားနေသည့် ပလက်ဝမြို့နယ်တွင် ၂၀၂၀ရွေးကောက်ပွဲကို ကျင်းပနိုင်ချေ ရှိကြောင်း ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးလင်းကျော်ကပြောသည်။ ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးလင်းကျော်က “ရွေးကောက်ပွဲကျင်းပနိုင်ချေ ရှိ၊မရှိကိုတော့ လုပ်ငန်းစဉ်နှစ်ခုနဲ့တော့ စမ်းသပ်တယ်။ ပထမတစ်ခုကတော့ မဲရုံတွေကို တိုးချဲ့ဖို့ရှိမရှိ လျာထားတဲ့မဲရုံတွေကို တောင်းကြည့်တယ်။ နောက်တစ်ခုကတော့ လူဦးရေစာရင်းတွေ ကောက်နေတယ်။ […]

ဝန်ကြီးချုပ်အပါအ၀င် ၀န်ကြီးတစ်ပါးနှင့် လွှတ်တော်ဥက္ကဌကို ဖြုတ်ချရေး တောင်းဆိုသူများအား ဥပဒေအရ အရေးယူဆောင်ရွက်မည်ဟုဆို

July 29, 2019 Chin World Media 0

Salai Khup Khup ဟားခါးမြို့သစ်စီမံကိန်းအတွင်း ကျူးကျော်နေထိုင်သူများအဖြစ် ပြည်နယ်အစိုးရ၏ သတ်မှတ်ခံရသူများမှ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် လွှတ်တော်ဥက္ကဌ တို့ကို အမြန်ဖြုတ်ပေးရေး ဆန္ဒပြမည့်အပေါ် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးယူကပြောသည်။ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီးရွှေထီးယူက “စည်ပင်ရဲ့ခွင့်ပြုချက်မရဘဲနဲ့ တည်ဆောက်တဲ့အတွက် ကျူးကျော်တယ်လို့ သတ်မှတ်တယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး […]

ချင်းပြည်နယ်တောင်ပိုင်း ဒု – သမ္မတခရီးစဉ် အတွင်း လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းတောင်းဆိုမှု ဒုသမ္မတမှ ပြည်နယ်အစိုးရထံ ပြန်ပို့ပေးရန်ညွှန်ကြား

July 25, 2019 Chin World Media 0

Salai Benezer ဧပြီလအတွင်း နိုင်ငံတော်ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ချင်းပြည်နယ်တောင်ပိုင်းဖက်ခရီးစဉ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၏  စီမံကိန်းလုပ်ငန်းတောင်းဆိုမှုများကို ချင်းပြည်နယ်အစိုးရထံ ပြန်လည်မေးမြန်းကြောင်း သိရသည်။ ချင်းပြည်နယ်လွှတ်တော်အမတ် ဦးအောင်လျန်က “ဒုသမ္မတလာတုန်းက ကျနော်တင်ပြထားတဲ့ လုပ်ငန်းတွေအပေါ်  ဘတ်ဂျက်ချပေးတဲ့အချိန်မှာ မပါလာတာနဲ့ပတ်သတ်ပြီး Facebook မှာ ကျနော်စာတင်ထားတယ်၊ ချင်းဝေါလ်မီဒီယာကလည်း ဖော်ပြထားတာရှိတယ်၊ အဲဒါကိုဒုသမ္မတက တွေ့သွားတယ်ထင်တယ်၊ […]

ပြည်ထောင်စုအစိုးရ၏ သဘောထားကို စောင့်ကြည့်ပြီးမှ ကန်ပက်လက်မြို့နယ် ဇာတောင်တွင် ကြေးနီထုတ်လုပ်မည့်လုပ်ငန်းအား ထောက်ခံခဲ့ခြင်းဟုဆို

July 24, 2019 Chin World Media 0

Salai Benzer ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ရင်ကွဲတောင်ကြိုးဝိုင်းအတွင်းရှိ ဇာတောင်တွင် ကျော်စွာကုမ္ပဏီမှ ကြေးနီထုတ်လုပ်မည့်လုပ်ငန်းအား ထောက်ခံခဲ့ခြင်းမှာ ပြည်ထောင်စုအစိုးရ၏ သဘောထားကို စောင့်ကြည့်ပြီးမှ ထောက်ခံခဲ့ခြင်းဖြစ်ကြောင်း ကန်ပက်လက်မြို့နယ် သတ္တုတွင်း စောင့်ကြည့်ရေးနှင့် ကြီးကြပ်ရေးကော်မတီမှ ဦးစိန်မောင်ကပြောသည်။ “ကုမ္ပဏီကတော့ ကျော်စွာကုမ္ပဏီပေါ့၊ ပြည်ထောင်စုအစိုးရက အဲဒီကုမ္ပဏီကို အချက်နှစ်ချက်တောင်းတယ်ပေါ့၊ အဲဒီဟာကို လိုက်လျောနိုင်ရင် […]