စက်ကြီးဖြင့် ကျူးကျော်အိမ်များ လာဖျက်ချိန်တွင် အိမ်ပိုင်ရှင်များ အိမ်အတွင်းနေကာ မိမိတို့အိမ်ကို ကာကွယ်မည်ဟုဆို

August 19, 2019 Chin World Media 0

ChinWorld ဟားခါးတွင် အစိုးရမှ ကျူးကျော်အိမ်ဟုသတ်မှတ်သည့်နေအိမ်များကို မနက်ဖြန်စဖျက်မည်ဖြစ်ပြီး အိမ်ပိုင်ရှင်များအနေဖြင့် သဘောတူညီမှုမရှိခြင်းကြောင့် စက်ကြီးဖြင့်လာဖျက်ချိန် မိမိနေအိမ်တွင်းသာနေပြီး အသက်နှင့်ရင်းကာ နေအိမ်များကိုကာကွယ်သွားမည်ဟု ဟားခါးတောင်သူများအသင်းမှ ဦးရွန်ပဲန်းကပြောသည်။ ဦးရွန်ပဲန်းက “ ဟားခါးမှာလက်သမားငှားရင် တစ်ရက်ကို နှစ်သောင်းပေးရတယ်။ အိမ်သေးလေးတွေဆောက်ရင်တောင် အနည်းဆုံး ၁၅ သိန်း သိန်း ၂၀ လောက်ကုန်တယ်။ […]

ကမ္ဘာ့ဘဏ်ချေးငွေသည် ကလေး-ဟားခါးလမ်း မိုင်လေးဆယ် အတွက်သာ လုံလောက်သဖြင့် ကျန်လမ်းပိုင်းအတွက် ဘတ်ဂျက်ပြန်လည်တောင်းခံ

August 16, 2019 Chin World Media 0

Salai Benezarှ ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ သန်း၆၀ ကျော်ဖြင့် ဆောင်ရွက်ရန်ရှိသည့် ကလေး-ဟားခါး လမ်းပိုင်းမှာ မိုင်လေးဆယ်ခန့်အတွက်သာ လုံလောက်မည်ဖြစ်သဖြင့် လွတ်ကင်းနေသည့်လမ်းပိုင်းများအတွက် ပြည်ထောင်စုနှင့် ပြည်နယ် ငွေလုံးငွေရင်း လျာထားရံပုံငွေ ငွေကျပ် ၇ဒသမ၇၇ဘီလီယံပြန်လည် တောင်းခံထားကြောင်း သိရသည်။ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ် (၄) မှ ဖလမ်းမြို့နယ် […]

ULA/AA မှ CHRO နှင့် ချင်းအမည်ခံသတင်းဌာနအချို့၏ စွပ်စွဲရေးသားမှုကို ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်

August 15, 2019 Chin World Media 0

ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း (CHRO) နှင့် ချင်းအမည်ခံသတင်းဌာနအချို့မှ စွပ်စွဲရေးသားမှုများကို ကန့်ကွက်ကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်မှ သြဂုတ်လ (၁၄) ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် ရခိုင်ပြည်သူလူထုများနှင့် ချင်းလူမျိုးများအား တစ်တန်းတည်းထားပြီး တန်းတူညီမျှစွာဆက်ဆံရေးမူဝါဒကို ချမှတ်ထားကြောင်း ပါရှိသည်။ သြဂုတ်လ ၁၄ ရက်ထုတ်ပြန်ချက်တွင် ချင်းလူ့အခွင့်အရေးအဖွဲ့အစည်းနှင့် ဆိုရှယ်မီဒီယာပေါ် မှ […]

ဖလမ်းမြို့နယ်ရှိ ကျေးရွာရှစ်ရွာတွင် ဆိုလာအလုံးပေါင်း(၁၈၅)လုံး ဒီဇင်ဘာလအကုန်တွင် တပ်ဆင်ပေးမည်

August 15, 2019 Chin World Media 0

ှSalai Khup Khup ဖလမ်းမြို့နယ်အတွင်းရှိ အမျိုးသားမီးလင်းရေးစီမံကိန်း(NEP)(ICB-3)ဖြင့် ကျေးရွာ(၈)ရွာတွင် ဆိုလာအလုံးပေါင်း(၁၈၅)လုံးကို ဒီဇင်ဘာလအကုန်တွင် တပ်ဆင်ပေး တော့မည်ဖြစ်ကြောင်း သိရသည်။ ၂၀၁၈-၁၉ခု ဘဏ္ဍာရေးနှစ်တွင် အမျိုးသားမီးလင်းရေးစီမံကိန်း(NEP)(ICB-3)ဖြင့် ဖလမ်းမြို့နယ်အတွင်းရှိ ထုံးထူလ်ကျေးရွာတွင် (၃၈)လုံး၊ မွှန်ထားကျေးရွာတွင်(၃၀)လုံး၊ ဖါရ်တလန်ကျေးရွာတွင်(၅)လုံး၊ ရိခေါဒါရ်ရွာဟောင်းတွင်(၁၁)လုံး၊ ဘုန်ဇုံးကျေးရွာတွင်(၄)လုံး၊ ဆိမ်ဒီဟိုင်ကျေးရွာတွင်(၄၁)လုံး၊ ခွန်းမွာလ်ကျေးရွာတွင်(၃၁)လုံးနှင့် ဇူလ်သူးကျေးရွာတွင်ဂ(၂၅)လုံး ဖြစ်ပြီး […]

ရိုးရာနတ်ပွဲများနှစ်စဉ်ကျင်းပသည့် မင်းတပ်မြို့ ရှိကုမ်သီခန်းမနားတွင် ရပ်ကွက်အုပ်ချုပ်ရေးရုံး တည်ဆောက်ခြင်းကို ဒေသခံများလက်မခံ

August 14, 2019 Chin World Media 0

Salai Khup Khup မင်းတပ်မြို့ တွင်ရိုးရာနတ်ပွဲများ နှစ်စဉ် ကျင်းပသည့် ကုမ်သီခန်းမနားတွင် စံပြရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တည်ဆောက်ခြင်းကို ဒေသံများမှကန့်ကွက်လျှက် ရှိကြောင်းသိရသည်။ ဒေသခံ ဆရာ အွမ်ပိုင်းက “ဖြစ်နိုင်ရင်ဒီမှာ အမျိုးသားပြတိုက်ဆောက်ဖို့ လှူတဲ့သူကလည်း ရည်ရွယ်ပြီးလှူထားတာဖြစ်တယ်။ ပွဲတော်တွေရှိမယ် အမျိုးသားပြတိုက်ရှိမယ်။ ရိုးရာယဉ်ကျေးမှုနဲ့ ဆိုင်တဲ့ဟာတွေ ဒီအတွက်ဘဲ လှူထားတယ်ဆိုတော့ […]

ချင်းပြည်နယ်တွင်း ကျောင်းများတိုး လိုက်ခြင်းကြောင့် ဆရာ/မ မလုံလောက်ခြင်းဖြစ်ကြောင်း ကျောင်းဆရာမတစ်ဦးဝေဖန်

August 13, 2019 Chin World Media 0

ချင်းပြည်နယ်အတွင်း အစိုးရမှ ကျောင်းများတိုးလိုက်ခြင်းကြောင့် ဆရာ/မ မလုံလောက်ခြင်းဖြစ်ကြောင်း ကျောင်းဆရာမ တစ်ဦးက ကပြောသည်။ ကျောင်းဆရာမတစ်ဦးက  “ပလက်ဝမြို့နယ်မှာရှိတဲ့ တချို့အ.ထ.က(ခွဲ)တွေဆိုရင် ကျောင်းအုပ်နဲ့ အထွေထွေအလုပ်သားနဲ့ အဲဒီနှစ်ယောက်လောက်ဘဲ ရှိတာလေ” ဟုပြောသည်။ သူကဆက်ပြီး  “ရွာတွေက သူတို့ရွာမှာကျောင်းရှိစေချင်တယ်။ ကျောင်းရှိရင်သားသမီး ကျောင်းပညာရေးအတွက် အဆင်ပြေမယ်လို့ထင်ကြတယ်။ တစ်ဖက်ကနေစဉ်းစားမယ် ဆိုရင်တော့ မိဘဖက်ကမှန်သလိုသလိုနဲ့ […]

ဇွန်လကတည်းက ပျောက်ဆုံးသွား သည့် ချင်းလူမျိုးများ၏ သတင်းအစ အနမရသေးခင် နောက်ထပ် တစ်ဦး ထပ်မံပျောက်ဆုံး

August 12, 2019 Chin World Media 0

Salai Khup Khup ဇွန်လကတည်းက ပျောက်ဆုံးသွားသည့် ချင်းလူမျိုး (၃) ဦး၏ သတင်းအစအနမရသေးခင် ယခုလအတွင်း တစ်ဦး ထပ်မံပျောက်ဆုံးသွားကြောင်း ပလက်ဝမြို့နယ်၊ သံတောင်အုပ်စုမှ ဒေသခံတစ်ဦးက ချင်းဝေါလ်သတင်းဌာနသို့ပြောသည်။ သံထောင်အုပ်စုမှ ဒေသခံတစ်ဦးက “ပလက်ဝမြို့နယ် သံတောင်ဖက်ခြမ်းမှာ လူတွေပျောက်ပျောက်နေတယ်။ အခုလူပျောက်တာ လေးယောက်လောက်ရှိနေပြီ။ နောက်ဆုံးလေးယောက်မြောက် ပျောက်တာက […]

မင်းတပ်မြို့နယ် NLD ပါတီရုံးအတွက် နေရာသစ်ပြန်ရှာမည်

August 12, 2019 Chin World Media 0

Salai Khup Khup မင်းတပ်မြို့စံပြရပ်ကွက်ရှိ ရေစမ်းဦးနေရာတွင် NLD ပါတီရုံးတည်ဆောက်နေမှုကို ဒေသခံများက ကန့်ကွက်မှုများကြောင့် လုပ်ငန်းဆောင်ရွက်မှု ရပ်ဆိုင်းထားပြီး တခြားနေရာတွင်ပြန်ရှာတော့မည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။ စည်ပင်ဝန်ကြီးဦးစိုးထက်က “အဲဒီနေရာက ပြည်သူလူထု အများသုံးနေတယ် ဆိုတဲ့ပြောသံတွေရှိတယ်။ နောက်ပြီး အရင်ကလည်း အဲဒီနေရာမှာဘဲ အစဉ်အဆက် […]

ရခိုင်ပြည်နယ်ကျောက်ဖြူတွင် ချင်းအမျိုးသမီးတစ်ဦးအား ထိုးကြိတ်အနိုင်ကျင့်မှုဖြစ်ပွား

August 9, 2019 Chin World Media 0

Salai Benezer ရခိုင်ပြည်နယ်ကျောက်ဖြူမြို့တွင် ချင်းအမျိုးသမီး လုပ်ငန်းရှင်တစ်ဦးအား ဦးတင်အောင်စိုး ဆိုသူမှ ကားဖြင့်ခေါ်သွားရန်ကြိုးစားစဉ် ထိုးကြိတ်ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဦးတင်အောင်စိုးနှင့် ထိုးကြိတ်ရိုက်နှက်ခံရသူ မတင်မေ၀င်းမှာ ကျောက်ဖြူမြို့တွင် စားသောက်ဆိုင်တစ်ခုကို အကျိုးတူပူးပေါင်း ဖွင့်လှစ်ထားပြီး မတင်မေ၀င်းခရီးသွားစဉ်တွင် ဦးတင်အောင်စိုးမှ စားသောက်ဆိုင်အား တစ်ခြားသူထံဌားထားပြီး ဟိုတယ်ရှိပစ္စည်းများအားလုံး အိမ်သို့ယူသွားသဖြင့် မတင်မေ၀င်းမှ […]

တွန်းဇံမြို့တွင် မုဒိမ်းမှုကျူးလွန်ရန် အားထုတ်ကြံစည်သူကို ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ဖြင့် တရားဆွဲဆိုထား

August 9, 2019 Chin World Media 0

Salai Khup Khup တွန်းဇံမြို့တွင် အမျိုးသမီး အသက်(၂၁)နှစ်အရွယ်ကို မောင်ဟောင်ရှန်းပိုင်(၂၃)နှစ်မှ မုဒိမ်းမှုကျူးလွန်ရန်အားစိုက်ထုတ်ခဲ့သောကြောင့် တွန်းဇံမြို့နယ်ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ဖြင့် တရားဆွဲထားကြောင်း တွန်းဇံမြို့နယ်မှဒု-ရဲမှူးစိုးဝင်းကပြောသည်။ တွန်းဇံမြို့နယ်မှ ဒု-ရဲမှူးစိုးဝင်းက “တရားခံက ကျူးလွန်တဲ့ပုံစံမျိုးတော့မဟုတ်ဘူး သက်သေတွေ ဆေးစာတွေ ပြန်ကြားစာ တွေတော့မရသေးဘူး။ မိန်းကလေးဖက်ကလည်း တိုင်ထားတာရှိတယ်၊ သူ့ကို […]